Showing posts with label အလှအပရေးရာ. Show all posts
Showing posts with label အလှအပရေးရာ. Show all posts

3/05/2015

လှလွန်းစွေ ဖြစ်စေချင်

(၁) လက်ဖ၀ါးတွေ ကြမ်းတမ်းနေခြင်းအတွက် သံပုရာရည်နဲ့ သကြားတို့ ကို
လက်ဖ၀ါး ၂-ဖက်ပေါ်တင်၍၊ လက်ဖ၀ါးအချင်းချင်း အချိန် ၃-မိနစ်ခန့် ကြာအောင်
ပွတ်တိုက်ချေပေးပါ။ ပြီးရင် ရေအေးအေး(ရေခဲရေမဟုတ်ပါ)ဖြင့် ဆေးချလိုက်ပါ။
ဤသို့ နေ့ စဉ်ပြု လုပ်ပေးခြင်းဖြင့် ကလေးလက်ဖ၀ါးလေးကဲ့သို့ 
နူးညံ့အိစက်လာပါလိမ့်မယ်။
 (၂) ဒူး-တံတောင်ဆစ်တွေ ဂျွတ်တက်ပြီးမည်းနေခြင်းအတွက် သံပုရာရည် ၁-ဆ ကို
အုန်းဆီ ၂-ဆရော၍၊ သမအောင်မွှေပြီး မည်းနေတဲ့နေရာတွေအပေါ် လိမ်းကျံပေးပါ။
၁၅-မိနစ်ခန့် အကြာမှာ၊ ရေနွေးစိမ်ထားတဲ့ မျက်နှာသုပ်ပုဝါဖြင့်
ဒူး-တံတောင်ဆစ် တွေအပေါ် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးပါ။

(၃) လက်သည်းဆိုးဆေးတွေကို အမြဲသုံးတဲ့သူတွေမှာ လက်သည်းခွံအရောင်
ဝါညစ်ညစ်ဖြစ်လာတတ်ပါတယ်။ လက်သည်းခွံ လေးတွေကျမ္မာပြီး
မူလကပတိအရောင်ပြန်ရစေဖို့ ဆပ်ပြာ(သို့ မဟုတ်)ရှာလကာရည်ကို
ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး၊ ထိုအရည်ထဲ မှာ မိနစ် ၂၀-ခန့် ကြာအောင်
လက်ချောင်းထိပ်ဖျားတွေကို နှစ်စိမ်ထားပေးပါ။ (နောက်တနည်း)
လက်သည်းခွံတွေကို သံပုရာသီး စိပ်နဲ့  နာနာပွတ်တိုက်ပေးပါ။

(၄) အမေရိကန် ပြည်ထောင်စုမှာ နောက်ဆုံး လေ့လာစမ်းသပ်မှုအရ၊ လ္ဘက်ရည်ဇွန်း
၂-ဇွန်းစာပမာဏရှိတဲ့ ပန်းသီးရှာလကာ ရည်(Apple Cider Vinegar) ကို သောက်ရေ
၁-ဖန်ခွက်ရော၍ နေ့ စဉ် သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေတဲ့အပြင်၊
ဗိုက်ခေါက်ကအဆီပိုတွေကိုပါ ကျစေပါတယ်တဲ့။ (Apple Cider Vinegar ကို City
Mart ရှိ ဟင်းခတ်အမွှေးအကြိုင် စားသောက် ကုန် ကောင်တာမှာ
ဝယ်ယူရရှိနိုင်ပါတယ်)

(၅) ဖရဲသီးထဲမှာ ရေဓာတ် ၉၁ ရာခိုင်နှုန်း ပါရှိနေတာကြောင့်၊
ခန္ဒာကိုယ်ထဲမှာ ရေဓာတ်ကိုထိန်းသိမ်းထားနိုင်စေ၍၊ ကိုယ်တွင်း
အဆိပ်အတောက်တွေ ပြေစေတဲ့အပြင်၊ အသားအရေကိုစိုပြည်လာစေပါတယ်။

(၆) ညအိပ်ယာ ၀င်ခါနီးတိုင်း အလှဆီ (glycerin) ၁-ဆ ကို ရေ ၁၀-ဆ ရော၍
ခြေလက်များကို အသားထဲထိစိမ့်ဝင်အောင် လိမ်းအိပ်ပေးပါ။ သူမတူအောင်
နူးညံ့ချောမွေ့ တဲ့ အသားအရေ ပိုင်ရှင် ဖြစ်လာစေပါမယ်။ (glycerin အလှဆီ
ကို City Mart ရှိ အလှကုန် ကောင်တာမှာ ၀ယ်ယူရရှိနိုင်ပါတယ်)

(၇) မျက်ရည်အိတ်တွဲကျခြင်းအတွက် အားလူးလတ်လတ်ဆတ်ဆတ် ၁-လုံး ကို ရေဆေးပြီး
ခပ်ပါးပါး ၂-ချပ်လှီး၍ ရေခဲသေ တ္တာထဲ ၁၀-မိနစ်လောက် အအေးခံပါ။ ပြီးရင်
အဲဒီ အာလူးပါးပါး ၂-ချပ်ကို မျက်လုံးအောက်ခြေ တဖက်တချပ်စီ ကပ်ထားပေး
ပါ။ မိနစ် ၂၀-လောက် ကပ်ပေးရပါမယ်။ ဒီနည်းက မျက်ရည်အိတ်တွဲကျခြင်းကို
သိသိသာသာ ပျောက်ကင်းစေပါတယ်။ (အာလူး ကို အခွံနွှာဖို့ မလိုပါ။
အားလူးကပ်ပြီးနောက် မျက်နှာမသစ်လဲ ဖြစ်ပါတယ်)

(၈) နှာခေါင်းပေါ်က အမည်းစက်တွေအတွက်
သွားတိုက်ဆေးခပ်ပါးပါးလိမ်းအုံပြီးနောက်၊ ၁၅-မိနစ်ခန့် အကြာ
ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးလိုက်ပါ။

(၉) တချို့ မိန်းကလေးတွေရဲ့  မျက်နှာမှာ
နှုတ်ခမ်းမွှေးတွေပေါက်နေတတ်ကြပါတယ်။ နနွင်းမှုန့်  ၁-ဆကို ဂျုံမှုန့် 
၂-ဆရော၍ ရေ နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီးနောက်၊ ထိုအရောအနှောတွေကို
လက်ချောင်းထိပ်ဖြင့်အသာတို့ ယူပြီး နှုတ်ခမ်းမွှေးပေါက်နေတဲ့ မွှေးညှင်း
လမ်းကြောင်းနဲ့ ဆန့် ကျင်၍ လမ်းကြောင်းပြောင်းပြန်ဦးတည်ကာ ၁၅-မိနစ်ခန်
့ကြာအောင် အသာအယာ ဆွဲလိမ်းပေးပါ။ ပြီးရင် ရေအေးနဲ့  ဆေးကြောပါ။
(ရေခဲရေမဟုတ်ပါ)

(၁၀) မျက်ခုံးမွှေးထူထူဖြစ်ချင်သူများက၊ နွားနို့ အေးအေးကို
မျက်ခုံးမွှေးအနှံ့ လိမ်းကျံပြီးနောက်၊ မိနစ် ၂၀- ခန့် အကြာရေအေး ဖြင့်
ဆေးပေးပါ။ (ရေခဲရေမဟုတ်ပါ။ ဤနည်းအတိုင်း တနေ့  ၂-ကြိမ် နှုန်းဖြင့် ၂-ပတ်
တိတိ ပြုလုပ်ပေးခြင်းဖြင့် ထူးခြားတဲ့အကျိုး အာနိသင်ကို လက်တွေ
့ခံစားရပါလိမ့်မယ်)

(၁၁) နှုတ်ခမ်း ပတ်လည်နဲ့  မျက်နှာပေါ်က အရေးအကြောင်းတွေအတွက်
ကြက်ဆူဆီလိမ်းပေးပါ။ ကြက်ဆူဆီက အရေပြားနူး ညံ့စေရုံသာမက၊
မျက်နှာအရေပြားကို နုပျိုလန်းဆန်း လာစေနိုင်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
(ကိုးကား…..Beauty Mantra)

11/14/2014

မျက်နှာပေါ်အရေးကြောင်းတွေဖြစ်စေတဲ့ အပြုအမူများ

မျက်နှာပေါ်ရှိ အရေးအကြောင်းတွေက လူ့ သက်တမ်းရဲ့ ဇရာကိုဖော်ပြနေခြင်းဖြစ်ပါတယ်။
မှားယွင်းတဲ့အနေအထိုင်အပြုအမူများ က အရေပြားဇရာအိုစောစေနိုင်တာကြောင့်
အမြန်ဆုံးပြုပြင် ဆင်ခြင်ဖို့ လိုပါတယ်။
 ၁။ ဆေးလိပ်သောက်ခြင်း။
မျက်နှာပေါ်ရှိအရေးကြောင်းတွေဖြစ်လာစေတဲ့ အဓိကပြဿနာဟာ
ဆေးလိပ်သောက်ခြင်းကြောင့်ပါဘဲ။ ဒါကြောင့် ဆေးလိပ် ဖြတ်ခြင်းဖြင့်
မိမိမျက်နှာပေါ်ကအရေးကြောင်းတွေကို လျော့ချကြပါရန် အလှအပဆိုင်ရာ
အရေပြားရောဂါအထူးကု ခွဲစိပ်ဆရာ ၀န်တစ်ဦးဖြစ်သူ ဒေါက်တာ Joel Schlessinger က
LovelySkin.com(ခေါ်)၀က်ပေ့ခ်ျ မှာ အကြံပြုထားပါတယ်။

၂။ အချိုကဲတဲ့အစားအစာများ။
ဓာတုပစ္စည်းဖြင့်ပြုပြင်ထားတဲ့ ဖြူဆွတ်ဆွတ်သကြားမှုန့် များနှင့် ထိုသကြားမှုန်
့တွေကဲထားတဲ့ အစားအစာတွေက ခန္ဓာကိုယ် အလေးချိန် တက်စေတဲ့အပြင်၊
သကြားမော်လီကျူးတွေက အရေပြားတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ၊ အရေပြား
ကော်လာဂျင်ဓာတ်တွေကို ထိခိုက်စေတာကြောင့် အရေပြားဇရာအို စောစေပါတယ်။

၃။ ယမကာမှီဝဲခြင်း။
အရေပြားပေါ် ကောင်းမွန်တဲ့ ဆဲလ်အသစ်တွေတည်ဆောက်နိုင်စေဖို့ အတွက် ဗီတာမင်အေက
မရှိမဖြစ်လေးပါ။ သို သော့် အယ် လ်ကိုဟောလ်ပါတဲ့ အရက်ယမကာတွေက ဗီတာမင်အေကို
ဆုံးရှုံးစေကာ၊ ကော်လာဂျင် ထုတ်လုပ်မှုကိုဟန့် တားပစ်လိုက် တာကြောင့်
အရေပြားအစိုဓာတ်ကို ခမ်းခြောက်သွားစေပြီး၊ ကျု့ံဆန့် နိုင်မှုကိုလျော့ကျစေကာ
အရေးကြောင်းဖြစ်စေပါတော့ တယ်။ ဒါကြောင့် ယမကာအမျိုးမျိုးကိုမှီဝဲခြင်းမှ
ရှောင်ကြဉ်ကြပါရန် အရေပြားခွဲစိပ်ဆရာဝန် James C. Marotta က တိုက်တွန်း
ထားပါတယ်။

၎။ ပီကေ၀ါးခြင်း။
မိမိမျက်နှာအသားအရေကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့်
ပီကေတွေမ၀ါးသင့်ပါဘူး။ ပီကေတွေဝါးခြင်းက မျက်နှာပေါ် မှာ အရေးကြောင်းတွေ
ပေါ်လာစေတဲ့အပြင်၊ ပါးအတွင်းပိုင်းက ခံတွင်းတစ်ရှုးတွေကိုပါ ထိခိုက်စေပါတယ်။

၅။ မိတ်ကပ်မဖျက်ခြင်း။
ဒင်နာပါတီပွဲတို့ လို ညပွဲတွေပြီးတဲ့အခါ၊ မျက်နှာပေါ်က မိတ်ကပ်တွေမဖျက်ဘဲ
အိပ်စက်ခြင်းမျိုး မပြုသင့်ပါဘူး။ မိတ်ကပ်နှင့် အိပ်စက်ခြင်းက
ချွေးပေါက်ပိတ်ခြင်း၊ ကော်လာဂျင်ဓာတ်တွေကို ဖျက်စီးခြင်း၊ အရေပြားကျုံ့ ဆန်
့နိုင်မှုကို လျော့ကျစေခြင်း၊ အရေပြားညစ်နွမ်းခြင်း၊ အရေးအကြောင်းပေါ်ခြင်းတွေ
ဖြစ်စေပါတယ်။

၆။ ကုတ်ဖဲ့ခြင်း။
ဝက်ခြံတွေကို လက်သည်းဖြင့် ကုတ်ဖဲ့ခြင်းက အရေပြားရောင်းရမ်းစေကာ
အမာရွတ်ဖြစ်ကျန်ရစ်စေပါတယ်။ ဒါ့ပြင် အရေပြား ပျက်စီးစေကာ အရေးကြောင်းများလည်း
ဖြစ်စေနိုင်တာကြောင့် ၀က်ခြံမမှည့်ခင် လက်သည်းဖြင့်ကုတ်ဖဲ့ညှစ်ခြင်းမျိုးကို
ရှောင်ရှား ရပါမယ်။

၇။ မိတ်ကပ်များကို အတင်းဖိဆွဲပွတ်လိမ်းခြင်း။
မိတ်ကပ်တွေကို အတင်းဖိဆွဲ၍ ပွတ်လိမ်းခြင်းက မျက်နှာပေါ်အရေးကြောင်းတွေ
ပိုလာစေနိုင်ပါတယ်။ ကရင်မ်(သို့ မဟုတ်) နို့ ရည် တစ်ခုခုကို
မိတ်ကပ်အောက်ခံအဖြစ် ခံလိမ်းပါ၊ မိတ်ကပ်အများကြီးမသုံးဘဲ လိုသလောက်ကိုသာ
မျက်နှာအနှံ့ အစက် ချ၍ ညင်ညင်သာသာဆွဲလိမ်းပါ၊ မျက်ဝန်းတ၀ိုက်ကို
မိတ်ကပ်မလိမ်းပါနှင့်၊ အိုင်းလိုင်နာခဲတံကို အတင်းဖိ၍မဆွဲပါနှင့်… စသည်ဖြင့်
မိတ်ကပ်အကျော်အမော် တစ်ဦးဖြစ်သူ Donna Kellyက အကြံပြုထားပါတယ်။

၈။ နေလောင်ကာကရမ် မသုံးခြင်း။
ခရမ်းလွန်ရောင်ခြည်ထဲမှာပါတဲ့ **UVA တွေက အရေပြားဇရာဖိစီးစေတာကြောင့် နွေ၊
မိုး၊ ဆောင်း ၃-ရာသီစလုံး နေလောင်ကာ Sunscreen ကို အိပ်ပြင်ထွက်တိုင်း
လိမ်းသင့်ပါတယ်။ *zinc oxide (သို့ မဟုတ်) titanium dioxide ပါတဲ့ *SPF 30
နေလောင် ကာကရမ် အမျိုးအစားတွေ ရွေးချယ်သုံးစွပေးပါ။*

၉။ အိပ်စက်ပုံမှားယွင်းခြင်း။
အရွယ်မတိုင်မှီ မျက်နှာပေါ်က အရေးကြောင်းတွေဖြစ်မလာစေဖို့ အတွက်၊
မှောက်အိပ်ခြင်း၊ ဘေးတစောင်းအိပ်ခြင်းမျိုး မလုပ်ဘဲ ပက်လက် အနေအထားဖြင့်သာ
အိပ်စက်သင့်ပါတယ်။ အကယ်၍ ပက်လက်လှန် မအိပ်တတ်သူများအဖို့ ၊
ဖဲသားခေါင်းဦးအစွပ် ကို သုံးပေးခြင်းခြင့် အရေးကြောင်းတွေဖြစ်လာမှုကို
အထိုက်အလျောက် လျော့ပါးစေပါတယ်။*

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

10/09/2014

အန္တရာယ်ရှိသော နှုတ်ခမ်းနီတံဆိပ်များ

ဒီပုံကို နိုင်ငံတကာ ကျန်းမာရေးသတင်းစာမျက်နှာများနှင့် ပြည်တွင်းကျန်းမာရေး စာမျက်နှာတွေပေါ်မှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။


