7/21/2014

လေသင်တုန်းအန္တရာယ် သတိပြုဆင်ခြင်ဖွယ်

လေဖြတ်တယ်ဆိုတဲ့ စကားကို မိမိပတ်ဝန်းကျင်မှာ ကြားဖူးမြင်ဖူးကြသလို၊ တချို့ လည်း ကိုယ် တိုင်ခံစားကြရပေမယ့် “ လေ ဘာ ကြောင့်ဖြတ်ရသလဲ ” ဆိုတာကိုတော့ ဂဃနဏ သိသူနည်း ပါးပါလိမ့်မယ်။ လေဖြတ်တယ်ဆိုတာ အဓိကအကြောင်းရင်း ၂-မျိုး ကြောင့် ဖြစ်ပါတယ်။ ပထမ တစ်မျိုးက ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောငယ်တွေ ပေါက် ထွက်သွားခြင်းကြောင့်ဖြစ် ပါတယ်။ ဒုတိယတစ်မျိုးကတော့ ဦးနှောက်သွေးကြောနံရံမှာ ဆီဖြစ်တည်မှုများ၍ သွေးကြော ကျဉ်းပိတ် ဆို့ သွားခြင်း(သို့ မဟုတ်)ခန္ဓာ ကိုယ်တခြားတစ်နေရာမှ အဆီအစိုင်အခဲများပြုတ်ကျလာပြီး ဦးနှောက်သွေးကြောမှာ လာရောက်ပိတ်ဆို့ ခြင်းတို့ ကြောင့်ဖြစ် ပါတယ်။

လေဖြတ်ခံရသူတွေဟာ အသက်ဆုံးရှုံးရင် ဆူံရှုံး၊ မဆုံးရှုံးသော်ငြား စကားမပြောနိုင်တော့ တာ မျိုး၊ လမ်းမလျှောက်နိုင်ဘဲ အိပ်ယာထဲလဲနေတာမျိုး၊ လမ်းလျှောက်နိုင်သော်လည်း တရွတ်ဆွဲနေ တာမျိုး၊ မျက်နှာတခြမ်းစောင်း၊ ပါးစပ်ရွဲ့ ၊ စကားပြောမပီ အာ လေးလျှာလေး စသည်ဖြင့် ဒုက္ခိတ ဘ၀ ရောက်ကြရပါတယ်။ ယခင်လို အကောင်းအပတိပြန်ဖြစ်ဖို့ က အခွင့်အရေးလွန်စွာ နည်း ပါးပြီး၊ ကံကောင်း၍ အကောင်းပကတိဖြစ်သည့်တိုင် နောက်ထပ် တစ်ဖန် လေပြန်ဖြတ်လာ နိုင် ပါသေးတယ်။ အသက်ကြီးလာတာ နဲ့ အမျှ လေဖြတ်နှုန်းက တဖြည်းဖြည်းမြင့်တက်လာပြီး၊ ပျမ်းမျှ အသက် ၄၅ နှစ်မှ ၈၅ နှစ်အတွင်း အသက် ၁၀-နှစ်တိုးသွားတိုင်း လေဖြတ် ဖို့  အခွင့် အလမ်း ၂-ဆ တိုးလာနိုင်ပါတယ်။

အောက်ပါ ဆောင်ရန်/ရှောင်ရန် နည်းလမ်းများဖြင့် လေသင်တုန်းအန္တရာယ်မှ ကြိုတင်ကာကွယ် ထားသင့်ပါကြောင်း အကြံပြု လိုက်ပါရစေ။

(၁) ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်သူဟာ ဆေးလိပ်(လုံးဝ)မသောက်သူထက် လေဖြတ်နိုင်ခြေအလားအလာ ၂-ဆမှ ၄-ဆ အထိပိုများပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် နောင်လာမည့် ၂- နှစ်မှ ၅-နှစ်အတွင်း လေဖြတ်ခံရမည့်နှုန်း လျော့ကျသွားနိုင်ပါပြီ။

