7/21/2014

ဘီပိုး စီပိုးရောဂါ အတွက် မြန်မာဆေးစွမ်းကောင်းများ

ဆေးတန်ဖိုးကြီးမားသော အနောက်တိုင်းဆေးဝါးများကို ကုသရန်မတတ်နိုင်သူများအဖို့  စိတ် ဓာတ်မကျပါနှင့်။ အစွမ်းထက်မြက် မြန်မာတိုင်းရင်းဆေးစွမ်း ကောင်းများရှိပါတယ်။ ယနေ့ မြန် မာပြည်မှာ တကယ်သုံးစွဲနေပြီး၊ ဘေးထွက်ဆိုးကျိုးမရှိ လက်တွေ့  ဘီပိုးစီပိုးများ ပျောက်ကင်း သွား ကြ၍ ကျန်းမာပျော်ရွှင်သွားရတဲ့ သာဓကများစွာရှိပါတယ်။ အောက်ပါ မြန်မာ့ဆေးမြီးတို (၄) မျိုး အနက် မိမိ နှင့်အဆင်ပြေရာကို ရွေးချယ်ကုသနိုင်ပါတယ်။

(၁) “ရွှေ” အသည်းအားတိုးဆေး

ရွှေ တံဆိပ်အသည်းအားတိုးဆေးမှာ အသည်းကိုအားကောင်းစေတဲ့ တောင်ဆီးဖြူအပါအ၀င်၊ နနွင်း၊ တရုပ်ကနစိုးသီး၊ ဆေး ခါးကြီး၊ စမုန်ရိုင်း၊ ကြိတ်မှန်၊ သံလွင်၊ ဆူးပန်းလုံးအစေ့ စတဲ့ေ ဆး ဖက်ဝင် မြန်မာ့တိုင်းရင်းဆေးများနဲ့ ဖေါ်စပ်ထားပါတယ်။ ဒေါက်တာလွင်ကို၊ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) က ထို “ရွှေ” အသည်းအားတိုးဆေး ဖြင့် ဘီပိုးစီပိုးရောဂါကို ယခု လိုစမ်းသပ်ကြည့်ခဲ့ပါတယ်တဲ့။ ဆေးလုံး ၁-လုံးမှာ ၅၀၀ မီလီဂရမ်ရှိပါတယ်။ ဒေါက်တာ က သွေး တိုး၊ နှလုံး၊ ဆီးချိုရောဂါ (လုံးဝ) မရှိသော ဘီပိုးစီပိုး ဝေဒနာရှင် ၁၃ ဦးကို ထိုဆေးလုံးလေးတွေ နံက် ၂-လုံး ည ၂-လုံးစီဖြင့် အချိန် ၆-လ တိတိသောက် စေခဲ့ပါတယ်။ ၆-လပြည့်တဲ့အခါ ဒေါက် တာ၏ ဆေးညွှန်းအတိုင်း တိတိကျကျလိုက်နာ၍ စုစုပေါင်း တစ်နေ့  ၄-လုံး သောက်သုံး လာခဲ့တဲ့ လူနာ ၈-ဦးကို စမ်းစစ်ကြည့်တဲ့အခါမှာ ဘီပိုးစီပိုးအကောင်ရေ သိသိသာသာလျော့ပါးသွားကြပြီး တချို့ က ပိုး သုံးပုံ တစ်ပုံ၊ တချို့ က ပိုး ထက်ဝက်ကျော် ကျဆင်းသွားပါတယ်။ တချို့ ကတော့ အသည်း ပိုးရှာဖွေတဲ့စက်မှာ ပိုး (လုံးဝ)ရှာမတွေ့ တဲ့ အဆင့်ထိကို ကျဆင်းသွားတယ်လို့ ဆိုပါ တယ်။ ထိုလူနာအားလုံး ဆေးစားနေချိန် ကာလတလျှောက်လုံးမှာလည်း ယခင်နဲ့ မတူ ထူးထူြး ခာြး ခား အစာစားလို့ သိပ်ကောင်း၊ အလုပ်လုပ်ရတာ ပေါ့ပါးသွက်လက်လာကြ တယ်လို့ ဆိုပါ တယ်။ အကယ်၍ အနောက် တိုင်းဆေးဝါးများဖြင့် ကုသမယ်ဆိုရင် ငွေကျပ် သိန်း ရာကျော် ကုန်ကျမည်ဖြစ်ပြီး၊ ယခု “ရွှေ” အသည်းအားတိုးဆေးကတော့ ၆-လစာ အတွက် စုစုပေါင်း ကျပ် ၇၅၀၀၀/- (ကျပ် ခုသောင်းခွဲ) သာ ကုန်ကျနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘီပိုးစီပိုး ရော ဂါ ဝေ ဒ နာရှင် များအနေဖြင့် တန်ဖိုးလည်းမကြီး၊ သုံးစွဲရန်လည်းလွယ်ကူသော ပြည်တွင်းဖြစ် တိုင်းရင်းဆေးတစ်လက်ကို အသုံးပြု ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်ေ တာ့ မှာဖြစ်တယ်လို့  ဒေါက်တာလွင်ကို မှ အကြံပြုထားပါတယ်။

