(SHARE လုပ်ခြင်းဖြင့် မိမိပါတ်ဝန်းကျင်မှကိုယ်ဝန်ဆောင်မိခင်များအသိပညာတိုးပွားနိုင်ကြပါစေ)
ကိုယ်ဝန်ဆောင်သည်နှင့် အမြဲတမ်း ၂ယောက်စာ စားဖို့ တော့မလိုပါဘူး။
ကလေးငယ်များဖွံ့ ဖြိုးမှုဟာ မိခင်ရဲ့စားသောက်မှုအပေါ်မှာ မူတည်နေတယ်ဆိုတာ
မိခင်အနေနဲ့ အစားအများကြီးစားဖို့ မဟုတ်ပဲ အဟာရပြည့်ဝတဲ့ အစားစာများကို
စားသုံးသင့်တာကို ရည်ညွှန်းပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဒုတိယ
၃လ မှာနေ့စဉ် ၃၄၀ကယ်လိုရီ နှင့် တတိယ ၃လ မှာ ၄၅၀ ကယ်လိုရီ
လောက်ပိုမိုလိုအပ်ပါတယ်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် iron,
calcium, protein, vitamins A, B and C, folate, magnesium, selenium နှင့်
zinc ဓါတ်တို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါအစားအသောက်များကတော့
ကိုယ်ဝန်ဆောင်မိခင်တွေအတွက်
အကောင်းဆုံးသောစားသုံးသင့်သည့်အစားအစာများဖြစ်ပါသည်။
ငှက်ပျောသီး ( ပထမ ၃ လ )
---------------
ကိုယ်ဝန်နုချိန်တွင် ငှက်ပျောသီးစားသုံးခြင်းဖြင့် ပျို့ ချင်
အန်ချင်ဖြစ်ခြင်း မအီမသာ ဖြစ်ခြင်းတို့ ကို သက်သာစေပါသည်။ ငှက်ပျောသီးတွင်
ဗီတာမင် ဘီ6၊ အမျှင်ဓါတ်၊ ဗီတာမင် စီ နှင့် ပိုတက်စီယမ်
ဓါတ်များပြည့်ဝစွာပါဝင်သည်။
ဟင်းနုနယ်ရွက် ( ပထမ ၃ လ )
-------------------
ဟင်းနုနယ်ရွက်တွင် folate ဓါတ်များစွာပါဝင်သည်။ folate ဓါတ်သည်
ကိုယ်ဝန်နုချိန်တွင် အထူးလိုအပ်ပြီး ကလေးငယ်များမွေးရာပါ ဦးနှောက်နှင့်
အာရုံကြောချွတ်ယွင်းသည့်ရောဂါများ မဖြစ်ပွားစေရန်ကာကွယ်ပေးသည်။
ဟင်းနုနယ်ရွက်တွင် folate ဓါတ် အပြင် အမျှင်ဓါတ်၊ သံဓါတ်၊ ဗီတာမင် အေ၊စီ၊ကေ
နှင့် manganese တို့ ပါဝင်သည်။
ပဲများ ( ပထမ ၃ လ )
------
ပဲများတွင် အားလုံးသိသည့်အတိုင်း လူတွေအတွက် အသားဓါတ်နှင် အမျှင်ဓါတ်
ကြွယ်ဝသည့် အဓိကအရင်းအမြစ်ဖြစ်သည်။ ပဲတွေမှာပါဝင်သည့် အမျှင်ဓါတ်များသည်
ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်လေ့ရှိသည် ၀မ်းချုပ်ခြင်းကို သက်သာစေပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ ၄၀% ဟာ ၀မ်းချုပ်တဲ့ဒုက္ခကိုခံစားကြရပြီး
ထိုဝမ်းချုပ်ခြင်း ဝေဒနာအတွက် ပဲများသည်သာ အကောင်းဆုံးဖြစ်သည်။
အထက်ဖော်ပြပါဓါတ်များအပြင် folate နှင့် ironဓါတ်များလည်းအထူးကြွယ်ဝပါသည်။
ငရုပ်ပွအနီများ ( ပထမ ၃ လ )
------------------
ဗီတာမင်စီ သည် ကိုယ်ဝန်ဆောင်မိခင်များ၏ လိုအပ်သော တစ်ရူးများ ဖွံ့ ဖြိုး
မှု နှင့် ပြုပြင်ပြောင်းလဲမှုများတွက် အရေးပါသည်။ ငရုပ်ပွအနီများတွင်
သာမာန်ငရုပ်သီး အစိမ်းများထက် ဗီတာမင်စီ ၂ဆ ပါဝင်သည်။ ငရုပ်ပွအနီ များသည်
လိမ္မော်သီးများထက် ဗီတာမင်စီ ၃ဆပါဝင်သည်။ ဗီတာမင်စီ စားသုံးခြင်းဖြင့်
သံဓါတ်စုပ်ယူမှုကို မြန်ဆန်စေသောကြောင့် အစာစားလျှင် ငရုပ်ပွအနီများကို
ထည့်စားဖို့ မမေ့သင့်ပါဘူး။
ဥများ ( ဒုတိယ ၃လ )
------
ဥအနှစ်များတွင် choline ဓါတ်များစွာပါဝင်သည်။ ထို အဟာရဓါတ်သည် သင့် နှင့်
