7/21/2014

နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးမယ့်နည်းလမ်း(၁၀)မျိုး

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာလူ့အသက်ကို အများဆုံးသေစေနိုင်တဲ့ ရောဂါတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ နှလုံးရောဂါ မှာ (၁) နှလုံးသွေးကြောကျဉ်း (၂) နှလုံးသွေးကြောကျယ် (၃) နှလုံးကြွက်သားပုတ် (၄) နှလုံးအခန်းပျက်စီး (၅) နှလုံးအဆို့ရှင် ပျက်စီး (၆) နှလုံးအားနည်း (၇) နှလုံးရောင် (၈) နှလုံးကြီး (၉) နှလုံးသွေးကြောပေါက် စသည်ဖြင့် အမျိုးမျိုးရှိကြပြီး ထိုရော ဂါ တွေအားလုံးကိုခြုံပြီး “နှလုံးရောဂါ” လို့ပြောလေ့ရှိပါတယ်။ ခွဲစိတ်ကုသလို့ရတဲ့ နှလုံးရောဂါမျိုး ရှိသလို ခွဲစိတ်ကုသစရာမလိုပဲ စားဆေး/ထိုးဆေးများနဲ့ ရေရှည်ကုသရတဲ့ နှလုံးရောဂါ မျိုးတွေ လည်းရှိပါတယ်။ နှလုံးရောဂါက ဆီးချို၊ သွေးတိုး၊ လေငန်းရော ဂါများနဲ့ ပါဆက်စပ်မှုရှိနေတြာေ ကာင့် မပေါ့ဆဘဲ စနစ်တကျကုသမှုခံယူသင့်ပါတယ်။

ဆေးပညာများ တိုးတက်ခေတ်မီလာတဲ့အလျောက်၊ သွေးအမျိုးအစားကိုကြည့်ပြီး နှလုံးေ ရာဂါဖြ စ်နိုင်ခြေကို ဖော်ထုတ်ကြည့်ရာ၊ AB အုပ်စု သွေးအမျိုးအစားရှိသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ြေ ခအလားအလာ ၂၃ ရာခိုင်နှုန်းပိုများပြီး၊ B သွေးပိုင်ရှင်များက ၁၁ ရာခိုင်နှုန်း၊ A သွေးပိုင်ရှင်များ က ၅ ရာခိုင်နှုန်း ရှိတယ်လို့  သုတေသီများကဆိုထားပါတယ်။

< နှလုံးရောဂါလက္ခဏာများ >

(၁) ၀ဲဘက်လက်မောင်း မကြာခဏနာကျင်ကိုက်ခဲခြင်း (၂) မေးရိုးတလျှောက် နာကျင်ခြင်း(တ ချက်တ ချက် မေးရိုးတအားနာ ခြင်းကြောင့် အိပ်မောကျနေရာမှ ရုတ်တရက်လန့် နိုးခြင်း) (၃) ၀ဲဘက်ရင်အုံ အောက်တည့်တည့်မှာ သက်တောင့်သက်သာမရှိ ဘဲ အလိုလိုတင်းကြပ်ပြည့် ဆို့ နေ သ လိုခံစားရခြင်း (၄) အဆုတ်ထဲမှာ အရည်တွေစုပုံလာခြင်းကြောင့် မကြာခဏချောင်း ဆိုး ခြင်း(သို့ မဟုတ်)တရွှီရွှီမြည်၍ အသက်ရှုပြင်းခြင်း (၅) နေ့ စဉ်ရက်ဆက် မဆိုသလော က် ခေါင်း ကိုက်၊ မူးဝေနေခြင်း (၆) မကြာ ခဏဆိုသလို မောပန်းနွယ်နယ်တတ်ပြီး၊ တခါတလေ မှာ တရက်ခန့် တခါတလေမှာ တပတ်တိတိ နေ့ စဉ်ရက်စက် မောပန်းနွမ်း နယ်လေ့ရှိခြင်း (၇) မအီမလည်အော်ဂလီဆန်သလို ခံစားရတတ်ပြီး အစားအသောက်ပျက်လာခြင်း (၈) စဦးပိုင်းမှာ ဘယ်ဘက် ရင်ခေါင်းအောင့်တတ်ပြီး၊ တဖြည်းဖြည်းနဲ့  ပခုံး၊ လက်မောင်း၊ တံတောင် ဆစ်၊ နော က်ကျော၊ လည်ပင်း၊ မေးရိုး စတဲ့ ၀ဲဘက်တ ခြမ်းလုံးပြန့် ကာနာကျင်လာခြင်း (၉) တခါတရံမှာ ရင်ဘတ်ကလွဲလို့ ကျန်တဲ့နေရာတွေနာတတ်ပြီး ဒေ၀နာကို ပေါ်လိုက်ပျောက် လိုက်ခံစားနေရြ ခင်း (၁၀) သွေးခုန်နှုန်းမမှန်တော့ခြင်း (၁၁) လေကိုတ၀ကြီးရှုရတာ ခက်ခဲလာခြင်း (၁၂) အေ မာေ ဖာက်ပြီး ခြေ ဖ၀ါး၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ရင်ဘတ် နဲ့  ခေါင်းဦးရေပြားများပါ မကျန် ချွေးစေး/ချွေးအစိုတွေထွက်လာခြင်း (၁၃) တခါ တရံ စက္ကူပါးတစ်ရွက်ကိုတောင် မဆုပ် ကိုင် နိုင်လောက်အောင် အားနည်းသလို ခံစားရခြင်း… စသည်တို့ ဖြစ် ပါတယ်။

