8/17/2014

ကိုယ်ဝန်ဆောင်မိခင်များ သိထားသင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက်အလက်များ..

အောက်ဖော်ပြပါအချက်အလက်များအား ကိုယ်ဝန်ဆောင်မိခင်လောင်းတိုင်း သိရှိထားပြီးပြီ ဟုယူဆပါတယ်။ ဒါပေမယ့် သတိလက်လွတ် မဖြစ်စေရန် ထပ်လောင်းသတိပေးလိုက်ပါတယ်။

- Caffeine ဓာတ်အများအပြားပါဝင်သော အစားအစာများဖြစ်သည့် ကော်ဖီ၊ ချောကလက်၊ လဖ္ဘက်ရည်၊ ကိုလာ၊ အားဖြည့်အချိုရည် ကဲ့သို့သော အရာများကို ရှောင်းရှားသင့်ပါသည်။ စားသောက်ပါကလည်း တနေ့ Caffeine ဓာတ် ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။

-Alcohol ပါဝင်သော မည်သည့် အရာမဆို ရှောင်ရှားနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ်။

-ပင်လယ် အစားအစာများကိုလည်း မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယ္ခုအချိန်မှာ ပင်လယ်အတွင်း Mercury ( ပြဒါး ) ဓာတ်မြင့်မားလာနေခြင်းကြောင့် ပင်လယ်အစားအစာများ စားသုံးခြင့်ဖြင့် ပြဒါးဓာတ် ( အဆိပ် ) ဟာ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်မှတဆင့် ကလေးငယ်၏ အမြင်အာရုံ၊ အကြားအာရုံ၊ ဦးနှောက်အာရုံကြော ဖွံ့ ဖြိုးမှုကိုထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။ဒါပေမယ့် Omega - 3 ဓာတ်ကြွယ်ဝသော ဆော်လမွန်ငါးကဲ့သို့သော Mercury ( ပြဒါး ) ဓာတ် ပါဝင်မှုနှန်း နည်းပါသော ငါးများကိုတော့ လေ့လားပြီး စားသောက်နို်င်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် တပါတ်မှာ တူနာငါး ၆ အောင်စ ထက်ပိုမို မစားသုံးသင့် ပါဘူး။

-အသားစိမ်း၊ ငါးစိမ်း၊ ဥအစိမ်း ( ကျက်အောင်မပြုလုပ်ထားသော ဥပြုပ်၊ ဥကြော်များ )၊ မကျိုချက်ရသေးသော နို့ များတွင် ဘက်တီးရီးယားများစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ကလေးပျက်ကျနို်င်ခြေ မြင့်မားသောကြောင့် ရှောင်ရှားသင့်ပါတယ်။ ယမ်းစိမ်းများပါဝင်သော အသားကင်အမျိုးမျိုးကိုလည်း မစားသင့်ပါဘူး။

-အသည်း၊ ကလီဇာ များဟာလည်း ရှောင်ရှားသင့်တဲ့အစားအစာတွေ ထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အသည်း၊ ကလီဇာ များတွင် ဗီတာမင် အေ များစွာပါဝင်သောကြောင့် ထိုအစားအစာများကို လွန်ကဲစွာ စားသောက်ပါက ကလေးငယ်များတွင် မွေးရာပါ ချွတ်ယွင်းချက်များဖြစ်နိုင်သလို အသည်းကိုလည်းထိခိုက်စေနိုင်ပါသည်။

-ကြက်ဟင်းခါးသီး၊ မှို ၊ ဒညင်းသီး ကဲ့သို့သောအစားအစာများကိုလည်း ရှောင်ရှားရပါမယ်။ အထူးသဖြင့် ကြက်ဟင်းခါးသီးဟာ ကိုယ်ဝန်နုနယ်စဉ် ကိုယ်ဝန်ပျက်ကျနိုင်ချေ မြင့်မားသောကြောင့် လုံးဝ မစားသုံးသင့်သော အသီးဖြစ်ပါသည်။