 ဒီသတင်းကိုလည်း မကြာခဏ မေးမြန်းလာကြသည့်အတွက် မသိသေးသူများ သူရှိလိုက်နာနိုင်ရန် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။
လက်ရှိတွင် လူအများသုံးစွဲနေကြသည့် နှုတ်ခမ်းနီများမှ အချို့အမှတ်တံဆိပ်များဟာ ခဲဓါတ်ပါဝင်မှု များပြားနေပြီး ကင်ဆာကို ဖြစ်စေနိုင်တဲ့တဲ့အန္တရာယ်ရှိကြောင်း
အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက သတိပေးပြောကြားထားပါတယ်။
ခဲသတ္တုဓါတ်ပါဝင်မှုလန်ကဲနေသော နှုတ်ခမ်းနီအမှတ်တံဆိပ်(၉)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ CLINIQUE
၂။ ESTÉE LAUDER
၃။ SHISEIDO
၎။ RED EARTH (Lip Gloss)
၅။ CHANEL (Lip Conditioner)
၆။ MARK AMERICA
၇။ MOTIVES
၈။ LIPSTICK
၉။ AVON
နှုတ်ခမ်းနီကုမ္ပဏီတစ်ခုဖြစ်တဲ့ 'Red Earth' ဟာ သူ့ထဲမှာ ခဲပါဝင်နေမှုကြောင့် R $ 67.00 မှ R $ 9.90 ထိ ဈေးကျ ဆင်းသွားခဲ့ပါတယ်။ အကြောင်းကတော့ ကင်ဆာအန္တရာယ်ကို ဖြစ်စေနိုင်လို့ပါပဲ။
အခြားအမှတ်တံဆိပ်များကိုလည်း စိတ်မချဘူးဆိုရင် ဒီလို စမ်းသပ်ပြီးမှ ၀ယ်နိုင်ပါတယ်။
၁။ နှုတ်ခမ်းနီကို မသုံးစွဲခင် လက်ပေါ်တင်ကြည့်ပါ။
၂။ နှုတ်ခမ်းနီကို မသုံးစွဲခင် ရွှေလက်စွပ်ပေါ် တင်ကြည့်လိုက်ပါ။
ဒီလိုစမ်းသပ်ပြီး အကယ်၍ အသားရောင်ဟာ အမည်းရောင်ပြောင်းသွားလျှင် အဲဒီနှုတ်ခမ်းနီမှာ ခဲပါဝင်နေပြီဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ မသုံးသင့်ပါ။

(သင့်မိတ်ဆွေများနှင့် ချစ်ခင်ရသော ဇနီး၊ သားသမီး၊ ညီမလေးများကို Share ပေးခြင်းဖြင့် သတိပေးနိုင်ကြပါသည်)
နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Healthy Cravings.info
Credit to ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

9/24/2014

တင်းတိပ်နဲ့ မှည့်ခြောက်များအတွက် စိတ်မညစ်နဲ့ 

melanin(ခေါ်)အသားအရေတွင်သဘာဝအလျောက်တည်ရှိသော အမဲရောင်ဓာတ်ဖြင့် အရေပြားကိုဖွဲ့ စည်းထားလေ့ ရြှိ ပီး၊ ထို ဓာတ်များလွန်ကဲစွာယိုစိမ့်ထွက်လာခြင်းကြောင့် မျက်နှာပေါ်ဝယ် တင်းတိပ်နဲမှည့်ခြောက်များကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ melanin ဓာတ်များ
ယိုစိမ့်ထွက်လာစေတဲ့အကြောင်းရင်းကတော့ နေလောင်ခြင်း၊ဟိုမုန်းမညီမျှခြင်း၊ ကိုယ်ဝန်ဆောင်ကာလ၊ ဗီတာမင်ချို့ တဲ့ခြင်း၊သောက်သုံးလျှက်ရှိသော ပဋိဗီဝဆေး၏ဘေးထွက်ဆိုးကျိုးများ၊
အိပ်ရေးမ၀ခြင်းနှင့် စိတ်ဓာတ်ကျစိတ်ဖိစီး ခြင်းတို့ ကြောင့်ပါ။
မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ ရှေ့ ပြေးပြရုပ်ဖြစ်တာကြောင့် တင်းတိပ်တွေနဲ
့အလှပျက်တော့ စိတ်ညစ်ရပြီပေါ့ရှင်။ ၄င်းတို့ အ တွက်အလှကုန်ပစ္စည်းများစွာရှိကြတဲ့အပြင်၊ ကျွမ်းကျင်နားလည်သောဆရာဝန်များဖြင့်ကုသမှုခံယူကာ လိုအပ်ပါက အက်ဆစ် အပျော့စားသုံး၍
အရောင်ချွတ်ခြင်း၊ လေဆာဖြင့်ခွဲစိပ်ပြုပြင်ခြင်းတို့ လုပ်နိုင်ပါတယ်။
အောက်ပါသဘာဝကုထုံးများက ဘေးထွက် ဆိုးကျိုးမရှိ သက်သာလာစေနိုင်လို့ စမ်းသပ်ကြည့်စေလိုပါတယ်။
 

(၁) သံပုရာရည်။ မိမိတို့ လက်တကမ်းရှိ အလွယ်တကူဝယ်ယူနိုင်တဲ့ သံပုရာသီးထဲမှာ
ဗီတာမင်စီအပြည့်အ၀ပါရှိပြီး၊ မျက်နှာပေါ်ရှိ အမည်းရောင် များကို
လျော့ပါးသက်သာစေပါတယ်။ သံပုရာရည်လတ်လတ်ဆတ်ဆတ်ကို ၀ါဂွမ်းလုံးမှာဆွတ်ပြီး၊
မျက်နှာပေါ်ရှိ တင်းတိပ်နဲ့  မှည့်ခြောက်များပေါ် ပွတ်တိုက်ဖိဆွဲပေးပါ။
သံပုရာရည်ခြောက်အောင်ထားပြီးနောက်၊ မျက်နှာကိုရေသန့် သန်
့ဖြင့်ဆေးကြောပါ။ ဤနည်းအတိုင်း ၂-ပတ်ခန့် ကြာအောင်လုပ်ပေးပါက၊
သိသိသာသာလျော့ပါးသက်သာလာစေပါတယ်။ ထိခိုက်လွယ်သော sensitive
အသားရေပိုင်ရှင်များကတော့ သံပုရာရည်ထဲမှာ ရေသန့် (သို
့မဟုတ်)ပျားရည်အနဲငယ်ရော၍ လိမ်းပေးပါ။
 

(၂) စန္ဒကူးနံ့ သာ။ စန္ဒကူးနံ့ သာမှုန့် ကို အလှဆီ၊ နို့ (သို့ မဟုတ်)ပျားရည်တို့  ဖြင့်
ပျစ်ပျစ်ဖျော်ပြီး၊ တင်းတိပ်နဲ့  မှည့်ခြောက်များပေါ်လိမ်းပေးပါ။ မိနစ် ၂၀
ခန့် အကြာ ရေနွေးနွေးဖြင့် မျက်နှာသန့် စင်ပါ။ တစ်နေ့ တစ်ကြိမ်
မှန်မှန်လုပ်ပေးခြင်းဖြင့် ပျောက်ကင်းရုံသာမက၊ မျက်နှာအသားအရေ
ဝင်းပလာပါလိမ့်မယ်။
 

(၃) နနွင်းမှုန့် ။ နနွင်းမှုန့် က တင်းတိပ်နဲ့ မှည့်ခြောက်များသာမက၊ နေလောင်ကွက်နှင့်
အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်ပေါ်လေ့ရှိသော အရေပြားပေါ်ရှိ
အစက်အပြောက်များကို အချိန်တိုအတွင်းမှာ သက်သာစေပါတယ်။ နနွင်းမှုန့် ကို
နွားနို့  သံပုရာရည်တို့ ဖြင့် ပျစ်ပျစ်ဖျော်ပြီးလိမ်းပါ။ ၁၅-မိနစ်ခန်
့အကြာရေနွေးနွေးဖြင့်သန့် စင်ဆေးကြောပါ။ (နောက်တနည်း) နနွင်းမှုန့် ကို
ပျားရည်၊ သံလွင်ဆီတို့ ဖြင့်ဖျော်ကာ တင်းတိပ်နဲ့ မှည့်ခြောက်များပေါ်သို့ 
ထိုအနှစ်ကိုတင်၍ အသားထဲစိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။
ထိုအနှစ်များခြောက်သွားတဲ့အထိစောင့်ပြီးနောက်၊ ရေသန့် ဖြင့် မျက်နှာသန်
့စင်ပါ။
 

(၄) သင်္ဘောသီး။ သင်္ဘောသီးထဲမှာပါရှိတဲ့ papain(ခေါ်)သဘာဝအင်ဇိုင်းတစ်မျိုးက၊
အသားအရေကိုချော့မွေ့ စိုပြေစေတဲ့အပြင် တင်းတိပ်နဲ့  မှည့်ခြောက်များကို
ပြေပျောက်စေပါတယ်။ သင်္ဘောသီးမှည့်မှည့်ကိုဇွန်းဖြင့်ခေါက်၍
ရလာသောအနှစ်သားများကို လိမ်းကျံပြီး၊ မိနစ် ၂၀ အကြာ ရေသန့် ဖြင့်
မျက်နှာသစ်ပါ။ (နောက်တနည်း) သဘောင်္သီးအစိမ်းကိုအခွံနွှာကြိတ်ချေပြီး၊
သံပုရာရည်ရော၍ လိမ်းပါ။ အသားထဲ စိမ့်ဝင်အောင် ၁၅-မိနစ် လောက်ထားပြီးနောက်
ရေသန့် ဖြင့် ဆေးကြောပါ။ သင်္ဘောသီးအခွံစိမ်းကို စွန့် မပစ်ပါနဲ့ ဦး။
တံတောင်ဆစ်နဲ့ ဒူးခေါင်းမည်းများ ကို အဲဒီအခွံနဲ့ 
ပွတ်တိုက်ပေးနိုင်ပါတယ်။
 

(၅) ရှားစောင်းလက်ပတ်။ ရှားစောင်းလက်ပတ်က အရေပြားအတွက်ဘက်စုံကောင်းပြီး၊ မျက်နှာပေါ်ရှိ
တင်းတိပ်နဲ့ မှည့်ခြောက်များအတွက် သဘာဝ ဆေးစွမ်းတစ်လက်ပါဘဲ။
ရှားစောင်းလက်ပတ်ဂျယ်လီကိုလိမ်း၍ လက်ချောင်းထိပ်ဖျားကလေးဖြင့်
၁၅-မိနစ်လောက် အသာ အယာနှိပ်နယ်ပြီး၊ ရေအေးဖြင့်မျက်နှာသစ်ပါ။ တစ်နေ
့၂-ကြိမ် လုပ်ပေးခြင်းဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း အကျိုးထူး
ခံစားရပါလိမ့်မယ်။ ရှားစောင်းလက်ပတ်ဂျယ်လီက မီးအပူလောင်ခြင်း၊
ပျားတုပ်ခံရ၍အဆိပ်တက်ခြင်း၊ ကြမ်းတမ်းစွာ ပွတ်တိုက် မိ၍
အသားပွန်းပဲ့ခြင်းတို့ ကိုလည်း ကောင်းကျိုးပြုပါတယ်။
 

(၆) ဗီတာမင်အီး။ ဗီတာမင်အီးက အရေပြားအတွက်အကောင်းဆုံးသဘာဝဓာတ်တိုးဆန့် ကျင်ပစ္စည်းဖြစ်လို
့၊ တင်းတိပ်နဲ့ မှည့်ခြောက်များ အတွက်သာမက၊မျက်နှာအသားအရောင်မညီခြင်းကိုပါ ကာကွယ်ပေးပါတယ်။ အိပ်ယာမ၀င်ခင်ဗီတာမင်အီး ဆေးလုံးတစ်လုံးကိုဖောက်၍အထဲကအဆီဖြင့်အသားထဲစိမ့်ဝင်အောင်နှိပ်

နယ်လိမ်းပေးပါ။ နံက်အိပ်ယာထတဲ့အခါ ရေအေးဖြင့်မျက်နှာသစ် ပါ(သို့ မဟုတ်)ဗီတာမင်အီးကို
ရှားစောင်းလက်ပတ်ဂျယ်လီဖြင့်ရောလိမ်းပါ(သို့ မဟုတ်)အလှကုန်ဆိုင်များ
တွင် ရောင်းလေ့ရှိ သော တင်းတိပ်မှည့်ခြောက်ပျောက် ဗီတာမင်အီးကရင်မ်ကို
ရှားစောင်းလက်ပတ်ဂျယ်လီဖြင့် ရောစပ်လိမ်းပေးနိုင်ပါတယ်။
 

(၇) အာလူး။ ဈေးပေါပေါနဲ့ ရတဲ့ အာလူးကိုအထင်မသေးပါနဲ့ ။ ရက်သတ္တအနည်းငယ်အတွင်း
တင်းတိပ်နဲ့ မှည့်ခြောက်များ ဒိဌပျောက်ကင်း သွားကြောင်း
သာဓကများရှိပါတယ်။ အာလူးကိုခပ်ပါးပါးလှီးပြီး၊ မျက်နှာပေါ်
၁၅-မိနစ်လောက်ကပ်ထားပေးပါ။ ပြီးရင် ရေနွေး နွေးဖြင့်မျက်နှာသစ်ပါ။
(နောက်တနည်း) အာလူးနဲ့ ပျားရည်ကိုရောကြိတ်ပြီး၊ ရလာသောအနှစ်ဖြင့်
လိမ်းပေးနိုင်ပါတယ်။
 

(၈) ကြက်ဆူဆီ။ ကြက်ဆူဆီမှာပါတဲ့ အက်ဆစ်ဓာတ်က အရောင်ချွတ်ဆေးသဖွယ်တင်းတိပ်နဲ
့မှည့်ခြောက်များကို ရက်သတ္တပတ်အနည်းငယ် အတွင်း
ဖယ်ရှာသုတ်သင်ပေးနိုင်ပါတယ်။ လက်ခလယ်ပေါ် ကြက်ဆူဆီအစက်ချပြီးနောက်
မျက်နှာပေါ်မှာ စက်ဝိုင်းသဏ္ဍာန် လိမ်းပေးပါ။ နာရီဝက်ခန့် အကြာ
ရေနွေးနွေးဖြင့် မျက်နှာသစ်ပါ။ တစ်နေ့  ၂-ကြိမ်လုပ်ပေးခြင်းဖြင့်
တင်းတိပ်နဲ့ မှည်ခြောက် များပျောက်ကင်းရုံသာမက၊ မျက်နှာအသားအရေ
စိုပြည်လာစေပါတယ်။
 

(၉) နွားနို့ ။ နွားနို့ ထဲမှာပါတဲ့ လက်တစ်အက်ဆစ်က အရေပြားပေါ်ရှိ အမဲရောင်များကို
တဖြည်းဖြည်း လျော့ပါးသက်သာစေတဲ့ အစွမ်းသတ္တိ ပါရှိလို့ ၊ တင်းတိပ်နဲ
့မှည်ခြောက်များကို လျော့ပါးစေတဲ့အပြင် အသားအရေကိုပါ
ဝင်းမွတ်တောက်ပြောင်လာစေပါတယ်။ ၀ါဂွမ်းလုံးလေးအပေါ် နွားနို
့အစက်ချပြီးနောက် မျက်နှာပေါ် အသာအယာတို့ ပေးပြီးနောက်၊ ၁၀-မိနစ်အကြာမှာ
ရေသန့်  ဖြင့်သန့် စင်ပေးပါ။ ဤသို့  တနေ့ ၂-ကြိမ်လုပ်ပေးရုံမျှဖြင့်
၁-လခန့် အကြာ တင်းတိပ်နဲ့ မှည်ခြောက်များ ပြေပျောက်သွားစေ ပါတယ်။
(နောက်တနည်း)နွားနို့ နှင့်ပျားရည်ကိုရောစပ်လိမ်းပေးပြီးနောက်၊
၁၀-မိနစ်ခန့် အကြာမှာ မျက်နှာသစ်ပေးပါ။
 

(၁၀) ကြက်သွန်နီ။ ကြက်သွန်အနီကို လတ်လတ်ဆတ်ဆတ်ကြိတ်ချေပြီး၊ ရလာသော သတ္တုရည်ကို
ဝါဂွမ်းပေါ်အစက်ချပြီးနောက် မျက်နှာပေါ်ရှိ တင်းတိပ်နဲ့ မှည်ခြောက်များ
ကို လိမ်းပေးပြီး၊ ထိုသတ္တုရည်များ ခြောက်သွားသည်အထိ ဒီအတိုင်းထားပါ။
၁၅-မိနစ်ခန့် အကြာမှ ရေအေးဖြင့်မျက်နှာသစ်ပါ။(နောက်တနည်း) ကြက်သွန်နီ
သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၂-ဇွန်း ရော၍
မျက်နှာပေါ်လိမ်းပေးပြီး၊ မိနစ် ၂၀ အကြာ ရေအေးဖြင့် မျက်နှာသစ်ပေးပါ။
(အဆီပြန်သောအသားအရေပိုင်ရှင်များ ထိုအရောအနှောထဲကို
ရှာလကာရည်အနည်းငယ်ရောထဲ့ လိမ်းပေးနိုင်ပါတယ်)
 

