12/12/2014

စိတ်ရောကိုယ်ပါကျမ္မာဖို့ လမ်းလျှောက်ကြပါစို

အားကစားလေ့ကျင့်နည်း အမျိုးမျိုးရှိကြရာ၊ ၄င်းတို့ အနက်“လမ်းလျှောက်ခြင်း” က အရွယ် ၃-ပါးမရွေး အထူးသင့်တော်တဲ့ လေ့ကျင့်ခဏ်းလေးဘဲဖြစ်ပါတယ်။ ဒါကြောင့်လဲ အင်္ဂလိပ်အင်္ဂျင်နီယာတစ်ဦးဖြစ်သူ
William Cubitt ဆိုသူက ရာသီအချိန်ခါမရွေး လမ်းလျှောက်နိုင်ကြစေလိုသောရည်ရွယ်ချက်ဖြင့် ၁၈၁၈ ခုနှစ်မှာ Treadmills(ခေါ်)ဆုံလည်ဒေါင်လိုက်ဘီးတပ်ထားတဲ့လှေ ကားထစ်ပုံစံ လမ်းလျှောက်စက်ကို စတင်တီထွင်ပေးခဲ့ပါတယ်။

ယနေ့ အမေရိကန်ရှိဆေးရုံကြီးတွေမှာလမ်းလျှောက်စက်တွေထားရှိကာ၊နာတာရှည်ဆီးချို၊ နှလုံးနဲ့ အဆုပ်
ဝေဒနာသည်တွေကို လမ်းလျှောက်စေတဲ့လေ့ကျင့်ခဏ်းကုထုံးအဖြစ် ကုသလျှက် ရှိနေကြပါတယ်။
“လမ်းလျှောက်ခြင်း” ဟာ ငွေကုန်ကြေးကျ ကရိကထမများတဲ့ပြင်အလွယ်ကူဆုံးဖြစ်တာကြောင့် မိမိတစ်ဦးတည်းဖြစ်စေ၊ မိသား စု(သို့မဟုတ်)မိတ်ဆွေသူငယ်ချင်းတွေနဲ့  အုပ်စုလိုက်ဖြစ်စေ၊
အိမ်မွေးခွေးလေးများနဲ့ ဖြစ်စေ လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်နိုင်ပါ တယ်။
ကျန်းမာခြင်းဟာ ၀ယ်ယူလို့ ရကောင်းတဲ့ ပစ္စည်းမဟုတ်သလို၊ လူတိုင်းလူတိုင်းကိုယ်ကျန်းမာနေမှလည်း စိတ်ချမ်းနိုင် တော့မှာပါ။ လမ်းလျှောက်ခြင်းဟာအသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ပေရာ လမ်းလျှောက်ခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများကို အောက်ပါအတိုင်း အသိပေးမျှဝေရင်းကိုယ်ခန္ဓာသန်စွမ်းစေဖို့ … စိတ်နှလုံးရွှင်ပြုံးစေဖို့ … စိတ် ရောကိုယ်ပါကျန်းမာဖို့ …စောစောအိပ်လို့ စောစောထလို့ စာစောလမ်းလျှောက်ကြပါစို့ …

လို့  တိုက်တွန်းလိုက်ပါရစေ။

(နှလုံးအားကောင်းစေပါတယ်)
ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ HDL ကိုလက်စထရောကို မြှင့်တင် ပေးပြီး၊ မကောင်းတဲ့ LDLကိုလက်စထရောကို လျော့ချပေးပါတယ်။ နှလုံးသွေးလည်ပတ်စီးဆင်းမှုကို
ကောင်းမွန်စေတာကြောင့် နှလုံးကျမ္မာစေပါတယ်။
 