< ကာကွယ်နည်းများ >

မွေးရာပါ နှလုံးရောဂါကို မဆိုလိုသော်လည်း၊ မိမိရဲ့ အပြုအမူနေထိုင် နည်းလမ်းမမှန်ကန်မှုေ ကြာင့် နှလုံးရောဂါကို ဖိတ်ခေါ်ခြင်း မဖြစ်သင့်ပါဘူး။ အောက်ပါနည်းလမ်း(၁၀)သွယ်ကို လိုက်နာ ကျင့်ကြံရင်း တဖက်တလမ်းမှနေ၍ နှလုံးရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထား နိုင်ပါ တယ်။

(၁)(ဆေးလိပ်ဖြတ်ပါ)
ဆေးလိပ်က ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ဆိုးကျိုးပေးတဲ့အြ ပင်၊ေ ဆး ပညာစစ်တမ်း များ အရ နှလုံး ရောဂါသည်အများစုက ဆေးလိပ်သောက် သုံးသူများဖြစ်ြေ ကာင်းေ လ့လာေ တွ့  ရှိရပါတယ်။ ဆေးလိပ်က အဆုတ်ရဲ့ လုပ်ဆောင် နိုင်စွမ်းရည်ကို နိမ့်ကျ သွားစေ တဲ့အပြင်၊ အရြေ ပား များ သွေးလည်ပတ်စီးဆင်းမှုကိုပါ နှေးကွေးလာေ စပါတယ်။ နှိုင်း ယှ ဉ် ချက်များ အရ၊ ဆေး လိပ်သောက်သူများဟာ ဆေးလိပ်(လုံးဝ)မသောက်သူေ တွထက် နှ လုံးေ ရာဂါဝေဒနာကို ၅-နှစ်ေ လာက်စော၍ ဖြစ်လာ နိုင်ပါတယ်။

(၂) (ကိုလက်စထရောချပါ)
သွေးထဲရှိကိုလက်စထရောများက သွေးလွှတ်ကြောတွေမှာ အနယ် ထိုင်နေကြတာကြောင့် နှ လုံး သွေြးေ ကာကျဉ်း လာကာ နှလုံးသွေးလည်ပတ်စီးဆင်း မှု နှေးကွေး လာစေပါတော့တယ်။

(၃) (ကိုယ်အလေးချိန်ထိန်းပါ)
အ၀လွန်ခြင်းက နှလုံးရောဂါဖြစ်ဖို့ တာစူနေတာကြောင့် ကျမ္မာေ ရးနဲ့ မညီညွတ်တဲ့ တိရိစ္ဆာန်အဆီ များ နဲ့ ဆီကြော်မုန့် များရှောင်၍ အော်ဂဲနစ်သစ်သီးဝလံများ နဲ့  ဟင်းသီးဟင်းရွက်များစားပေးပါ။ လမ်းမြန်မြန်လျှောက်ခြင်း၊ စက် ဘီးစီးခြင်း၊ အေရိုးဗစ် စတဲ့ ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခဏ်း များ ကို တစ်နေ့ လျှင် မိနစ် ၃၀ မျှလုပ်ပေးပါ။

(၄) (ဆီးချိုရောဂါမတက်ပါစေနဲ့ )
ဆီးချိုရောဂါ ရှိသူတွေက ထိုရောဂါမရှိသူတွေထက် နှလုံးရော ဂါ ဖြစ်နိုင်ချေအလားအလာ ၃-ဆ မျှပိုပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ type(2)က နှလုံးရောဂါနှင့်အတူ လေဖြတ်ခြင်းကိုေ စပါ တယ်။ ဆီးချိုပမာဏတက်မ လာအောင် အချိုလျော့စားရင်း၊ ကိုယ်အလေးချိန်လျော့ကျနည်း လေ့ ကျင့်ခဏ်း များဖြင့် သက်ရှည်ကျမ္မာအောင် ဆင်ခြင်ရပါမယ်။

