မြန်မာ့မူမြန်မာ့ဓလေ့ အရ နွားနို့ ၊ ကျွဲနို့  စတဲ့…နို့ အမျိုးမျိုး သောက်သုံးလေ့မရှိကြပါဘူး။ သို့ သော် ကေ လးငယ်များ နှင့် ပျိုဖော်ဝင်အရွယ်များ ထွားကြိုင်းသန်မာစေဖို့ အတွက်၊ နေ့ စဉ်နို့ တစ်မျိုးမျိုးကို မှန် မှန်တိုက်ကျွေးသင့်ပါတယ်။ ဥပမာ ၃-နှစ်အရွယ် သားငယ် လေး၏ ကိုယ်အလေးချိန်မှာ အနည်း ဆုံး ၁၁.၆၀ ကီလိုရှိသင့်ပြီး၊ သမီးငယ်လေး၏ ကိုယ်အလေးချိန်မှာ အနည်းဆုံး ၁၁.၁၀ ကီလိုဖြစ် သင့်ကာ အရပ်အမောင်းအားဖြင့် ၉၄-စင်တီမီတာ ရှိသင့်ပါတယ်။ အသက် ၁၂-နှစ်အရွယ် လူပျိုပေါက်၏ ကို ယ်အလေးချိန်မှာ အနည်း ဆုံး၂၆.၈၀ ကီလို ဖြစ်သင့်ပြီး၊ အပျိုပေါက်၏ ကိုယ်အလေးချိန်မှာ အနည်း ဆုံး ၂၇.၄၀ ကီလိုဖြစ်သင့်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်၏ ခါးလုံးပတ်ဟာ ၃၆ လက္မထက်မပိုသင့်ပါဘူး (တနည်း အားဖြင့်) အမျိုးသား တစ်ယောက်၏ ခါးလုံးပတ်ဟာ မိမိတင်ပါး ဆုံလုံးပတ်ထက်မပိုသင့်ပေ။ ထို့ နည်း တူ အမျိုးသမီးတစ် ယောက် ၏ ခါးလုံးပတ်ဟာလည်း ၃၂-လက္မထက် မပိုသင့်ပါဘူး (တနည်းအာြး ဖင့်) အမျိုးသမီးတစ်ယောက်၏ ခါးလုံးပတ်ဟာ မိမိတင်ပါးဆုံ လုံး ပတ်၏ ၈၀ရာခိုင်နှုန်းထက်မပိုသ င့်ပေ။ မိမိအရပ်အမောင်းနဲ့  သင့်တော်တဲ့ကိုယ်အလေးချိန်ရှိ မှသာ ကျန်းမာရေး နဲ့ ညီညွတ်မှာဖြစ် ပါ တယ်။ အကယ်၍ ရှိသင့်တဲ့ပေါင်ချိန် မပြည့်မှီပါက ပိန်လှီသွေးကွေး၍ ကိုယ်ခံအားနည်း ကာ ပြင်ရော ဂါများ အလွယ်တကူ ကူးစက်လာနိုင်ပါတယ်။ ထို့ တူ ရှိသင့်တဲ့ပေါင်ချိန် ထက် များနေပြန်ရင်လည်း အ၀လွန်ဖြစ်ဖို့ ဦးတည်လာကာ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ သည်းခြေ၊ အဆစ်ရောင်ေ ရာ ဂါနှင့် ကင်ဆာရောဂါတို့ ဖြစ်ပေါ်စေပါတယ်။ သို့ ပါ၍ မိမိအရပ်အမောင်းအတွက်ရှိသင့်တဲ့ အောက်ပါ ကိုယ်အလေးချိန်ဇယားထက် ပိုမသွား အောင် ထိန်းထားဖို့ လိုပါတယ်။
<<အမျိုးသားများ>>
၁ ကီလို = ၂.၂၀ ပေါင်
အရပ်အမြင့် ၄ပေ ၆လက္မ(၁.၃၅၂၄ မီတာ) ၊ ကိုယ်အလေးချိန် (၂၈ - ၃၅ ကီလို)
အရပ်အမြင့် ၄ပေ ၇လက္မ (၁.၃၇၇၈ မီတာ) ၊ ကိုယ်အလေးချိန် (၃၀ - ၃၉ ကီလို)
အရပ်အမြင့် ၄ပေ ၈လက္မ (၁.၄၀၃၂ မီတာ) ၊ ကိုယ်အလေးချိန် (၃၃- ၄၀ ကီလို)
အရပ်အမြင့် ၄ပေ ၉လက္မ (၁.၄၂၈၆ မီတာ) ၊ ကိုယ်အလေးချိန် (၃၅ - ၄၄ ကီလို)