(သွေးတိုး နဲ့  လေဖြတ်ခြင်းတို့ မှကာကွယ်ပေးပါတယ်)
တနေ့ ကို နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းက သွေးတိုး ရောဂါ မဖြစ်စေတော့ပါဘူး။
ဒါ့ပြင် သွေးတိုးရောဂါနဲ့ ဆက်စပ်လျှက်ရှိတဲ့ လေဖြတ်ခြင်းအလားအလာကို ၂၇%ထိ လျော့ချပေး နိုင်ပါတယ်။
 

(ရောဂါဝေဒနာဆိုးတွေကို တားဆီးပေးပါတယ်)
နေ့ စဉ်ပုံမှန် လမ်းလျှောက်ခြင်းကဆီးချိုရောဂါ အမှတ်(၂) ဖြစ်နိုင်ခြေ အလား အလာကို ၆၀% လောက်ထိ
လျော့ချပေးတဲ့အပြင်၊အူမကြီးကင်ဆာ၊ရင်သားကင်ဆာစတဲ့ကုသရန်ခက်ခဲ့တဲ့ရောဂါဆိုးများ ဖြစ်နိုင်ခြေအလား

အလာကိုပါ ၂၀% ခန့်လျော့ချပေးနိုင်တယ်လို့ The British MedicalJournal(ခေါ်)ဗြိတိန်ကျမ္မာရေး ဂျာနယ် မှာဖော်ပြထားပါတယ်။
 

(ကြွက်သားများ ကျစ်လစ်လာစေပါတယ်)
လမ်းလျှောက်လေ့ကျင့်ခဏ်းမှန်မှန်လုပ်ခြင်းက ကယ်လိုရီတွေလောက်မြိုက်သွားစေ တာကြောင့်၊ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်လာစေပြီး၊ကြွက်သားများကျစ်လစ်သန်စွမ်းလာစေပါတယ်။
 

(ဦးနှောက်ကို ကောင်းကျိုးပြုပါတယ်)
အင်္ဂလန်နိုင်ငံမှာ အသက် ၆၅နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးကြီးတွေကို ရက်သတ္တ ၁-ပတ်လျှင်
၆-မိုင်ကျော်မျှ လမ်းလျှောက်စေခဲ့ရာ စိတ်ဖိစီးမှုတွေမရှိတော့ဘဲ၊ယခင်အခြေအနေထက် မှတ်ဥာဏ်စွမ်းရည်ပမာ ဏ ၄၀%ထိ တိုးတက်ကောင်းမွန်လာကြောင်းလေ့လာတွေ့ ရှိခဲ့ရပါတယ်။
 

(အရိုးပွရောဂါ မဖြစ်စေနိုင်ပါ)
နေ့ စဉ် လမ်းမှန်မှန်လျှောက်ခြင်းကအရိုးသိပ်သည်းဆကို တိုးပွားစေကာ၊ အရိုးများသန်မာစေလို့  အထူးသဖြင့်သွးမဆုံးခင်နဲ့ သွေးဆုံးပြီးစ အမျိုးသမီးများ အရိုးပွရောဂါမဖြစ်ရလေအောင်
လမ်းမှန်မှန်လျှောက်ပေးပါ။ ဒါ့ပြင် လမ်းလျှောက်ခြင်းက အရို့းဆစ်များကို
ကျမ္မာကြံ့ ခိုင်စေတာကြောင့် အဆစ်အမြစ်ရောင် ဝေဒနာသည်များလည်း
ခပ်မှန်မှန်လမ်း လျှောက်လေ့ကျင့်ခဏ်း လုပ်သင့်ပါတယ်။
 

(ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေပါတယ်)
လမ်းလျှောက်တဲ့အခါ၊ခန္ဓာကိုယ်ကို မတ်မတ်ထား၍ ရင်ကိုဖွင့်ကာ သက်တောင့် သက်သာအနေအထားဖြင့်
ပုခုံး ၂-ဖက်ကို ပြောလျော့ပြီး၊ လက် ၂-ဘက်ကို ဟန်ချက်ညီညီအားရပါးရ
လွှဲလျှောက်ပေးရပါမယ်။ အဲဒီလို နည်စံနစ်မှန်မှန်လမ်းလျှောက်ခြင်းက
ရင်ဘတ်ကြွက်သားတွေကို ကျစ်လစ်လာစေသလို၊ ခါးတ၀ိုက်က အဆီပိုတွေကိုပါ
ဖယ်ရှားပေးနိုင်တာကြောင့် ခန္ဓာကိုယအချိုးအစားကို ပြေပြစ်သွားစေပါတယ်။
 

