ယောင်္ကျားတစ်ယောက်ဟာ လူပျိုဘ၀ကနေ
အိမ်ထောင်သည်တစ်ယောက်အဖြစ်ပြောင်းလဲသွားချိန်မှာ
ပြောင်းလဲမှုဟာအများကြီးမရှိသေးပေမဲ့ ကိုယ့်အမျိုးသမီး
ကိုယ်ဝန်ရနေပြီဆိုပြီး သိလိုက်ရတဲ့အချိန်ကစပြီး အရင်ကနဲ့ဘာမှမတူတော့တဲ့
အိမ်ထောင်သည် ဖခင်ဘ၀ကို ပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ ဒီတော့
ဘ၀ရဲ့အကြီးမားဆုံးသော
ပြောင်းလဲမှုတစ်ခုအတွက်ဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတဲ့အချက်လေးတွေကို
စုစည်းတင်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ရှိလာသည်နှင့်
ဇနီးသည်၏ခန္ဓကိုယ်အတွင်း မိမိ၏ သက်ရှိကလေး တစ်ယောက် ရောက်နေပါပြီ။
ဒီကလေးလေးရှင်သန်ကြီးထွားဖို့နှင့် လူ့လောကထဲကို
ကျန်းကျန်းမာမာရောက်ရှိလာဖို့ အမျိုးသမီးတိုင်းဟာဒုက္ခမျိုးစုံကို
လပေါင်းများစွာ ခံစားပြီးမှ မီးဖွားကြရတာပါ။ သာမာန်အနေနဲ့ကြည့်ရင်တော့
ဘာမှမဟုတ်ပေမဲ့ ကိုယ်တိုင်ဝင်ခံစားပြီးမှနားလည်နိုင်တဲ့ ဒုက္ခတွေကို တော့
ယောင်္ကျားတိုင်းသိရှိသင့်ပါတယ်။
ကလေးလေးကဘာလေးလဲဆိုတာကို အဓိကမသတ်မှတ်ပါနဲ့ ။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အားလုံးဟာ သင့်ရဲ့ကလေးလေးပါပဲ။
သင့်အမျိုးသမီး ကိုယ်ဝန်ရှိလာသည်နှင့် လူတွေအလယ် နှစ်ဘက်မိသားစုတွေအလယ်မှာ
သာမာန်ထက်ပိုတဲ့ဂရုစိုက်မှုကိုခံရတဲ့သူ အဖြစ်ပြောင်းလဲသွားပါပြီ။
ဒါကိုလက်ခံနိုင်အောင်ကြိုးစားပါ။
သင်ကလည်း သာမာန်ထက်ပိုတဲ့ဂရုစိုက်မှုတွေကို သူ့ကိုပေးနိုင်အောင်ကြိုးစားပါ။
ကိုယ်ဝန်စတင်သည်နှင့် မိမိအမျိုးသမီး၏ နေထိုင်ပုံအားလုံးကိုမှတ်သားထားပါ။
ဆေးခန်းဆေးရုံ ဖုန်းနံပါတ်များ မိမိမှာရှိပါစေ။
သင်၏အမျိုးသမီးအထူးကုဆရာဝန်၏ ဖုန်းနံပါတ် နှင့် ဘယ်နေ့ ဘယ်ဆေးခန်းမှာ
ဘယ်အချိန် ထိုင်သည်ဆိုသည့် အချိန်ဇယားအတိအကျ ပါ မိမိ နားတွင်ဆောင်ထားပါ။
ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုယ်ဝန်စတင်သည်နှင့် ရင်သားဟာကြီးထွားပြောင်းလဲ
လာပါတယ်။ ဒါဟာ မိမိနှင့်မဆိုင်သေးဘူးဆိုတာကိုတော့ သတိရစေချင်ပါတယ်။
ထို့အတူ ဟိုမုန်းပြောင်းလဲလာခြင်းတွေကြောင့်လည်း
ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျှောက်
လိင်ဆက်ဆံခြင်းကိုလိုလားလေ့ မရှိတတ်ပါဘူး။ ဒါကို သင်နားလည်ပါ။
သင်၏အမျိုးသမီးအား
ဆရာဝန်ညွှန်ကြားသောဆေးများသောက်သုံးရန်မေ့လျှော့နေသောအချိန်များတွင်
သတိပေးပါ။ မိမိကလည်း သူသောက်သုံးသောဆေးများအကြောင်းနှင့်
သောက်သုံးချိန်များကိုလေ့လာထားပါ။