အရပ်အမြင့် ၄ပေ ၁၀လက္မ (၁.၄၅၄ မီတာ) ၊ ကိုယ်အလေးချိန် (၃၈ - ၄၆ ကီလို)
အရပ်အမြင့် ၄ပေ ၁၁လက္မ (၁.၄၇၉၄ မီတာ) ၊ ကိုယ်အလေးချိန် (၄၀ - ၅၀ ကီလို)
အရပ်အမြင့် ၅ပေ ၀လက္မ (၁.၅ မီတာ) ၊ ကိုယ်အလေးချိန် (၄၃ - ၅၃ ကီလို)
အရပ်အမြင့် ၅ပေ ၁လက္မ (၁.၅၂၅၄ မီတာ) ၊ ကိုယ်အလေးချိန် (၄၅ - ၅၅ ကီလို)
အရပ်အမြင့် ၅ပေ ၂လက္မ (၁.၅၅၀၈ မီတာ) ၊ ကိုယ်အလေးချိန် (၄၈ - ၅၉ ကီလို)
အရပ်အမြင့် ၅ပေ ၃လက္မ (၁.၅၇၆၂ မီတာ) ၊ ကိုယ်အလေးချိန် (၅၀ - ၆၁ ကီလို)
အရပ်အမြင့် ၅ပေ ၄လက္မ (၁.၆၀၁၆ မီတာ) ၊ ကိုယ်အလေးချိန် (၅၃ - ၆၅ ကီလို)
အရပ်အမြင့် ၅ပေ ၅လက္မ (၁.၆၂၇ မီတာ) ၊ ကိုယ်အလေးချိန် (၅၅ - ၆၈ ကီလို)
အရပ်အမြင့် ၅ပေ ၆လက္မ (၁.၆၅၂၄ မီတာ) ၊ ကိုယ်အလေးချိန် (၅၈ - ၇၀ ကီလို)
အရပ်အမြင့် ၅ပေ ၇လက္မ (၁.၆၇၇၈ မီတာ) ၊ ကိုယ်အလေးချိန် (၆၀ - ၇၄ ကီလို)
အရပ်အမြင့် ၅ပေ ၈လက္မ (၁.၇၀၃၂ မီတာ) ၊ ကိုယ်အလေးချိန် (၆၃ - ၇၆ ကီလို)
အရပ်အမြင့် ၅ပေ ၉လက္မ (၁.၇၂၈၆ မီတာ) ၊ ကိုယ်အလေးချိန် (၆၅ - ၈၀ ကီလို)
အရပ်အမြင့် ၅ပေ ၁၀လက္မ (၁.၇၅၄ မီတာ) ၊ ကိုယ်အလေးချိန် (၆၇ - ၈၃ ကီလို)
အရပ်အမြင့် ၅ပေ ၁၁လက္မ (၁.၇၇၉၄ မီတာ) ၊ ကိုယ်အလေးချိန် (၇၀ - ၈၅ ကီလို)
အရပ်အမြင့် ၆ပေ ၀လက္မ (၁.၈ မီတာ) ၊ ကိုယ်အလေးချိန် (၇၂ - ၈၉ ကီလို)
<<အမျိုးသမီးများ>>
၁ ကီလို = ၂.၂၀ ပေါင်
အရပ်အမြင့် ၄ပေ ၆လက္မ(၁.၃၅၂၄ မီတာ) ၊ ကိုယ်အလေးချိန် (၂၈ - ၃၅ ကီလို)
အရပ်အမြင့် ၄ပေ ၇လက္မ (၁.၃၇၇၈မီတာ) ၊ ကိုယ်အလေးချိန် (၃၀ - ၃၇ ကီလို)
အရပ်အမြင့် ၄ပေ ၈လက္မ (၁.၄၀၃၂ မီတာ) ၊ ကိုယ်အလေးချိန် (၃၂ - ၄၀ ကီလို)
အရပ်အမြင့် ၄ပေ ၉လက္မ (၁.၄၂၈၆ မီတာ) ၊ ကိုယ်အလေးချိန် (၃၅ - ၄၂ ကီလို)
အရပ်အမြင့် ၄ပေ ၁၀လက္မ (၁.၄၅၄ မီတာ) ၊ ကိုယ်အလေးချိန် (၃၆ - ၄၅ ကီလို)
အရပ်အမြင့် ၄ပေ ၁၁လက္မ (၁.၄၇၉၄ မီတာ) ၊ ကိုယ်အလေးချိန် (၃၉ - ၄၇ ကီလို)
အရပ်အမြင့် ၅ပေ ၀လက္မ (၁.၅ မီတာ) ၊ ကိုယ်အလေးချိန် (၄၀ - ၅၀ ကီလို)
အရပ်အမြင့် ၅ပေ ၁လက္မ (၁.၅၂၅၄ မီတာ) ၊ ကိုယ်အလေးချိန် (၄၃ - ၅၂ ကီလို)
အရပ်အမြင့် ၅ပေ ၂လက္မ (၁.၅၅၀၈ မီတာ) ၊ ကိုယ်အလေးချိန် (၄၅ - ၅၅ ကီလို)
အရပ်အမြင့် ၅ပေ ၃လက္မ (၁.၅၇၆၂ မီတာ) ၊ ကိုယ်အလေးချိန် (၄၇ - ၅၇ ကီလို)