(၁၁) ဒန္တသုခ။ ဒန္တသုခအရွက်ကိုကြိတ်၍ရလာသော သတ္တုရည်ကို သနပ်ခါဖြင့်ရောစပ်၍
အိပ်ယာဝင်ခါနီးတိုင်းလိမ်းအိပ်ပါ။


**မှတ်ချက်** (အထက်ဖော်ပြပါ အိမ်တွင်းကုထုံးများကို
မျက်နှာတစ်ပြင်လုံးလိမ်းရန်မလိုပါ။ တင်းတိပ်နှင့် မှည့်ခြောက်များပေါ်သာ
လိမ်းပေးရပါမည်)

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Internet @ Natural Home Remedy for Skin Black Patches & Black Spots)

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆာင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ

9/06/2014

တင်းတိပ်ပြဿနာ အဖြေရှာ

အမျိုးသမီးတိုင်းလိုလိုမှာ ၀က်ခြံ၊ မှည့်ခြောက်များရှိတတ်ကြသော်လည်း၊ အမျိုး သမီးတွေ၏ မျက်နှာပြင်အလှအပကို အဆိုးရွား ဆုံး ဖျက်ဆီးတတ်တဲ့အရာကေ တာ့ တင်းတိပ် ဘဲဖြစ် ပါတယ်။
တင်းတိပ်ဖြစ်ပေါ်လာရတဲ့အကြောင်းများမှာ မသန့် ရှင်းသောအ၀တ်ဖြင့် မျက်နှာသုတ်ခြင်း၊ မ သန့် ရှင်းသော လက်ဖြင့်ပွတ်သပ် ကိုင်တွယ်ခြင်း၊ ဓာတု ပစ္စည်းများပါဝင်သော မိတ်ကပ်၊ အိုင်း လိုင် နာ၊ ကာချယ် တို့ လိမ်းကျံပြီးနောက် မျက်နှာကိုသန့် စင်အောင် ဆေးကြောမှု အားနည်းခြင်း၊ နေရောင်ခြ ည် ပြင်းစွာ သင့်ခြင်း၊ ဓမ္မာတာမမှန်ဘဲ သွေးပုပ်သွေးညစ်များကျန်ခြင်း၊ နံ့ သာဖြူ လိမ်းခြင်း တို့ ကြောင့် ပျိုပျို အိုအိုတွေမှာ တင်းတိပ်ထွက်လာကြရပါတယ်။ သွေးဆုံးခါ နီးနှ င့် သွေးဆုံးပြီး စအရွယ်တွေမှာ ပျမ်းမျှအမျိုးသမီး ၁၀ ဦးတွင် ၆ ဦးခန့်  တင်းတိပ် ထွက်လာတတ်ပါ တယ်။ ဒါဟာ ဇရာဟိုမုန်းပြောင်းလဲခြင်းကြောင့်ပါဘဲ။
ဇရာဟိုမုန်းပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သွေးမဆုံးခင် အိမ်ထောင်သည် ဘ၀မှာလည်း တင်း တိပ်ထွက်တတ်ပါတယ်။ ဥပမာ (၁) ပဋိသန္ဓေတားဆေး (၂) အမျိုးသမီးဟော်မုန်းဆေး (၃) ဟေ မိုဂ လိုဘင်အားမြှင့် သွေးအားေ ကာ င်းေ ဆး စသည့်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးက လည်း တင်းတိပ်ဖြစ်စေဖို့  တွန်းအားဖြစ်လာနိုင်ပါတယ်။ (ဒါကြောင့် ဆရာဝန်နှင့်တိုင်ပင် ၍ ဆေး ညွှန်း ပြောင်းသောက်ပေး သင့်ပါတယ်)
အထက်ပါအကြောင်းများအပြင် ကိုယ်ဝန်ဆောင်ကာလ နှင့် ကလေးမီးဖွာြး ပီးနောက် လအတော် အတန်ကြာတဲ့အထိ မိခင် လောင်း ၁၀-ဦး မှာ ၇-ဦးေ လာက်က မျက်နှာပေါ်မှာ တင်းတိပ် ဆန် ဆန် အညိုရောင်အကွက်ေ လးေ တွ ပေါ် လာတတ်ပါတယ်။ ထိုပြဿ နာများကတော့ (၁) ကိုယ် ၀န်ေ ဆာင် သ ဘာဝ ဟိုမုန်းဓာတ်ပြောင်းလဲခြင်း (၂) ကိုယ်ဝန်ဆောင် အားဆေးအချို့ ရဲ့  ဟို မုန်း တန်ြ ပန်သက်ရောက်မှု (၃) ဖောလစ်အက်ဆစ်ပမာဏကို လိုအပ်တာ ထက် ပို၍ သောက်သုံးမိခြင်း ...စသည်တို့  ကြောင့်ဘဲဖြစ်ပါတယ်။ သို့ သော် ထိုတင်းတိပ်များက များမကြာမီအချိန်တွင်းမှာပင် သူ့ အလိုလိုပျောက်သွားကြ တတ်ပါတယ်။

<< လွယ်ကူ သက်သာတဲ့ တင်းတိပ် ပျောက်ဆေး…>>
အလှကုန်ဈေးကွက်ထဲမှာ တင်းတိပ် ပျောက်စေတဲ့ နိုင်ငံစုံတံဆိပ်စုံတွေ ရှိနေ ပါတယ်။ မိမိအသား အရေနဲ့  လိုက်ဖက်မယ့် ရွေး ချယ်မှုမှန်ဖို့ အထူးလိုအပ်ပါ တယ်။ အကယ်၍အရွေးမှားပါက လှတ မျက်နှာကို ဆိုးဆိုးရွားရွားပျက်စီးေ စ နိုင် လို့ ပါဘဲ။ ရိုးရှင်း လွယ်ကူတဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မိမိဖာသာ အိမ်မှာ ကုသပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများဖြင့် မျှဝေလိုက် ပါရစေ။

(၁) မြန်မာ့ဆေးကျမ်းအရ၊ ကင်ပွန်းချဉ်ရွက်က သူမတူအောင် တင်းတိပ်ကိုေ ကာ င်းကျိုးပြုနိုင် တယ် လို့  ဆိုထားပါတယ်။ ဒါ ကြောင့် ကင်ပွန်းချဉ်ရွက် ကို ကြော်-ဟင်းချို-ချဉ်ဟင်း စသည်ဖြင့် မကြာခဏ အမျိုးမျိုး လုပ်စားပေးပါ။

(၂) သန့် ရှင်း စင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်း ရွက် မနုမရင့် လက် တစ်ဆုပ်စာ ခန့်  ကို သဘာဝထန်းလျက်အမည်းရောင် ခုနှစ်လုံး ခန့် နှင့် သုံး ခွက် တစ်ခွက်တင်ကျို၍ ဆားအနည်င ယ်ခပ်သောက်ပေးပါ၊ ထိုဆေးရည်ကို နံက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးကြမ်း ပန်း ကန်လုံးပမာ ဏခန့်  နေ့ စဉ်မှန် မှန်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်ကင်း သွားနို င်ပါ တယ်။

(၃) ကင် ပွန်းချဉ်ရွက်ရင့်ရင့် လက်တစ်ဆုပ်စာပမာဏကို ဖုန်-အညစ်အကြေးေ တွကင်းအော င် ရေ စင်စ င်ဆေးပါ၊ ဆေးထားတဲ့ရေတွေ ကုန်စင်အောင်ခါ ထုတ်ပြီး ရင် ကြိတ်စက်နဲ့ ကြိတ်ပါ၊ ရလာတဲ့ ကင်ပွန်းချဉ်ရွက်အရည်(သတ္တု ရည်) ကို တင်းတိပ်ပေါ် လိမ်းပေးပါ။ ခြောက်သွားရင် ထပ်ခါ ထပ်ခါ လိမ်းပေး နိုင်ပါတယ်။

(၄) သန့်စင်လတ်ဆတ်သည့် နနွင်းတစ်တက်ကို နွားနို့ အနည်းငယ်နှင့် သွေး ပါ။ ရရှိလာတဲ့အ ရည်ကို တင်းတိပ်ရှိသော နေရာတစ်ဝိုက်ကို လိမ်းပေးနိုင် ပါတယ်။ ( နနွင်းတက်ကို ပရဆေး ဆိုင်ေ တွမှာ ၀ယ်ယူရရှိနိုင်ပါတယ်)

(၅) သန့် ရှင်းသောအုန်းမှုတ်ခွံကို သန့် ရှင်းသော ကျော က်ပျဉ်ပေါ် တွင် ရေ အစား သံပုရာ ရည်ြ ဖင့်သွေးပါ၊ မျက်နှာကို သန့် ရှင်းစင်ကြယ်အောင်ေ ဆြးေ ကာ၍ ခြောက်သွေ့ အောင်သုပ်ပြီး ထိုေ သွးထားတဲ့အရည်ကို သနပ်ခါးလိမ်း သကဲ့ သို့ လိမ်းပါ၊ တင်းတိပ်နှင့် ထိုဆေးရည်ထိလျှင် အတန် ငယ်စပ်ပါတယ်၊ အရောင်မှာ ၀ါလွန်းသဖြင့် ညအိပ်ယာဝင်ခါနီးမှသာ လိမ်း ပါ (စပ်ခြင်းကို သည်း ခံ ၍ တစ်လခန့် လိမ်းပေးခြင်းဖြင့် လက်တွေ့ ပျောက်ကင်းစေမှာပါ)

(၆) ဒန္တသုခ အရွက်စိမ်းရည် နှင့် သနပ် ခါးရည်တို့ ကို ဆတူရော၍ ညအိပ်ယာ ၀င် တိုင်းလိမ်းကျံပါ (စိတ်ရှည်ရှည်လိမ်းပေးပါက ရက်ပိုင်းအတွင်း တင်းတိပ်များကွာ ကျ၍ ပျောက်ကင်းသွားနိုင် ပါ တယ်)


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

8/28/2014

မျက်နှာသစ်နေချိန် အမှတ်မထင်ပြုမိတဲ့ အမှားကြီး (၇) ရပ်

နည်းစံနစ်မကျတဲ့ မျက်နှာသစ်ခြင်းက မျက်နှာအသားအရေကို ထိခိုက်ဒဏ်ရာပြီး
ခြောက်သွေ့ /တွဲကျသွားစေသလို၊ အရွယ် မတိုင်မီ အရေးကြောင်းများလဲ ပေါ်လာေ စနိုင်တာကြောင့်၊ အဲဒီလိုပြဿနာတွေမဖြစ်ရအောင် အမေရိကန်နိုင်ငံ The Mount
Sinai Medical Center မှ အရေပြားဆိုင်ရာ လက်ထောက်ပါရဂူဖြစ်သူ Dr. Jeannette Graf က အောက်ပါနည်းလမ်း (၇)ရပ် ဖြင့် ပြင်ဆင်သင့်ပါကြောင်း အကြံပြုထားပါတယ်။

(၁) မျက်နှာသစ်ဆပ်ပြာရွေးချယ်မှု မှန်ကန်ပါစေ။
မိမိအသားအရေအတွက် သင့်တော်မှန်ကန်တဲ့ မျက်နှာသစ်ဆပ်ပြာရွေးချယ်တတ်မှုက
အင်မတန်အရေးကြီးပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက် foaming(သို
့မဟုတ်)ဂျယ်လ်အမျိုးအစား မျက်နှာသစ်ဆပ်ပြာတွေသုံးသင့်ပြီး၊ ခြောက်သွေ့ တဲ့ အသား အရေအတွက် ကရင်မ်အမျိုးအစားကို သုံးသင့်ပါတယ်။

(၂) လက်ကို ဦးစွာဆင်ကြယ်အောင်ဆေးကြောပါ။
လူ ၁၀-ဦး မှာ ၇-ဦးလောက်က မျက်နှာမဆေးကြောခင် လက်ကိုဦးစွာဆေးကြော ဖို့ မေ့ နေတတ်ကြပါတယ်။ မျက်နှာသစ်နည်း အမှန်က ဦးစွာလက်ကို ကိုယ်တိုက် ဆပ်ပြာတခုခုနဲ့  စင်ကြယ်စွာဆေးကြော၍ ရေစင်အောင်လောင်းရပါမယ်။ ဒုတိယ အဆင့် အနေ ဖြင့် မျက်နှာကိုရေနဲ့ အရင်သစ်ပါ။ ပြီးမှ လက်ထဲကို မျက်နှာသစ် ဆပ်ပြာလိုသလောက်ထဲ့၍ အမြှုပ်ထအောင်လက်ထဲမှာ ပွတ်ပြီးမှ သာ၊ မျက်နှာကို အသာအယာပွတ်ဆေးပေးရပါမယ်။

(၃) ရေစိုမျက်နှာသစ် ပုဝါကို လျှော်ဖွပ်ဖို့ မမေ့ပါနဲ့ ။
တချို့ သူတွေက မျက်နှာသစ်ပုဝါ ခပ်သေးသေးလေးမှာ ရေ-ဆပ်ပြာပွတ်၍ မျက်နှာသ စ်ေ လ့ရှိပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါ တိုင်း၊ အဲဒီမျက်နှာသစ်ပုဝါလေးကို ဆပ်ပြာနဲ့  စင်အောင်လျှော်ဖွတ်ရမှာဖြစ်ပြီး၊ နောက်ထပ် တစ်ကြိမ်ထပ်မသုံးခင်မှာ အဲဒီပု ၀ါ လေး ခြောက်သွေ့ နေရပါမယ်။ မျက်နှာသစ်ပုဝါ စိုထိုင်းထိုင်းတွေမှာ မျက်စေ့ဖြင့် မမြင်နိုင်တဲ့ မှိုပိုးတွေရှိစေသလို၊ ပုဝါက အလွန် ခြောက်သွေ့ နေခဲ့ရင်လည်း မျက်နှာကို
ခပ်ကြမ်းကြမ်းပွတ်မိတဲ့အခါ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ် နိုင်ရင် လက်ဖြင့်သာ မျက်နှာသစ်ကြရန် Dr. Graf က အကြံပြုထားပါတယ်။

(၄) ပူလွန်း အေးလွန်း တဲ့ ရေတွေဖြင့် မျက်နှာမသစ်ပါနဲ့ ။
အကယ်၍ ဆောင်းကာလလိုမျိုး အလွန်အေးတဲ့ ရာသီဥတုမှာတောင် ပုံမှန်ရေေ အးဖြင့်သာ မျက်နှာသစ်ပေးသင့်ပါတယ်။ မဖြစ်မ နေ ရေနွေးသုံးဖို့ လိုအပ်လာတဲ့အခါ၊
မျက်နှာအသားအရေ အစိုဓာတ်မပျက်စီးရလေအောင် မိမိခံနိုင်ရုံလောက်သာ ရေခ ပ်နွေး နွေးကိုသုံးပေးပါ။ နွေခေါင်ခေါင် ဘယ်လိုဘဲ ရာသီဥတုပူပြင်းပါစေ ရေခဲရေဖြင့် မျက်နှာ(လုံးဝ)မသစ်ပါနဲ့ ။

(၅) scrubs နည်းတွေ လွန်ကဲစွာမသုံးပါနဲ့ ။
မျက်နှာသန့် စင်နည်းတမျိုးဖြစ်တဲ့ scrubs(ခေါ်)ညစ်နေတဲ့အသားအရေကို အလွှာ လိုက် ကွာကျစေတဲ့နည်းက မျက်နှာအသား အရေကို နူးညံ့ချောမွေ့ သွားစေတာ
မှန်သော်လည်း၊ မကြာခဏ လွန်ကဲစွာပြုခြင်းက အသားအရေကို ပျက်စီးစေပါတယ်။

(၆) မျက်နှာပေါ်ကဆပ်ပြာတွေကို ကုန်စင်အောင်ဆေးကြောပါ။
ဘယ်ဆပ်ပြာမျိုးနဲ့ မဆို မျက်နှာကိုသန့် စင်တဲ့အခါ၊ အဲဒီဆပ်ပြာတွေ(လုံးဝ)ကုန်စင်သန်
့စင်သွားတဲ့အထိ ရေနိုင်နိုင်လောင်း ပေး ဖို့ မမေ့ပါနဲ့ ။ ထို့ ဆပ်ပြာအကြွင်းအ ကျန်ေ တွက မျက်နှာအသားအရေကိုခြောက်သွေ့ ပျက်စီးစေပါတယ်။

