6/20/2014

ထမင်းစားစဉ် ယဉ်ကျေးပါ

(၁) ထမင်းဝိုင်းထဲမှာ အသက်အကြီးဆုံးသူကို ထမင်းဦး ဟင်းဦး ခူးခပ်ပေးပါ။
(၂) သီးခြင်း၊ နင်ခြင်း၊ ကျို့ ထိုးခြင်းမဖြစ်စေဖို့  ဟင်းချို(သို့ မဟုတ်)ချဉ်ဟင်း အရည် ၂-ဇွန်းေ လာက်ကို ထမင်းမစားခင် ဦးစွာ သောက်ပါ။
(၃) ထမင်းတစ်လုပ်ကို လက်ချောင်းလေးတွေနှင့် သင့်သလောက်သာယူပြီး ပါးစပ်ထဲ သို့ ထဲ့ပါ။
(၄) ထမင်းတလုပ်ဝါးစား မြိုချပြီးမှသာ၊ နောက်ထပ် အသစ်တစ်လုပ်ကို ပါးစပ်ထဲသို့ ထဲ့ပါ။
(၅) ပလုပ်ပလောင်း မစားရ။
(၆) ထမင်းဟင်းတွေကို လက်ချောင်းအဆစ်တွေ၏ အလယ်ဆစ်ကျော်ရောက်တဲ့အထိ မပေကျံ ပါစေနှင့်။
(၇) လျှာပေါ်အောင် မစားရ။
(၈) ဖိတ်စင်အောင် မစားရ။
(၉) ညက်ညက် ၀ါးစားပါ။
(၁၀) ၀ါးစားနေစဉ် ပါးစပ်မှ အသံမမြည်ပါစေနှင့်။
(၁၁) ဇွန်း၊ ပန်းကန်၊ ခွက်ယောက်တွေကို အသံမမြည်အောင် ကိုင်တွယ် ကိုင်ချပါ။
(၁၂) ဟင်းရည်သောက်ဇွန်း နှင့် ဟင်းခပ်ဇွန်းတွေကို ဘယ်လက်ဖြင့်သာ ကိုင်ပါ။
(၁၃) ကိုင်တွယ်ထပ်ယူပြီးတဲ့အခါ ဟင်းရည်သောက်ဇွန်း နှင့်
ဟင်းခပ်ဇွန်းတွေကို ပန်းကန်ထဲမှာ ပက်လက်မလှန်ရ၊ မှောက်၍ ထည့်ပါ။
(၁၄) ထမင်းစားနေစဉ် လက်ချောင်းများကို ပါးစပ်နှင့်မစုပ်ပါနှင့်။
(၁၅) ထမင်းစားစဉ် စကားများများ မပြောရ။
(၁၆) ဘေးပတ်ဝန်းကျင်ကို အာရုံမစိုက်ပါနှင့်၊ ထမင်းကိုသာ အာရုံထား၍စားပါ။


<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*