ပျမ်းမျှ အမျိုးသမီး ၁၀-ဦးမှာ ၂-ဦးခန့် က သာမန်ထက်ထူးကဲစွာ
မျက်နှာပေါ်မှာ အမွှေးများပေါက် တတ်ကြပါတယ်။ နှုတ်ခမ်းမွှေး ခပ်ရေးရေးလေးက
ဆွဲဆောင်မှုပိုစေတာမှန်သော်လည်း အချို့  အမျိုးသမီးတွေမှာတော့
အမျိုးသားများကဲ့သို့  နားသယ်မှစ၍ အ ပေါ်နှုတ်ခမ်းတ၀ိုက် သိသိ သာ သာ အမွှေးတွေ
ပေါက်နေကြတာကြောင့် “အမွှေးအမျှင်ထူတယ်” လို့  စိတ်သောကရောက်ကြရ ပါ တယ်။
အဲဒီလို သာမန်ထက်ထူးကဲနေရခြင်း၏ အဓိကပြဿနာကတော့ phytoestrogens(ခေါ်) အက်စ်
ထရို ဂျင်ဟိုမုန်း မညီမျှ ခြင်းကြောင့်ပါဘဲ။ အထူးသဖြင့် မျိုးရိုးဗီဇအရ
အိန္ဒိယနွယ်ဖွား အမျိုး သမီးများမှာ မျက်နှာပေါ်အမွှေးအမျှင်ထူတတ်ကြပါတယ်။
မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ အက် စ်ထရိုဂျင်ဟိုမုန်းမညီမျှမှုအတွက် နွယ်ချို၊
နွားစားမြက်ချို၊ လျှော်ပင်၏အစေ့၊ စမုံစပါး တို့ ကို စားေ ပးသင့်တယ်လို့ 
အိန္ဒိယဆေးကျမ်းများမှာ ဖော်ပြထားပါတယ်။
၂၁- ရာစုမှစပြီး
အမျိုးသမီးများ၏ ဆံပင်မှလွှဲ၍ ခြေ-လက်-မျက်နှာပေါ်ရှိ အမွှေးအမျှင်ကင်း စင်
ပြောင်ချောနေတဲ့ လှပမှုရေးရာ ဖက်ရှင် တစ်ခေတ်ဆန်းလာတာကြောင့်လည်း ထိုမလိုလား
အပ်တဲ့အမွှေးအမျှင်များကို ဂျယ်၊ ဖယောင်းစသည်တို့ သုံး၍ အမွှေး
ချွတ်ကြရပါတယ်။ သို့ သော် ထိုနည်းတွေက ဘေးထွက်ဆိုးကျိုးရှိနိုင်တာကြောင့်
အောက်ပါရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းေ လး များက
အထောက်အကူဖြစ်စေနိုင်ပါကြောင်း Health.India.com tip(ခေါ်)အိန္ဒိယနိုင်ငံထုတ်
ကျန်းမာရေးဂျာနယ်မှာ အကြံပြု ထားပါတယ်။
(၁) နနွင်းမှုန့် 
နနွင်းမှုန့် လေးတွေက အသားအရေ၀င်းပခြင်း၊ ပိုးမွှားကင်းစင်ခြင်း၊
အမွှေးအမျှင်များဖယ် ရှားေ ပးခြင်း စတဲ့ ကောင်းကျိုးပြု စေတာ ကြောင့်လည်း
အိန္ဒိယနိုင်ငံရှိအမျိုးသမီးများက ရှေးပဝေသဏီ ကတည်းကစလို့  နေ
့စဉ်အသုံးပြုလာခဲ့ကြပါတယ်။ (က) နနွင်းမှုန့်  ကို ရေအေးဖြင့် ခပ်ပျစ်ပျစ်ေ
ဖျာ်၍ မျက်နှာပေါ်ရှိ မလိုလားအပ်တဲ့အမွှေးများပေါ်ခပ်ထူထူလိမ်းပေးပါ။
ခြောက်သွားတဲ့အခါ သန့်  စင်တဲ့ ချည်ထည်အ၀တ်စကို ရေခပ်နွေးနွေးစိမ်ညှစ်၍
မျက်နှာပေါ်ပွတ်တိုက် သန့် စင်ပေး ပါ။ (ခ) ချိုချက်ပြီး အအေးခံထားသော
နွားနို့ (သို့ မဟုတ်)နို့ ကရင်မ်ကို နနွင်းမှုန့် နှင့် ခပ်ပျစ်ပျစ်ေ
ဖျာ်စပ်၍ မျက်နှာပေါ်ရှိ အမွှေးပေါ်သို့  အသားထဲထိစိမ့်ဝင်အောင် စက်ဝိုင်း
သဏ္ဍာန်ဖိလိမ်းေ ပးပါ။ ခြောက်သွားတဲ့အခါ ရေအေးဖြင့်ဆေးကြောပါ။ (ရေခဲရေ
မဟုတ်ပါ)
(၂) ဂျုံမှုန့် 
ဂျုံမှုန့် လေးတွေကလည်း နနွင်းမှုန်
့များလိုဘဲ မလိုလားအပ်တဲ့ အမွှေးအမျှင်များကို ဖယ်ရှားေ ပးနိုင်တာကြောင့်
အိန္ဒိနိုင်ငံမှာ ရိုး ရာကုထုံးအဖြစ် သုံးစွဲလျက်ရှိပါတယ်။ ဂျုံမှုန့်  နှင့်
နနွင်းမှုန့် ကို ဆတူရောစပ်၍ ရေနည်းနည်းဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ မျက်နှာ
ပေါ်ရှိ မလိုလားအပ်တဲ့အမွှေး များေ ပ်ါခပ်ထူထူလိမ်းပေးပါ။ ခြောက်သွားတဲ့အခါ
