ကုလားအုတ်အမေကြီးနဲ့ ကုလားအုတ်လေးက လဲလျောင်းနေရင်းနဲ့ ကုလားအုတ်လေးက “အမေ ၊ မေးခွန်းနည်းနည်းမေးလို့ရမလား” ? ၊
အမေကြီးက “ရတာပေါ့ ၊ ဘာသိချင်လို့လဲ ..သား” ?
သားလေးက “သားတို့ ကုလားအုတ်တွေမှာ ဘာဖြစ်လို့ ဘို့တွေရှိနေတာလဲ”
“အမေတို့က သဲကန္တာရထဲမှာနေတဲ့ တိရိစ္ဆာန်တွေ ၊ ဒါကြောင့် ဒီဘို့တွေထဲမှာ
ရေကိုသိုလှောင်ထားနိုင်လို့ ရေမရှိလည်း အသက်ရှင်နိုင်တယ်” လို့
အမေကြီးကပြောတယ်။
သားလေးက “ဒါဆိုဘာဖြစ်လို့ သားတို့ခြေထောာက်တွေက ရှည်ပြီး ၊ ခြေချောင်းတွေကဝိုင်းနေရတာလဲ” …
“သား… ၊ ဒီခြေထောက်တွေက သဲကန္တာရထဲမှာ လမ်းလျှောက်ဖို့အတွက် အသုံးဝင်တယ်။
ဒီခြေထောက်တွေကြောင့် ကန္တာရထဲမှာ သူများတွေထက်သွားလာလို့ အဆင်ပြေတာပေါ့”
လို့ ဖြေတယ်။
“ကောင်းပြီ ၊ ဒါဆို သားတို့ရဲ့မျက်တောင်တွေက
ဘာလို့ရှည်နေရတာလဲ ၊ တခါတလေ မြင်ကွင်းကို အနှောက်အယှက်ဖြစ်တယ်” လို့
သားလေးကထပ်ပြောတယ်။
“ငါ့သား…၊ ဒီရှည်လျားတဲ့မျက်တောင်တွေက
မင်းမျက်စိတွေထဲကို သဲတွေ လေတွေမဝင်နိုင်အောင် ကာကွယ်ပေးတဲ့
အကာအကွယ်တခုပဲ” လို့ အမေကြီးက ဂုဏ်ယူစွာနဲ့ပြောတယ်။
သားလေးက
စဉ်းစားပြီးပြောလိုက်တာက … “သားနားလည်ပြီ ၊ ဘို့ ကကန္တာရထဲသွားတဲ့အချိန်
ရေသိုလှောင်ဖို့ ၊ ခြေထောက်တွေက ကန္တာရထဲလမ်းလျှောက်ဖို့ နဲ့ မျက်တောင်တွေက
ကန္တာရထဲရောက်ရင် မျက်လုံးတွေကိုကာကွယ်ပေးနို်င်ဖို့ ၊ ဒါဆို သားတို့က
ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလုပ်နေတာလဲဟင်” တဲ့…။
===============
ဒီ story လေးကနေမှတ်သားလိုက်ရတာက ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေ ၊
အရည်အချင်းတွေ ၊ အတွေ့အကြုံတွေဟာ သူ့နေရာမှန်ကိုရောက်မှ
အသုံးဝင်နိုင်တယ်ဆိုတာပါပဲ။
(Admin ...နည်းစနစ်ကျကျ အတွေးအခေါ်)
6/15/2014
နေရာမှန်။
6/15/2014
Dim