ကျန်းမားသောအစားအသောက်များကို ကျွေးပါ။
ကိုယ်ဝန်ဆောင်မိခင်များနှင့်ဆိုင်သော စာပေများ ကလေးနှင့်ဆိုင်သော စာပေဗဟုသုတများကိုလေ့လာပါ။ သင်ယူပါ။ အသုံးချပါ။
အပျော်အပါးကိုလျှော့ပါ။ ငွေကိုစုဆောင်းပါ။ အချိန်ပေးပါ။
စိတ်ချမ်းသာအောင်ထားပါ။ ဘာပဲဖြစ်ဖြစ် အပြုံးနှင့်သာဆက်ဆံပါ။ အလျှော့ပေးပါ။
သူဟာ ဟိုမုန်းအပြောင်းအလဲကြောင့်စိတ်ကျခြင်း၊ စိတ်တိုခြင်း၊
ဝမ်းနည်းလွယ်ခြင်း တို့ဖြစ်တတ်တယ်ဆိုတာကို နားလည်ထားပါ။ စာနာပေးပါ။
အမြဲတမ်း မိမိအမျိုးသမီး ကျန်းမာစေရန်ကူညီဆောင်ရွက်ပါ။ လေ့ကျင်းခန်းများအတွက်လည်း မိမိမှဦးဆောင်ကူညီလေ့ကျင့်ပေးပါ။
ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ညချိန်အိပ်ရေးပျက်ခြင်းများကြုံတွေ့ လာပါမည်။ ဒါကို လက်ခံပေးပါ။ နားလည်ပေးပါ ။
ညအချိန် သာမာန်ထက်ပို ဗိုက်စာတာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းပါ။ ဒါအတွက် သင်ကကြိုတင်ပြင်ဆင်ပေးပါ။
မီးဖွားဖို့ ရက်နီးလာသည်နှင့်အမျှ လုပ်စရာရှိတဲ့အလုပ်များကို
မီးဖွားသည့်ရက်မတိုင်ခင် အကုန်ဖြတ်ထားပါ။ အလုပ်မှခွင့်ယူရန်
လိုသည့်သူများအနေဖြင့်လည်း အထက်ကိုကြိုတင်အကြောင်းကြားတင်ပြထားပါ။
မီးဖွားရန်အတွက် လိုအပ်သောငွေကြေးကိုလည်းကြိုတင်စုဆောင်းထားပါ။
မီဖွားချိန်တွင်အသုံးပြုရန်အတွက် လိုအပ်သော ပစ္စည်းများ ( ကလေးအတွက် ၊
အမျိုးသမီးအတွက်၊ မိမိအတွက်)
အားလုံးကိုကြိုတင်စဉ်းစားပြီးအဆင်သင့်ပြင်ထားပါ။
ကလေးမီးဖွားပြီးချိန်အတွက် အခန်းကို အသင့်ပြင်ရမှာ သင်ကိုယ်တိုင်ပါ။
ကလေးရဲ့ အညစ်အကြေး တွေကို ထိတွေ့ ဖို့ အဆင်သင့်ပြင်ထားပါ။
သင်ဟာဘယ်လောက်ပဲချမ်းသာ၊ သူနာပြုဘယ်နှစ်ယောက်ငှားငှား ဖခင်မေတ္တာက
ဘယ်အရာကိုမှအစားထိုးလို့ မရနိုင်ပါဘူး။
ကလေးရဲ့ အနာဂါတ်အတွက်စီမံပေးဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့ ။
မိမိအတွက်အဖိုးတန်ရတနာကလေးတစ်ယောက်မွေးဖွားပေးမည့်သင်၏အမျိုးသမီးဟာလည်း သင့်အတွက်ရတနာပါပဲ။
နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ကိုတိုင် သန္ဓေလွယ်ထားရရင်ဘာလုပ်မှာလဲ၊
ဘာလုပ်ခံချင်လဲ၊ ဘာတွေလိုအပ်မှာလဲ ဆိုတာတွေကို အမြဲသတိရပြီး
မိမိအမျိုးသမီးအပေါ်ဂရုစိုက်ခြင်းဖြင့်
ပျော်ရွင်သောနေ့ရက်များကိုဖြတ်သန်းနိုင်ကြပါစေ။
https://www.facebook.com/redhotcompany/posts/631567580273535
8/17/2014
ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာလုပ်ပေးရမှာလဲ။
8/17/2014
Dim