-Folic Acid ပါဝင်သောအသီးအနှံများကို ပိုမို စားသုံးသင့်ပါသည်။ Folic Acid ပါဝင်သောအသီးအနှံများကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ကလေးငယ်များ၏ ဦးနှောက်နှင့် ပင်မအာရုံကြောစနစ် ချွတ်ယွင်းခြင်းကို ကာကွယ်ပေးပါသည်။ Folic Acid ကို ကိုယ်ဝန်ဆောင်တွေအတွက် Superhero ဟုပင်တင်စားကြပါသည်။

-အုန်းစိမ်းရည်ဟာလည်းမိခင်လောင်းများသောက်သုံးသင့်သောအရည်တစ်မျိုးဖြစ်ပါသည်။ အုန်းရည်တွင် နို့ ထက် အဟာရဓာတ် ပိုမိုများပြားစွာ ပါဝင်ပြီး သကြားဓာတ်၊ ဆားဓာတ်၊ ဗီတာမင် ဓာတ်များလည်း ပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုပျောက်ကင်းစေပါသည်။ အုန်းရည်တွင် ပိုတက်စီယမ်ဓာတ် လည်းများစွာကြွယ်ဝပါသည်။ အုန်းရည်သည် ၀မ်းပျက် ၀မ်းလျှောရပ်အောင်လည်းကူညီပေးပါသည်။ အုန်းရည်တွင် ဓာတ်စားနှင့် မရှိမဖြစ် အဟာရဓာတ်များစွာ ပါဝင်သောကြောင့် ၀မ်းပျက် ၀မ်းလျှောနေချိန်တွင် သောက်သုံးနိုင်သလို အစာကြေညက်စေခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းမွန်စေခြင်း၊ ၀မ်းချုပ်ခြင်းကို သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည်။

-ပရိုတိန်း ကြွယ်ဝသောအစားအစာများကို ပိုမိုစားသောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးများဟာ သာမာန်အမျိုးသမီးများထက် ပရိုတိန်းဓာတ် အနည်းဆုံး တနေ့ ၁၀ ဂရမ် ပိုမို စားသောက်ရပါမယ်။ ပုံမှန်အမျိုးသ မီးများဟာ တနေ့လျှင် ၄၅ ဂရမ် လောက်သာလိုအပ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကတော့ တနေ့အနည်းဆုံး ၆၀ ဂရမ် လောက်လိုအပ်ပါသည်။

-Omega - 3 ဟာလည်း ကိုယ်ဝန်သည်များအတွက် အဓိက လိုအပ်သော ဓာတ်တစ်မျိုးဖြစ်ပါသည်။ Omega - 3 တွင် EPA နှင့် DHA တို့ ပါဝင်ပါသည်။ EPA သည်ကလေး၏ နှလုံး၊ ခုခံအားစနစ်ကို ပိုမို အားကောင်းစေပါသည်။ DHA ကတော့ ကလေးငယ်၏ ဦးနှောက်၊ မျက်လုံး၊ အာရုံကြော ဖွံ့ ဖြိုးမှုကို ပိုမိုအားကောင်းစေပါသည်။Omega - 3 ဆိုတိုင်းလည်း ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရန်မသင့်တော်ပါ။ Cod Liver Oilကဲ့သို့သော ငါးကြီးဆီများတွင် ဗီတာမင်အေ များစွာပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များမသောက်သုံးသင့်ပါ။ Omega - 3 ပါဝင်သောဆေးဝါးများကို နေ့စဉ်သောက်သုံးပါကလည်း ဆရာဝန်ညွှန်ကြားသော သင့်တော်သည့်ဆေးဝါးများကိုသာ ရွေးချယ် သောက်သုံးသင့်ပါသည်။


https://www.facebook.com/photo.php?fbid=622210461209247