(၇) တနေ့  ၂ -ကြိမ် မျက်နှာသစ်ပါ။
တညလုံးအိပ်စက်ထားချိန်မှာ သာမန်မျက်စေဖြင့်မမြင်နိင်တဲ့ ဘက်တီးရီးယားပိုးေ တွနဲ့  မျက်နှာပေါ်က အဆီတွေပေါင်းစပ်ပြီး ညစ်ပေလေ့ရှိတာမို့  နံက်အိပ်ယာထ မျက်နှာသစ်ရပါမယ်။ တစ်နေကုန် ဖီးလိမ်းပြင်ဆင်ထားတဲ့ မိတ်ကပ်တွေနဲ့ ပြင်ပ မှ ဖုန်မှုန့်  တွေအတွက် ညအိပ်ယာဝင်ခါနီးတစ်ကြိမ်မျက်နှာသစ် ပါ။(မိတ်ကပ် လိမ်းခြ ယ်ပြီးချိန်မှစ၍ အလွန်ဆုံး နောက်ထပ် ၁၀-နာရီ လောက်ကြာအောင် အဲဒီမိတ်ကပ်ေ တွကို မျက်နှာပေါ်မှာ မထားသင့်တော့ပါဘူးလို့  Dr. Graf က ထပ်လောင်းအကြံပြုထား ပါတယ်)


ေ      ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်

အကောင်းဆုံး မျက်နှာအသားအရေအတွက် လှို့ ဝှက်ချက်

(၁) ၀က်ခြံမမှည့်ခင် မညှစ်မိပါစေနှင့် ထို့ အတူ မကုတ်ဖဲ့ပါနှင့်။ အမာရွတ်တွေ ကျန် ခဲ့ရုံမျှမက အသားအရေကို ပွစိစိဖြစ်စေပါ တယ်။

(၂) အနည်းဆုံး တစ်နေ့  ၂-ကြိမ်မှန်မှန် မျက်နှာသစ်ပါ (ညအိပ်ခါနီး မဖြစ်မနေ
သစ်ပေးသင့်ပါတယ်)

(၃) ခြောက်သွေ့ တဲ့အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေ၊
သားမန်အသားအရေ စသဖြင့် အသား အရေ အမျိုးမျိုးရှိကြရာ မိမိအသားအရေဟာ
ဘယ်လိုအမျိုးအစားဖြစ်ကြောင်း သိအောင်လေ့လာပြီးမှ ထိုအသားအရေနှင့် သင့် တော်မည့် အလှကုန်ပစ္စည်းကိုသာရွေးချယ်သုံးပါ။

(၄) မသန့် ရှင်းတဲ့ အလှပြင်ပစ္စည်းတွေက ဘက်တီးရီးယားတွေပေါက်ပွားနိုင်ပြီး
မျက်လုံးထဲကိုရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းတွေကို သန်
့ရှင်းစွာထား၍ ကိုယ်ပိုင်သီးသန့် သုံးပါ။

(၅) လူ့ ခန္ဓာကိုယ်၏ အညစ်ပတ်ဆုံးနေရာဟာ လက်ဖ၀ါးဖြစ်ပါတယ်။ ဒါကြောင့် လှချင်ရင် မျက်နှာနဲ့ လက်ကို ဝေးဝေးထားပါ။ ရေချိုးပြီး အလှပြင်ချိန်မှလွဲ၍၊ တခြား အချိန်များမှာ မဖြစ်နေ မျက်နှာကိုကိုင်တွယ်ရမယ်ဆိုပါက ဦးစွာ လက်ကိုသန်
့စင်အောင် ဆေးကြောပါ။

(၆) နွေ-မိုး-ဆောင်း ၁၂ လရာသီပတ်လုံး အပြင်ထွက်တဲ့အခါတိုင်း ခရမ်းလွန်ေ ရာင်ခြည်မှ ကာကွယ်ဖို့  SPF 30 ပါတဲ့ နေလောင် ကာခရမ်လိမ်းပါ။

(၇) မျက်ဝန်းတ၀ိုက်အသားအရေဟာ အပါးလွှာဆုံးဖြစ်တာကြောင့်၊ ထိုနေရာကို
မိတ်ကပ်မလိမ်းသင့်ပါဘူး။ မျက်နှာသစ်တဲ့ အချိန် နှင့် မျက်နှာသုပ်ပုဝါသုံး တဲ့အချိန်ေ တွမှာလည်း ခပ်ကြမ်းကြမ်းမလုပ်သင့်ပေ။

(၈) နေ့ စဉ်လိမ်းချယ်ထားတဲ့ သနပ်ခါး၊ မိတ်ကပ်တွေကို သန့် စင်ဖို့ ရာအတွက်
မျက်နှာသစ်ဆပ်ပြာ တစ်မျိုးတည်းနှင့် မလုံ လောက်နိုင်ပါဘူး။ ချွေးပေါက်မှာပိတ် ဆို့ နေတဲ့ အညစ်အကြေးများအတွက် မျက်နှာကို တစ်ပတ်တစ်ကြိမ် ကြေးချွတ် သန့် စင် ပေးသင့်ပါတယ်။

(၉) အေရိုးဗစ်၊ ရေကူး၊ လမ်းသွက်သွက်လျှောက်၊ စက်ဘီးစီး စတဲ့ လေ့ကျင့်ခန်းများက
သွေးလည်ပတ်မှုအားကောင်းစေကာ အသားအရေကို တင်းရင်းစေနိုင်ပါတယ်။

(၁၀) အိပ်ရေး၀၀ အိပ်စက်ခြင်းက အသားအရေမှာ ဆဲလ်အသစ်တွေထုတ်လုပ်ေ စနိုင်တာကြောင့် သစ်လွင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၁၁) တစ်နေ့ ကို အနည်းဆုံး သန့် ရှင်းတဲ့ သောက်ရေ ၈-ဖန်ခွက်သောက်ပေးခြင်းဖြင့်
အသားအရေစိုပြည်လာစေနိုင်ပါတယ်။

(၁၂) အလှတွေ သိပ်မပြင်ပါနဲ့ ။ မိတ်ကပ် နှင့် အိုင်းနာတွေအများကြီးသုံးစွဲခြင်းက
အရုပ်ဆိုးစေတဲ့အပြင်၊ အသားအရေကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။

(၁၃) မုန်လာဥနီ၊ ခရမ်းချဉ်သီး နှင့်စိမ်းရောင်ခြယ်ဟင်းရွက်တွေက အသားအရေကိုကြံ
့ခိုင်စေသလို၊ အဆီများတဲ့ငါးများက အသားအရေပေါ်က အပြစ်အနာဆာများကို
အကျက်မြန်စေနိုင်ပါတယ်။ အသည်းကျန်းမာရေးကလည်း အသားအရေ ကောင်း မွန်အောင် ထိန်းသိမ်းပေးနိုင်တာကြောင့် အသည်းအားကောင်းစေ မည့် ကောက်နှံ များ၊ အစေ့အဆံများ နှင့် အာလူး တို့ ကို စားပေးပါ။

(၁၄) တဦးနှင့်တဦး အသားအရေ ဖွဲ့ စည်းပုံချင်းမတူညီကြတာကြောင့်၊ သူများကေ ကာင်းတယ်ဆိုတိုင်း မိမိအသားအရေနှင့် သင့် တော်လိမ့်မယ်ဟု တထစ်ကျမ ယုံလိုက် ပါနှင့်။ ထိခိုက်လွယ်တဲ့ အသားအရေအတွက် အနံ့ ပြင်းပြင်းအလှကုန်တွေကိုရှောင်ပါ။ သာမန်အသားအရေက ခရင်မ်သုံးနိုင်သော်လည်း၊ အဆီပြန်တဲ့အသားအရေကတော့ လိုးရှင်း(Lotion)ကိုသာသုံးသင့်ပါတယ်။
 ခြောက်သွေ့ တဲ့အသားအရေက မျက်နှာသစ် ဆပ်ပြာ ပျော့ပျော့ကိုသာသုံးပါ။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။

 ဆောင်းပါးရှင်…တင်ထက်ထက်ဇော်..မျှဝေသည်

8/27/2014

လက်သည်းဆိုးဆေး မြန်မြန်ပျက်ရသော အကြောင်းများ

လက်သည်းနီဆိုးထားတာခြင်းတူတူ သူ့ ကျတော့ တာရှည်ခံပြီး၊ ကိုယ့်ကျတော့
ပျက် လွယ်လိုက်တာ…ဘာကြောင့်များပါလိမ့် နော်… လို့ ကြုံကောင်းကြုံဖူးကြပါ လိမ့် မယ်။ အောက်ဖော်ပြပါ Life Style နေထိုင်မှုပုံစံများက လက်သည်းဆိုးဆေး မြန်မြန် ပျက် စေတတ်မှာကို သိရှိနိုင်ကြပါစေကြောင်း။

*(၁) လက်သည်းကိုက်ခြင်း။*
စိတ်ဖိစီးမှုများတဲ့အချိန်(သို့ မဟုတ်)စိတ်လှုပ်ရှားနေချိန်တွေမှာ အမျိုးသမီး ၁၀ -ဦးမှာ
၇-ဦးခန့် က လက်သည်းကို ပါးစပ်နဲ့  ကိုက် ဖျက်လေ့ရှိကြပါတယ်။ ဒါဟာ လက်သည်း ဆိုးဆေး မြန်မြန်ပျက်ရတဲ့ အဓိကအကြောင်းရင်းပါဘဲ။

*(၂) ရေမွှေး။*
ရေမွှေးထဲမှာပါတဲ့ ဓာတုပစ္စည်းအချို့ ဟာ လက်သည်းဖျက်ဆေးထဲမှာပါတဲ့ ဓာတုပ စ္စည်းနဲ့ တူညီနေပါတယ်။ ဒါကြောင့် ရေမွှေး ဆွတ်တဲ့အခါ၊ လက်သည်းများကို မပေ ကျံမိပါစေနှင့်။

*(၃) ဆံပင်ဖျန်းဆေး။*
hair spray လို့ ခေါ်တဲ့ ဆံပင်ဖျန်းဆေးတွေမှာလည်း လက်သည်းဖျက်ဆေးနည်းတူ
ဓာတုပစ္စည်းတွေဖြင့်ဖော်စပ်ထားပါတယ်။ ဒါကြောင့် ဆံပင်ကို လက်ချောင်းများဖြင့် ခပ်ဖွဖွသပ်၍ ဆေးဖျန်းတဲ့အခါ လက်သည်းခွံပေါ်ကနေ မဖျန်းမိပါစေနှင့်။

*(၄) ပန်းကန်ဆေးဆပ်ပြာ။*
ပန်းကန်ဆေးဆပ်ပြာနှင့်အတူ ရေထဲမှာစိမ်နှစ်၍ တိုက်ချွတ်ဆေးကြောရတာကြောင့်
သင့်လက်သည်းဆိုးဆေး ထိပ်ဖျားတွေ အ မြန်ဆုံးပျက်ပြယ်နိုင်ပါတယ်။ မီးဖိုချောင် သုံးလက်အိတ်လေးတွေက ကျန်းမာရေးတစ်ခုတည်း အတွက်သာမဟုတ်ဘဲ၊ ဖက်ရှင်
လှပမှုအတွက်ပါ အသုံးတည့် လှပါတယ်။ ဒါကြောင့် ပန်းကန်ဆေးတဲ့အခါတိုင်း
လက်အိတ်ဝတ်ဖို့ မမေ့ပါနှင့်။

*(၅) နေလောင်ကာ ကရင်မ်။*
အသားအရည်ကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးဖို့ အတွက် နေေ လာင် ကာကရမ်တွေကို အထူးဖော်စပ်ထားလေ့ ရှိပါတယ်။ ထိုကရင်မ်တွေက လက်သည်း ဆိုးဆေးထဲမှာပါရှိတဲ့ acrylic ဓာတ်တွေကို အလွယ်တကူ အရည်ပျော်ကျသွား စေနိုင် တာကြောင့်လည်း လက်သည်းဆိုးဆေး ပျက်ပြယ်သွားရပါတယ်။

*(၆) အိမ်သန့် ရှင်းရေး အသုံးအဆောင်များ။*
ဥပမာ ကြမ်းတိုက်ဆေးရည်၊ သန့် စင်ခန်းဆေးရည်၊ ဆိုဖာကြေးချွတ်ဆေးရည် တို့ မှာ
ပါရှိတဲ့ ဓာတုပစ္စည်းများက လက်သည်း ဆိုးဆေးမှာပါတဲ့ acetone ကို အလွယ်တ ကူ ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါကြောင့် လက်အိတ်စွပ်၍ ကိုင်တွယ်သန့် ရှင်းရေးလုပ်ပါ။

*(၇) ရေချိုးခြင်း။*
တကိုယ်ရည်သန့် ရှင်းရေးအတွက် တစ်နေ့  ၂-ကြိမ် ရေချိုးကြရပါတယ်။ ပုံမှန်ရေေ အးက မပြောပလောက်သော်လည်း၊ ရေနွေး ဖြင့် ရေချိုးတဲ့အခါ လက်သည်းဆိုးေ ဆးတွေ သိသိသာသာ ခြောက်သွေ့ ကွာကျသွားစေပါ တယ်။ ရေကူးကန်ထဲရှိ ရေ သန့်  စင် ဆေးရည်များကလည်း လက်သည်းဆိုးဆေးတွေကို အလွယ်တကူပျက်ပြယ် သွားနိုင်ပါတယ်။

*(၈) လက်သည်းဆိုးဆေး အထူကြီးဆိုးခြင်း။*
မယုံမရှိပါနဲ့ ။ လက်သည်းဆိုးဆေး အထူကြီးဆိုးတဲ့အခါ တော်တော်နှင့်မခြောက်နိုင်ေ တာ့ဘဲ လက်ဖြင့်ထိမိတဲ့အခါ(သို့ မဟုတ်)ဆိုးဆေးမခြောက်ခင်မှာ တခြားအရာဝတ္တုပ စ္စည်းေ တွကို ကိုင်တွယ်မိပါက ဆိုးဆေးတွေတွန့် ကာ ခြောက်သွေ့ သွားပြီး မကြာခင် မှာပင် ပျက်ပြယ်ကွာကျသွားပါတော့တယ်။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

8/17/2014

မျက်နှာပေါ်ရှိမလိုလားအပ်သည့်အမွှေးတွေကို သဘာဝနည်းဖြင့်ဖယ်ရှားနည်း

ပျမ်းမျှ အမျိုးသမီး ၁၀-ဦးမှာ ၂-ဦးခန့် က သာမန်ထက်ထူးကဲစွာ မျက်နှာပေါ်မှာ အမွှေးများပေါက် တတ်ကြပါတယ်။ နှုတ်ခမ်းမွှေး ခပ်ရေးရေးလေးက ဆွဲဆောင်မှုပိုစေတာမှန်သော်လည်း အချို့  အမျိုးသမီးတွေမှာတော့ အမျိုးသားများကဲ့သို့  နားသယ်မှစ၍ အ ပေါ်နှုတ်ခမ်းတ၀ိုက် သိသိ သာ သာ အမွှေးတွေ ပေါက်နေကြတာကြောင့် “အမွှေးအမျှင်ထူတယ်” လို့  စိတ်သောကရောက်ကြရ ပါ တယ်။ အဲဒီလို သာမန်ထက်ထူးကဲနေရခြင်း၏ အဓိကပြဿနာကတော့ phytoestrogens(ခေါ်) အက်စ် ထရို ဂျင်ဟိုမုန်း မညီမျှ ခြင်းကြောင့်ပါဘဲ။ အထူးသဖြင့် မျိုးရိုးဗီဇအရ အိန္ဒိယနွယ်ဖွား အမျိုး သမီးများမှာ မျက်နှာပေါ်အမွှေးအမျှင်ထူတတ်ကြပါတယ်။ မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ အက် စ်ထရိုဂျင်ဟိုမုန်းမညီမျှမှုအတွက် နွယ်ချို၊ နွားစားမြက်ချို၊ လျှော်ပင်၏အစေ့၊ စမုံစပါး တို့ ကို စားေ ပးသင့်တယ်လို့  အိန္ဒိယဆေးကျမ်းများမှာ ဖော်ပြထားပါတယ်။
၂၁- ရာစုမှစပြီး အမျိုးသမီးများ၏ ဆံပင်မှလွှဲ၍ ခြေ-လက်-မျက်နှာပေါ်ရှိ အမွှေးအမျှင်ကင်း စင် ပြောင်ချောနေတဲ့ လှပမှုရေးရာ ဖက်ရှင် တစ်ခေတ်ဆန်းလာတာကြောင့်လည်း ထိုမလိုလား အပ်တဲ့အမွှေးအမျှင်များကို ဂျယ်၊ ဖယောင်းစသည်တို့ သုံး၍ အမွှေး ချွတ်ကြရပါတယ်။ သို့ သော် ထိုနည်းတွေက ဘေးထွက်ဆိုးကျိုးရှိနိုင်တာကြောင့် အောက်ပါရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းေ လး များက အထောက်အကူဖြစ်စေနိုင်ပါကြောင်း Health.India.com tip(ခေါ်)အိန္ဒိယနိုင်ငံထုတ် ကျန်းမာရေးဂျာနယ်မှာ အကြံပြု ထားပါတယ်။
 
