8/17/2014

သွေးပေါင်ကျခြင်းအတွက် သဘာဝကုထုံး

  သွေးပေါင်ကျခြင်းဆိုသည်မှာ 
 အရွယ်ရောက်သူတစ်ဦးရဲ့  ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂၀/၈၀) အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိသင့်ပါတယ်။ အကယ်၍ သွေးပေါင်ချိန်ဟာ (၉၀/၆၀) အောက်သို့ ထိုးဆင်းသွားခြင်း ကို သွေးေ ပါင် ကျတယ်လို့ ခေါ်ပါတယ်။ ရုတ်တရက်သွေးပေါင်ကျခြင်း ဟာ ရုတ်တရက်သွေးတိုးခြင်းလိုဘဲ အသက် အန္တရာယ်စိုးရိမ်ရပါတယ်။ နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့  အရေး ကြီး အစိတ် အပိုင်း များသို့ အောက်စီဂျင်ပြတ်လပ်ကာ၊ နောက်ဆုံးမှာတော့ နှလုံး၊ ဦးနှောက်အာရုံကြောနှင့် သွေြး ပန်ကြောများကို ထိခိုက်ပျက်စီးစေပါတယ်။

  ဘာ့ကြောင့်ဖြစ် 
 အမျိုးသား/အမျိုးသမီး ၁၀ ဦးတွင် ၀.၅ ဦးနှုန်းခန့် မွေးရာပါ သွေးပေါင်ကျရောဂါပါလာတတ်ကြပါတယ်။ အာဟာရချို့ တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွုက်၊ ဆီးချို၊ ဂလူး ကို့ စ် ကျဆင်းခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မ တည့်ခြင်း၊ သွေးမလျှောက်ရောဂါ တို့ ကြောင့် သွေးေ ပါင်ကျစေပါတယ်။ ထို့ ပြင် သွေးတိုးကျဆေးများ ဆက်တိုက်သောက်သုံး ခြင်း၊ နှလုံးရောဂါပျောက်ေ ဆး၊ လေဖြတ်ရောဂါ နှင့် အသည်းရောဂါဆေးများ မှီဝဲကြရသူများတွင် ထိုဆေးများ၏ ဘေးထွက်ဆိုး ကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်များမှာ ခန္ဓာကိုယ်တွင်းသွေးလည် ပတ်စီးဆင်းမှု ချဲ့ ထွင်ပေးရ သဖြင့် မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။
< သွေးပေါင်ကျ လက္ခဏာများ >
သွေးတိုးရောဂါကဲ့သို့  ခေါင်းမူး-ခေါင်းကိုက်-မျက်ရိုးကိုက်တတ်ပါတယ်။ ထို့ ပြင် မူးနောက်နောက်ြ ဖစ်ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ ရေငတ်ခြင်း၊ နှူတ်ခမ်း-လက်ဖ၀ါး-မျက်တွင်းသား-ခြေဖ၀ါးနှင့် အရေပြားအရောင်ဖျော့ေ တာ့ ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံး လျှင်မြန် စွာခုန်လာခြင်း၊ အသက်ပြင်းပြင်းမရှုနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက်မွန်း ကြပ်ခြင်း…စသည်တို့ က သွေးပေါင်ကျ လက္ခဏာများဖြစ်ပါတယ်။
 
အနေအထိုင်ဆင်ခြင် ကုထုံးနည်း 
(၁) ခြေထောက်မှသွေးများ နှလုံးထံသို့ ပြန်လည်စီးဆင်းလာစေအောင် အိပ်ယာထက်တွင် ပက်လက် လှန်ပြီး၊ ခြေထောက် ၂ ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာ အ ယာလှုပ်ရှားပေးပါ။

(၂) ယောဂကျင့်စဉ်ကလည်း စိတ်ငြိမ်၍ အာရုံကြောအဖွဲ့ အစည်းကိုမျှတစေသည့်ပြင် သွေးလည်ပတ် စီးဆင်းမှုကို တိုးတက် ကောင်းမွန်လာစေပါတယ်။

