6/15/2014

မြည်း ငပျင်းကလေး

တစ်ခါတုန်းက မြည်းကလေးတစ်ကောင်ရှိတယ်။ သူဟာ အရမ်းပျင်းတယ် အလုပ်လုပ်ရင်လဲ အလုပ်ကို ခိုကပ်ပြီး သက်သာရာ သက်သာကြောင်းလုပ်ချင်တယ်။

သူ့ပိုင်ရှင်ကတော့ ဆားကုန်သည်ဖြစ်တယ်။ အရင်ခေတ်တုန်းက တောင်ပေါ်ဒေသတွေမှာ ဆားရှားတယ်။ အဲဒီအတွက် ဆားတွေကို တောင်ပေါ်ကို ပို့ပြီးရောင်းရင် အလွန်စီးပွားဖြစ်တယ်။ ဒါနဲ့ သူဟာမြည်းတွေကို ဆားအိတ်တွေတင်ပြီးတောင်ပေါ်ကို ပို့တော့တယ်။

မြည်းကလေးဟာ အခြားမြည်းတွေနဲ့ မတူဘဲ သက်သာမယ့်နည်းလမ်းကိုရှာတယ်။ဒိလိုနဲ့ တောင်ပေါ်အရောက်မှာတော့ တောင်ကုန်းပေါ်က စမ်းချောင်းလေးတစ်ခုထဲကို ခြေချော်ကျသွားတယ်။ ရေထဲေ၇ာက်ပြိး ပြန်တက်လာတော့ ဆားတွေဟာ အရည်ပျော်ပြီးတော့ အိတ်တွေလဲ ပေါ့သွားတယ်။ နောက်ပိုင်း မြည်းကလေးက တောင်ပေါ်ကို ဆားတွေ သယ်တိုင်းအဲလိုနည်းလမ်းသုံးတယ်။

သူ့သခင်ကတော့ ဆားတွေ လမ်းမှာဆုံးရှုံးနေတာကို စိတ်မကောင်းဘူး။မြည်းကလေးတမင်သက်သက်လုပ်နေမှန်းလဲသိတော့ ပညာပေးဖို့စဉ်းစားတယ်။ သူဟာ ဆားတွေအစား ဂွမ်းကပ်တွေကို အိတ်ထဲထည့်ပြီးမြည်းကလေးကို သယ်ခိုင်းတယ်။ မြည်းကလေးကတော့ သတိမထားမိဘူး။

အဲလိုနဲ့ စမ်းချောင်းလဲ ရောက်ရော မြည်းကလေးက ခြေချော်ကျသလိုနဲ့ ရေထဲဆင်းသွားတယ်။ ဖြစ်ချင်တော့ ဂွမ်းကပ်တွေက ရေစိုမှ ပိုပြီးလေးလာကြတယ်။ မြည်းကလေးလဲ အံ့သြသွားပြီးတော့ အလေးကြိးကို တစ်ချိန်လုံးသယ်လာခဲ့ရတယ်။ ခရိးတစ်လျှောက်လုံးတော့ သူအလေးဆုံးပေါ့။

နောက်ပိုင်းမှာတော့ မြည်းလေး အမြင်မှန်ရသွားတယ်။ သူ သက်သာမယ့်နည်းလမ်းကိုလဲ မရှာတော့ဘဲနဲ့ အခြားမြည်းတွေနည်းတူ ပစ္စည်းတွေကို မလေလွင့်အောင် သယ်ယူပါတော့တယ်

မောင်စိုင်း