အသက် ၆၀အရွယ် အီတလီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Mr.Innocente Marcolini
ဟာ လုပ်ငန်းသဘော သဘာဝအရ၊ ၁၂ နှစ်တာကာလပတ်လုံး တစ်နေ့ လျှင် ပျမ်းမျှ
၆နာရီကြာနေ့ စဉ်ရက်ဆက် မိုဘိုင်းလ်(လက်ကိုင်)ဖုန်းပြောရင်း အလုပ်လုပ်
နေရသူတစ်ယောက်ပါ။ သူဟာ ဘယ်ဘက်နားနဲ့ ဖုန်းပြောလေ့ရှိပြီး၊ ဖုန်းနဲ
့မကြာခဏထိစပ်နေတဲ့ ဘယ်ဘက်ဦးနှောက် အာရုံကြောအဖွဲ့ အစည်းထဲမှာ
ဦးနှောက်အကျိတ်တည်နေပါတယ်။ ကင်ဆာအကျိတ်မဟုတ်သေးသော်လဲ၊ ထိုအကျိတ် တဖြည်း
ဖြည်းကြီးထွားလာပါက carotid artery(ခေါ်)ဦးနှောက်သွေးပြန်ကြော ထိခိုက်စေကာ
အသက်အန္တာရာယ်စိုးရိမ်ရတဲ့ အခြေအ နေပါ။ အဲဒီအကျိတ်ရဲ့  တုန့် ပြန်မှုကြောင့် သူ
့မျက်နှာဘယ်ဘက်ခြမ်းက သွက်ချာပါဒရောဂါခံစားနေရပြီး၊ အနာသက်သာအောင် နေ့ စဉ်
မော်ဖင်းဆေးထိုးနေရပါတယ်တဲ့။
့ The Sun (ခေါ်) အီတလီနိုင်ငံအစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ယခု သူ့ ကို
အာရုံကြောခွဲစိပ်ပါရဂူ Dr Giuseppe Grasso နှင့်
ခန္ဓာကိုယ်တွင်းအကြိတ်ခွဲစိပ်ပါရဂူ Angelo Gino Levis တို့ က
အနီးကပ်စောင့်ရှောက်နေကြရပြီး၊ *“ခုလိုဖြစ်ရတဲ့အဓိကဇာစ်မြစ်ကတော့
ဖုန်းထဲကထွက်လာတဲ့ ရေဒီယိုသတ္တိကြွဓာတ်များက ဆဲလ်များကိုသေစေရာကနေ၊
အကြိတ်တည်လာတယ်”* လို့  ထိုပရောဖက်ဆာများက ဆိုပါတယ်။ ဒီလိုအလားတူ
ပြသနာများဖြစ်လာကြလို့ လဲ World Health Organisation(ခေါ်)WHO မှ
ယမန်နှစ်ကတည်းကစ၍ မိုဘိုင်းလ် ဖုန်းသုံးစွဲချိန်လျော့ချရန် သတိပေးထားခဲ့ပါတယ်။
ဗြိတိန်ကျမ္မာရေးစောင့်ရှောင်မှု အေဂျင်စီတစ်ခုကတော့ *“မိုဘိုင်းလ်ဖုန်းက
ကင်ဆာလုံးဝမဖြစ်စေနိုင်ပါ”* လို့ ဆိုထားပြန်ပါတယ်။ ထို့ ပြင်အပြည်ပြည်ဆိုင်ရာ
ရေဒီဒိုသတ္တိကြွဇီဝကမ္မကျွမ်းကျင်သူ Michael Repacholi ဆိုသူကလည်း *“
ဖုန်းထဲကထွက်ရှိတဲ့ရေဒီယိုလှိုင်းနဲ့ ပတ်သက်လို့  လေ့လ့ာစမ်းစမ်းချက်တွေအရ
ဦးနှောက်ကင်ဆာ ဖြစ်စေတဲ့ အထောက်အထား ခိုင်ခိုင်မာမာမတွေ့ ရသေးပါဘူး။ ဒါပေမယ့်
ဒီ့ထက်ပိုပြီး လေ့လာမှုတွေပြုလုပ်ပြီးရင်တော့ တိကျခိုင်လုံတဲ့အဖြေတစ်ခု
ထွက်လာတော့မှာပါ။ သေချာတာကတော့ အဲဒီ ဆိုးကျိုးတွေတန်ပြန်သက်ရောက်မှုမရှိအောင်
headset ဒါမှမဟုတ် ဖုန်းစပီကာဖွင့်ပြောတာ အန္တာရာယ်ကင်းစေတာပေါ့ဗျာ “* လို
့ဆိုထားပါတယ်။
မည်သို့ ပင်ဆိုစေကာမူ၊ Mr.Innocente Marcolini ဝေဒနာနဲ့ ပတ်သက်လို့ 
အီတလီနိုင်ငံတရားရုံးချုပ်ကတော့ မိုဘိုင်းလ် (လက်ကိုင်)ဖုန်းက
ဦးနှောက်ကင်ဆာဖြစ်စေနိုင်ကြောင်း တရားဝင်သတိပေးပြဌာန်းတော့မယ်လို့ 
The Sun(ခေါ်) နိုင်ငံတော် သတင်းစာမှာ ဖော်ပြသွားပါကြောင်း၊ General Knowledge For
All, 8-07-2013 21:15pm Monday အင်တာနက်သတင်းတစ်ခုမှပြန်လည်ဖောက်သယ်ချလိုက်ရပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
အင်တာနက်သတင်း