(၁) နနွင်းမှုန့် 
နနွင်းမှုန့် လေးတွေက အသားအရေ၀င်းပခြင်း၊ ပိုးမွှားကင်းစင်ခြင်း၊ အမွှေးအမျှင်များဖယ် ရှားေ ပးခြင်း စတဲ့ ကောင်းကျိုးပြု စေတာ ကြောင့်လည်း အိန္ဒိယနိုင်ငံရှိအမျိုးသမီးများက ရှေးပဝေသဏီ ကတည်းကစလို့  နေ့ စဉ်အသုံးပြုလာခဲ့ကြပါတယ်။ (က) နနွင်းမှုန့်  ကို ရေအေးဖြင့် ခပ်ပျစ်ပျစ်ေ ဖျာ်၍ မျက်နှာပေါ်ရှိ မလိုလားအပ်တဲ့အမွှေးများပေါ်ခပ်ထူထူလိမ်းပေးပါ။ ခြောက်သွားတဲ့အခါ သန့်  စင်တဲ့ ချည်ထည်အ၀တ်စကို ရေခပ်နွေးနွေးစိမ်ညှစ်၍ မျက်နှာပေါ်ပွတ်တိုက် သန့် စင်ပေး ပါ။ (ခ) ချိုချက်ပြီး အအေးခံထားသော နွားနို့ (သို့ မဟုတ်)နို့ ကရင်မ်ကို နနွင်းမှုန့် နှင့် ခပ်ပျစ်ပျစ်ေ ဖျာ်စပ်၍ မျက်နှာပေါ်ရှိ အမွှေးပေါ်သို့  အသားထဲထိစိမ့်ဝင်အောင် စက်ဝိုင်း သဏ္ဍာန်ဖိလိမ်းေ ပးပါ။ ခြောက်သွားတဲ့အခါ ရေအေးဖြင့်ဆေးကြောပါ။ (ရေခဲရေ မဟုတ်ပါ)
 
(၂) ဂျုံမှုန့် 
ဂျုံမှုန့် လေးတွေကလည်း နနွင်းမှုန့် များလိုဘဲ မလိုလားအပ်တဲ့ အမွှေးအမျှင်များကို ဖယ်ရှားေ ပးနိုင်တာကြောင့် အိန္ဒိနိုင်ငံမှာ ရိုး ရာကုထုံးအဖြစ် သုံးစွဲလျက်ရှိပါတယ်။ ဂျုံမှုန့်  နှင့် နနွင်းမှုန့် ကို ဆတူရောစပ်၍ ရေနည်းနည်းဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ မျက်နှာ ပေါ်ရှိ မလိုလားအပ်တဲ့အမွှေး များေ ပ်ါခပ်ထူထူလိမ်းပေးပါ။ ခြောက်သွားတဲ့အခါ သန့် စင်တဲ့ ချည်ထည်အ၀တ်စကို ရေခပ်နွေး နွေး မှာ စိမ်ညှစ်၍ မျက်နှာပေါ်ပွတ်တိုက်သန့် စင်ပေးပါ။
 
(၃) သကြားမှုန့် 
အလှကုန်ဈေးကွက်မှာရောင်းချနေတဲ့ was(ခေါ်)အမွှေးချွတ်ဖယောင်းလိုဘဲ မိမိဖာသာ အိမ်မှာ သကြား မှုန့် တို့ ဖြင့် ဖယောင်း လုပ်လို့ ရပါတယ်။ သို့ သော် ဒီနည်းက အင်မတန်ကပ်စေးနေ တာကြောင့် နနွင်းမှုန့် ၊ ဂျုံမှုန့် တို့ လိုမဟုတ်ဘဲ အသားကို နာကျင် တဲ့ ခံစားမှုဖြစ်စေပါတယ်။ ခွက် တစ်ခုထဲမှာ လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော သကြားမှုန့် ကို ၄င်းနှင့်ဆတူ ပျားရည်စစ် စစ် ၁-ဇွန်းရော ၍ သံပုရာရည်အနည်းငယ်ညှစ်ထဲ့ကာ ထိုအရောအနှောတွေကို အရည်ပျော်ေ အာင် အပူပေးပြီးနောက် မီးဖိုပေါ်ကချပါ။ ခပ်နွေးနွေးဖြစ်တဲ့အခါ မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ်လိမ်းကျံပြီးတာနဲ့ တပြိုင်နက် အပေါ်ကနေချည်ထည်အ၀တ်စကို ဖိအုပ်လိုက်ပြီး ချက်ချင်း ဆိုသလို ထိုအ၀တ်စကိုဆွဲခွာလိုက်ပါ။ (အ၀တ်စကိုဆွဲခွာတဲ့အခါ အမွှေးတွေလားရာနှင့် ဆန့်  ကျင် ၍ ပြောင်းပြန် ဆွဲခွာပေးရပါမယ်)
 
(၄) ကြက်ဥအကာ
လွယ်ကူမြန်ဆန်တဲ့ ကြက်ဥလေးတွေကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာကို စားပွဲတင်ဇွန်း ၁-ဇွန်းစာပမာဏရှိတဲ့ သကြား နှင့်အတူ စားပွဲတင်ဇွန်း တ၀က်စာပမာဏရှိတဲ့ ပြောင်းဖူးမှုန့် ဖြင့်ရောကာ သမအောင်မွှေပြီးနောက် မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ်လိမ်းကျံပေးပါ။ မျက်နှာပေါ်ခြောက်သွေ့ သွားတဲ့အခါ မျက်နှာဖုံးသဏ္ဍာန်အလွှာပါးလေးဖြစ်နေပါလိမ့်မယ်။ ထိုအလွှာကို ဆွဲခွာလိုက်တဲ့အခါ အမွှေးများပါကျွတ်၍ပါသွားပါလိမ့်မယ်။

(၅) သံပုရာရည်
(က) သကြား၊ သံပုရာရည် နှင့် ရေတို့ ကိုဆတူရော၍ သကြားမှုန့် တွေပျော်ကျသွားအောင် သ မေ အာင်နယ်ပြီးနောက် မျက်နှာ ပေါ် လိမ်းကျံပေးပါ။ ၁၅-မိနစ်ခန့် အကြာခြောက်သွေ့ သွားပါ လိမ့်မ ယ်။ ထိုအခါ မျက်နှာဖုံးသဏ္ဍာန်အလွှာပါးလေးကို ဆွဲခွာပေး လိုက်ရုံပါဘဲ။ (ခ) သံပုရာ ရည်(လ္ဘက် ရည်ဇွန်း ၁-ဇွန်း)၊ ပျားရည်(လ္ဘက်ရည်ဇွန်း ၄-ဇွန်း)ကို ရောသမမွှေပြီးနောက် မလိုလားအပ် တဲ့ အမွှေးအမျှင်များပေါ်လိမ်းကျံပေးပါ။ ခြောက်သွားတဲ့အခါ အလွှာပါးလေးကို ခွာချပေးလိုက်ပါ။
အထက်ပါနည်းများထဲမှ မိမိနှစ်သက်ရာ တစ်နည်းကိုသုံး၍ ရက်သတ္တ ၁-ပတ်လျှင် ၂-ကြိမ်နှုန်ြး ဖင့် ၈-ပတ်ခန့် ပြုလုပ်ပေးပါ။ ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။ အကယ်၍ အထက်ပါနည်းတွေက သတ် မှတ်ချက်ကာလအထိ မသက်သာဘဲ အမွှေးများပေါက်မြဲ တမ်းဆက်ပေါက်နေသေးပါက သက်ဆိုင်ရာဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်၍ ကုသမှုခံယူသင့်ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

8/10/2014

နှုတ်ခမ်းနီရဲရဲဆိုးတဲ့အခါ

နှုတ်ခမ်းဆိုးဆေး နီနီရဲရဲသုံးပြီး မှန်ကြည့်လိုက်တဲ့အခါမှာ၊ ကျနေတဲ့စိတ်က ချက်ချင်းဆိုသလို တက်ကြွလာပြီး မမြင်နိုင်တဲ့ စိတ် ခွန်အားကို ရစေပါတယ်။ ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ သမားတော်များက “ စိတ်ဖိစီးမှုများနေရင် နှုတ်ခမ်းနီရဲရဲဆိုးလိုက်ပါ ” လို့ အကြံပြုထားကြ သ လို၊ ခေတ်ကာလအဆက်ဆက်မှ ဗေဒင်ဆရာများကလည်း “ ပြောတိုင်းအောင်၍ မိမိစကား အရာရောက် စေဖို့  နှုတ်ခမ်းဆိုးဆေးအနီကို ဆိုးထားပါ ” လို့ အကြံပြုလေ့ရှိပါတယ်။ အလှအပ ရှုထောင့်ကကြည့်တဲ့အခါမှာလည်း “ နှုတ်ခမ်းနီ မလေးတွေက ဆန့် ကျင်ဘက်လိင်ကို ညှို့ အား ပိုစေတယ်၊ နှုတ်ခမ်းဆိုးဆေး အနီရဲရဲလေးတွေက ပွဲလမ်းသဘင်ရှိမှ မဟုတ်ပါ ဘူး ဘယ်နေ ရာ၊ ဘယ်လိုရာသီဥတုမျိုးနဲ့ မဆို လိုက်ဖက်နေတာပါဘဲ ” လို့  အလှဖန်တီးရှင်တွေက ဆိုထာြး ပန်ပါတယ်။

သို့ သော် ထူထူထဲထဲဆိုးမိတဲ့အခါ ဖက်ရှင်မကျတော့ပါဘူး။ ဒါ့ပြင် ဆိုးဆေးတွေဘေးပြန့်  ကုန်တဲ့အခါ အလှပျက်စေတာကြောင့် အောက်ပါအတိုင်း စံနစ်တကျသုံးတတ်ဖို့  အရေးကြီး ပါတယ်။

နှုတ်ခမ်းပေါ်မှာ အရေခွံလန်နေသူများက ဦးစွာ သွားတိုက်တံ(သွားပွတ်တံ)ဖြင့် နှုတ်ခမ်း သားကို ခပ်ဖွဖွပွတ် တိုက်ပေးပါ။ (အဲဒီလန်နေတဲ့ အရေခွံပေါ်ကို နှုတ်ခမ်းဆိုးဆေးတင် မိတဲ့အ ခါ နှုတ်ခမ်းနီတွေက မညီမညာဖြစ်နေ တတ်လို့ ပါ။ တခြားအရောင်တွေ နဲ့ မတူ သိသိသာသာ အကြည့်ရဆိုးပါတယ်)

ပြီးရင် nude colour(ခေါ်)အသားရောင်ရင့်ရင့် နှုတ်ခမ်းဆိုးဆေးခဲတံဖြင့် နှုတ်ခမ်းကို လိုင်းေ ဖ်ာပါ။ ( အကယ်၍ nude colour ဆိုးဆေးခဲတံမရှိရင်၊ နှုတ်ခမ်းနီနီအရောင်နှင့် ခပ်ဆင် ဆင်တူတဲ့ ခဲတံဖြင့် လိုင်းဖော်ပေးနိုင်ပါ တယ်)

နှုတ်ခမ်းနီရဲရဲ ဆိုးလို့ ရပါပြီ။

နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ၊ လက်ညှိုးလေးသုံး၍ နှုတ်ခမ်းသားတွေကို အသာအယာ ညှိပေး လိုက်ပါ။ (အဲဒီလိုပြုပေး ခြင်းဖြင့် နှုတ်ခမ်းသားပေါ်က ပိုလျှံနေတဲ့ဆိုးဆေးတွေကို လက်ကဖယ် ရှင်းပေးရာရောက်သလို၊ ဆိုးဆေးတွေ ပျစ်နှစ် ထူပိန်းမနေစေတော့ပါဘူး)

နောက်ဆုံးအဆင့်အနေဖြင့် မှန်ကြည့်ပြီး ပြုံးပါ/နှုတ်ခမ်းစူကြည့်ပါ။ (ဒီနည်းက နှုတ်ခမ်းေ ထာင့်စွန်းတွေပေါ်မှာ ဆိုးဆေးနီနီတွေ စွန်းပေ/မပေ ကို စစ်ဆေးကြည့်တာဖြစ်ပါတယ်။ အ ကယ် ၍ ဆိုးဆေးတွေဘေးပြန့် နေပါက၊ ကရင်ပ်(ဖ်) ရေမြုံ့ လေးဖြင့် အသာအယာတို့ေ ပးလိုက်ပါ)

“ အသားမည်း ရဲရဲဆင် ” ဟူသော ဆိုရိုစကားလေးကို ကြားဖူးကြမှာပါ။ ဒါကြောင့် နှုတ်ခမ်း နီရဲရဲလေးတွေက အသားဖြူသူရော၊ အသားမည်းသူတွေနှင့်ပါ လိုက်ဖက်ပါတယ်။ အထူးသ တိထားရမှာက မည်သည့်အသားအရေမျိုးမဆို အနီရဲရဲဆိုးဆေးသုံးတဲ့ အခါ၊ ပုံမှန်ထက် မိတ် ကပ်ကိုလျော့လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် အသားမည်းသူတွေက အိုင်းလိုင်နာ-အိုင်းရှဲဒိုး-msacara တွေကိုပါ ခပ်ဖျော့ဖျော့လေး သုံးပေးခြင်းဖြင့် နှုတ်ခမ်းနီနီကြောင့် မျက်နှာကြီးရင့်ေ ရ်ာမနေစေတော့ဘဲ၊ နှုတ်ခမ်း အလှပိုမိုပေါ်လွင် စေတော့မှာဖြစ်ပါတယ်။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်..မျှဝေသည်)

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်စေဖို့ 

အမျိုးသားတစ်ယောက်ဟာ ကြံရည်ဖန်ရည်ကောင်းပြီး ငွေရှာကောင်းရုံလောက်နဲ့ေ တာ့ ယောကျာ်းဂု ဏ်ရည် နဲ့ ပြည့်ဝသူရယ်လို့  မဆိုနိုင်လောက်သေးပါဘူး။ အိမ်ထောင်တစ်ခုလုံးကို ဦးစီးဦးဆောင်ပြုရ မယ့် အမျိုးကောင်းသား တစ်ယောက်အနေနဲ့  အသုံး အဖြုန်းမကြမ်းသူ၊ အသောက်အစား-အပျော် အပါး မခုံမင်သူ၊ အဌာရဿ ၁၈-ရပ်လုံး မဟုတ်တောင် ပြောင်းလဲလာတဲ့ ခေတ်ရေ စီးကြောင်းနဲ့ အညီ သိပ္ပအတတ်ကို မညံ့လွန်းသူဖြစ်ကာ၊ စာနာတတ်တဲ့ နှလုံးသားလေး တစ်စုံလည်းရှိဖို့ လိုအပ်ပါတယ်။

အထက်ကဖော်ပြခဲ့သလို အရည်အချင်းတော်တော်များများနဲ့ တော့ကိုက်ညီပါရဲ့ ။ သို့ သော် တစ်ကိုယ် ရည်သန့် ရှင်းမှုအားနည်း ပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ ကိုယ်ဟန်နေထား ပြင်ဆင်မှုမျိုးဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်မလာနိုင်တော့ပါဘူး။

စတိုင်လ်ကျ စမတ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဆိုရင်-
(၁) ဗိုက်ခေါက်ကြီးတွေထူနေရင် အသက်ကြီးတဲ့ပုံပေါ်နေရုံသာမက၊ ဘာဝတ်ဝတ်အချိုးမကျနိုင်ပါ ဘူး။ ရင်အုပ်ကျယ်ကျယ်၊ လက်မောင်းကြွက်သား အဖုအထစ်တွေက အားကိုးချင်စရာလက္ခဏာရ ပ်တွေမို့  လေ့ကျင့်ခဏ်းလုပ်ဖို့  မပျင်းပါနဲ့ ။
 

(၂) ဆံပင်ပုံစံက ရုပ်ဆိုးသူကိုလှသွားအောင်ပြောင်းလဲပေးနိုင်သလို၊ လှနေတဲ့သူကိုလဲ အကျည်း တန်ေ စနိုင်တာကြောင့် မိမိရုပ် ရည်-မိမိအများဆုံးဝတ်ဆင်လေ့ရှိတဲ့ အ၀တ်အစားဒီဇိုင်း နဲ့  လိုက်ဖ က်တဲ့ဆံပင်ပုံစံမျိုးဖြစ်နေရပါမယ် (ဒါကြောင့် မိမိနဲ့  ကိုက် ညီမှုရှိတဲ့ ဆံသဆိုင်က ဆံပင်ညှပ် ဆရာကို သေသေချာချာ မှတ်သားထားသင့်ပါတယ်)
 