(၃) အချိန်အကြာကြီး မတ်တပ်မရပ်ပါနှင့်။

(၄) ထိုင်ရာမှ ချက်ချင်းမတ်တပ်ထရပ်ခြင်း (သို့ မဟုတ်) တစ်ဘက်သို့ ရုတ်တရက်ခေါင်းလှည်ခြင်း မပြုလုပ်ရ။

(၅) ချွေးထွက်မလွန်ရလေအောင် နေအပူရှိန် (၀ါ) မီးပူဒဏ်မခံပါနှင့်။

(၆) လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့ ၊ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်ြ ဖည့်ေ ပးဖို့ လို့ ပါတယ်။ တစ် နေ့ လျှင် အနည်းဆုံး မိနစ် ၃၀ မျှတရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါး စလုံးအတွက် သဘာဝအားဖြည့်ဆေးပါဘဲ။

(၇) ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ်မျှ ကျောရိုးနှိပ်ခံခြင်းက၊ အရိုး-အရိုးဆက်-ကြွက်သား တို့ ကို ပြေေ လျာ့၍ ပင်ပန်းနွယ်မှု သက် သာစေရုံသာမက၊ သွေးလည်ပတ်စီးဆင်း မှုကိုလည်း ကောင်းမွန်ေ စပါ တယ်။

(၈) ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်၍ အသက်ရှုသွင်းလေ့ကျင့်ခဏ်းက သွေးလည်ပတ်စီးဆင်းမှု ကို ကောင်းမွန် တိုးတက်စေပါ တယ်။ တစ်နေ့ လျှင် မိနစ် ၂၀ ခန့်လမ်းလျှောက်ရင်း၊ လေရှုသွင်း ပါ။ လေတစ်ကြိမ်ရှုတိုင်း အနဲဆုံး ၃မိနစ် ကြာအောင် ရှိုက်ပါ။

 အစားအသောက် ကုထုံး
(၁) ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့  ရေဓာတ်မဆုံးရှုံးရလေအောင် တစ်နေ့ လျှင် အနည်းဆုံး သောက်ရေ ၈ ခွက် (သို့ မဟုတ်) အရည်ရွှမ်းသော သစ်သီးများများစားေ ပးပါ။

(၂) ဆား နှင့် ဆိုဒီယမ်ဓာတ်ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။ (သို့ေ သာ် အလွန်အကျွံမစားပါနှင့်)

(၃) စပျစ်သီးခြောက် ၁၀-လုံးကို ရေတညသိပ်ပြီး စားပါ။ ဤနည်းအတိုင်း တစ်လတိတိစားပေးပါ က၊ သွေးေ ပါင် ကို ပုံမှန်ဖြစ်လာ စေပါတယ်။

(၄) ဗာဒံစေ့ကို နွားနို့ ပူပူဖြင့် သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံးအိမ်တွင်းကုထုံး လို့ ဆိုကြပါတယ်။

(၅) မြေပဲ မှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့  ကြွယ်ဝစာပါရှိလို့  မြေပဲကြော်စားပေးပါ။

(၆) စွန်ပလွန်သီးကို နွားနို့ နွေးနွေးဖြင့် တစ်နေ့  ၂ကြိမ် (သို့ မဟုတ်) ၃ကြိမ် သောက်ခြင်းကလည်း ထိရောက်မှုဖြစ်စေပါတယ်။

(၇) သဘာဝကြံရည်က ခွန်အားတိုးပွားစေပြီး၊ မူးမော်ခြင်းကင်း၍ သွေးပေါင်ပြည့်စေပါတယ်။

(၈) ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့ ၊ ဂျုံမြက်ကို နွားနို့ ဖြင့်ပြုတ်၍ တစ်နေ့  ၂ကြိမ်ေ သာက်ေ ပးပါ။

(၉) ဆီကြော်မုန့် များ နှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်းက သွေးပေါင် အတက်/ အကျ ကြမ်းစေရုံသာမက၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများလည်း ဖြစ်လာစေပါတယ်။

