Deodorant လေးတွေကို ဂျိုင်းချွေးနံ့ ပျောက်ဆေးဖို့ ၊ ဂျိုင်းသားဖွေးစေဖို
့၊ ဂျိုင်းအသားအရ တင်း ရင်းစေဖို့ စသည့်ရည်ရွယ်ချက် အမျိုးမျိုးဖြင့်
အသုံးပြုကြပါတယ်။ သိသူနည်းပါးတဲ့ တခြားထူးခြားေ ကာင်း မွန်တဲ့
အချက်လေးတွေကိုလည်း မျှဝေလိုက်ပါရစေ။
(၁)
တကျွီကျွီအသံမြည်နေတဲ့တံခါးများ ဆူညံသံတွေပျောက်စေဖို့ အတွက်
တံခါးပေါ်မှာတပ်ဆင် ထားတဲ့ပတ္တာကို Deodorant လေး ပွတ်တိုက်ပေးလိုက်ပါ။
(၂) ဂျပိုး(ကြမ်းပိုး)နှင့် ခြင်တွေကိုက်ခံရပါက၊
ရောင်ရမ်းယားနာခြင်းများပြေပျောက်စေရန် အလူ မီနီ ယမ်ဆားပါဝင်တဲ့ Deodorant
လေးက ကူညီပေးပါလိမ့်မယ်။
(၃) ရှုးဖိနပ်အသစ်တွေ စီးတဲ့အခါ
အနာ(ဖိနပ်ပေါက်)ဖြစ်တတ်ကြပါတယ်။ အဲဒီပြဿနာက ကြိုတင် ကာကွယ်နိုင်ဖို့ အတွက်
ဦး စွာခြေထောက်ကို ရေဆေး၍ ရေခြောက်အောင်သုတ်ပြီးနောက် Deodorant
လေးပွတ်ပေးပါ။ ပြီးမှ ဖိနပ်စီးပါ။
(၄) အ၀တ်အထည်၊ အသုံးအဆောင်တွေ
အနံ့ အသက်ကောင်းစေဖို့ အတွက် မိမိကြိုက်နှစ်သက် တဲ့ Deodorant ရနံ့ လေးကို
အဖုံွးင့်၍ ဘီဒို(သို့ မဟုတ်)သေတ္တာထောင့်မှာ ထောင်ထားပေးပါ။
(၅)
ခြေထောက်ရနံ့ ဆိုးတွေ ပြေပျောက်စေဖို့ အတွက် ညအိပ်ယာဝင်ခါနီးမှာ ခြေဖ၀ါးပေါ်
သို့  Deodorant လိမ်းသုတ်၍အိပ်ပါ။ ခြေထောက်အစိုဓာတ်ကို ထိန်းပေးတဲ့အပြင်၊
နောက်တစ်ေ န့ တာ လုံး ခြေထောက်က ရနံ့ ဆိုးတွေ မဖြစ်စေတော့ပါဘူး။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Reader’s Digest)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
6/09/2014
ချွေးနံ့ ပျောက်ဆေးလေး၏ ထူးခြားချက်လေးများ
6/09/2014
Dim