(၃) “ယောကျာ်းလေးဘဲကွာ…ဒါတွေမလိုပါဘူး” ဆိုတဲ့ အတွေးမှားမျိုးဖြင့် အိမ်ပြင်ထွက်တဲ့အခါ၊ အ၀တ်အစားတွေကို ဖြစ်က တတ်ဆန်း မ၀တ်သင့်ပါဘူး။ လူတစ်ယောက်ရဲ့ အပြင်အဆင်ဟာ သူဘယ်အသိုင်းအ၀ိုင်းကလာတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်နေလို့ ပါ။
 

(၄) တကိုယ်ရည်သန့် ရှင်းမှုအတွက် တစ်နေ့ ၂-ကြိမ်ကျ ရေချိုးသင့်ပါတယ်။ သံပုရာရနံ့ ပါတဲ့ ကိုယ် တိုက်ဆပ်ပြာလေးတွေက အသားအရေကို လန်းဆန်းလတ်ဆတ်ရုံမက ကိုယ်သင်း ရနံ့ ကော င်းမွ န်စေပါတယ် (ကိုယ်နံ့ ဆိုးထွက်ခြင်းက၊ လူ့ ဘောင်အ သိုင်းအ၀ိုင်းမှာ မနှစ်မြို့ စရာဖြ စ်စေတ ယ်လို့ ပါ)
 

(၅) သန့် ရှင်းသေသပ်စွာညှပ်ထားတဲ့ လက်သည်း/ခြေသည်းလေးတွေကလည်း အမျိုးသားတစ်ေ ယာက် ရဲ့ ဆွဲဆောင်မှုတစ်ခုပါ။
 

(၆) အလှကုန်ဈေးကွက်ထဲမှာ အမျိုးသားသီးသန့် သုံး moisturizers(ခေါ်)အသားအရေ အစို ဓာတ်ကိုထိန်းပေးတဲ့ လိုးရှင်းလေး တွေရှိပါတယ်။ အဲဒီလိုးရှင်းလေးတွေက မျက်နှာ နဲ့  လက်ဖ၀ါးေ တွ ခြောက်သွေ့ ကြမ်းတမ်းခြင်းကို သက်သာပျောက်ကင်း စေပါတယ်။ (အထူးသဖြင့် မုတ်ဆိတ်ေ မွှးရိတ်ပြီးတိုင်း သုံးစွဲသင့်တဲ့ ပစ္စည်းကောင်းလေးပါဘဲ)
 

(၇) ခြောက်သွေ့ တဲ့ နှုတ်ခမ်းတစ်စုံအတွက်၊ natural lip balm(ခေါ်)နှုတ်ခမ်းဆိုးဆေးအဆီိကို သုံးနိုင်ပါတယ်။ ဒီဆိုးဆေးအဆီ က နှုတ်ခမ်းကို ပူရှိန်းရှိန်းလေးခံစားရစေပြီးတော့၊ သဘာဝအေ ရာင်အတိုင်းသာ နှုတ်ခမ်းသားကို စိုစိုထွေးထွေးလေး ဖြစ်နေ မှာပါ။ (အထူးသဖြင့် ဆေးလိပ်-အရက်သောက်သူတွေ သုံးသင့်ပါတယ်)
 

(၈) “တောင်းမှာအကွပ်၊ လူမှာအ၀တ်” ဆိုသလိုပါဘဲ မြန်မာဝတ်စုံ-အနောက်တိုင်းဝတ်စုံစတဲ့ ဘယ် အ၀တ်အစားမျိုးကိုမဆို ၀တ် ဆင်တဲ့အခါမှာ သေသေသပ်သပ်ဖြစ်နေသင့်ပါတယ် (နံမည်ကျော်တံ ဆိပ်ကောင်းတွေကို ဈေးကြီးကြီးပေးဝယ်ထားပြီး၊ မိမိ နဲ့ လိုက်ဖက်အောင် မ၀တ်ဆင်တတ်ရင် အချည်းနှီးသာဖြစ်စေပါတယ်၊ ဈေးနှုန်းချိုသော်လဲ အချိုးကျစွာဝတ်ဆင်ရတာက သက် တောင့်သ က်သာရှိပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုလာစေပါတယ်)
 

(၉) နေကာမျက်မှန်နဲ့  လက်ပတ်နာရီ တို့ အတွက်ကိုတော့ မနှမြောဘဲတတ်နိုင်သလောက် ပစ္စည်းေ ကာင်းလေးတွေသုံးပေးသင့် ပါတယ် (အဲဒီ accessories တွေရွေးသုံးတဲ့အခါမှာ မိမိအသားအေ ရသာ မက၊ မျက်နှာ-မေးရိုး-လက်ကောက်ဝတ်အရွယ်အစား အသေး/အကြီးအလိုက် သင့်တော်လိုက် ဖက်တာကို ရွေးချယ်တတ်မှုကလဲ အရည်အချင်းတစ်ရပ်ပါဘဲ)
 

(၁၀) ကိုယ်ဟန်အနေအထား၊ စကားပြောဆိုပုံ လေယူလေသိမ်း နဲ့ လက်ဟန်ခြေဟန်တွေက မိမိ ကိုယ် ကိုယုံကြည်မှု အပြည့်ရှိတဲ့ ပုံမျိုးပေါ်နေရပါမယ်။
 

(၁၁) တစ်ခါသုံး လန်းဆန်းမျက်နှာသစ်ပုဝါကို အိတ်ကပ်ထဲအမြဲဆောင်းထားပြီး၊ နေ့ လည်စာစားပြီး တဲ့အခါ မျက်နှာသုတ်ပေး လိုက်ပါဦး၊ သူ ရဲ့ မွှေးကြိုင်တဲ့ရနံ့ က လူကိုလန်းဆန်းသွားစေတဲ့အပြင် မျက်နှာအသားအရေကိုပါ သန့် ရှင်းစင်ကြယ်သွား စေပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်....မျှဝေသည်)

8/06/2014

လက်သည်းဆိုးဆေး တာရှည်ခံစေဖို့ 

လက်သည်းဆိုးဆေးဆိုတာ တကယ်တော့ လက်သည်းရောင် အတုပါဘဲ။ အတုအပဆိုတာ
သဘာဝလောက်မတည်မြဲနိုင်တဲ့ နိယာမပေမို့ ၊ လက်သည်းဆိုးဆေးဆိုတာဟာလည်း ကွာကျ သွားလေ့ရှိပါတယ်။ ဆိုးဆေးအမျိုးအစားနှင့် မိမိလက်ချောင်းေ လး တွေ အလုပ် ရှုပ်တဲ့ အပေါ်မူ တည်ကာ တခါတရံမှာ ၂-ရက်၊ တခါတရံမှာ ၄-ရက်လောက်နဲ့  လက်သည်း ဆိုးဆေးတွေ ကွာ ကျ ပျက်ပြယ်လေ့ရှိပါတယ်။ အဲဒီလို တ၀က်တပျက်ဖြစ်ေ တာ့ အလှပျက် ရပြီပေါ့။ မအားလပ်၍
လက်သည်းကို အသစ်ပြန်မဆိုးနိုင် တဲ့အခါ စိတ်ကသိကအောက်ဖြစ်ရပြန်တာမို့  တချို့ ပျိပျိုမေ များ က လက်သည်းဆိုးဆေးဖြင့် အလှခြယ်သချင်ပါသော်လည်း လက်သည်းနီပု လင်းလေး များနှ င့် အလှမ်းဝေးနေကြရပါတယ်။ ဒိအတွက် ဘာမျှမစိုးရိမ်ပါနှင့်။ အောက်ပါနည်းလမ်း (၇)ချက် ကို သာ လိုက်နာကြည့်ပါ။ သင့်လက်သည်းခွံပေါ်က ဆိုးဆေးလေး အနည်းဆုံး ရက် သတ္တ ၁-ပတ်၊ အများဆုံး ၁၄-ရက် အထိ တာ ရှည်ခံတာကို လက်တွေ့ သိမြင်နိုင်ပါလိမ့်မယ်။

< ၁ > လက်သည်းဖျက်ဆေး ပွတ်ပေးပါ
သင့်လက်သည်းပေါ်မှာ လက်သည်းနီတ၀က်တပျက် ကျန်သည်ဖြစ်စေ၊ မကျန်သည်ဖြစ်စေ (သို
့မဟုတ်) သင့်လက်သည်းမှာ မည်သည့် လက်သည်းနီမျှ (လုံးဝ) ဆိုးမထားပေမယ့် လက်သည်းနီ အသစ်မဆိုးခင် ဦးစွာ သင့်လက် ၁၀-ချောင်းစလုံးကို လက်သည်းဖျက်ဆေးဖြင့် ပွတ်တိုက်ပေးရ ပါမယ်။ အကယ်၍ လက်သည်းပေါ်မှာ ချေးညှော်များ၊ ဆီအကြွင်းအကျန်များ ရှိနေပါက လက် သည်း နီအသစ်က တာရှည်မခံတတ်ပါဘူး။ လက်သည်းခွံသန့် စင်နေမှသာ လက်သည်းနီအသစ် က အချိန်တော်တော်ကြ စွဲမြဲစေနိုင်မှာပါ။

< ၂ > Top Coat တင်ပါ
ဒုတိယအဆင့်အနေဖြင့် Top Coat လို့ ခေါ်တဲ့ အရောင်မရှိတဲ့ လက်သည်းဆိုဆေး တင်ပေး ပါ။ အဲဒီလို Top Coat တင်ပေးခြင်း ဖြင့် လက်သည်းနီအရောင် ပေါ်လွင်လှပနေစေမည့်အပြင်၊ တာရှည်ခံစေမှာ ဖြစ်ပါတယ်။

< ၃ > လက်သည်းဆိုးဆေး တင်ပါ
Top Coat ခြောက်သွားတဲ့အခါမှာတော့၊ တတိယအဆင့်အနေဖြင့် သင်နှစ်သက်ရာ လက်သည်း ဆိုးဆေးတင်လို့ ရပါပြီ။ လက် သည်းခွံ တခုလုံးဖုံးအုပ်နိုင်စေဖို့ အတွက်၊ လက်သည်းနီ ဆိုးေ ဆးဘရ က်ရှ်ကို လက်သည်းနီပုလင်းထဲ အလုံအလောက် တို့ ယူရမှာဖြစ်ပါတယ်။ အကယ်၍ လက်သည်းဆိုးဆေးမလုံလောက်ဘဲ ၁-ကြိမ်ထက်ပို၍ ဆေးဆိုးရတဲ့အခါမှာ သင့်လက်သည်း ခွံလေး ပြောင်တင်းလှပဖို့  မသေချာတော့ပါဘူး။

< ၄ > ရေခဲ ရေစိမ်ပါ
လက်သည်းဆေးတင်ပြီးတာနဲ့ ချက်ချင်းဆိုသလို ရေခဲရေခွက်ထဲမှာ လက်ထိပ် ၁၀-ချောင်း စလုံးကိုနှစ်စိမ်ပေးရပါမယ်။ ဒီနည်းက ဆိုးဆေးတွေ အခြောက်မြန်စေသလို၊ ရေခဲရေ၏ ကျုံ
့စေသော အစွမ်းသတ္တိက လက်သည်းဆိုးဆေးကို တာရှည်ခံ အကျိုးသက် ရောက်မှု ဖြစ်စေနို င် ပါတယ်။

< ၅ > Top Coat ကိုနေ့ စဉ်တင်ပေးပါ
ညအိပ်ယာဝင်ခါနီးမှာဖြစ်စေ (သို့ မဟုတ်) နံက်အလုပ်သွားခါနီးမှာဖြစ်စေ သင့်လက်သည်းေ လးတွေကို တစ်နေ့ တစ်ကြိမ် Top Coat တင်ပေးလိုက်ပါဦး။ ဒီနည်းက လက်သည်းဆိုးဆေး အရောင် သစ်လွင်တောက်ပလာစေတဲ့အပြင်၊ တာရှည်ခံစေဖို့ ရည် ရွယ်ပါတယ်။

< ၆ > ဘော်ဒီလိုးရှင်း အပျော့ကိုသာသုံးပါ
အချို့ သော ဘော်ဒီလိုးရှင်း (ပြင်းပြင်း)တွေမှာ လက်သည်းဆိုးဆေးတွေကို ပျက်ပြယ်သွားစေ တဲ့ ဓာတုပစ္စည်း အာနိသင်များ ပါရှိနေပါတယ်။ ဒါကြောင့်ခြေလက်တွေအတွက် ဘော်ဒီလိုးရှင်း အပျော့ကိုသာ သုံးစွဲသင့်ပါတယ်။

< ၇ > အပိုအလိုမရှိ ကွက်တိ တင်ပေးလိုက်ပါဦး
လက်သည်းပွန်းမိခြင်း၊ လက်သည်းပဲ့ထွက်ခြင်း၊ လက်သည်းကိုကိုက်မိခြင်း၊ရေကိုင်များခြင်း စသည်ဖြင့် အကြောင်းအမျိုး မျိုးကြောင့် လက်သည်းခွံပေါ်က ဆိုးဆေးက တစွန်းတစပျက်သွား တတ် ပါတယ်။ ထိုအခါမှာ လက်သည်းခွံပေါ်က ဆိုးဆေးကို ဖာထေးတဲ့အနေဖြင့် လက်သည်း နီစုတ်တံပေါ်ကို လိုအပ်သလောက်ပမာဏမျှသာ လက်သည်းနီတို့ ယူ၍ ဖာထေးပေးရမှာဖြစ် ပါတယ်။ အဲဒီလို ဖာထေးပြီးတဲ့အခါမှာလည်း Top Coat လေးထပ်တင်ပေးလိုက်ပါဦး။ ဒါမှသာ လက်သည်းနီတွေ ဖုထစ်မနေ တော့ဘဲ လက်သည်းခွံတပြင်လုံး ညီညာချောမွေ့ သွားစေနိုင်မှာပါ။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…**တင်ထက်ထက်ဇော်… မျှဝေသည်)

7/30/2014

Skin Care ဓာတ်မတည့်ခြင်း

Skin Care ဓာတ်မတည့်ခြင်းကြောင့် မျက်နှာအသားအရေ မပျက်စီးရန်ထိန်းသိမ်းသင့်
 Skin Care ဓာတ်မတည့်ခြင်းကြောင့်၊ Allergic ဖြစ်ပြီး မျက်နှာအသားအရေ ယာယီပျက်စီး နိုင်ပါတယ်။ တချို့ သူတွေမှာ တစ် မျက်နှာလုံးပျက်စီးလုနီးနီး အဖုအပိမ့်တွေထွက်လာတာကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ရဲလောက်အောင် စိတ်ဆင်းရဲရပြီး၊ ကျောင်းပျက်၊ အလုပ်ပျက်ဖြစ်ကာ လူမှုရေးကိစ္စတွေပါ လစ်ဟင်းစေနိုင်ပါတယ်။

(၁) လူတစ်ဦး နှင့် တစ်ဦး အသားအရေဖြစ်တည်ပုံ မတူညီကြပါဘူး။ ဒါကြောင့် မည်မျှပင်နံမည် ကြီး၊ ဈေးကြီးကြီးပေးဝယ်ရတဲ့ ပစ္စည်းကောင်းဖြစ်ပါစေ…မိမိမျက်နှာနှင့် ဓာတ်မတည့်မှုဖြစ်ေ စနိုင်လို့  သတိပြုသုံးစွဲပါ။

(၂) မိမိသုံးနေကျ Skin Care ကိုဆက်လက်သုံးစွဲခြင်းက ပြဿနာမဟုတ်သော်လဲ၊ ရံဖန်ရံခါ အလှ ကုန်ဆိုင်မှအရောင်း တာဝန်ခံ များက ဒီပစ္စည်းတော့ပြတ်နေလို့ ၊ ဟိုပစ္စည်းလေး ပြောင်းသုံြး ကည့်ပါလား.. စသည်ဖြင့် မိမိမသုံးစွဲဖူးတဲ့ Skin Care အသစ်တစ်မျိုးကို နားယောင်၍ ၀ယ်ဖြစ် သွားတတ်ပါတယ်။ ထိုအခါ ပစ္စည်းအသစ်ကို သုံးစွဲပြီးနောက်၊ ချက်ချင်း(သို့ မဟုတ်) နောက် တစ်နေ့ မှာ မျက်နှာအသားအရည် အရောင်ရုတ်တရက်ပြောင်းလဲသွားခြင်း၊ အဖုသေးသေးေ လးေ တွထ လာခြင်း၊ အသားအရေ ပွစိစိဖြစ်လာခြင်းမျိုး ကြုံတွေ့ ရပါက Skin Care သုံးစွဲခြင်းကို
ချက်ချင်းရပ်ပစ်လိုက်ပါ။

