6/25/2014

မြေးတွေအတွက် အဘိုးကထားခဲ့တဲ့ အမွေ

၂၀၁၂နှစ်စက်တင်ဘာလ၃ရက်မှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာနေတဲ့ အိုင်ရလန်လူမျိုး အမေရိကန်နိုင်ငံသားMr.James၇၂နှစ်ဟာနှလုံးရောဂါကြောင့်ဘဝတပါးကိုပြောင်းသွားခဲ့ပါတယ်။
သူရဲ့မွေးနေ့ဖြစ်တဲ့ ဧပြီလ ၈ ရက်နေ့တွင်မြေး၅ယောက်အတွက် စာလေးတစောင်ရေးနေခဲ့ပါတယ်။စာလေးရဲ့ခေါင်းစဉ်ကတော့ “ဘဝကပေးတဲ့သင်ခန်းစာ ၁၈ ချက်”ပါ။စာလေးနဲ့ပတ်သက်ပြီး အသေးစိတ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၀၁. ကိုယ်ကိုကိုယ်တန်ဖိုးထားပါ
မိဘကအပင်ပန်းခံပြီးကျွေးမွေးစောင့်ရှောက်လို့သာကြီးပြင်းလာရတာပါ။စိတ်ပင်ပန်းတဲ့အခါ ဘုရားတရား၊မိဘ၊ဆရာကိုမမေ့မှသာလျှင် ကိုယ်ကိုကိုယ် တန်ဖိုးထားတတ်မှာပါ။

၀၂.ဆုံးရှုံးမှာကိုကြောက်မနေပဲ လုပ်သင့်တာကိုလုပ်ပါ
ကိုယ်ရဲ့ဘဝမှာလုပ်ချင်တာကို ဘာကိုမှမကြောက်ပဲ လုပ်သင့်တာကိုလုပ်ပါ။ဘယ်လိုမှမဖြစ်နိုင်တဲ့ ရည်မှန်းချက်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်က ဘာပဲပြောပြော သူကဘယ်လိုထင်သလဲ၊ သူတပါးရဲ့အရိပ်အခြေကိုပဲကြည့်ပြီး ဘဝကိုလျှောက်လှမ်းဖို့မလိုပါ။ဖြစ်ချင်တဲ့ဆန္ဒပြင်းပြနေတဲ့အရာကို သတ္တိရှိရှိနဲ့သာရှေ့ဆက်လျှောက်ပါ။လုပ်ပြီးမအောင်မြင်ခဲ့ရင်လည်း နောင်တဆိုတဲ့စကားနှစ်လုံးကတော့
 ပေါ်လာမှာမဟုတ်ပါ။

၀၃.လူဆိုတာ အကုန်လုံးအတူတူချည်းပါ
ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးဟာ အတူတူချည်းပါပဲ။လူတွေထဲမှာတော့ သူဌေးဆိုတာလဲရှိပြီး မတူသလိုမတန်သလိုဆက်ဆံတာမျိုးလည်း ရှိနိုင်ပါတယ်။ဒါပင်မဲ့လည်း အားမငယ်ပါနဲ့။သူဌေးတွေမှာလည်း ကြောက်စိတ်၊အားငယ်စိတ်တွေရှိပါတယ်။တခြားလူတွေလို ဗိုက်ဆာာရင်ထမင်းစားပြီး ပင်ပန်းလာရင် အိပ်တတ်ပါတယ်။

၀၄.လုပ်ချင်တဲ့အရာတွေကို ရေးမှတ်ထားပါ
ဘဝမှာလုပ်ချင်တဲ့အရာတွေကို သေသေချာချာ ရေးချပြီးမှတ်သားထားစေလိုပါတယ်။ခရီးသွားချင်တဲ့နေရာ၊
သင်ချင်တဲ့စာတတ်ချင်တဲ့ကျောင်း၊ဖြစ်ချင်တာအားလုံးကို ရေးချထားပြီး ၁ နှစ်အတွင်းဖြစ်နိုင်မဲ့အရာကိုစပြီးလုပ်ပါ။ဒီအကျင့်လေးကိုနှစ်စဉ်လုပ်စေချင်ပါတယ်။မနက်ဖြန်မှလုပ်မယ်
ဆိုရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ပါ။လူ့ဘဝဆိုတာ မနက်ဖြန်ဆိုတာ
ရှိချင်မှရှိမှာပါ။ဘာမှမမြဲဘူးဆိုတာကို သတိရပါ။

၀၅.ကလေးတွေကို ချီးကျုးပါ
အိုင်ရလန်လူမျိုးတွေမှာ စကားပုံရှိပါတယ်။ကလေးကိုလေးလေးစားစား အားပေးအားမြှောက်လုပ်ရင် ကလေးကမပြောလဲကြိုးစာမှာပါ။ကိုယ်မှာကလေးရလာရင် လုပ်ဖြစ်အောင်လုပ်ပါ။

