၁၅-ရာစုနှစ်အထိ အီတလီနိုင်ငံတွင် တရားဝင်လက်ထပ်စာချုပ်ဥပဒေ မပြဌာန်းရသေးတဲ့အတွက်၊ ခရစ်ယာန်ဘုန်းတော်ကြီး မှ ဘုရားကျောင်းတွင် ကောင်းချီးပေးခြင်းဖြင့် မင်္ဂလာပွဲအထမြောက် သည်ဟုဆိုပါသည်။
ရှေးယခင်ကာလများ၌ အီတလီနိုင်ငံ၏ ဘာသာရေး အယူသီးမှုအ ရ၊ ပြက္ခဒိန်နှစ်တစ်နှစ် ၏ မေ နှင့် သြဂုတ်လ များတွင် မင်္ဂလာပွဲများကို ရှောင်ရှားကြပြီး၊ အထူးသဖြင့် ဇွန်လ၏ တနင်္ဂနွေ အပတ်တိုင်းကိုတော့ အကောင်းဆုံးကာလအဖြစ် သတ်မှတ်ကြပါသည်။
မင်္ဂလာပွဲမတိုင်မီ၊ သတို့  သား နှင့် သတို့ သမီးတို့ သည် ဖန်ခွက်တစ်လုံးကို ပစ်ခွဲလေ့ရှိပြီး၊ ထို ဖန် ခွက်အပိုင်းအစအရေ အတွက်အရ၊ မင်္ဂလာနှစ်ပတ်လည်သက် တမ်းကို ခန့် မှန်းရေ တွက်ခြ င်း ကလည်း စိတ် လှုပ်ရှားစ ရာပါ။ မင်္ဂလာရက်မြတ်မှစ၍ နှစ်ကိုယ်တူပျော်ရွှင်စွာ ရွှေလက်တွဲနိုင် ရန် ချိုးဖြူဌက်တစ်စုံ ကို လေထဲမြှောက်လွှတ် ပေးခြင်းကလည်း ကြည်နူးစရာ အလေ့အထလေး ပါ။
များသောအားဖြင့် သတို့  သမီးသည် အဖြူရောင်ဂါဝန်ရှည်ကို ၀တ်ဆင်လေ့ရှိပြီး၊ သတို့ သားက အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဆင်မြန်းပါသည်။ မင်္ဂလာ မောင်နှံကို ကာမအားတိုးပွားစေပြီး၊ ကျမ်းမာသန်စွမ်းသော သားသမီးရတနာများမွေးဖွားလာစေရန်အတွက် မက်မွန်သီး (၃)လုံး၊ (၅)လုံး၊ (၇)လုံး စသည်ဖြင့် မင်္ဂလာလက်ဖွဲ့ ပေးလေ့ရှိကြပါသည်။
အီတလီတို့ က ၀ိုင်ကို စွဲလန်းကြ သ ည်ထင့်။ မင်္ဂလာပွဲမတိုင်မီ် လအနဲငယ်ကြိုတင်ပြီး စပါကလင် ၀ိုင်ကို အထူးစီစဉ်ထားလေ့ရှိပါသည်။ မင်္ဂလာချိန် မကျရောက်မှီ ၁-နာရီခန့် ကြိုတင် ပြီး၊ အမဲအူေ ချာင်း၊ ၀က်သားဆားနယ်အဆာသွတ်မုန့် ၊ Parmesan ချိစ် စသည့် မုန့်  (၃)မျိုးတို့ ဖြင့် cocktail ပါတီ ဧည့်ခံလေ့ရှိ ပါသည်။ Antipasti (ခေါ်) ၀က်ပေါင်ခြောက်နှင့် ပင်လယ်စာ များပြွ မ်းထားေ သာ ဖရဲသီးအစာသွပ်ဟင်းလျာ နှင့် Pasta တို့ ဖြင့် ခံတွင်းဖွင့်ပြီးနောက်မှာတော့၊ အသား တစ် မျိုး၊ အာလူးကင် နှင့် အသုပ်တို့ ကို အဓိကဟင်းလျာအဖြစ်သုံးဆောင်ကြရပါသည်။
ထို့ နောက် အချိုပွဲအဖြစ် Sorbetto (ခေါ်) အယ်လ်ကိုဟော အနဲငယ်ပါပြီး ချောကလက်ကဲ ထားေ သာ မင်္ဂလာ ကိတ်ကို လီမွန်ရနံ့  သင်းသောရေခဲမုန့် နှင့် တွဲဖက်စားသုံးကြပါ သည်။ နောက်ဆုံး မှာတော့ espresso ကော်ဖီဖြင့် မင်္ဂလာပွဲကို အဆုံးသတ်လေ့ ရှိကြ ပါသည်။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)