သင့် ကလေးငယ်၏ ဦးနှောက်ဖွံ့ ဖြိုးမှုကို အထောက်အပံ့ပေးသောမရှိမဖြစ်
ဓါတ်တစ်မျိုးဖြစ်သည်။ ထိုအဟာရဓါတ်ကို ပဲပိစပ်၊ အမဲသား နှင့် နွားနို
့တို့မှလည်းရရှိနိုင်ပါသည်။
ထောပါတ်သီး ( ဒုတိယ ၃လ )
-----------------
ထောပါတ်သီးတွင် အမျှင်ဓါတ်၊ ဗီတာမင်ကေ၊စီ၊ဘီ6၊ folate၊ potassium တို
့များစွာကြွယ်ဝသည်။ ထောပါတ်သီးတွင် လူ့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်သော
အဆီဓါတ်များပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလည်း
ကာကွယ်ပေးပါသည်။ထောပါတ်သီးဟာလည်း ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်တတ်သော ပျို
့အန်ချင်စိတ်ကို သက်သာပျောက်ကင်းစေပါသည်။ ကလေး၏ ဦးနှောက် နှင့် တစ်ရှူ
းဖွံ့ ဖြိုးမှူကိုလည်းအထောက်အပံ့ဖြစ်စေပါသည်။
ဒိန်ချဉ် ( ဒုတိယ ၃လ )
-------
ဒိန်ချဉ်တွင် နွားနို့များနည်းတူ ကယ်စီယံဓါတ်ကြွယ်ဝပြီး
folateဓါတ်များလည်းပါဝင်သည်။ ကယ်စီယံပြည့်ဝခြင်းဟာ မိခင်ကောကလေးပါ
အရိုးတည်ဆောက်မှုကိုကောင်းမွန်စေပါသည်။
သင်္ဘောသီးအမှည့် ( တတိယ ၃ လ )
------------------------
သင်္ဘောသီးတွင်လည်း ဗီတာမင်စီ၊ အမျှင်ဓါတ်၊ folate နှင့် potassium
ဓါတ်များပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်အထူးသဖြင့် တတိယကာလတွင်ဖြစ်ပေါ်တတ်သော
ရင်ပူခြင်းကို သက်သာ ပျောက်ကင်းစေရန်အကောင်းဆုံး သဘာဝနည်းလမ်းမှာ
သင်္ဘောသီးစားခြင်းပင်ဖြစ်သည်။ ဒါပေမယ့်ကိုယ်ဝန်ဆောင်မိခင်များကတော့
သဘောင်္သီးအမှည့်ကိုသာစားသုံးရပါမည်။
အခွံမာသီးများ ( တတိယ ၃ လ )
---------------
Almonds၊ Pistachios၊ သစ်ကြားသီး၊ သီဟိုလ်စေ့ စသောအခွံ မာသီးအများစုတွင်
ကျန်းမာရေးအတွက်ကောင်းမွန်သော အဆီဓါတ်များ၊ အသားဓါတ် နှင့်
အမျှင်ဓါတ်များပါဝင်သည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ
ကိုယ်ဝန်ဆောင်မိခင်များသည် အမြဲတမ်းလိုလို နေထိုင်ရတာ
သက်သောင့်သက်သာမရှိပဲဖြစ်လာတတ်သည်။ အစာကို အကြိမ်များစွာ စားသုံးဖို
့လိုအပ်လာသည်တတိယ ၃လ အချိန်တွင် ထိုအခွံ့ မာအသီးများကိုလည်း
ပိုမိုစားသုံးပေးသင့်သည်။
အဆီဓါတ်ကြွယ်ဝသောငါးများ ( တတိယ ၃ လ )
--------------------------------
အဆီဓါတ်ကြွယ်ဝသောငါးများကိုစားသုံးခြင်းဖြင့် omega 3 ဓါတ်ကြွယ်ဝကာ နှလုံး
နှင့် ဦးနှောက်ကို ပိုမိုအားကောင်းစေသည်။ လူတစ်ဦးဟာ ၁ပါတ်လျှင်
၆ouncesရှိတူနာငါးကိုစားသုံးနိုင်သည်။
ဒါပေမယ့်ထိုပမာဏထက်ပိုမိုစားသုံးလျှင် ခန္ဓာကိုယ်တွင်း မာကျူရီဓါတ်
မြင့်တက်လာပြီး ကလေးငယ်ကိုထိခိုက်စေနိုင်ပါသည်။
ထို့အတူ ပန်းမုန်လာအစိမ်း၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အရွက်များ အရောင်စုံအသီးအနှံများကိုလည်း အဟာရပြည့်ဝစေရန် စားသုံးသင့်ပါသည်။
https://www.facebook.com/redhotcompany/posts/627359427361017
8/17/2014
ကိုယ်ဝန်ဆောင်ချိန် ကာလအပိုင်းအခြားအလိုက် စားသုံးသင့်သည့် အကောင်းဆုံးအစားအစာများ
8/17/2014
Dim