11/21/2014

အိုင်ယာလန်ရိုးရာ လက်ထပ်မင်္ဂလာပွဲ

အိုင်ယာလန်တွင် ၁၆၆၀ ချားလ်စ် II လက်ထက်မှစပြီး၊ ဘုရားကျောင်းတွင် မင်္ဂလာလက် ထပ်သော ဓလေ့စတင်ခဲ့ပါသည်။ မင်္ဂလာဆောင်ပြီးသည်နှင့် သတို့ သမီးသည် ယောင်နောက် ဆံထုံးပါဆိုသလို၊ သတို့ သား၏ မိသားစုနှင့်အတူလိုက်နေရပြီး၊ သတို့  သား၏မိခင်ထံမှ အိမ်ထောင်ရှင်မ တာဝန်ဝတ္တရားများကို လွှဲပြောင်းယူရပါတော့သည်။

အိုင်ယာလန်နိုင်ငံ၏ ဥပဒေမှာ သတို့ သမီး သည် လက်ထပ်ပြီး ၁-လ ပြည့်သည်အထိ သူမ၏ မိဘအိမ်သို့  လုံးဝအလည်အပတ်သွားခွင့်မရချေ။ အကယ်၍ ထိုဥပဒေကို ချိုးဖောက်မိသော သတို့ သမီးသည် ယောက္မအိမ်တွင် တစ်ဘ၀လုံး အလုပ်အကျွေးပြုစုပေးရပါတော့သည်။ ထို့ ကြောင့် မင်္ဂလာဦး ၁-လ တာကာလကို ‘the month of honey’ ဟူ၍ အငေါ်တူးသောေ လသံဖြင့် ဟာသနှောကာ ပြောစမှတ်ပြုကြပါသည်။

မင်္ဂလာ ဧည့်ခံပွဲတွင် ဆယ်လ်မွန်ငါးအသားလွှာကြပ်တင် နှင့် အိုင်းရစ် ပေါင်မုန့် ညို ဟန်ဘာ ဂါကို၊ အာလူးကြက်သွန်မြိတ် စွပ်ပြုတ်ဖြင့် တွဲဖက်ကာ နှုတ်မြိတ်စာအဖြစ် ပထမဆုံးခံတွင်း ဖွင့်ကြပါသည်။ အဓိကဟင်းလျာများအဖြစ် “Colcannon” (ခေါ်) အိုင်ယာလန် ရိုးရာ အာလူး ဟင်း၊ ဂေါ်ရခါးသီးသုပ်၊ အာလူးကော်ပြန့် လိပ်၊ အမဲသားနှပ်၊ ဆယ်လ်မွန်ငါးဖြင့် ပြုလုပ်ထားေ သာ Shepards Pie၊ တို့ ကို ပျားရည်ဝိုင်ဖြင့် မြိန်ရှက်စွာ သုံးဆောင်ကြပါသည်။
 ထိုလူမျိုးတို့ သည် မင်္ဂလာကိတ်ကို ၀ီစကီအနံ့  အရသာဖြင့်ပြုလုပ် လေ့ရှိပြီး၊ အဖြူရောင်ေ ချာကလက်၊ စတော်ဘယ်ရီယို၊ တို့ အပြင် ကရင်မ်အမြောက်အများပါဝင်သော အထပ်လွှာ ကိတ်မုန့် ကို အချိုပွဲအဖြစ် တည်ခင်းလေ့ရှိပါသည်။ ထိုကိတ်မုန့် ကို လက်ထပ်ပွဲတွင်သာမက၊ ပထမဆုံး သားဦးရတနာ ကင်ပွန်းတပ်မင်္ဂလာပွဲ တွင်လည်း ကျွေးမွေးလေ့ရှိပါသည်။

အိုင်ယာလန်၌ “Mead” ဟု မည်ရသော ပျားရည်ဝိုင်ကို ကာမအား တိုးပွားစေရန်အတွက် မင်္ဂလာဦးညမှ၍ ၁-တာကာလပတ်လုံး အမျိုးသားရော၊အမျိုးသမီးပါ မှီဝဲကြသဖြင့် "honeymoon" ဟူသော ဝေါဟာရသည် အိုင်းရစ်ဘာသာစကားမှ ဆင်းသက်လာသည်ဟု မှတ်သားရပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)