(၃) မြန်မာ့ရေမြေ သဘာဝရာသီဥတု နှင့်ကိုက်ညီတဲ့ သနပ်ခါးတုံး(စစ်စစ်) ကို ကျောက်ပြင်ပေါ်သွေး၍ လိမ်းပါ။ (မျက်နှာအသား အရည် ပုံမှန်အတိုင်းဖြစ်လာတဲ့အချိန်ထိ နေ့ ၊ ည သနပ်ခါးတုံး စစ်စစ် လတ်လတ်ဆတ်ဆတ်ကိုသာ သွေး၍လိမ်းပါ)

(၄) တောင်တံကြီး၊ နံ့ သာဖြူတို့  မလိမ်းရ။ ဓာတ်မတည့်ဖြစ်နေတဲ့ အသားအရေကို ပို၍လောင် သွားစေနိုင်ပါတယ်။

(၅) အသင့်လိမ်းသနပ်ခါးတွေကို တာရှည်ခံအောင် ဓာတုပစ္စည်းတွေသုံးစွဲထားကြသလို၊ အမွှေး နံ့ အတုကိုပါထဲ့သွင်းထားတာ ကြောင့် အသားအရေ ဓာတ်မတည့်ဝေဒနာ ခံစားနေရချိန်မှာ အသင့် လိမ်း သနပ်ခါးအနှစ်ဗူး၊ သနပ်ခါးရည်ပုလင်းတွေ လိမ်းခြင်း ကို ရှောင်သင့်ပါတယ်။

(၆) ရုတ်တရက် အသားအရေဓာတ်မတည့်ဖြစ်နေတဲ့ အချိန်များမှာ၊ မျက်နှာသစ်ဆပ်ပြာ ပြင်းပြင်း မသုံးသင့်ပါဘူး။ ဥပမာ baby soap တို့ လို ဆပ်ပြာပျော့ပျော့ရွေးသုံးပေးပါ။

(၇) Cevit (ဗီတာမင် စီ) နှင့် အတူ Vitamin E ဆေးလုံးလေးတွေ တွဲစားပေးပါ။ (သိပ်ပြင်းထ န် လာပါက အရေပြားဆရာဝန် နှင့် ကုသမှုကိုခံယူပါ)

(၈) အသားအရေကလည်း စိတ်ပိုင်းဆိုင်ရာနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပါတယ်။ စိတ် ကိုေ ပျာ်ရွှင်အောင်နေပါ။

(၉) မိမိအိမ်မှာ မြတ်စွာဘုရားကို မျက်နှာသစ်တော်ရေကြည်ကပ်လှူပါ။ စိတ်ကြည်လင်အောင် ၂၄ ပစ္စည်းပဌာန်း (အချိန်မရပါက ပဌာန်းအကျဉ်း)ကို အချိန်ရတိုင်း ရွတ်ဖတ်ပေးပါ။

လှပပျော်ရွှင် နိုင်ကြပါစေ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

7/08/2014

လက်သည်းဖျက်ဆေး အကြောင်းသိကောင်းစရာ

ပျမ်းမျှ မိန်းကလေး ၁၀-ဦးမှာ ၇-ဦး ခန့် က လက်သည်းဆိုးဆေးသုံး၍ လက်သည်းတွေကို ဒီဇိုင်း အမျိုးမျိုးဖြင့် အလှဆင်လေ့ ရှိကြသလို၊ ယောကျာ်းလေး အချို့ ကလည်း Emo Style အဖြစ် လက် သည်း အမည်းရောင်ဆိုးကြပါသေးတယ်။ လက်သည်းကို Nail Art ဖြင့် အလှဆင် သည်ဖြ စ်စေ၊ လက်သည်းဆိုးဆေး အရောင်ဖျော့ဖျော့သုံးသည်ဖြစ်စေ၊ အရောင်ရင့်ရင့် သုံးသည်ဖြစ်စေ လက် သည်းဆိုးဆေး သုံးတဲ့သူတိုင်း လက်သည်းဖျက်ဆေးကို မဖြစ်မနေ သုံးရသူတွေချည်းပါဘဲ။

လက်သည်းဆိုးဆေး သုံးသူအများအစုက ဆိုးဆေးအရောင်ကိုသာ ဂရုတစိုက်စိတ်ြ ကိုက် ရွေး ၀ယ် တတ်ကြသော်လည်း၊ လက်သည်းဖျက်ဆေး အမျိုးအစားရွေးချယ်သုံးစွဲဖို့ ကိုတော့ ဗဟုသုတ အားနည်းနေကြပါတယ်။ လက်သည်းဖျက်ဆေး ၂- မျိုး ရှိပါတယ်။ ၄င်းတို့ မှာ (၁) Ace Tone ပါတဲ့ လက်သည်းဖျက်ဆေး နှင့် (၂) Ace Tone မပါတဲ့ လက်သည်းဖျက်ဆေးတို့ ပါဘဲ။

(၁) Ace Tone ပါတဲ့ လက်သည်းဖျက်ဆေး။

အရောင်ရင့်ရင့် ဆိုးထားသော လက်သည်းဆိုးဆေးတွေကို ပြန်ဖျက်တဲ့အခါမှာ သုံးပေးသင့်တဲ့ ဖျက်ဆေးပါ။ Ace Tone ပါတာကြောင့် အရောင်ရင့်ရင့်တွေကို အလွယ်တကူပျက်စေပါတယ်။ လက်သည်းတုတွေ တပ်ဆင်ရာမှာလည်း အသုံးဝင် ပါတယ်။ သို့ သော် Ace Tone ရဲ့ ဘေး ထွက်ဆိုးကျိုးများအဖြစ်၊ လက်သည်းပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေ တဲ့အပြင် လက်သည်းခြောက်သွေ့ ပြီး ကျိုးလွယ်ပါတယ်။ ဖျက်ဆေးက ပြင်းလွန်းတာကြောင့်လည်း လက် သည်းဖျက်ဆေး သုံးပြီးတဲ့အခါ၊ လက်သည်းခွံပေါ်မှာ ဖြူပြီး ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် တခါ သုံးရင် ဖျက်ဆေးအနည်းငယ်သာ သုံးသင့်ပါတယ်။

(၂) Ace Tone မပါတဲ့ လက်သည်းဖျက်ဆေး။

အရောင်နုနု ဆိုးထားသော လက်သည်းဆိုးဆေးတွေကို ပြန်ဖျက်တဲ့အခါမှာ သုံးသင့်တဲ့ ဖျက်ေ ဆးပါ။ အကယ်၍ အရောင်ရင့်ရင့် ဆိုးဆေးတွေကို ပြန်ဖျက်တဲ့အခါ တော်တော် နဲ့ ဆေးမပျက် တတ်ဘဲ အကြိမ်ကြိမ် ပွတ်တိုက်၍ဖျက်ရတာကြောင့် လက်သည်း နာကျင်တတ်ပါတယ်။ ၄င်း ဖျက်ဆေးရဲ့ ကောင်းကျိုးကတော့ Ace Tone မပါတဲ့အတွက် လက်သည်းခွံတွေ ခြောက်သွေ့  ကျိုးပျက်လွယ်မှာကို မစိုးရိမ်ရတော့ပါဘူး။

(မှတ်ချက်) မည်သည့်လက်သည်းဖျက်ဆေး အမျိုးအစားကိုဘဲ သုံးသုံး၊ လက်သည်းမဖျက်ခင် မှာ လက်သည်းခွံပေါ်ကို ဦးစွာ သံလွင်ဆီ လိမ်းထားသင့်ပါတယ်။ ဒါမှသာ လက်သည်းခွံတွေ အလွယ်တကူ ခြောက်သွေ့ ကျိုးပဲ့ ကွဲထွက်ခြင်းမှ ကင်းဝေးစေပြီး၊ ကျန်းမာလှပတဲ့ လက်သည်းကို ပိုင်ဆိုင်နိုင်တော့မှာပါ။

အလှအပမြတ်နိုးသူတိုင်း လှသထက် ပို၍ လှနိုင်ကြပါစေ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

6/24/2014

*** သင့်နှုတ်ခမ်းလေး ကျမ္မာစေချင် ***


ပန်းနုရောင်နှင်းဆီဖူးလေးလို နှုတ်ခမ်းသားလှလှပိုင်ဆိုင်ချင်တာ အမျိုးသမီးတွေရဲ့ အိပ်မက်ပါ။ ဒါကြောင့်လည်း လှသထက်လှ အောင် အရောင်စုံ၊ တံဆိပ်စုံ နှုတ်ခမ်းဆိုးဆေးတွေ ကိုသုံးနြေု ကရပါတယ်။ တစ်နေကုနု မိတ်ကပ်လိမ်းချယ်ပြီးနောက်၊ ညဘက် မှာ မျက်နှာအသားအရေ ထိန်းလိုးရှင်း၊ ကရင်မ်လိမ်းကြပေမယ့် နှုတ်ခမ်းသားလေး ကျမ္မာဖို့ ထိန်းသိမ်းနည်းကိုတော့ အလှပမြတ် နိုးသူ ပျိုပျိုမေအားလုံးနီးပါး မေ့လျော့နေကြပါတယ်။ နှုတ်ခမ်းဆိုးဆေး တာရှည်ခံေ အာင် ခဲသတ္တုတွေထဲ့သုံးဖော်စပ်ထား လေ့ရှိ တာကြောင့်၊ နေ့စဉ်ရက်ဆက် နှုတ်ခမ်း ဆိုြး ပီးကြာ လာတဲ့အခါ နှုတ်ခမ်းသားအပေါ်ယံအရေခွံတွေ ပက်ကျားအက်၊ အဖတ်လန် ပြီး၊ တချို့ မိန်းကလေးတွေမှာ နှုတ်ခမ်းသားအရောင်ဖျော့တော့သွားတာတွေ၊ တချို့ မှာတော့ နှုတ် ခမ်း သားအရောင် မစိုပြည်တော့ဘဲ ညိုမှောင်လာတာတွေ ဖြစ်လာပါတယ်။

အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက ကမ္ဘာကျော်နံမည်ကြီးတံဆိပ် နှုတ်ခမ်း ဆိုးဆေး(၉)မျိုးကို ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ခဲသတ္တု အမြောက်အများပါဝင်နေတာတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းဆိုး ဆေးစွဲမြဲစေပြီး နှုတ်ခမ်းသားပေါ်မှာ
တာရှည်ခံအောင် ခဲဓာတ်ကိုသုံးလေ့ရှိကြရာ၊ အဲဒီခဲဓာတ်များက နှုတ်ခမ်းကင်ဆာေ ရာဂါ ဖြစ်စေတဲ့ cinogen(ခေါ်)ဓာတုဗေဒပစ္စည်း ဖြစ်နေပါတယ်တဲ့။ ခဲဓာတ်ပါဝင်မှုများေ လ၊ နှုတ်ခမ်းကင်ဆာဖြစ် နိုင်ချေအလားအလာ ပိုများလေပါ။ အထူးသဖြင့် အနီရောင်ရဲရဲ နှုတ် ခမ်း ဆိုးဆေးမှာ ခဲသတ္တုပါဝင်မှုအများဆုံးပါဘဲတဲ့။
"၀ယ်ခါနီး လက်ခုံပေါ်နှုတ်ခမ်းဆိုးဆေးတို့ ကြည့်ပါ။ အကယ်၍ နှုတ်ခမ်းဆိုးဆေးအရောင်က မူလအရောင်မှ အမဲရောင်သို့  ပြောင်းသွားရင်၊ အဲဒီအထဲမှာ ခဲဓာတ်တွေပါနေလို့  မ၀ယ်ပါနဲ့  " လို့  Dr. Elizabeth Ayoub က အကြံပြုထားပါတယ်။
ကျမ္မာလှပတဲ့နှုတ်ခမ်းသားလေးဖြစ်စေဖို့ အောက်ပါ သဘာဝနည်းလမ်း (၃) သွယ်ကို မျှဝေလိုက်တယ်နော်။

(၁) ညအိပ်ခါနီး ပျားရည်ဖြင့်နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ခပ်ဖွဖွပွတ်လူးပေးပါ(နှုတ်ခမ်း ကိုရေမဆေးဘဲ၊ ဒီအတိုင်းအိပ်ပါ) အိပ် ယာထတဲ့အခါ မှာ သင့်နှုတ်ခမ်း၂-လွှာ ခြောက်ေ သွ့ ခြင်းလုံးဝမရှိတော့ဘဲ၊ နူးညံ့စိုပြေသွားပါလိမ့်မယ်။

(၂) သံပုရာသီးကို ထက်ခြမ်းခြမ်း၊ ခပ်ပါးပါးလှီးပြီးတော့ နှုတ်ခမ်းပေါ် စက်ဝိုင်းသဏ္ဍာန် ပွတ်တိုက်ပေးပါ။ သင့်နှုတ်ခမ်း ၂-လွှာမှာ တနေကုန်ဆိုးထားတဲ့ ခဲဓာတ်တွေပြောင်စင် သွားပြီး၊ နှုတ်ခမ်းသားလေး တင်းရင်းလာစေပါလိမ့်မယ်။

(၃) အလှဆီရည် နဲ့ သံပုရာရည်ကို ဆတူရောပြီး၊ နှုတ်ခမ်းကို လိမ်းပေးပါ။ ခဲဆိပ်ကြောင့် ညိုမှောင်သွားတဲ့ နှုတ်ခမ်းသား ၂-လွှာ ပြန်လည်အရောင်စိုပြေသွားပါလိမ့်မယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...တင်ထက်ထက်ဇော်... .မျှဝေသည်)
(မှီငြမ်း။ Beauty Mantra on 15th August 2013)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

6/09/2014

အလှပြင်ပစ္စည်းများနှင့် ဘက်တီးရီးယား အန္တရာယ်


သက်တမ်းကုန် အလှပြင်ပစ္စည်းတွေက အသားအရေကို ထိခိုက်ပျက်စီးတတ်တာကိုတော့ လူတိုင်းလိုလို အခြေခံဗဟုသုတ ရှိပြီးဖြစ်ကြမှာပါ။ သို့ သော် သက်တမ်းရှိ အလှကုန်ပစ္စည်းများ ကို စံနစ်တကျ သန့် ရှင်းစွာမသုံးစွဲတတ်ပါက အရေပြားမှိုစွဲ၍ ၀က်ခြံ နှင့် အသားအရေနီရဲရောင် ကိုင်းခြင်းများ ဖြစ်လာစေနိုင်တာကြောင့် အောက်ပါ နည်းလမ်း (၆)သွယ်ဖြင့် မျှဝေလိုက်ရပါ တယ်။

(၁) ဗူး အစား tube (ပြွန်) သုံး ပါ
ဖြစ်နိုင်ရင် မိတ်ကပ်၊ လိုးရှင်း၊ ကရင်မ် စတာတွေကို ဗူးဖြင့် မသုံးဘဲ ညှစ်၍ရသော tube (ပြွန်) အမျိုးအစားတို့ ကိုသာ သုံးသင့်ပါတယ်။ ဗူးထဲကို လက်ဖြင့်နှိုက်ယူ၍ သုံးစွဲခြင်းက၊ ထိုလက်ချောင်း မှ တဆင့် မျက်စေ့ဖြင့်မမြင်နိုင်တဲ့ ပိုးမွှားများ ဟာ အလှပြင်ပစ္စည်းထဲသို့ ဝင်ရောက်သွားကာ ၀က်ခြံ စို၊ ၀က်ခြံခြောက် နှင့် အရေပြားယားယံမှုတွေကို ဖြစ်လာစေနိုင် ပါတယ်။ (အကယ်၍ မိမိနှစ်သက်တဲ့ အလှကုန်ပစ္စည်းအမျိုးအစား၏ ထုပ်ပိုးမှုပုံစံက အ၀ကျယ်ဗူးဖြစ်နေပါက၊ သန့်  ရှင်း သော tube (ပြွန်) အလွတ်တစ်ခုခုထဲကို ပြောင်းထဲ့၍ သုံးစွဲပါ)