(၂) သခွတ်ပင်

ဒီဆေးကိုတော့ သုံးစွဲဖူးသူများက ဘီပိုးစီပိုးရောဂါအတွက် အထူဆေးဟု ပြောစမှတ်ဖြစ်ေ နကြ ပါတယ်။ သခွတ်အစွမ်းကြောင့် စီပိုးအသည်းရောဂါဝေဒနာရှင်မှာ ပိုးကောင်ရေသိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှိတော့လို့  ရောဂါသိသိသာသာ ပျောက်ကင်း သွားသလောက်ဖြစ်တြာေ ကာင့်လည်း နာမည်ကျော် အသည်းအထူးကု ဒေါက်တာခင်မောင်ဝင်း ကိုယ်တိုင်အံ့အားတသ င့်ဖြစ် ကာ သခွတ်ပင်ဆေးသောက်သုံးခဲ့သော ထိုလူနာကို ဆရာဝန်ကြီးကတောင် မှတ်တမ်းပြုခဲ့ ရတယ်လို့ ဆိုပါတယ်။ ဆေးဖေါ်စပ်ရန် အတွက် သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့  လိုအပ် ပါတယ်။ ဆေးကျိုရန်အတွက် မြေအိုးအသစ်တစ်လုံး သုံးပေးပါ။ မြေအိုးထဲမှာ လတ် ဆတ်တဲ့ သခွတ်ပွင့်၊ အရွက် နှင့် အခေါက် စုစုပေါင်း ထို (၃)မျိုး လက်တစ်ဆုပ်စာကို ရေနဲ့  သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး တစ်နေ့  ကို အနည်း ဆုံး ၂-ကြိမ်မှ အများဆုံး ၃-ကြိမ် သောက်သုံးပေးပါ။ (အပွင့်စို နဲ့  အရွက်စို များ မရခဲ့ရင်လည်း အပင်ခေါက်တစ်မျိုးတည်း လက်တစ်ဆုပ်စာကို ရေ သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး အလားတူ အချိုးအစား အတိုင်း ကြိုချက်သောက်သုံးနိုင်ပါတယ်)
အကယ်၍ လတ်လတ်ဆတ်ဆတ် အပွင့်စို၊ အရွက်စို၊ အခေါက်စိုများ မရနိုင်တဲ့အခါမျိုးမှာတော့ ၄င်းတို့ ကို အခြောက်ခံ၍ သောက်သုံးနိုင်ပါတယ်။ သို့ သော် ၄င်းတို့ ကို နေရောင်ခြ ည်ပြင်းပြ င်းမှာ အခြောက်ခံမလှမ်းသင့်ပါဘူး အာနိသင်ဓာတ်လျော့ကျ သွားစေနိုင်ပါတယ်။ အပွင့် နှင့် အရွက်တို့ ကို နေရောင်ခြည်အနည်းငယ်ရသော နေရာမှာ အခြောက်ခံရမှာဖြစ်ပြီး၊ အခေါက် ကို တော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပါ။ လက်ဖက်ခြောက်အစား သခွတ်အရွက်၊ အပွင့်၊ ပင်စည် ခြောက်များကို အနည်းငယ်ထည့်ခပ်၍ ရေနွေးကြမ်းသောက် သုံးသလို နေ့ စဉ်သောက်သုံးပေးခြင်းဖြင့် ဘီပိုး စီပိုးရောဂါအတွက် သာမက၊ အသည်းအဆီ ဖုံးခြင်း အန္တရာယ်မှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