(၅)(စိတ်ဖိစီးမှုနည်းအောင်နေပါ)
စိတ်ဖိစီးမှုများခြင်းက နှလုံးကိုထိခိုက်စေတဲ့အပြင်၊ ကိုလက်စထရောများပါ မြင့်တက်လာစေ ပါ တယ်။ ဒါ့ပြင် သွေးတိုးစေတာကြောင့် အချိန်ကြာလာတာနဲ့ အမျှအသက်တိုစေပါတယ်။ စိတ်ဖိစီး မှြုေ ကာင့် အရက်၊ ဆေးလိပ် ဖြင့် လွဲမှားစွာစိတ်ဖြေခြင်းမျိုးမလုပ်သင့်ပါဘူး။ အလုပ်ထဲမှာ စိတ်ဖိ စီး မှုများသူများ ခေတ္တ(ခဏ)မျှ လမ်းထလျှောက်ပေးခြင်းဖြင့် စိတ်သက်သာမှု ရစေနိုင်ပါတယ်။

(၆) (ကလေးသောက် aspirin ဆေးဝါးမှီဝဲပါ)
နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများအဖို့  ၈၁-ဂ ရမ် ပမာဏရှိတဲ့ ကလေးသောက် aspirin ကို နေ့ စဉ်သောက်သုံးပေးခြင်းဖြင့်၊ နှ လုံးသွေးကြောထဲမှာ အနည်းကျပိတ်ဆို့ ခြင်းကို မဖြစ်ေ စေ တာ့ဘဲ နှလုံးရောဂါ (သိသိသာသာ)သက်သာလာစေပါတယ်။ (သို့ သော် အချို့ သူများမှာ aspirin ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးများရှိနိုင်လို့  နား လည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့  တိုင်ပင်ြ ပီးမှ သောက်ပေးပါ)

(၇) (သွေးမတိုးပါစေနဲ့ )
လေ့လာစမ်းစစ်ချက်မျးအရ သွေးတိုးရောဂါရဲ့  ၃% လောက်က နှလုံးရောဂါပါ တွဲဖြစ်လာလေ့ ရှိပါတယ် တဲ့။ သွေးမတိုးစေဖို့ အဓိကအားဖြင့် ဆား(အငံ)တွေ လျော့စားရမှာဖြစ်ပြီး၊ အိပ်ရေး၀၀ အိပ်ပေးဖို့ လိုပါတယ်။

(၈) (ဗီတာမင်အားဆေးမှီဝဲပါ)
ဗီတာမင် E နဲ့  ဗီတာမင် B6 တို့ က နှလုံးရောဂါကို သက်သာစေသလို၊ ဖောလစ်အက်ဆစ်နဲ့  ဗီ တာမင် B12 တို့ ကလည်း ဟိုမုန်းမပာဏကို ပုံမှန်ဖြစ်စေပါတယ်။ အနည်းဆုံး ရက်သတ္တ ၁-ပတ် လျှင် ၂-ကြိမ်လောက် ငါးသေ တ္တာ၊ တူနာငါး၊ ဆယ်လ်မွန်ငါး စသော အဆီများတဲ့ပင်လယ်ငါးတွေ များများစားပေးပါ။

(၉) (အာဟာရပြည့်ဝတဲ့ အမျှင်ဓာတ်စားပေးပါ)
ပြည့်ဝဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ အစေ့အဆန်များက နှလုံးအားေ ကာင်းစေပါတယ်။ ထို့ ပြင် စိမ်းရောင်ခြယ်ဟင်းသီးဟင်းရွက်များက နှလုံးကျန်းမာလာစေသလို၊ ဗီတာမီစီကြွယ်ဝတဲ့ အသီးအနှံများကလည်း နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

(၁၀) (၀ိုင်(သို့ မဟုတ်)ဘီယာ ၁-ခွက်သောက်ပါ)
ဝိုင် ၅-အောင်စ (သို့ မဟုတ်) spirit ၁.၅ အောင်စ (သို့ မဟုတ်) ဘီယာ ၃၃၅ မီ လီ လီတာ တို့  ကို နေ့ စဉ်မှန်မှန်မှီဝဲသောက်သုံးခြင်းက နှလုံးသွေး လည်ပတ်စီးဆင်းမှုကောင်းစေ လို့  နှလုံးေ ရာ ဂါ မဖြစ်စေတော့ ပါဘူး။ (အကယ်၍ ထိုပမာဏထက်ပိုကဲစွာ သောက်သုံးခဲ့ရင်ေ တာ့ နှလုံးေ ရာ ဂါသာမက၊ ကင်ဆာရောဂါများပါဖြစ်လာစေတာ ကြောင့် သတိဖြင့် ဆင်ခြင်သောက်သုံးပါ)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)