6/20/2014

မိမိကိုယ်ကိုအိပ်မက်ပြန်မြင်မက်တဲ့ ပါကင်(န်)ဆဲ(န်)ရောဂါ

ပါကင်(န်)ဆဲ(န်)ရောဂါ ဆိုတာ အကြောအားနည်း၍ ခြေတုန်လက်တုန်သော နာတာရှည်ရော ဂါတစ်မျိုးပါ။ ထိုရောဂါဟာ အိန္ဒိယ နိုင်ငံမှာ ရှေးလွန်ခဲ့သော ဘီစီ ၅၀၀၀ ၀န်းကျင်ကတည်း က ဖြစ် လာခဲ့ကြပြီး၊ အိန္ဒိယလို “ Kampavata ရောဂါ” လို့ ခေါ် ဆိုခဲ့ကြ ပေမယ့် ဘာကြောင့် ဒီရောဂါဖြစ်တယ်ဆိုတာကို ဂဃဏန အဖြေမထုတ်နိုင်ခဲ့ကြပါဘူး။ ၁၈၁၇ ခုနှစ်ရောက်လာတဲ့ အခါမှာတော့ ဗြိတိသျှလူမျိုး ဒေါက်တာ James Parkinson ဆိုသူက ရောဂါဖြစ်လာရတဲ့ အြေ ကာင်း ကို လေ့လာအဖြေရှာနိုင်ခဲ့တာကြောင့် ထိုဒေါက်တာ၏ အမည်ကို အစွဲပြု၍ ဆေးသိပ္ပံနည်း အရ Parkinson's disease(PD) လို့  ရောဂါအမည်တပ်ခဲ့ပါတယ်။

ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းမှာ ဦးနှောက်ထဲရှိ အာရုံခံဆဲလ်တွေ သေသွားတာကြောင့် ဦးနှောက်ကို ထိန်းချုပ်ပေးနိုင်တဲ့ dopamine(ခေါ်)ဓာတုပစ္စည်း ထွက်ရှိမှုနည်းပါးလာပြီး၊ ခြေ လက် လှုပ်ရှားမှုတို့ ကို မူမမှန်စေတော့ပါဘူး။ ဒါကြောင့် PD ရောဂါရင့် လေလေ၊ ဦးနှောက် က ခြေလက်တို့ ကို ထိန်းချုပ်နိုင်မှု စွမ်းအားကျသွားလေလေ ဖြစ်ပါတယ်။ လူတစ်ဦးနှင့် တစ်ဦး PD ရောဂါ ခံစားရပုံချင်း မတူညီကြပြန်ပါဘူး။ ပျမ်းမျှအားဖြင့် PD ရောဂါကို (၁) tremor(ခေါ်) လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ မေး ရိုး၊ မျက်နှာတို့  တဆတ်ဆတ်လှုပ်သောရောဂါ (၂) bradykinesia(ခေါ်)လှုပ်ရှားမှုတွေ တစစ နှေးကွေးလာသောရောဂါ (၃) rigidity(ခေါ် )ခြေဆံလက်ဆံများ တောင့်တင်းလာသောရောဂါ (၄) postural instability(ခေါ်)မိမိကိုယ်ကို ဟန်ချက်ညီညီ မ ထိန်းနိုင်သော ရောဂါဟူ၍ ခွဲခြားသတ်မှတ်ထားပါတယ်။

PD ရောဂါ၏ ရှေ့ ပြေး လက္ခဏာများမှာ-

(၁) ခန္ဓာကိုယ်ကြီး လှုပ်ရှားနေချိန်မှာ မသိသာသော်လည်း၊ အနားယူငြိမ်နေတဲ့အခါမှာ လက်ေ ချာင်း များ၊ လက်မ၊ လက်မောင်း၊ မေးစေ့၊ လျှာ၊ နှုတ်ခမ်း၊ ခြေထောက် တို့ က တဆတ်ဆတ် လှုပ်နေခြင်း။

(၂) စက္ကူပေါ် စာရေးတဲ့အခါ ပုံမှန်လိုမဟုတ်တော့ဘဲ စာလုံးအရွယ်အစား ကြီးလာခြင်း(သို့ မဟု တ် )သေးသွားခြင်း(သို့ မဟုတ်) စာလုံးတွေ တွန့် စောင်းနေခြင်း(သို့ မဟုတ်) စာလုံးများ ထပ် သွားခြင်း။

