ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
ကိုယ်ဝန်ရှိသည်ကိုစတင်သိရှိသည်နှင့် ဦးစွာပထမလုပ်ရမှာကတော့
သွားဖွားမီးရပ်ဆရာဝန် နှင့် တတ်နိုင်သမျှစောအောင် ကိုယ်ဝန်အပ်နှံရေးပါပဲ။
ဆရာဝန်များနှင့်ဝေးတဲ့အရပ်ဒေသဖြစ်ပါက ဒေသံသရကျန်းများရေးဆရာ-ဆရာမများနှင့်
ပြသရပါမယ်။ ဆရာဝန်များရဲညွှန်ကြားချက်ကိုခံယူပြီး ultrasound
စစ်ဆေးမှုများလည်းပြုလုပ်ရပါမည်။
ကိုယ်ဝန်စတင်ရှိလာသည်နှင့်
မိခင်ကောကလေးပါကျန်းမာဖို့အတွက် အဟာရရှိတဲ့အစားအသောက်များစားသုံး
ဖို့ဟာလည်း အရေးပါတဲ့ အရာတစ်ခုပါ။ မိခင်လောင်းများအနေနဲ့ အသီးသို့မဟုတ်
အရွက် ၅မျိုးကို နေစဉ်စားသုံးရပါမယ်။ အသား၊ပဲ၊ငါး၊ဥ၊ နို့ စသည့်
အဟာရဖြစ်စေသော အစားအစာများကိုလည်း ပုံမှန်စားသုံးရပါမယ်။
အစာပိုစားခြင်းဆိုသည်မှာ ကလေးအတွက် ၂ယောက်စာပိုစားခြင်းမျိုးမဟုတ်ပဲ
အဟာရပြည့်ဝသောအစားအစာများကို ပိုမိုစားသုံးခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့်
ကိုယ်ဝန် ၆လမှ စတင်ကာ အပို ကယ်ရိုရီ ၂၀၀ လောက်ပိုမိုစားသုံးရပါမယ်။
ဒါအပြင့် အဟာရရှိသည့် အစာပြေမုန့်များကိုလည်း အစဉ်အမြဲဆောင်ထားပြီး
စာတိုင်းစားသောက်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ထပ်ဆင့်အနေနဲ
့လိုအပ်သော ဖြည့်စွက်ဆေးဝါးများလည်းသောက်သုံးသင့်ပါတယ်။ ဖောလစ်အက်စစ် ဟာ
ကိုယ်ဝန်ဆောင်များအတွက် အရေးအကြီးဆုံးဖြစ်လို့ ဖောလစ်အက်စစ်၄၀၀
မိုက်ခရိုဂရမ် ပါဝင်တဲ့ ဆေးဝါးများသောက်သုံးရပါမယ်။ ဗီတာမင် ဒီ ဟာကလေးရဲ
့အရိုးသန်စွမ်းရေးအတွက် လိုအပ်သဖြင့် ၁၀ မိုက်ခရိုဂရမ် လောက်ပါဝင်သော
ဗီတာမင် ဒီ ဆေးဝါးများလည်းသောက်သုံးနိုင်ပါတယ်။ ဒီဆေးများသောက်သုံးရာတွင်
ဆရာဝန်ညွှန်ကြားသောဆေးတံဆိပ် များကိုသာသောက်သုံးရပါမယ်။ အချို့ဆေးဝါးများဟာ
တရားဝင်ဆေးဝါးများမဟုတ်တဲ့အတွက် အရည်အသွေးများစွာအားနည်းနိုင်သလို
မှားယွင်းသော ဖော်စပ်မှုများကြောင့်လည်း ကလေးကိုထိခိုက်နိုင်တဲ့အတွက်
ဆရာဝန်အားဦးစွာတိုင်ပင်ပြီးမှသောက်သုံးသင့်ကြောင့်အကြံပြုပါရစေ။
ဝင်ငွေနည်းပါးသော မိခင်များအနေဖြင့်လည်း ကျန်းမာရေစေးခန်းများ
ဒေသံသရဆေးခန်းများမှာ ကိုယ်ဝန်ဆောင်သည်နှင့် အချို့အားဖြည့်ဆေးများကို
အခမဲ့ရယူနိုင်ပါတယ်။
အစားအသောက်သန့်ရှင်းမှုဟာလည်းကိုယ်ဝန်ဆောင်မိခင်များအတွက် အဓိကကြတဲ့
အချက်ပါ။ အစားအသောက်များမှတစ်ဆင့်မိခင်၏ကိုယ်ခန္ဓာအတွင်းသို့ ပိုးမွားများ
အများဆုံးဝင်ရောက်နိုင်ပါတယ်။ ထို့အတွက်ကြောင့် အစားအသောက်များကို
သေချာဆေးကြောပါ။ မှိုတက်နေတဲ့အစားအစာတွေကိုရှောင်ပါ။
ရောဂါပိုးမွားများရှိတတ်တဲ့ ငပိ၊ ချဉ်ဖက်များ ကိုလည်း
တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။ အသားများကိုလည်း
ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးသင့်ပါတယ်။ အသီးအရွက်များဟာလည်း
ပိုးသတ်ဆေးများစွာရှိနိုင်သဖြင့် သေချာဆေးကြောပါ။ အသီးများကိုလည်း
