8/17/2014

Bird Dog exercise

ဒီလိုမျိုး လေ့ကျင့်ခန်း အတွက် သင့်မှာ လုံလောက်တဲ့ကြံ့ခိုင်မှုရှိရဲ့လား?
ကမ္ဘာပေါ်က ၉၀%လောက်လူသားတွေဒါမျိုးမလုပ်နိုင်ပါဘူး။
----------------------------
ဒီလေ့ကျင့်ခန်းလေး Bird Dog exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းလေးပါပဲ။ ကြည့်လိုက်ရင်တော့လွယ်လွယ်လေးပါပဲ။ ဒါပေမယ့်သင်လုပ်ကြည့်လိုက်ပါ။ သင်ကိုယ်တိုင်နားလည်သွားပါလိမ့်မယ်။

လေ့ကျင့်ပုံကတော့-
( ၁ ) ဒီလေ့ကျင့်ခန်းကို ပုံတွင်ပြထာသလိုမျိုး ကြမ်းပေါ်မှာ ပထမဦးဆုံး ခြေ၂ဖက် လက် ၂ဖက်ထောက်လိုက်ပါ။ ထို့နောက် ခါးရိုးဦးခေါင်းတို့ကို ဆန့်တန်းထားပါ။ 


( ၂ ) လေ့ကျင့်ခန်းဒုတိယအဆင့်အနေနဲ့ ဘယ်ခြေထောက် ကို အနောက်လက်သို့ ကျောရိုးနှင့်ဖြောင့်တန်းစွာဆန့်ထုတ်ပါ။ 


( ၃ ) တတိယအဆင့်အနေနဲ့ ကတော့ ညာဖက်လက်ကိုလည်း ကျောရိုးနှင့်ဖြောင့်တန်းစွာ အရှေ့သို့ဆန့်ထုတ်ပါ။

( ၄ ) နောက်ဆုံးအဆင့်အနေနဲ့ကတော့ ပုံတွင်ဖော်ပြထားတဲ့အတိုင်း လက်(တံတောင်ဆစ်) နှင့် ဒူးတို့ကို ခါးအောက်ဖက်သို့ကွေးကာ ထိအောင်ပြုလုပ်ပါ။ 

ထို့အတိုင်း ဆက်တိုက် ၁၀ကြိမ်း-၁၅ကြိမ်လောက်ပြုလုပ်ပြီးပါက ညာခြေ-ဘယ်လက်ဖြင့် ထို့အတူ လေ့ကျင့်ပေးပါ။
ထို့အတူလက်နှင့်ခြေကို လေပေါ်တွင်တတ်နိုင်သမျှကြာကြာထားပြီး ပြန်မကြအောင်တောင့်ခံထားပေး

ခြင်းဖြင့်လည်း လေ့ကျင့်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့အကျိုးကတော့ သင့်ခန္ဓာကိုယ်ရဲ့အဓိကပင်မကျောရိုးကြွက်သားတွေသန်မာစေခြင်း၊ ကိုယ်ခန္ဓာရဲ့တည်ညိမ်မှူကို ပိုမိုထိန်းနိုင်ခြင်း၊ လေ့ကျင့်ဖို့နေရာ ကျယ်ကျယ်မလိုခြင်း တို့ဖြစ်ပါတယ်။

super လူသားတစ်ယောက်ဖြစ်ပြီလား?

ဒီလေ့ကျင့်ခန်းကို သင် တစ်လလောက်လေ့ကျင့်ပြီးရင်တော့ သင့်ကိုယ်တိုင် ကမ္ဘာပေါ်ကလူ၁၀%လောက်သာလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို စတင်စမ်းသပ်နိုင်ပါပြီ။ ဒါကတော့ Bird Dog exercise ကိုပဲ ဘယ်လက်ညာဖြေ- ညာလက်ဘယ်ခြေ ထိတာမျိုးမဟုတ်ပဲ တစ်ဖက်တည်း ညာလက်ညာခြေ-ဘယ်လက်ဘယ်ခြေ ကို တစ်ခါလုပ် ၁၀ကြိမ်လောက်ထိနိုင်ရင်တော့ သင်ဟာ လူတိုင်းမလုပ်နိုင်တဲ့ သာမာန်ထက်ပိုမိုသန်စွမ်းတဲ့super လူသားတစ်ယောက်ဖြစ်ပြီပေါ့။ 


 Credit to Happy Mom Pregnancy Pillow

 www.youtube.com/watch?v=zL0YEtJulB