(၃) အနံ့ ခံအာရုံ သိသိသာသာ ကျဆင်းသွားခြင်း။

(၄) အိပ်မောကျနေစဉ် ခြေထောက်က တခုခုကိုကန်ခြင်း(သို့ မဟုတ်)လက်သီးဖြင့်ထိုးခြင်း( သို့  မဟုတ်) ကုတင်ပေါ်က ပြုတ်ကျ ခြင်း(သို့ မဟုတ်)အိပ်မက်ထဲမှာ မိမိကိုယ်ကို မိမိကွက်ကွက်ကွင်း ကွင်းပြန် ၍ မြင်မက်ခြင်း။

(၅) ၀မ်းချုပ်ခြင်း။

(၆) ခါး၊ တစ်တောင်ဆစ်၊ တင်ပါး၊ ဒူးခေါင်း စတဲ့ ကြွက်သားများ တောင့်တင်းလာပြီး၊ ၄င်းကြွက် သားေ တွ ကောင်းစွာ အလုပ်မ လုပ်နိုင်တော့ဘဲ အကွေးအဆန့် လှုပ်ရှားမှုတိုင်းမှာ သိသိသာသာ နာကျင်ကိုက်ခဲစွာ ခံစားရခြင်း။

(၇) လမ်းလျှောက်တဲ့အခါ လက်လွှဲ၍မရခြင်း၊ ခြေလှမ်းမမှန်ခြင်း၊ လမ်းစလျှောက်စဉ်(သို့ မဟုတ်) ဦးတည်ရာကို ဘယ်/ညာ သို့ ကွေ့ ခါးနီး(သို့ မဟုတ်)လမ်းလျှောက်မှုကို ရပ်တန့် စဉ် တို့ မှာ ပုံမှန် မဟုတ်တော့ဘဲ ပြဿနာရှိလာခြင်း။

(၈) မိမိက ပုံမှန်လေသံဖြင့်စကားပြောနေသော်ငြား၊ ပတ်ဝန်းကျင်ရှိသူများက မိမိရဲ့ စကာြးေ ပာသံ ကို ခပ်တိုး တိုးအုပ်အုပ်လေး သာကြားရခြင်း(သို့  မဟုတ်)ဗလုံးဗထွေး အသံကြားနေ ရခြင်း။

(၉) မျက်တောင်မခတ်ခြင်း၊ တနေရာထဲကို မျက်လုံးသေဖြင့် စိုက်ကြည့်နေတတ်ခြင်း။

(၁၀) သွေးအားနည်းသလို ခံစားရကာ မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း။

(၁၁) မတ်မတ် မရပ်နိုင်၊ ကောင်းစွာ မထိုင်နိင်ဘဲ ပျော့တိပျော့ခွေဖြစ်၍ တခုခုကို အမှီသဟဲပြုနေရခြင်း။

(၁၂) စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း။

ယနေ့ အမေရိကန်ပြည်ထောင်စုမှာ ထိုရောဂါဖြစ်သူ လူဦးရေ(၁)သန်း နီးပါးမျှခံစားနေကြရပြီး၊ ထိထိရောက်ရောက် ပျောက် ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ ရောဂါတိုး၍ မဆိုးရွားလာေ အာင် ခွဲစိပ်ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်း တို့ ဖြင့်သာ ကုသပေးလျှက်ရှိ ပါတယ်။ fava beans(ခေါ်)အစိမ်းရောင်ပဲပင်တစ်မျိုးထဲရှိ ပဲစေ့လေးထဲမှာပါရှိသော ဆေးဖက် ၀င် သဘာဝ levodopa ဓာတ်က ဦးနှောက်အာရုံခံ ဆဲလ်တွေကို ကောင်းကျိုးပြုတာကြောင့် အိန္ဒိ ယကျေးလက်ဒေသများမှာ PD ရောဂါကုထုံးအဖြစ် အသုံးပြုနေကြပါတယ်။ ပျမ်းမျှ အသက် ၈၀ ၀န်းကျင်မှာ ဖြစ်တတ်ပြီး၊ တချို့ က အသက် ၆၀ တချို့ ကတော့ အသက် ၅၀ အရွယ်ကတည်းမှစ ၍ ရောဂါလက္ခဏာတွေ နိမိတ်ပြနေကြပါပြီ။ သို့ ပါ၍ အထက်ဖော်ပြပါ PD ရောဂါ၏ ရှေ့ ပြေး လက္ခဏာများကို လေ့လာစမ်းစစ်၍ လိုအပ်ပါက သက်ဆိုင်ရာ ဦးနှောက်နှင့်အာရုံကြော ဆရာ ၀န်ဖြင့် ကြိုတင်ဆွေးနွေးတိုင်ပင် ကုသထားသင့်ပါကြောင်း။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား www.medical observer)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)