တစ်ခါတုန်းက
တိုင်းပြည်နှစ်ပြည်တည်ရှိပါတယ်။အဲဒီတိုင်းပြည်နှစ်ပြည်ဟာ
တစ်တိုင်းပြည်နဲ့တစ်ပြည် အလွန်ချစ်ခင်ကြသတဲ့။ အနီးအနားက
တိုင်းပြည်ကြီးတစ်ခုဟာ ထိုတိုင်းပြည်တွေကို သိမ်းပိုက်ချင်ပါတယ်။အဲဒီတော့
သူတို့ဟာ နည်းလမ်းရှာကြပါတယ်။
တိုင်းပြည်ကြီးမှာ နာမည်ကြီးတဲ့ ဗျူဟာမှူးတစ်ယောက်ရှိသတဲ့။သူက
အရင်ဆုံးထိုတိုင်းပြည်နှစ်ပြည်ကို တစ်တိုင်းပြည်ချင်းအရင်
သွားရောက်လည်ပတ်ပါတယ်။အဲဒီအခါ သူတို့တိုင်းပြည်မှာပဲရှိတဲ့
ငါးကိုယူသွားသတဲ့။
ပထမတိုင်းပြည်တစ်ခုကို
ရောက်ပါလေရော။ဗျူဟာမှူးကို ဘုရင်ကိုယ်တိုင်က စားတော်ပွဲနဲ့
ဧည့်ခံပါတယ်။ဗျူဟာမှူးက သူတို့တိုင်းပြည်က ယူလာတဲ့ငါးကို
ဆက်သသတဲ့။အဲဒီငါးဟာ အလွန်ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ကလာတဲ့ငါးဖြစ်ကြောင်း
တပ်တွေခင်းပြီးတော့ ထိုငါးကိုဖမ်းဆီးရကြောင်း ထိုငါး၏ အမြှီးရဲ့
ရေယက်ပြားဟာ အလွန်အရသာရှိကြောင်း အမြီးကို စားရသောသူဟာ
အလွန်ထူးမြတ်တဲ့ဘုန်းကံကြောင့်ဖြစ်ကြောင်း လျှောက်တင်သတဲ့။အဲဒီနေ့မှာ
ဘုရင်က ငါးကိုလက်ခံလိုက်တယ်။နောက်နေ့မှ ကင်စားမယ်ပေါ့။အဲလိုငါးကိုလဲ
ဒီဖက်နိုင်ငံမှာ မမြင်ဘူးတာကိုး။
ဒါပေမယ့် ငါးသတင်းဟာ
ဒုတိယတိုင်းပြည်ကိုပါ ပျံ့သွားသတဲ့။အဲဒီတော့ ဒုတိယတိုင်းပြည်က
ဘုရင်ကဒီငါးကိုမြည်းချင်သတဲ့ အဲဒါနဲ့ဟိုဖက်တိုင်းပြည်ကို
အလည်သွားပါလေရော၊နောက်နေ့ညစာစားဖို့
ငါးကိုကင်ခိုင်းလိုက်တယ်။ဟိုဖက်တိုင်းပြည်က ဘုရင်လဲ ငါးသတင်းကြားလို့
ရောက်လာတာနဲ့ဆုံတယ်။
ဘုရင်နှစ်ပါး ငါးကိုစားလိုက်၊သောက်လိုက်ကြ
ပျော်ပါးလိုက်ကြနဲ့
နောက်ဆုံးအမြီးနားကိုရောက်လာပါတော့တယ်။
အမြီးအကြောင်းကိုလဲ နှစ်ယောက်စလုံးက
သိကြတယ်။အဲဒိတော့ သူစားမယ်ငါစားမယ်နဲ့ ရန်ဖြစ်ကြတယ်။ဒါပေမယ့်
ပထမတိုင်းပြည်က ဘုရင်က စားလိုက်တယ် သူကအိမ်ရှင်ဆိုပြီးတော့
ညရောက်တော့ ဒုတိယတိုင်းပြည်က ဘုရင်ကို ဗျူဟာမှူးကသွေးထိုးတယ်။ဘုရင်ကလဲ
ငါကကိုယ့် အကိုတော်လို သဘောထားတာ သူကတော့ငါ့ကိုလုပ်ရက်တယ်ပေါ့။
ဗျူဟာမှူးက နောက်ဘုရင်တစ်ယောက်ကိုလဲ သွေးထိုးပြန်တယ်။မကြာပါဘူး
ဒုတိယတိုင်းပြည်က ဘုရင်ပြန်သွားပြီးတော့ သူ့နိုင်ငံရောက်တဲ့အခါမှာ
စစ်ကြေငြာလိုက်တယ်။နှစ်နိုင်ငံ ချကြပြီပေါ့။စစ်ပွဲ ၃
လဖြစ်တဲ့အချိန်မှာနှစ်နိုင်ငံလုံး စစ်ပန်းနေကြပြီ အဲဒီအခါမှ နိုင်ငံကြီးက
စစ်တပ်တွေချီလာပြီး နှစ်နိုင်ငံလုံးကို တိုက်ခိုက်တော့သတဲ့။
ဒါပေမယ့် တိုင်းပြည်နှစ်ပြည်ဟာ ပြန်လှန်ပေါင်းထုတ်ပြီးတော့
တိုင်းပြည်ကြီးကို တိုက်ခိုက်ကြသတဲ့။မြေအနေအထားအရလည်းကောင်း
အရည်အချင်းအရလည်းကောင်း တိုင်းပြည်ကြီးရဲ့ တပ်တွေကို
မောင်းထုတ်လိုက်နိုင်ပါတယ်။တိုင်းပြည်နှစ်ပြည်လဲ
ပြန်လည်ချစ်ကြည်သွားကြပါတယ်။
တစ်ညတော့
နှစ်နိုင်ငံစုပေါင်းပြီးတော့ အောင်သေအောင်သားစားမယ်ဆိုပြီး
စားပွဲလုပ်ပါတယ်။နှစ်နိုင်ငံလုံးက ဘုရင်တွေပါဝင်ကြပြီးတော့ အရက်တွေသောက်ကြ
စကားတွေပြောကြနဲ့ ပျော်ရွင်နေပါတယ်။အဲဒီအချိန်မှာပဲ စားပွဲပေါ်ကို
ငါးကင်တစ်ကောင်ရောက်လာပါတယ်။ဟုတ်ပါတယ်။ထူးဆန်းတဲ့
ငါးကင်ပါ။ဘုရင်နှစ်ယောက်လုံး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ပြီးတော့ ငါးရဲ့အမြီးပိုင်းကို
ပြိုင်တူကြည့်လိုက်ကြသတဲ့။
မောင်စိုင်း
http://www.kanaung.net/
6/15/2014
ငါးတစ်ကောင်ကြောင့်
6/15/2014
Dim