9/24/2014

တင်းတိပ်နဲ့ မှည့်ခြောက်များအတွက် စိတ်မညစ်နဲ့ 

melanin(ခေါ်)အသားအရေတွင်သဘာဝအလျောက်တည်ရှိသော အမဲရောင်ဓာတ်ဖြင့် အရေပြားကိုဖွဲ့ စည်းထားလေ့ ရြှိ ပီး၊ ထို ဓာတ်များလွန်ကဲစွာယိုစိမ့်ထွက်လာခြင်းကြောင့် မျက်နှာပေါ်ဝယ် တင်းတိပ်နဲမှည့်ခြောက်များကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ melanin ဓာတ်များ
ယိုစိမ့်ထွက်လာစေတဲ့အကြောင်းရင်းကတော့ နေလောင်ခြင်း၊ဟိုမုန်းမညီမျှခြင်း၊ ကိုယ်ဝန်ဆောင်ကာလ၊ ဗီတာမင်ချို့ တဲ့ခြင်း၊သောက်သုံးလျှက်ရှိသော ပဋိဗီဝဆေး၏ဘေးထွက်ဆိုးကျိုးများ၊
အိပ်ရေးမ၀ခြင်းနှင့် စိတ်ဓာတ်ကျစိတ်ဖိစီး ခြင်းတို့ ကြောင့်ပါ။
မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ ရှေ့ ပြေးပြရုပ်ဖြစ်တာကြောင့် တင်းတိပ်တွေနဲ
့အလှပျက်တော့ စိတ်ညစ်ရပြီပေါ့ရှင်။ ၄င်းတို့ အ တွက်အလှကုန်ပစ္စည်းများစွာရှိကြတဲ့အပြင်၊ ကျွမ်းကျင်နားလည်သောဆရာဝန်များဖြင့်ကုသမှုခံယူကာ လိုအပ်ပါက အက်ဆစ် အပျော့စားသုံး၍
အရောင်ချွတ်ခြင်း၊ လေဆာဖြင့်ခွဲစိပ်ပြုပြင်ခြင်းတို့ လုပ်နိုင်ပါတယ်။
အောက်ပါသဘာဝကုထုံးများက ဘေးထွက် ဆိုးကျိုးမရှိ သက်သာလာစေနိုင်လို့ စမ်းသပ်ကြည့်စေလိုပါတယ်။
 

(၁) သံပုရာရည်။ မိမိတို့ လက်တကမ်းရှိ အလွယ်တကူဝယ်ယူနိုင်တဲ့ သံပုရာသီးထဲမှာ
ဗီတာမင်စီအပြည့်အ၀ပါရှိပြီး၊ မျက်နှာပေါ်ရှိ အမည်းရောင် များကို
လျော့ပါးသက်သာစေပါတယ်။ သံပုရာရည်လတ်လတ်ဆတ်ဆတ်ကို ၀ါဂွမ်းလုံးမှာဆွတ်ပြီး၊
မျက်နှာပေါ်ရှိ တင်းတိပ်နဲ့  မှည့်ခြောက်များပေါ် ပွတ်တိုက်ဖိဆွဲပေးပါ။
သံပုရာရည်ခြောက်အောင်ထားပြီးနောက်၊ မျက်နှာကိုရေသန့် သန်
့ဖြင့်ဆေးကြောပါ။ ဤနည်းအတိုင်း ၂-ပတ်ခန့် ကြာအောင်လုပ်ပေးပါက၊
သိသိသာသာလျော့ပါးသက်သာလာစေပါတယ်။ ထိခိုက်လွယ်သော sensitive
အသားရေပိုင်ရှင်များကတော့ သံပုရာရည်ထဲမှာ ရေသန့် (သို
့မဟုတ်)ပျားရည်အနဲငယ်ရော၍ လိမ်းပေးပါ။
 