(၂) Mascara ဘရက်ရှ်ကို သတိထား။
မျက်တောင်အလှဆင်ဖို့ အတွက် Mascara ဘရက်ရှ်လေးကိုသုံး၍ မျက်တောင်ပေါ်ဆွဲ လိုက်၊ ပြီး ရင် ထို ဘရက်ရှ်တုတ် တံကို ပုလင်းထဲသို့  နှစ်၍တို့ ယူလိုက်လုပ်ရပါတယ်။ အဲဒီအခါ မျက်လုံးက မတော်တဆထွက်လာတဲ့ မျက်ရည်က ဘ ရက်ရှ်ကနေတဆင့် Mascara ပုလင်းထဲသို့ ရောက်ရှိ ကာ ဘက်တီးရီးယား ပေါက်ပွားစေနိုင်ပါတယ်။ ဒါကြောင့် Mascara ပစ္စည်းတွေကို အနည်းဆုံး ၃-လ ထက် ပို၍မသုံးသင့်ပါဘူး။ အသစ်ပြောင်းသုံးပေးပါ။

(၃) နှာချေခြင်း။
မိတ်ကပ်အလှပြင်နေစဉ်(သို့ မဟုတ်)မိတ်ကပ်ဗူးဖွင့်ထားစဉ်(သို့ မဟုတ်)mascara ပုလင်းဖွင့်၍ လိမ်းနေစဉ် အချိန် များမှာ မတော်တဆ နှာချေမိတဲ့အခါ ဘက်တီးရီးယားပိုးတွေက ထိုအလှပြင် ပစ္စည်းထဲ ရောက်သွားတတ်ပါတယ်။ ဒါကြောင့် အလှပြင်နေစဉ် နှာချေချင်ပါက၊ မျက်နှာကို တစ်ဖက်သို့ လှည့်၍ နှာချေပါ။

(၄) အစာစားပြီးပြီးချင်း နှုတ်ခမ်းဆိုးဆေး ထပ်တင်ခြင်း။
အစာစားပြီးပြီးချင်း နှုတ်ခမ်းဆိုးဆေးထပ်တင်ခြင်းက၊ လွန်စွာမှားယွင်းတဲ့ အပြုအမူဘဲဖြစ် ပါ တယ်။ နှုတ်ခမ်းပေါ်မှာ ကျန်ရှိနေတဲ့ စားကြွင်းစားကျန် အစအနများ နှင့် ဆီအပေအကျံ များ က နှုတ် ခမ်းဆိုးဆေးတောင့် နှင့် lip gloss ထဲကို စိမ့်ဝင်သွားပြီး၊ ဘက်တီးရီးယားဖြစ် သွားပါ တယ်။ နောက်တစ်ကြိမ်မှာ နှုတ်ခမ်းဆိုးဆေးသုံးတဲ့အခါ ထို ဘက်တီးရီး ယားတွေက နှုတ်ခမ်း တစ်စုံ လုံးပေါ် ပြန့် နှံ့ ညစ်ပေစေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း ပါးစပ်ကို တစ်ရှုးသန့်  သန့် ဖြင့်စင်ကြယ်အောင် သုတ်ပြီးမှသာ နှုတ်ခမ်းဆိုးဆေး ထပ်တင်ပါ။

(၅) အလှပြင် ပစ္စည်းဌားသုံးခြင်း။
အလှပြင် ပစ္စည်းဆိုတာ မိမိကိုယ်ပိုင်သီးသန့် သုံးရတဲ့ အမျိုးအစားဘဲဖြစ်ပါတယ်။ အထူးသဖြင့် အသားအရေကို တိုက် ရိုက်ထိတွေ့ ရတဲ့ ကရင်ပပ်ဖ်၊ ပေါင်ဒါဗူး၊ နှုတ်ခမ်းဆိုးဆေး အတောင့် (သို့ မဟုတ်) lip gloss နှင့် ခေါင်းဖြီးတဲ့ဘီးတွေက တဆင့် မှိုပိုးတွေ ပါလာနိုင်ပြီး ၀က်ခြံ၊ ပွေး၊ ညှင်း၊ ရေယုန်၊ ဗောက် တွေ ကူးစက်စေပါတယ်။

(၆) သန့် ရှင်းမှုအားနည်းခြင်း။
ဥပမာ အလှကုန်ပစ္စည်းတွေတည့်တဲ့ အိတ်(သို့ မဟုတ်)ဗူး(သို့ မဟုတ်)ခြင်းတောင်း(သို့ မဟုတ်) ခွက်တွေကို အနည်း ဆုံး တစ်လတစ်ကြိမ် ဆေးကြောလျှော်ဖွပ်ပါ။ ကရင်ပ်ဖ် ရေမြှုံ့ နှင့် တို့ ဖတ် ပုဝါတို့ ကိုလည်း တစ်လတစ်ကြိမ် လဲ လှယ်ပြောင်းသုံးပါ။ မျက်ခုံးမွှေးဆွဲ ဘရက်ရှ်၊ မိတ်ကပ်ညှိ ဘရက်ရှ်၊ မျက်နှာသုပ်ပုဝါ၊ ခေါင်းအုံးစွပ်တို့ ကို တစ်ပတ် တစ်ကြိမ်ဆေးကြော လျှော်ဖွတ်၍ သန့် ရှင်းခြောက်သွေ့ နေပါစေ။ ခေါင်း လျှော်တဲ့အခါတိုင်း ဘီးကို ဆေးကြောသန့်  စင်ပါ။ သို့ မဟုတ်ပါက သန့် ရှင်းမှု အားနည်းခြင်းကြောင့် ဘက်တီးရီးယားပိုးတွေ ပြန့် ပွားလာကာ လူကို အလှပျက် စေပါတယ်။

အလှအပ မြတ်နိုးသူတိုင်း လှသက်ပို၍ လှနိုင်ကြပါစေ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

ချွေးနံ့ ပျောက်ဆေးလေး၏ ထူးခြားချက်လေးများ

Deodorant လေးတွေကို ဂျိုင်းချွေးနံ့ ပျောက်ဆေးဖို့ ၊ ဂျိုင်းသားဖွေးစေဖို့ ၊ ဂျိုင်းအသားအရ တင်း ရင်းစေဖို့ စသည့်ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်။ သိသူနည်းပါးတဲ့ တခြားထူးခြားေ ကာင်း မွန်တဲ့ အချက်လေးတွေကိုလည်း မျှဝေလိုက်ပါရစေ။

(၁) တကျွီကျွီအသံမြည်နေတဲ့တံခါးများ ဆူညံသံတွေပျောက်စေဖို့ အတွက် တံခါးပေါ်မှာတပ်ဆင် ထားတဲ့ပတ္တာကို Deodorant လေး ပွတ်တိုက်ပေးလိုက်ပါ။

(၂) ဂျပိုး(ကြမ်းပိုး)နှင့် ခြင်တွေကိုက်ခံရပါက၊ ရောင်ရမ်းယားနာခြင်းများပြေပျောက်စေရန် အလူ မီနီ ယမ်ဆားပါဝင်တဲ့ Deodorant လေးက ကူညီပေးပါလိမ့်မယ်။

(၃) ရှုးဖိနပ်အသစ်တွေ စီးတဲ့အခါ အနာ(ဖိနပ်ပေါက်)ဖြစ်တတ်ကြပါတယ်။ အဲဒီပြဿနာက ကြိုတင် ကာကွယ်နိုင်ဖို့ အတွက် ဦး စွာခြေထောက်ကို ရေဆေး၍ ရေခြောက်အောင်သုတ်ပြီးနောက် Deodorant လေးပွတ်ပေးပါ။ ပြီးမှ ဖိနပ်စီးပါ။

(၄) အ၀တ်အထည်၊ အသုံးအဆောင်တွေ အနံ့ အသက်ကောင်းစေဖို့ အတွက် မိမိကြိုက်နှစ်သက် တဲ့ Deodorant ရနံ့ လေးကို အဖုံွးင့်၍ ဘီဒို(သို့ မဟုတ်)သေတ္တာထောင့်မှာ ထောင်ထားပေးပါ။

(၅) ခြေထောက်ရနံ့ ဆိုးတွေ ပြေပျောက်စေဖို့ အတွက် ညအိပ်ယာဝင်ခါနီးမှာ ခြေဖ၀ါးပေါ် သို့  Deodorant လိမ်းသုတ်၍အိပ်ပါ။ ခြေထောက်အစိုဓာတ်ကို ထိန်းပေးတဲ့အပြင်၊ နောက်တစ်ေ န့ တာ လုံး ခြေထောက်က ရနံ့ ဆိုးတွေ မဖြစ်စေတော့ပါဘူး။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Reader’s Digest)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

4/27/2014

အမျိုးသမီးတိုင်း ဆောင်ထားသင့်တဲ့အလှပြင်ပစ္စည်း (၇)မျိုး

 
(၁) အရောင်ရင့်ရင့်နှုတ်ခမ်းဆိုးဆေး။
အနီရဲရဲ(သို့ မဟုတ်)ကြက်သွေးရောင် နှုတ်ခမ်းဆိုဆေးလေးတွေက ဘယ်အ၀တ်အစားအရောင် နဲ့ မဆိုလိုက်ဖက်သလို၊ နေ့ ပွဲ များပွဲများအတွက်ပါ ပဏ္ဍာရပါတယ်။ အရောင်ရဲရဲ ဆိုးလေ့မရှိသူ များ က အပေါ်ကနေ နှုတ်ခမ်းဆိုးဆေးအဆီ(သို့ မဟုတ်) glossy ဆိုးဆေးအရည် တစ်ထပ် တင်ပေးနိုင်ပါတယ်။ ဒီနည်းက နှုတ်ခမ်းပေါ်မှာ အချိန်ကြာကြာခံတဲ့အပြင် စိုပြေပြေဖြင့် မျက်နှာ ရောင်ပြန်ဟပ်စေပါတယ်။

(၂) အနက်ရောက် အိုင်းလိုင်နာခဲတံ။
အနက်ရောင် အ၀တ်အစားက မိမိကိုယ်ကိုယုံကြည်မှုရှိသလို၊ အိုင်းလိုင်နာခဲတံအနက်ရောင်ေ လးတွေ ကလည်း မျက်တောင်မွှေး ထူနေသယောင် လူကို စတိုင်လ်ကျစေပါတယ်။ သဘာဝကျ ကျလှလှနေစေဖို့ အတွက် ခဲတံထိပ်ကိုချွန်၍ မျက်တောင်မွှေး အရင်းနားကပ်၍ ဆွဲပေးပါ။ 
ခဲတံ ထိပ်ဖျားကို ၁ မှ ၂ မီလီမီတာထက်ပို၍ မထူပါစေနှင့်။

(၃) အိုင်းရှဲဒိုး ဗူးလေးများ။
မျက်လုံးအလှပေါ်စေဖို့ အတွက်ဆိုရင်တော့ အိုင်းရှဲဒိုးကို ချန်ထားလို့ မဖြစ်ပါဘူး။
 နေ့ ဖက်အ လှပြင် တဲ့အခါ မိမိအ၀တ်အစား နဲ့ လိုက်ဖက်တဲ့အရောင်(သို့ မဟုတ်)ကြေး နီရောင်
(သို့ မ ဟုတ် )ကြေးဝါရောင် ကိုသုံးပါ။ 
ညဖက် အလှပြင်တဲ့အခါမှာတော့ ဇီးသီး မှည့်ရောင်(သို့  မဟုတ်) ခရမ်းပြာ(သို့ မဟုတ်)အစိမ်းရောင်လွင်လွင် အိုင်းရှဲဒိုးလေးတွေ တင်ပေးပါ။

(၄) Concealer တောင့်လေးများ။
မျက်ကွင်းညိုသူများ၊ ၀က်ခြံအမာရွတ်များ နှင့် ပါးပေါ်မှာတင်းတိပ်ဆန်ဆန်အညိုကွက်လေးတွေ
 ဖြစ်နေသူများအတွက် လှပမှုကိုဆောင်ကျဉ်းပေးတာကတော့ Concealer လေးတွေပါဘဲ။ မိမိအသားအရောင်ထက် အရောင်ပိုဖျော့တဲ့ Concealer ကိုရွေးချယ်ပေးပါ။

(၅) ပါးနီ ဗူးလေးများ။
မျက်နှာလေးထောင့်ပိုင်ရှင်များ နှင့် မျက်နှာကြီးကြီးပါးဖောင်းသူများအတွက် ပါးနီဗူးလေးတွေက အလှကူပေးပါလိမ့်မယ်။ အသားဖြူသူများက ပန်းဆီရောင်ဖျော့ဖျော့ကိုသုံးသင့်ပြီး၊ အသားညိုသူ များ ကတော့ လိမ္မော်ရောင်ပြေးလေးတွေသုံးသင့်ပါတယ်။ ဦးစွာ မှန်ကိုကြည့်၍ အားရပါးရပြုံး ရယ်ပြ ပါ… 
လုံး၍ တက်လာတဲ့ ပါးမို့ မို့ လုံးလုံးပေါ်ကို ပါးနီတင်ပေးရမှာဖြစ်ပါတယ်။

(၆) Mascara ဗူးလေးများ။
အလှပြင်ဆရာမတွေကတော့ Mascara ကို ဆွဲဆောင်မှုပိုစေတဲ့မျက်လုံးအတု(၀ါ)မျက်စိဖွင့်ဆေး လို့ တင်စားခေါ်ဝေါ် လေ့ရှိ ပါတယ်။ မှန်ပါတယ်။ မျက်တောင်ထူထူလေးအဖြစ်သရုပ်ပေါ်စေပြီး၊ ဥပမာ ခရမ်းပြာရောင်၊ ပန်းခရမ်းရောင်၊ မဲနယ်ဖျော့ရောင် Mascara လေးတွေက မျက်တောင် ခတ်လိုက်တဲ့အခါတိုင်း ဒေါင်းမလေး တောင်ပံခတ်နေဟန်အမြင်လှစေပါတယ်။
 အပေါ်ဖက် မျက်တောင်မွှေးတွေပေါ် Mascara တင်တဲ့အခါ မျက်စိထဲသို့ ဆေးမ၀င်အောင် မျက်လုံးကိုအောက်ဖက်သို့ ကြည့်ပေးပါ။

(၇) နေလောင်ကာ SPF ကရင်မ်လေးများ။
တနေ့ တခြား ပူနွေးလာတဲ့ရာသီဥတုအတွက် နေရောင်ခြည်ကပါလာသော ခရမ်းလွန်ရောင်ခြည် UVA နှင့် UVB အန္တရာယ်တို့ မှ ကာကွယ်ရန်အတွက် SPF 30 +++ (သို့ မဟုတ်) ၄င်းထက်ပိုတဲ့ SPF အမျိုးအစား ကရင်မ်လေးများကိုရွေးချယ်သုံးပေးပါ။ ၄င်းကရင်မ်များက နေလောင် ဒဏ်မှ ကာကွယ်ပေးသလို၊ အသားအရေလျော့တွဲအရေးကြောင်းထင်ခြင်းမှလည်း ကာကွယ်ပေးပါ တယ်။

(ဆောင်းပါးရှင်… ပေါက်ပေါက် … မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

1/27/2014

မျက်နှာလေးကို အလှတိုးလာအောင် လုပ်ဆောင်ချက်ရန် နည်းလမ်းများ

သွားလေးတွေ ပုလဲစီသလို လှပအောင်...

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်...

ဒူးတံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲအသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်...

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်မျက်ကွင်းညိုမျက်အိတ်တွဲတာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာအသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်မျက်ကွင်းညိုခြင်း ကနေ 

ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ဝက်ခြံများညှိုးသွားအောင်...

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ...

ခရမ်းချဉ်သီးကို သတိရပါ...
ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်းသီးသန့် နဲ့ မျက်နှာကိုပွတ်တိုက်လိမ်းကျံ ပေးပါ။၁၀မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။

အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင်မျက်နှာအသားအရေပါကြည်လင် ချောမွေ့ သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး...

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲနွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကိုစားပစ်ပါ။မလိမ်းပါနဲ့  နှမျောစရာကြီး)ပြီးမှဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကိုပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ

1/24/2014

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း


ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင် လှပပြီး ခန္ဓာကိုယ် အဆီမရှိဘဲ သွယ်လျ လှပကြတာကို တွေ့ရှိ ရပါတယ်။

ဘာကြောင့် သူတို့အနေနဲ့ အသားအရေ လှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲ ဆိုတဲ့ အကြောင်း ကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီးစတာတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြ ချင်ပါတယ်။

၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာ တွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ် ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆလတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ် လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင်ပုံ တို့ကို အထူး အလေးထား ပါတယ်။

၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီး ဟင်းရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲ အနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ်နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်

ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသား ပါတဲ့ ခေါက်ဆွဲ စွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင် ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင် ပါပဲ။ ကြက်ဥကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့်တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံးများတဲ့ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။

၆။ဗီယက်နမ်ရိုးရာ ဆေးနည်းများ

လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေကို ရွေးချယ် သုံးစွဲကြပါတယ်။

- ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေးရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်းရာသီမှာ အစားများ ပါတယ်။

- ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။

-ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။

- အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်