(၂) သွေးကျဆေး မှီဝဲပါ။

သွေးပေါင်ချိန် ၁၆၀/၉၅ ရှိသူဟာ သွေးပေါင်ပုံမှန်ရှိသူထက် လေဖြတ်ခံရဖို့  ၄-ဆ ပိုများပါ တယ်။ သွေးပေါင်ချိန် ၁၄၀/၉၀ ရှိသူတွေကတော့ သာမန်လူထက်စာရင် ၂-ဆပိုပြီး လေဖြတ်ခံ ရဖွယ်ရှိပါတယ်။ အပေါ်သွေးပေါင်ချိန်တစ်ခုတည်း သီးခြားတက် တဲ့ သွေးတိုးရောဂါတစ် မျိုး က လေဖြတ်ခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေလို့  မပေါ့ဆသင့်ပါဘူး။ သွေးတိုးရောဂါအခံရှိတဲ့ သူဟာ လည်း လေဖြတ်နိုင်ဖို့ အလားအလာ များပါတယ်။ သွေးတိုးကျဆေးတွေက လေဖြတ် မည့် အန္တရာယ်ကို ၄-ပုံ ၁-ပုံမျှ လျော့နည်း ပေးနိုင်လို့ ဖော်ပြပါ သွေးေ ပါင်ချိန်မမှန်သူများ အနေဖြင့် သွေးကျဆေး မှန်မှန်မှီဝဲပေးပါ။

(၃) ကိုယ်အလေးချိန် လျော့ချပါ။

အစားကြူးသူများ နှင့် အဆီအအိမ့် အချိုများများစားသူတွေ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အခါ၊ အ၀လွန်လာတတ်ပါတယ်။ အ၀လွန်ခြင်းက သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို၊ သွေးထဲ တွင်ကိုလက်စထရောများခြင်း စတဲ့ နောက်ဆက်တွဲရောဂါများ ဖြစ်လာပြီး လေဖြတ်ခြင်းနှင့် ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် အ၀မလွန်အောင် အစားဆင်ခြင်ရင်း သင့်တင့် တဲ့ လေ့ကျင့် ခဏ်း မှန်မှန်လုပ်ပေးသင့်ပါတယ်။

(၄) အရက်လျော့သောက်ပါ။

ယမကာ အသင့်အတင့်မှီဝဲခြင်းက သွေးလည်ပတ်မှုအားကောင်းစေတာမှန်သော်လည်း၊ အရ က်ကို အတိုင်းအဆမရှိ သောက်သုံး ခြင်းက လေဖြတ်မည့်အလားအလာ လွန်စွာနီးစပ်ေ နပါပြီ။ အကယ်၍ ဆေးလိပ် နှင့် အရက်တွဲလိုက်တဲ့အခါ၊ လေဖြတ်မည့်နှုန်းက အဆမတန် မြင့် တက် သွား တာကြောင့် သတိနှင့်ဆင်ခြင်ပါ။

(၅) သန္ဓေတားဆေးများ သတိထား။

အက်ထရိုဂျင်ပါတဲ့ ပဋိသန္ဓေတားဆေးလုံးတွေ သုံးစွဲသော အမျိုးသမီးများဟာ လေဖြတ်ခြင်း အန္တရာယ်ကို စိုးရမ်းရပါတယ်။ အထူးသဖြင့် အသက် ၄၀ နှစ်အထက် အမျိုးသမီးများ၊ သွေး တိုးရောဂါသည်များ၊ ခေါင်းတခြမ်းကိုက်လေ့ရှိသူများ အဖို့  အက် ထရိုဂျင်ပါတဲ့ ပဋိသန္ဓေတားေ ဆး လုံးတွေ မသုံးစွဲသင့်ပါဘူး။ ဆရာဝန်နှင့် တိုင်ပင်ပြီး တခြားသားဆက်ခြားနည်းဖြင့် ကာကွယ်ပါ။