(၂) စန္ဒကူးနံ့ သာ။ စန္ဒကူးနံ့ သာမှုန့် ကို အလှဆီ၊ နို့ (သို့ မဟုတ်)ပျားရည်တို့  ဖြင့်
ပျစ်ပျစ်ဖျော်ပြီး၊ တင်းတိပ်နဲ့  မှည့်ခြောက်များပေါ်လိမ်းပေးပါ။ မိနစ် ၂၀
ခန့် အကြာ ရေနွေးနွေးဖြင့် မျက်နှာသန့် စင်ပါ။ တစ်နေ့ တစ်ကြိမ်
မှန်မှန်လုပ်ပေးခြင်းဖြင့် ပျောက်ကင်းရုံသာမက၊ မျက်နှာအသားအရေ
ဝင်းပလာပါလိမ့်မယ်။
 

(၃) နနွင်းမှုန့် ။ နနွင်းမှုန့် က တင်းတိပ်နဲ့ မှည့်ခြောက်များသာမက၊ နေလောင်ကွက်နှင့်
အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်ပေါ်လေ့ရှိသော အရေပြားပေါ်ရှိ
အစက်အပြောက်များကို အချိန်တိုအတွင်းမှာ သက်သာစေပါတယ်။ နနွင်းမှုန့် ကို
နွားနို့  သံပုရာရည်တို့ ဖြင့် ပျစ်ပျစ်ဖျော်ပြီးလိမ်းပါ။ ၁၅-မိနစ်ခန်
့အကြာရေနွေးနွေးဖြင့်သန့် စင်ဆေးကြောပါ။ (နောက်တနည်း) နနွင်းမှုန့် ကို
ပျားရည်၊ သံလွင်ဆီတို့ ဖြင့်ဖျော်ကာ တင်းတိပ်နဲ့ မှည့်ခြောက်များပေါ်သို့ 
ထိုအနှစ်ကိုတင်၍ အသားထဲစိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။
ထိုအနှစ်များခြောက်သွားတဲ့အထိစောင့်ပြီးနောက်၊ ရေသန့် ဖြင့် မျက်နှာသန်
့စင်ပါ။
 

(၄) သင်္ဘောသီး။ သင်္ဘောသီးထဲမှာပါရှိတဲ့ papain(ခေါ်)သဘာဝအင်ဇိုင်းတစ်မျိုးက၊
အသားအရေကိုချော့မွေ့ စိုပြေစေတဲ့အပြင် တင်းတိပ်နဲ့  မှည့်ခြောက်များကို
ပြေပျောက်စေပါတယ်။ သင်္ဘောသီးမှည့်မှည့်ကိုဇွန်းဖြင့်ခေါက်၍
ရလာသောအနှစ်သားများကို လိမ်းကျံပြီး၊ မိနစ် ၂၀ အကြာ ရေသန့် ဖြင့်
မျက်နှာသစ်ပါ။ (နောက်တနည်း) သဘောင်္သီးအစိမ်းကိုအခွံနွှာကြိတ်ချေပြီး၊
သံပုရာရည်ရော၍ လိမ်းပါ။ အသားထဲ စိမ့်ဝင်အောင် ၁၅-မိနစ် လောက်ထားပြီးနောက်
ရေသန့် ဖြင့် ဆေးကြောပါ။ သင်္ဘောသီးအခွံစိမ်းကို စွန့် မပစ်ပါနဲ့ ဦး။
တံတောင်ဆစ်နဲ့ ဒူးခေါင်းမည်းများ ကို အဲဒီအခွံနဲ့ 
ပွတ်တိုက်ပေးနိုင်ပါတယ်။
 