(၁၀) ဗီတာမင်စီကြွယ်ဝသော သံပုရာသီးကို ဆား/သကြားသင့်ရုံ ဖျော်သောက်ပေးခြင်းက အမူးအေ မ်ာပြေစေသလို၊ သွေးပေါင် ချိန်ပြန်တက်လာစေပါတယ်။

(၁၁) ကွေကာအုတ်ထဲတွင်ပါရှိသော ကစီဓာတ်က ခွန်းအားလည်းပြည့်၊ သွေးလည်မှု လည်း ကောင်း မွန်ေ စပါတယ်။

(၁၂) ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေတတ်ပါတယ်။ ပို တက် စီယမ်ကြွယ်ဝသော ဌက် ပျောသီး၊ မုန်လာဥနီ၊ တရုပ်နံနံပင် တို့ စားပေးပါ။

(၁၃) တစ်နေ့ တာ အစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ်အြေ မာက် အများ ပါဝင်သော အဆီနည်း သည့်အသား၊ ကြက်ဥ၊ နို့ ၊နို့ ထွက်ပစ္စည်း နှင့် ချောကလက် စားပေးပါ။

(၁၄) ကြက်သွန်ဖြူက သွေးဖိအားကိုထိန်းညှိပေးလို့ ၊ ညအိပ်ယာဝင်ခါနီးတိုင်း ကြက်သွန်ဖြူ ၂တက် (၂မြွှာ)စားပါ။ (သို့ မဟုတ်) ဂျင်စင်းကလည်း သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ ဆော်ပေးကာ၊ အိပ်မော ကျစေလို့  ညအိပ်ယာဝင်ခါနီး ဂျင်စင်းဖျော်ရည် ၁-ခွက် သောက် ပေးနိုင်ပါတယ်။ ဆေးဘက်ဝင် ဟင်း ခတ် အမွှေးအကြိုင်များဖြစ်သော မန်ကျည်းသီး၊ ဂျင်း၊ ငရုပ်ကောင်း၊ သစ်ကြံ့ ပိုး ခေါက်များက သွေးေ ပါင် တက် လာစေသလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။

(၁၅) ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့  ဆီနိုင်နိုင်ဖြင့်ကြော်စားပေးပါက ၂၄ နာရီအတွင်း သွေးပေါင် ချိန် တက်လာစေပါတယ်။

(၁၆) ကီဝီသီး၊ ဖရဲသီးတို့ ကလည်း သွေးပေါင်ကျခြင်းအတွက် သဘာဝဓာတ်စာများပါဘဲ။

(၁၇) ကဖိန်းဓာတ်ပါသော လ္ဘက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီတက်စေပါတယ်။

(၁၈) အမဲအသည်းကိုကြော်စားခြင်းက ချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ ဆိုပါတယ်။

(၁၉) အစားအစာများကို နဲနဲ နှင့် မကြာခဏစားပေးခြင်းက သွေးပေါင်ချိန် ရုတ်တရက်လျော့ကျခြင်းမှ ကာကွယ်ပေးပါတယ်။
အချို့ သော သွေးအားနည်းရောဂါလက္ခဏာများဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင်တူလို့ အတွေ့ အကြုံမရှိပါက
 ဆေးမှားသောက် တတ်ကြပါတယ်။ သွေးပေါင်ချိန်အရမ်းထိုးကျသွားပါက၊ နီးစပ်ရာဆရာဝန်ပြေးခေါ်ပါ။ ဆရာဝန်မရောက်ခင် နှလုံးနှင့် ဦးနှောက် ထဲသို့ သွေးပြန်လည်စီးဆင်းစေရန် နှင့် သတိလစ်မေ့မြောခြင်းမဖြစ်စေရန်တို့ အတွက် ခြေထောက် ၂ ချောင်းကို အပေါ်သို့  ထောင်ထားပေးပါ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြု လုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)