(၆) နှလုံး ကျန်းမာနေပါစေ။

ဘယ်ဘက်ခြမ်း နှလုံးအခန်းထဲမှာ အဆီရှိသူများ၊ သိုင်းရွိုက်အကျိတ်မမှန်တာကြောင့် နှ လုံးခုန် ရင်တုန်သူများ၊ နှလုံး အဆို့ ရှင် မကောင်း၍ အဆို့ ရှင်အတုလဲလှယ်ထားသူ များ၊ နှလုံးသွေြးေ ကာ ပိတ်၍ နှလုံးရှေ့ မျက်နှာပြင်ပိုင်း ကြွက်သားပုပ်သူများ၊ ဦး နှောက်သွေးကြောပိတ်ဖူး တဲ့ ဝေ ဒနာရှင်များ နှင့် လည်ပင်းရှိ Carotid သွေးလွှတ်ကြောကျဉ်းမြောင်းသူများဟာ လေဖြတ်ခံရမည့် အန္တရာယ်အတွက် စိုးရိမ်စရာပါဘဲ။ နှလုံးခုန်စည်းချက် မမှန်သူများဟာ သာမန်လူတွေနှ င့် နှိုင်း ယှဉ်ရင် လေဖြတ်ခံရဖို့  ၅-ဆ ပိုများပါတယ်။ လေးဖက်နာနှလုံးရောဂါ ဝေဒနာရှင်များဟာလည်း သာမန်လူတွေနှင့် နှိုင်းယှဉ်ရင် လေဖြတ်ခံရဖို့  ၁၇-ဆ ပိုများပါ တယ်။

(၇) ဆီးချိုသွေးချို သတိထား။

ဆီးချို၊ သွေးချို ရောဂါသည်များဟာ သာမန်လူတွေထက်နှိုင်းယှဉ်တဲ့အခါ၊ လေဖြတ်နိုင်ခြင်း အ လား အလာ ၃-ဆမျှ ပိုများနေပါ တယ်။ ဒါကြောင့် ၄င်းဝေဒနာရှင်များအနေဖြင့် ဆရာဝန်ဖြင့် ကြပ်ကြပ်မတ်မတ် ဆေးဝါးမှုကုသခံယူဖို့  အထူးလိုအပ်ပါတယ်။

(၈) ခဏတာလေဖြန်းသူများ သတိထား။

အဆီအစိုင်အခဲလေးတွေ ဦးနှောက်သွေးကြောမှာ ရုတ်တရက်ပိတ်ဆို့ သွားခြင်းကြောင့် ရံဖန် ရံခါမှာ လက်တစ်ဖက်ထုံကျင်၍ လှုပ်မရခြင်း၊ မျက်စိတစ်ဖက် ရုတ်တရက်မမြင်ရခြင်း၊ ကိုယ် တခြမ်း လေးလံသွားခြင်း စတာမျိုးတွေခံစားရပြီး ၂၄-နာရီအတွင်း ပုံမှန်ပြန်ကောင်း သွားတာ မျိုးကို “ ခဏတာလေဖြန်းခြင်း ” လို့ ခေါ်ပါတယ်။ ထိုအတွေ့ အကြုံ ရှိသူများအဖို့  သာမန်လူေ တွထက် လေဖြတ်နိုင်ခြင်းအလားအလာ ၁၀-ဆမှ အဆ ၂၀ ထိ ပိုများနေလို့  သတိပြုပါလေ။

(၉) အခြားရောဂါများ သတိထား။

Migrain(ခေါ်)နာတာရှည်ခေါင်းကိုက်လေ့ရှိသူများ၊ ဦးနှောက်အတွင်း သွေးကြောေ ရာင်ရမ်းနေ သူများ၊ Sickle Cell Anaemia (ခေါ်)သွေးအားနည်းရောဂါတစ်မျိုး ခံစားရသူများအနေဖြင့် လြေ ဖ တ်ခြင်းအန္တရာယ်နှင့် ဆက်စပ်နေတာမို့  သတိထားသင့်ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)