6/15/2014

ဘဝရဲ့ရုန်းကန်ခြင်း။

တခါတုန်းက သားအဖ ၂ ယောက်စကားပြောနေရင်း သမီးဖြစ်သူက သူမဘဝကို စိတ်ညစ်လွန်းလို့ ဘယ်လိုဆက်လုပ်ရမလဲမသိဘူးလို့ ညည်းတွားပြီးပြောတယ်။ သူမက တချိန်လုံးရုန်းကန် လှုပ်ရှားနေရတာတွေအတွက် ပင်ပန်းလာတယ်။ ပြဿနာ တခုဖြေရှင်းပြီးတာနဲ့ နောက်ပြဿနာတခုက ပေါ်လာတယ်။ အဲဒီတော့ စားဖိုမှုးတယောက်ဖြစ်တဲ့ သူမရဲ့ အဖေက သူမကို မီးဖိုထဲကိုခေါ်သွားတယ်။ ပြီးတော့ အဖေလုပ်တဲ့သူက အိုး ၃ လုံးထဲကိုရေဖြည့်ပြီး မီးပြင်းပြင်းနဲ့ မီးဖိုပေါ်တင်ထားလိုက်တယ်။

ရေဆူလာတဲ့အချိန်မှာ အဖေက အိုးတလုံးထဲကို အားလူးတွေထည့်လိုက်တယ် ။ ဒုတိယအိုးထဲကို ကြက်ဥ နဲ့တတိယအိုးထဲကို ကော်ဖီစေ့ကိုကြိတ်ပြီး အမှုန့်ကို ထည့်လိုက်တယ်။ ပြီးတော့ သားအဖ ၂ယောက်က ထိုင်စောင့်နေကြတယ်။ သမီးလုပ်တဲ့သူက စောင့်ရတာပျင်းရိပြီး စိတ်မရှည်တော့ဘူး၊ သူ့အဖေဘာတွေလုပ်နေတာလဲလို့ တွေးရင်းနဲ့စောင့်နေတယ်။ မိနစ် ၂၀ လောက်ကြာတော့ အဖေလုပ်တဲ့သူက မီးဖိုကိုပိတ်လိုက်ပြီး အိုးထဲကအားလူး နဲ့ကြက်ဥကို ပန်းကန်လုံးထဲကိုထည့်လိုက်တယ်။ ကော်ဖီကိုတော့ခွက်ထဲကိုထည့်လိုက်တယ်။

သမီးဘက်လှည့်ပြီးတော့ “သမီးဘာမြင်သလဲ” လို့ မေးတယ်။

သမီးက “အာလူး ၊ ကြက်ဥနဲ့ ကော်ဖီလေ” လို့ မဆိုင်းမတွပြန်ဖြေတယ်။

“သေချာအနားကိုလာကပ်ကြည့် ၊ ပြီးတော့ အာလူးကိုလာထိကြည့်” လို့အဖေကပြောတယ်။ သမီးကအနားကပ်ကြည့်ပြီး အားလူးတွေ နူးအိနေတာကိုသတိထားမိလိုက်တယ်။

ပြီးတော့ အဖေက ကြက်ဥတလုံးကိုခွဲခိုင်းတယ်။ ကြက်ဥရဲ့အခွံကိုခွာလိုက်တော့ အထဲမှာ ကျက်ပြီးသား မာနေတဲ့ကြက်ဥကိုတွေ့လိုက်တယ်။

နောက်ဆုံးမှာတော့ အဖေက သမီးကို ကော်ဖီကိုသောက်ကြည့်ခိုင်းတယ်။ သောက်ကြည့်ပြီး ကော်ဖီရဲ့ အမွှေးနံ့ကို သူမနှစ်သက်သွားတယ်။

“အဖေ … ဒါဘာအဓိပ္ပာယ်လည်း” လို့မေးတယ်။

အဖေလုပ်တဲ့သူက အာလူး ၊ ကြက်ဥနဲ့ ကော်ဖီတွေအားလုံးက ဆူပွတ်နေတဲ့ ရေနွေးထဲမှာ တူညီတဲ့ ဒုက္ခတွေကိုခံစားခဲ့ရတယ်။ ဒါပေမယ့် သူတို့မှာ မတူညီတဲ့တုန့်ပြန်မှုတွေရှိတယ်။

အာလူးကတင်းတင်းရင်းရင်းနဲ့သန်မာတယ် ဒါပေမယ့် ရေနွေးထဲကိုရောက်သွားတော့ ပျော့ပြီးတော့ အားနည်းသွားတယ်။ ကြက်ဥက အက်ကွဲလွယ်တယ် အထိအခိုက်မခံဘူး။ ဒါပေမယ့် ရေနွေးထဲကိုရောက်သွားတာတေင် အပြင်ဘက်ကအခွံပါးပါးလေးနဲ့ အတွင်းပိုင်းကအရည်တွေကိုကာကွယ်ပေးထားတယ်။ ပြီးတော့မှ ကြက်ဥကတဖြည်းဖြည်းမာလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်ဖီကတော့ တမူထူးခြားတယ်။ ရေနွေးထဲကိုပျော်ဝင်သွားပေမယ့် ၊ သူတို့ကအဲဒီရေကို အခြားအသစ်တခုဖြစ်အောင် ပြောင်းလဲလိုက်နိုင်တယ်။

“သမီးကရော….ဘယ်လိုအမျိုးအစားလဲ” လို့ သမီးလုပ်တဲ့သူကိုမေးပါတယ်။ “ဒုက္ခတွေ အခက်အခဲတွေ တံခါးလာခေါက်ခဲ့ရင် ဘယ်လိုတုန့်ပြန်မလဲ ၊ အာလူးလိုလား ၊ ကြက်ဥလိုလား ဒါမှမဟုတ် ကော်ဖီစေ့လိုလား” …….တဲ့။

-------------------------------------------------------------

ဒီစာစုလေးမှာဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ဘဝတွေမှာ ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေရှိတယ် ၊ ဒါပေမယ့် အဓိကကျတာက အဲ့ဒီအကြောင်းအရာတွေအပေါ်ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ရွေးချယ်မှုနဲ့ လုပ်ဆောင်ချက်ပါပဲ။ ဘဝမှာကြုံတွေ့လာတဲ့ သင်ယူစရာတွေ ၊ ရုန်းကန်လှုပ်ရှားမှုတွေ အားလုံးကို အပြုသဘောဆောင်ပြီး လက်ခံနိုင်ဖို့ကြိုးစားကြရပါမယ်။

(Admin..နည်းစနစ်ကျကျ အတွေးအခေါ်)