အခွံခွာစားပါ။ ဥများကိုလည်း ကျက်အောင်ပြုလုပ်ပြီးမှာစားသုံးပါ။
အညစ်အကြေးများကိုလည်း အဖြစ်မနေကိုင်တွယ်ရပါက လက်အိပ်စွပ်ပြီးမှာကိုင်ပါ။
လက်အိပ်မရှိပါကလည်း
ကိုင်တွယ်ပြီးချိန်တွင်လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။ ကြောင်များ ၏
သန်းများ အညစ်အကြေးများနှင့်လည်းဝေးအောင်နေပါ။
အဘယ့်ကြောင့်ဆိုသော်ကြောင်များနှင့် ဆက်စပ်ဖြစ်ပွားသော Toxoplasmosis
ရောဂါဟာလွန်စွာမှပြင်းထန်သောကြောင့်ဖြစ်ပါတယ်။ ထိုရောဂါအကြောင်းအောက်ပါ
လင့်မှာလေ့လာနိုင်ပါတယ်။
ေေေေ(ကြောင်များမှအဓိကဖြစ်ပွားသောToxoplasmosis ရောဂါအကြောင်း
https://www.facebook.com/photo.php?fbid=626285054135121 )
မိခင်လောင်းအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက်ဟုဆိုကာ
သာမာန်ထက်ပိုပြီး အိပ်စက်ခြင်း၊ ထိုင်ခြင်းတို့ကိုပိုမိုပြုလုပ်ကြပါတယ်။
ဒါဟာမှားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ
မိခင်လောင်းများအနေဖြင့်ကျန်းမာရေးအတွက်
သာမာန်အပေါ့စားလေ့ကျင့်ခန်းများပြုလုပရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်များအတွက်
အပေါ့စားလေ့ကျင့်ခန်းများကို ဖော်ပြပြီးဖြစ်သဖြင့် Happy Mom Pregnancy
Pillow page အတွင်းဝင်ရောက်လေ့လာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အရက် ဆေးလိပ်
မူးယစ်ဆေးဝါးသုံးစွဲခြင်းလုံးဝအပြုလုပ်သင့်ပါဘူး။ caffeineဓါတ်ပါသာ
အစားအသောက်များ ကော်ဖီ၊ ချောကလက်စသော အရာများကို လည်း လျှော့စားသင့်ပါတယ်။
caffeineဓါတ် ၂၀၀ မီလီဂရမ်ဟာ ကလေးတွေကို
အန္တာရယ်မဖြစ်စေဘူးလို့တော့ဆိုပါတယ်။ ဒါဟာ အသင့်ဖျော်
ကော်ဖီ၂ခွက်နဲ့ညီမျှပါတယ်။ ဒီတော့တစ်နေ့
ကော်ဖီ၂ခွက်ထက်တော့ပိုမသောက်သင့်ဘူးပေါ့။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း သာမာန်ထက်ပိုမိုအနားယူ သင့်ပါတယ်။
နေ့ခင်းနေ့လည်တွင်လည်း တစ်ရေးလောက်အိပ်စက်သင့်ပါတယ်။ ဒါပေမယ့်ညအချိန်တွင်
အိပ်မရလောက်အောင်တော့ နေ့ခင်းတွင်မအိပ်သင့်ပါဘူး။ တစ်ကြိမ်အိပ်ပါက
နာရီဝက်ထက်ပို မအိပ်သင့်ပါဘူးလို သိပ္ပံနည်းတွက်ချက်ခြင်းတွေကဆိုပါတယ်။
အနားယူခြင်းဆိုရာတွင် အိပ်စက်ခြင်းဆိုသည်ထက် စိတ်အပန်းဖြေခြင်း
ကိုယ်အပန်းဖြေခြင်းမျိုးဖြစ်စေမည့် အရာများကို ပိုမို လုပ်ဆောင်သင့်ပါသည်။
ေေေေေေေေေေေေေေေ နောက်ဆုံးအနေဖြင့်
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဟိုမုန်းအပြောင်းအလဲ၊ခန္ဓာကိုယ်ဖွဲ
့စည်းပုံအပြောင်းအလဲတွေကြောင့် နေထိုင်ရမအီမသာဖြစ်ခြင်း၊
ညညအိပ်မရခြင်း၊
စိတ်ကျခြင်းများလည်းဖြစ်စေနိုင်တဲ့အတွက်
ပျော်ရွင်သောပါတ်ဝန်းကျင်တစ်ခုဖြစ်အောင်
မိသားစုများအားလုံးမှလည်းကူညီစောင်ရွက်ပေးကြဖို့လွန်စွာမှအရေးကြီးပါတယ်။
https://www.facebook.com/redhotcompany
8/17/2014
ကိုယ်ဝန်ဆောင်များကျန်းမာစေရေးနည်းလမ်းကောင်းများ
8/17/2014
Dim