(၅) ရှားစောင်းလက်ပတ်။ ရှားစောင်းလက်ပတ်က အရေပြားအတွက်ဘက်စုံကောင်းပြီး၊ မျက်နှာပေါ်ရှိ
တင်းတိပ်နဲ့ မှည့်ခြောက်များအတွက် သဘာဝ ဆေးစွမ်းတစ်လက်ပါဘဲ။
ရှားစောင်းလက်ပတ်ဂျယ်လီကိုလိမ်း၍ လက်ချောင်းထိပ်ဖျားကလေးဖြင့်
၁၅-မိနစ်လောက် အသာ အယာနှိပ်နယ်ပြီး၊ ရေအေးဖြင့်မျက်နှာသစ်ပါ။ တစ်နေ
့၂-ကြိမ် လုပ်ပေးခြင်းဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း အကျိုးထူး
ခံစားရပါလိမ့်မယ်။ ရှားစောင်းလက်ပတ်ဂျယ်လီက မီးအပူလောင်ခြင်း၊
ပျားတုပ်ခံရ၍အဆိပ်တက်ခြင်း၊ ကြမ်းတမ်းစွာ ပွတ်တိုက် မိ၍
အသားပွန်းပဲ့ခြင်းတို့ ကိုလည်း ကောင်းကျိုးပြုပါတယ်။
 

(၆) ဗီတာမင်အီး။ ဗီတာမင်အီးက အရေပြားအတွက်အကောင်းဆုံးသဘာဝဓာတ်တိုးဆန့် ကျင်ပစ္စည်းဖြစ်လို
့၊ တင်းတိပ်နဲ့ မှည့်ခြောက်များ အတွက်သာမက၊မျက်နှာအသားအရောင်မညီခြင်းကိုပါ ကာကွယ်ပေးပါတယ်။ အိပ်ယာမ၀င်ခင်ဗီတာမင်အီး ဆေးလုံးတစ်လုံးကိုဖောက်၍အထဲကအဆီဖြင့်အသားထဲစိမ့်ဝင်အောင်နှိပ်

နယ်လိမ်းပေးပါ။ နံက်အိပ်ယာထတဲ့အခါ ရေအေးဖြင့်မျက်နှာသစ် ပါ(သို့ မဟုတ်)ဗီတာမင်အီးကို
ရှားစောင်းလက်ပတ်ဂျယ်လီဖြင့်ရောလိမ်းပါ(သို့ မဟုတ်)အလှကုန်ဆိုင်များ
တွင် ရောင်းလေ့ရှိ သော တင်းတိပ်မှည့်ခြောက်ပျောက် ဗီတာမင်အီးကရင်မ်ကို
ရှားစောင်းလက်ပတ်ဂျယ်လီဖြင့် ရောစပ်လိမ်းပေးနိုင်ပါတယ်။
 

(၇) အာလူး။ ဈေးပေါပေါနဲ့ ရတဲ့ အာလူးကိုအထင်မသေးပါနဲ့ ။ ရက်သတ္တအနည်းငယ်အတွင်း
တင်းတိပ်နဲ့ မှည့်ခြောက်များ ဒိဌပျောက်ကင်း သွားကြောင်း
သာဓကများရှိပါတယ်။ အာလူးကိုခပ်ပါးပါးလှီးပြီး၊ မျက်နှာပေါ်
၁၅-မိနစ်လောက်ကပ်ထားပေးပါ။ ပြီးရင် ရေနွေး နွေးဖြင့်မျက်နှာသစ်ပါ။
(နောက်တနည်း) အာလူးနဲ့ ပျားရည်ကိုရောကြိတ်ပြီး၊ ရလာသောအနှစ်ဖြင့်
လိမ်းပေးနိုင်ပါတယ်။
 

(၈) ကြက်ဆူဆီ။ ကြက်ဆူဆီမှာပါတဲ့ အက်ဆစ်ဓာတ်က အရောင်ချွတ်ဆေးသဖွယ်တင်းတိပ်နဲ
့မှည့်ခြောက်များကို ရက်သတ္တပတ်အနည်းငယ် အတွင်း
ဖယ်ရှာသုတ်သင်ပေးနိုင်ပါတယ်။ လက်ခလယ်ပေါ် ကြက်ဆူဆီအစက်ချပြီးနောက်
မျက်နှာပေါ်မှာ စက်ဝိုင်းသဏ္ဍာန် လိမ်းပေးပါ။ နာရီဝက်ခန့် အကြာ
ရေနွေးနွေးဖြင့် မျက်နှာသစ်ပါ။ တစ်နေ့  ၂-ကြိမ်လုပ်ပေးခြင်းဖြင့်
တင်းတိပ်နဲ့ မှည်ခြောက် များပျောက်ကင်းရုံသာမက၊ မျက်နှာအသားအရေ
စိုပြည်လာစေပါတယ်။
 

