6/24/2014

တကယ် စိတ်ချမ်းသာချင်ပါသလား

(၁) အတိတ်ကို အရိပ်မှာထားခဲ့ပါ။

တသမတ်တည်းမဟုတ်ဘဲ အတက်အကျ အနိမ့်အမြင့်တွေနဲ့ ရင်ဆိုင်ရတာကို “ဘ၀” လို့ ခေါ် ပါတယ်။ အတိတ်က အောင်မြင်ပျော်ရွှင် ခဲ့ဖူးတာတွေကို ယခုပစ္စုပ္ပန်အခြေအနေမှာ ပြန်လည် တမ်းတမနေပါနဲ့ ။ ထို့ အတူ အတိတ်က ကြေကွဲဝမ်းနည်းမှုများကိုလည်း လက်ရှိ အချိန် မှာ ပြန်လည်ခံစားမနေပါနဲ့ ။ အနာဂတ်ဘ၀ သာယာလှပချင်တယ်ဆိုရင်တော့ (ယခု) ပစ္စုပ္ပန် အချိန်သာ အကောင်းဆုံးပါဘဲ။

(၂) ပတ်ဝန်းကျင်ရဲ့ အမြင်ကိုလိုက်ပြီး ခံစားမနေပါနဲ့ ။

“ ချီးမွမ်း (၇)ရက် ကဲ့ရဲ့  (၇)ရက် ” ဟူသော ရှေးဆိုရိုးစကားက သွေးထွက်အောင်မှန်ပါတယ်။ သူတပါးက ပျက်ရယ်ပြုမှာကြောက်လို့ … သူတပါး အထင်ကြီးတာခံချင်လို့ … သူတပါးအ ထင်သေး တာမခံနိုင်လို့ …စတဲ့ အတွေးကို ဖယ်ထုတ်ပစ်လိုက်ပါ။ မိမိကိုယ်စွမ်း ဥာဏ်စွမ်းရှိ သလောက်သာ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားရုံပါဘဲ။ မိမိရဲ့ ကြိုးပမ်းအားထုတ်မှုဟာ မိမိဘ၀ရပ်တည်မှုအတွက်သာဖြစ်ပါတယ်။

(၃) အချိန်တစ်ခုတော့ စောင့်ရမှာပေါ့။

ဝက်ခြံပျောက်တဲ့အခါ အမာရွတ်ဆိုတာကျန်ခဲ့စမြဲပါ။ အမာရွတ်ပျောက်ဖို့ ရက်အနည်းငယ် သီးခံစောင့်ရဦးမှာပါ။ ဒီလိုပါဘဲ …ဘ၀မှာ ပြန် မတွေးချင်လောက်အောင် ကြေကွဲဝမ်း နည်းခဲ့ရ တာတွေ၊ ခါးသီးမှုတွေ၊ နာကျင်မှုတွေ၊ အသည်းကွဲဝေဒနာတွေ …စသည်တို့ ကို မေ့နိုင်ဖို့  ဆိုရင်တော့ အချိန်ကာလတစ်ခုကို ကြံ့ကြံ့ခံကျော်ဖြတ်ရမှာပါ။ “ အချိန်ဟာ အကောင်းဆုံး သမားတော်” ဘဲ နော်။

(၄) မိမိရဲ့ ပျော်ရွှင်မှုကို ဖန်တီးနိုင်သူဟာ မိမိပါဘဲ။

ပျော်ရွှင်စေတာ စိတ်၊ အကောင်းမြင်နိုင်တာ စိတ်၊ နာကျင်နေတာ စိတ်၊ မနာလိုတာ စိတ်၊ ၀န် တိုတာ စိတ် ဖြစ်ပါတယ်။ “ပူလောင်မှုကို ရှောင်၊ အေးချမ်းမှုကို ဆောင် ” ဖို့  မိမိရဲ့ စိတ်ကို မိမိ ဖာသာ အရောင်မဆိုးလိုက်ပါနှင့်။ သို့ မဟုတ်ရင်တော့ လူ့ ဘောင်အသိုင်းအ၀ိုင်းနဲ့  ကင်းကွာ အထီးကျန်တတ်လို့ ပါဘဲ။

(၅) အတွေးနယ် မချဲ့ ပါနဲ့ ။

လူ့ ဘုံလောကမှာ ပဟေဌိ အဖြေညှိမရတဲ့ ပုစ္ဆာများရှိသလို၊ ပဟေဌိ အဖြေမညှိသင့်တဲ့ ကိစ္စတွေလည်းရှိတတ်ပြန်ပါတယ်။ အဲဒီလို အဖြစ် မျိုးနဲ့ ကြုံတွေ့ လာတဲ့အခါ ပြီးပြီးေ ပျာက်ေ ပျာက်သာ သဘောထားလိုက်ပါ။ အတွေးခေါင်တာကလည်း တစ်ဖက်စွန်းရောက်နည်း တစ် မျိုးဖြစ်ပါတယ်။

(၆) အပြုံးပန်းလေး ပန်ဆင်ထားပါ။

စိတ်ညစ်နေလည်းဘဲ ပြုံးပြပါ။ စိတ်ရှုပ်နေလည်းဘဲ ပြုံးပြပါ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အရှုပ်ထုပ်ေ တွအားလုံးကို မိမိတစ်ယောက်ထည်း သိမ်းကျုံးပိုက်ထွေးနေရတယ်လို့ မထင်ပါနဲ့ ။ “ After all is nothing - ပြီးတော့လဲ ပြီးသွားတာပါဘဲ ”

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)