(ဗီတာမင်ဒီ ရရှိစေပါတယ်)
အရိုးကျမ္မာရေးအတွက် ဗီတာမင်ဒီ ကမရှိမဖြစ်လိုအပ်ပါတယ်။ နံက်ပိုင်း နေရောင်ခြည်နုနုအောက် မှာ
နေပူစာလှုံရင်းလမ်းလျှောက်ခြင်းက ဗီတာမင်ဒီ ကိုအပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။
 

(ခွန်းအားရရှိစေပါတယ်)
ခပ်သွက်သွက်လမ်းလျှောက်ခြင်းဖြင့်သွေးလည်ပတ်စီးဆင်းမှုအားကောင်းစေကာ၊ခန္ဓာကိုယ်အနှံ့ အပြား

ထဲရှိဆဲလ်များထံ အောက်စီဂျင်ရောက်ရှိသွားစေတာမို့ လူကိုလန်းဆန်းပေါ့ပါးသွားစေပါတယ်။
 

(စိတ်ဖိစီးမှုတွေပြေပျောက်သွားစေပါတယ်)
လေကို တ၀ကြီးရှုရှိုက်၍ ခပ်သွက်သွက်
လမ်းလျှောက်ခြင်းကစိတ်ရဲ့ ထွက်ပေါက်ဖြစ် စေတာကြောင့်၊အချိန်တိုအတွင်းမှာပင်စိတ်ဖိစီးမှုတွေကို

ပြေပျောက်သွားစေပါတယ်။

<< သတိပြုရန် >>
(၁) နံက်ခင်းစောစော လမ်းထလျှောက်တဲ့အခါ တစ်ဦးတည်းလျှောက်ခြင်းထက်၊
အနဲဆုံးလမ်းလျှောက်ဖော် တစ်ယောက်ပါ ပါ စေ။

 (၂) အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ထီး(သို့ မဟုတ်)လက်ကိုင်ဒုတ် တခုခုဆောင်ပါ။
(၃) ယာဉ်အန္တရာယ်ကင်းဝေးအောင်လမ်းဘေးက ကပ်လျှောက်ပါ။
 (၄)သက်တောင့်သက်သာရှိစေတဲ့ဖိနပ်ကိုဝတ်ဆင်ခြင်းကခြေထောက်နာ-ခြေထောက်ကွဲအက်
 ခြင်းကိုမဖြစ်စေတော့ပါဘူး
 (၄)ချွေးစုပ်နိုင်တဲ့ ချည်သားအ၀တ်အထည်တွေဝတ်ဆင်ပါ။
 (၅)လမ်းလျှောက်ပြီးတဲ့နောက် ရေများ များသောက်ပါ(သို့ မဟုတ်)ရေဗူးဆောင်ထားပါ
(၆) အသွင်သစ်အမြင်သစ်ဖြင့် အာရုံလန်းဆန်းစေဖို့  သွားလမ်း နဲ့ပြန်လမ်းကို မတူအောင်ရွေးလျှောက်ပါ ။

(၇)အကယ်၍အိမ်မွေးခွေးတိရိစ္ဆာန်နဲ့လျှောက်ပါက၊အများပြည်သူကိုအနှောင့်အယှက်မဖြစ်ရလေ အောင်
 ခွေးကိုလည်ပတ်စီး၊ ပါးစပ်ပိုက်အုပ်၍ မစင်အညစ်အကြေးထဲ့ဖို့ အိတ်တလုံးဆောင်သွားပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)