အရပ်အမြင့် ၅ပေ ၄လက္မ (၁.၆၀၁၆ မီတာ) ၊ ကိုယ်အလေးချိန် (၄၉ - ၆၀ ကီလို)
အရပ်အမြင့် ၅ပေ ၅လက္မ (၁.၆၂၇ မီတာ) ၊ ကိုယ်အလေးချိန် (၅၁ - ၆၂ ကီလို)
အရပ်အမြင့် ၅ပေ ၆လက္မ (၁.၆၅၂၄ မီတာ) ၊ ကိုယ်အလေးချိန် (၅၃ - ၆၅ ကီလို)
အရပ်အမြင့် ၅ပေ ၇လက္မ (၁.၆၇၇၈ မီတာ) ၊ ကိုယ်အလေးချိန် (၅၅ - ၆၇ ကီလို)
အရပ်အမြင့် ၅ပေ ၈လက္မ (၁.၇၀၃၂ မီတာ) ၊ ကိုယ်အလေးချိန် (၅၇ - ၇၀ ကီလို)
အရပ်အမြင့် ၅ပေ ၉လက္မ (၁.၇၂၈၆ မီတာ) ၊ ကိုယ်အလေးချိန် (၅၉ - ၇၂ ကီလို)
အရပ်အမြင့် ၅ပေ ၁၀လက္မ (၁.၇၅၄ မီတာ) ၊ ကိုယ်အလေးချိန် (၆၁ - ၇၅ ကီလို)
အရပ်အမြင့် ၅ပေ ၁၁လက္မ (၁.၇၇၉၄ မီတာ) ၊ ကိုယ်အလေးချိန် (၆၃ - ၇၇ ကီလို)
အရပ်အမြင့် ၆ပေ ၀လက္မ (၁.၈ မီတာ) ၊ ကိုယ်အလေးချိန် (၆၅ - ၈၀ ကီလို)
<< ကိုယ်အလေးချိန်ဘယ်လိုထိန်းကြမလဲ ? >>
(၁) ထမင်းကိုစားကောင်းတိုင်း တနင့်တပိုးမစားပါနှင့်။ (၂) ထမင်းနစ်နပ် နှင့်တစ်နပ်ကြား သရေစာ များ တစွတ်စွတ်မစားပါနှင့်။ (၃) အမဲဆီ၊ ၀က်ဆီ စတဲ့တိရိစ္ဆာန်အဆီများ၊ ၀က်သား၊ ဘဲ သား စတဲ့ အဆီများသောအသားများ၊ မလိုင်၊ ထော ပတ်နှင့် အုန်ုးဆီတို့ ကို ရှောင်ပါ။ (၄) ပဲဆီ၊ နှမ်းဆီ စတဲ့ ဟင်းချ က်ဆီများကို သင့်တင့်ရုံစားပါ။ (၅) ချိုလွန်းသော အစာများကို ရှောင်ပါ။ (၆) အရက်သေ စာ ရှော င်ကြ ဉ်ပါ။ (၇) ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို စားပါ။(၈) ကိုယ်လက်လှုပ်ရှား မှု လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက်၍သွားနိုင်သည့်နေရာများသို့ လမ်းလျှောက်ပြီးသွားပါ။ ကား၊ ဆိုက္ကား၊ ဆိုင်ကယ် စတဲ့ ယာဉ်အမျိုးမျိုး မစီးပါနှင့်။ ဖြစ်နိုင်ရင် ဓာတ်လှေကား၊ စက်လှေကားမစီး ဘဲ လှေ ကားထစ်တွေကို ပုံမှန်ခြေထောက်ဖြင့်သာ တက်ပါ။ (၉) အသက်အရွယ်အလိုက် သင့်တော် သည့် အားကစားတမျိုးမျိုးကို ကစားပေးပါ။
<< အဆီအမျိုးမျိုးကို ဘယ်လိုဆင်ခြင်ပြီးစားသုံးကြမလဲ ?>>
ဆီက နှုတ်မြိန်စေပြီး အင်အားဖြစ်စေတာမှန်သော်လဲ၊ ဆီစားများတဲ့အခါ ကယ်လိုရီလိုရရှိမှုဟာ လိုအ ပ်သ ည်ထက်ပိုလာကာ အ၀လွန် အဆီပိုဖြစ်လာရုံမက၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သား ကင်ဆာတို့ ဖြစ်နိုင်ခြေအလားအလာ ပိုလာပါတယ်။