(၉) နွားနို့ ။ နွားနို့ ထဲမှာပါတဲ့ လက်တစ်အက်ဆစ်က အရေပြားပေါ်ရှိ အမဲရောင်များကို
တဖြည်းဖြည်း လျော့ပါးသက်သာစေတဲ့ အစွမ်းသတ္တိ ပါရှိလို့ ၊ တင်းတိပ်နဲ
့မှည်ခြောက်များကို လျော့ပါးစေတဲ့အပြင် အသားအရေကိုပါ
ဝင်းမွတ်တောက်ပြောင်လာစေပါတယ်။ ၀ါဂွမ်းလုံးလေးအပေါ် နွားနို
့အစက်ချပြီးနောက် မျက်နှာပေါ် အသာအယာတို့ ပေးပြီးနောက်၊ ၁၀-မိနစ်အကြာမှာ
ရေသန့်  ဖြင့်သန့် စင်ပေးပါ။ ဤသို့  တနေ့ ၂-ကြိမ်လုပ်ပေးရုံမျှဖြင့်
၁-လခန့် အကြာ တင်းတိပ်နဲ့ မှည်ခြောက်များ ပြေပျောက်သွားစေ ပါတယ်။
(နောက်တနည်း)နွားနို့ နှင့်ပျားရည်ကိုရောစပ်လိမ်းပေးပြီးနောက်၊
၁၀-မိနစ်ခန့် အကြာမှာ မျက်နှာသစ်ပေးပါ။
 

(၁၀) ကြက်သွန်နီ။ ကြက်သွန်အနီကို လတ်လတ်ဆတ်ဆတ်ကြိတ်ချေပြီး၊ ရလာသော သတ္တုရည်ကို
ဝါဂွမ်းပေါ်အစက်ချပြီးနောက် မျက်နှာပေါ်ရှိ တင်းတိပ်နဲ့ မှည်ခြောက်များ
ကို လိမ်းပေးပြီး၊ ထိုသတ္တုရည်များ ခြောက်သွားသည်အထိ ဒီအတိုင်းထားပါ။
၁၅-မိနစ်ခန့် အကြာမှ ရေအေးဖြင့်မျက်နှာသစ်ပါ။(နောက်တနည်း) ကြက်သွန်နီ
သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၂-ဇွန်း ရော၍
မျက်နှာပေါ်လိမ်းပေးပြီး၊ မိနစ် ၂၀ အကြာ ရေအေးဖြင့် မျက်နှာသစ်ပေးပါ။
(အဆီပြန်သောအသားအရေပိုင်ရှင်များ ထိုအရောအနှောထဲကို
ရှာလကာရည်အနည်းငယ်ရောထဲ့ လိမ်းပေးနိုင်ပါတယ်)
 

(၁၁) ဒန္တသုခ။ ဒန္တသုခအရွက်ကိုကြိတ်၍ရလာသော သတ္တုရည်ကို သနပ်ခါဖြင့်ရောစပ်၍
အိပ်ယာဝင်ခါနီးတိုင်းလိမ်းအိပ်ပါ။


**မှတ်ချက်** (အထက်ဖော်ပြပါ အိမ်တွင်းကုထုံးများကို
မျက်နှာတစ်ပြင်လုံးလိမ်းရန်မလိုပါ။ တင်းတိပ်နှင့် မှည့်ခြောက်များပေါ်သာ
လိမ်းပေးရပါမည်)

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Internet @ Natural Home Remedy for Skin Black Patches & Black Spots)

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆာင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