(၃) ဣဿရမူလီပင်

(က) အသည်းကင်ဆာဝေဒနာသည်ကို သက်တမ်း ၆-လမျှသာ ခံတော့မယ်ဟု ဆရာဝန်ကြီးများ က ဆို ထားကြပေ မယ့် အရွက် ကို အရည်ညှစ်သောက်၊ သုပ်စားခြင်းဖြင့် အသက် (၇၀) ကျော်ြ ကာအောင် နေသွားနိုင်တဲ့ သာဓကရှိခဲ့ပါတယ်။ (ခ) စီပိုးရောဂါ ဝေဒနာရှင် သင်္ဘောသားတစ်ဦး ဟာ အရွက် ၃-ရွက်ခန့် ကို နေ့ စဉ်ဝါးစားခြင်းဖြင့် ပိုးများအားလုံးကို သုတ်သင် နိုင်ပြီး သင်္ဘောြ ပန် တက်နိုင်ခဲ့ပါတယ်။ ထို့ နည်းတူစွာပင် မန္တလေးမြို့ ရှိ ဘီပိုးရောဂါရှိသူတစ်ဦးကလည်း နေ့ စဉ် ဣဿရမူလီ အရွက် ၅-ရွက်ခန့် ကို တစ်နေ့  ၃-ကြိမ်ကျစီဖြင့် ၃-လတိတိဝါးစားပြီးေ နာက် သောက်ေ ရ၀၀ သောက်ခဲ့ရာ အသားအရေ အရောင် ပုံမှန် အတိုင်း စိုပြည်ဝင်းဝါလာပြီး ကျန်းမာရေး လည်း ပြန်လည်ကောင်းမွန်သွားပါတယ်။ (ဂ) နိုင်ငံခြားသွားဖို့ ဆေးစစ်မအောင်တဲ့ လူငယ်လူ ရွယ် တ ချို့ ဘီပိုးကြောင့် ရည်ရွယ်ချက်တွေ ပျက်ခဲ့တာရပါတယ်။ သို့  သော် ဣဿရမူလီကို သုံးစွဲပြီး ဆေးပြန်စစ်တဲ့ အခါ ဘီပိုးကင်းစင်ပြီး နိုင်ငံခြားပညာသင်သွားရတဲ့ ကလေးတွေလည်း သာဓကရှိပါတယ်။
သို့ သော် ဣဿရမူလီက အပူဓာတ်များတာကြောင့်၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူများ မှာ ရေနိုင် နိုင်ချိုးပေးရပါမယ်။ အပင် ရှင်သန်ပေါက်ရောက်ရာ နေရာဒေသပေါ်မူတည်၍ အရွက်အရွယ် အစား အသေးအကြီးကွာဟမှုရှိပါတယ်။ ဒါကြောင့် စတင်စား သုံးသူများအဖို့  အရွက်အစိုကို လက် ၂-လုံး ခန့်သာဝါးစား၍ ရေ၀၀သောက်ပေးရပါမယ်။ ရောဂါဝေဒနာပေါ်မူတည်၍ နံနက် -နေ့ လည်-ည တစ်ကြိမ်စီ တစ်နေ့ (၃)ကြိမ် ၀ါးစားပြီး ရေသောက်ရပါမယ်။ ပဉ္စငါးပါး(အဖူး-အပွင့်-အရွက်-ပင်စည်-အမြစ်) အားလုံး အနံ့အရသာရော ဆေးစွမ်းသတ္တိတွေပါ အတူတူဘဲ ဖြစ်ပါ တယ်။ အထူးအရေးကြီးတဲ့ အချက်မှာ ဣဿရမူလီကို သုံးစွဲ မည့်သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်း အားနှင့် ကိုယ်အလေး ချိန်အချိုးအစားအတိုင်း စံနစ်တကျမှီဝဲသင့်တာကြောင့် တတ်သိ နား လည်ေ သာ ဆရာသမားကောင်းများနှင့်တိုင်ပင်ပြီးမှသာ စိတ်ချ လက်ချ သုံးစွဲကြသင့်ပါတယ်။

(၄) ကြက်သွန်နီ နှင့် သကြား

ဘီပိုး စီပိုး ပျောက်တဲ့ ဆေးနည်းကောင်းလေးပါ ။ ကြက်သွန်နီတစ်ဥ အခွံခွါ အလုံးလိုက်ရေေ ဆး ( စိတ်ပြီးမှမဆေးရ) လေးစိတ် စိတ် သကြားနဲ့တို့စားပါ ။ နံက် တစ်လုံး နေ့ တစ်လုံး ညတစ် လုံး တစ်နေ့ သုံးကြိမ် ပုံမှန် စားပေးပါက လပိုင်းအတွင်း ဘီပိုးစီပိုး သိသာစွာ ပျောက် ကင်းသွားကြောင်း သိရပါသည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)