(၁) နို့ ၊ မလိုင်၊ ထောပတ် စတဲ့ တိရိစ္ဆာန်ထွက် အဆီများမှာ ပြည့်ဝသောဖက်တီးအက်ဆစ်များကြွယ် ၀စွာပါရှိတာကြောင့် နှလုံး သွေးကြောကျဉ်းရောဂါ နှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သဖြင့် ဆင်ခြင်၍ စားသုံးပါ။ (၂) ဆိတ်သား၊ အမဲသား၊ ဘဲအရေပြားတို့ မှာ မျက်စိဖြင့် အလွယ်တကူမမြင်နိုင်တဲ့ အဆီ များပါရှိနေ၍ ဆင်ခြင်၍စားသုံးပါ။ (၃) ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာစေ့ဆီ စတဲ့ အပင်ထွက် ဟင်း ချက်ဆီများမှာ မပြည့်ဝသောဖက်တီးအက်ဆစ်များ ကြွယ်ဝစွာ ပါရှိ၍ ကျန်းမာရေးကို အထောက် အကြူ ဖစ်စေသော်လဲ၊ အသက်အရွယ်အလိုက် စားသုံးသင့်သည့် ပမာဏထက် ပို၍မစားသင့် ပါဘူး။ (၄) ဖြ စ်နိုင်ရင် အစားအစာများကို ဆီဖြင့်ကြော်၍မစားဘဲ အပြုတ်၊ မီးကင်၊ မီးဖုတ်၊ နို့ မလိုင်ထုတ် ပြီး မှစားေ သာက်ခြင်းတို့ ဟာ ဆီကိုဆင်ခြင်၍စားသည့် နည်းလမ်းကောင်းများဖြစ်ကြပါတယ်။ (၅) ပင်လယ်ငါး အချို့ ရဲ့ အဆီမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုက ကာကွ ယ်ပေး နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ သို့ သော် လိုအပ်သည့်မပာဏထက် ပိုစားသုံးခြင်းက အမျိုး သား များ ဆီကျိတ်ရောဂါကိုဖြစ်နိုင်ခြေ အလားအလာ များတာကြောင့် လိုအပ်သည်ထက်ပိုမစားသင့်ပါဘူး။
<< ကိုလက်စထရော ဆိုတာဘာလဲ ? >>
အမှန်စင်စစ် ကိုလက်စထရောဆိုတာ ခန္ဓာကိုယ်အတွက် အသုံးကျတဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ ကို လက်စထေရောကို အစား အသောက်မှရရှိပြီး၊ အကယ်၍ မလုံလောက်သေးတဲ့အခါ ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်ပါတယ်။ သို့ သော် သွေးထဲမှာ ကိုလက်စထ ရော များလာတဲ့အခါ မှာတော့ သွေးကြော ကျဉ်းပိတ်ဆို့ လာပြီး၊ ထိုရောဂါကို ဆေးပညာလောကမှာ “မကောင်းတဲ့ ကိုလက်စထ ရော” လို့ ခေါ်ြ ကပါ တယ်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ် စတဲ့ တိရိစ္ဆာန်ထွက် အစားအစာများမှာ ကိုလက်စထ ရော ကြွယ်ဝပါတယ်။ ဒါ့ပြင် ၀က်၊ အမဲ၊ မလိုင်၊ ထောပတ် စတဲ့ ပြည့်ဝဆီများက လည်းေ သွးအတွင်း ကိုလက်စထရောပမာဏကို မြင့်မားစေတာကြောင့် ရှောင်ကျဉ်နိုင်လေ အကောင်းဆုံးဖြစ်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)