သန့် စင်တဲ့ ချည်ထည်အ၀တ်စကို ရေခပ်နွေး နွေး မှာ စိမ်ညှစ်၍
မျက်နှာပေါ်ပွတ်တိုက်သန့် စင်ပေးပါ။
(၃) သကြားမှုန့် 
အလှကုန်ဈေးကွက်မှာရောင်းချနေတဲ့ was(ခေါ်)အမွှေးချွတ်ဖယောင်းလိုဘဲ မိမိဖာသာ
အိမ်မှာ သကြား မှုန့် တို့ ဖြင့် ဖယောင်း လုပ်လို့ ရပါတယ်။ သို့ သော်
ဒီနည်းက အင်မတန်ကပ်စေးနေ တာကြောင့် နနွင်းမှုန့် ၊ ဂျုံမှုန့် တို
့လိုမဟုတ်ဘဲ အသားကို နာကျင် တဲ့ ခံစားမှုဖြစ်စေပါတယ်။ ခွက် တစ်ခုထဲမှာ
လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော သကြားမှုန့် ကို ၄င်းနှင့်ဆတူ ပျားရည်စစ်
စစ် ၁-ဇွန်းရော ၍ သံပုရာရည်အနည်းငယ်ညှစ်ထဲ့ကာ ထိုအရောအနှောတွေကို
အရည်ပျော်ေ အာင် အပူပေးပြီးနောက် မီးဖိုပေါ်ကချပါ။ ခပ်နွေးနွေးဖြစ်တဲ့အခါ
မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ်လိမ်းကျံပြီးတာနဲ့ တပြိုင်နက်
အပေါ်ကနေချည်ထည်အ၀တ်စကို ဖိအုပ်လိုက်ပြီး ချက်ချင်း ဆိုသလို
ထိုအ၀တ်စကိုဆွဲခွာလိုက်ပါ။ (အ၀တ်စကိုဆွဲခွာတဲ့အခါ အမွှေးတွေလားရာနှင့် ဆန့် 
ကျင် ၍ ပြောင်းပြန် ဆွဲခွာပေးရပါမယ်)
(၄) ကြက်ဥအကာ
လွယ်ကူမြန်ဆန်တဲ့ ကြက်ဥလေးတွေကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာကို
စားပွဲတင်ဇွန်း ၁-ဇွန်းစာပမာဏရှိတဲ့ သကြား နှင့်အတူ စားပွဲတင်ဇွန်း
တ၀က်စာပမာဏရှိတဲ့ ပြောင်းဖူးမှုန့် ဖြင့်ရောကာ သမအောင်မွှေပြီးနောက်
မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ်လိမ်းကျံပေးပါ။ မျက်နှာပေါ်ခြောက်သွေ
့သွားတဲ့အခါ မျက်နှာဖုံးသဏ္ဍာန်အလွှာပါးလေးဖြစ်နေပါလိမ့်မယ်။ ထိုအလွှာကို
ဆွဲခွာလိုက်တဲ့အခါ အမွှေးများပါကျွတ်၍ပါသွားပါလိမ့်မယ်။
(၅) သံပုရာရည်
(က) သကြား၊ သံပုရာရည် နှင့် ရေတို့ ကိုဆတူရော၍ သကြားမှုန်
့တွေပျော်ကျသွားအောင် သ မေ အာင်နယ်ပြီးနောက် မျက်နှာ ပေါ် လိမ်းကျံပေးပါ။
၁၅-မိနစ်ခန့် အကြာခြောက်သွေ့ သွားပါ လိမ့်မ ယ်။ ထိုအခါ
မျက်နှာဖုံးသဏ္ဍာန်အလွှာပါးလေးကို ဆွဲခွာပေး လိုက်ရုံပါဘဲ။ (ခ) သံပုရာ
ရည်(လ္ဘက် ရည်ဇွန်း ၁-ဇွန်း)၊ ပျားရည်(လ္ဘက်ရည်ဇွန်း ၄-ဇွန်း)ကို
ရောသမမွှေပြီးနောက် မလိုလားအပ် တဲ့ အမွှေးအမျှင်များပေါ်လိမ်းကျံပေးပါ။
ခြောက်သွားတဲ့အခါ အလွှာပါးလေးကို ခွာချပေးလိုက်ပါ။
အထက်ပါနည်းများထဲမှ မိမိနှစ်သက်ရာ တစ်နည်းကိုသုံး၍ ရက်သတ္တ ၁-ပတ်လျှင်
၂-ကြိမ်နှုန်ြး ဖင့် ၈-ပတ်ခန့် ပြုလုပ်ပေးပါ။ ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။
အကယ်၍ အထက်ပါနည်းတွေက သတ် မှတ်ချက်ကာလအထိ မသက်သာဘဲ အမွှေးများပေါက်မြဲ
တမ်းဆက်ပေါက်နေသေးပါက သက်ဆိုင်ရာဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်၍
ကုသမှုခံယူသင့်ပါတယ်။
<<စာနာထောက်ထားစွာဖြင့်
ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
8/17/2014
မျက်နှာပေါ်ရှိမလိုလားအပ်သည့်အမွှေးတွေကို သဘာဝနည်းဖြင့်ဖယ်ရှားနည်း
8/17/2014
Dim