၀၆.လူတွေကိုကူညီပါ
ဖြစ်နိုင်ရင်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ချိ့တဲ့ပြီး လူဘောင်ကနေ ဝေးကွာနေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပါ။သူတို့ရဲ့ဘဝမှာ ဝမ်းနည်းစရာ၊ကြေကွဲစရာ ဒဏ်ရာတွေနဲ့ပြည့်နေပါတယ်။

၀၇.တယောက်နဲ့တယောက်သတ်နေတဲ့စစ်ပွဲဆိုတာ မကောင်းပါ
တယောက်နဲ့တယောက်သတ်ဖြတ်နေတဲ့စစ်ပွဲဆိုတာဟာမကောင်းပါ။နိုင်ငံရေးအရနိုင်ငံခေါင်းဆောင်တွေ
ကစာရွတ်တွေမှာလက်မှတ်ထိုးပြီးစခဲ့တဲ့စစ်ပွဲတွေမှာ အသက်တွေဆုံးရှုံးရတာကတော့ လူငယ်တွေပါ။နောက်ဆုံးတော့စာရွက်တွေမှာလက်မှတ်ထိုးပြီးတော့စစ်ဆိုတာအဆုံးသတ်ရတာပါပဲ။

၀၈.စာများများဖတ်ပါ
စာများများဖတ်မှသာလျှင် ဥာဏ်ထက်ပြီး အသိဥာဏ်တိုးလာမှာပါ။

၀၉.ရိုးရိုးသားသားနေပါ
ရိုးရိုးသားသားနေတယ်ဆိုတာ မွန်မြတ်ပါတယ်။

၁၀.ခရီးသွးပါ
တတ်နိုင်ရင်ခရီးများများသွားပါပိုက်ဆံစုပြီးမှသွားမယ်ဆိုရင်တော်တော်နဲ့သွားဖြစ်မှာမဟုတ်ပါ
အဝေးကြီးသွားစရာမလိုပါကိုယ့်ရပ်ရွာကနေပတ်ဝန်းကျင်မှာလည်းမသွားဖူးတဲ့နေရာဆိုတာရှိနိုင်ပါတယ်။

၁၁.ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါ
ကိုယ်လုပ်ချင်တဲ့အလုပ်ကိုဘဝရဲ့အသက်မွေးဝမ်းကျောင်းအဖြစ်ရွေးသင့်ပါတယ်။
လွယ်လွယ်နဲ့တော့မဖြစ်နိုင်ပင်မဲ့ကြိုးစားပါ။ပိုက်ဆံကိုပဲကြည့်ပြီး အလုပ်ကိုရွေးရင်တော့ အလုပ်ကပျော်စရာကောင်းမှာမဟုတ်ပါ။

၁၂.သူတပါးကို မဆဲမဆူပါနဲ့
သူတပါးကို ဆဲဆူလိုက်ရင် ကိုယ်လည်းစိတ်မကောင်းသလို အပြောခံရတဲ့သူမှာလည်း ခံရခက်ပါတယ်။ဒါကိုရှောင်ဖို့ဆိုတာခက်ပင်မဲ့ တတ်နိုင်သလောက် မလုပ်ပါနဲ့။

၁၃.ကလေးတွေရဲ့ကတိကို မဖျက်ပါနဲ့
မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်အောင်လုပ်မယ်လို့မပြောပဲနဲ့ ကလေးတွေကိုပေးထားတဲ့ကတိဆိုတာ မပျက်နိုင်တဲ့ကတိကိုပေးပါ။ကလေးတွေရဲ့နှလုံးသားဆိုတာ ရိုးသားစင်ကြယ်တဲ့အတွက် ဒဏ်ရာတွေမပေးပါနဲ့။

၁၄.ချစ်ခြင်းတရားကို မလိမ်မိစေပါနဲ့
သူတပါးကို စိတ်ထဲကမချစ်ပဲနဲ့ ချစ်တယ်လို့မပြောမိပါစေနဲ့။

၁၅.ပတ်ဝန်းကျင်သဘာဝကိုလည်း လေ့လာပါ
တတ်နိုင်သလောက်အပြင်ကိုထွက်ပြီးလူ့လောကကြီးမှာဘာတွေဖြစ်နေသလဲဆိုတာကို ကိုယ့်မျက်စိနဲ့ကြည့်ပါ။

၁၆.ကိုယ့်ရဲ့ဘိုးဘွားတွေအကြောင်းကိုမေးကြည့်ပါ
ကိုယ့်ရဲ့ ဘိုးဘွားတွေကဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကို မေးသင့်ပါတယ်။

၁၇.ချစ်တဲ့သူကို ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့
ချစ်တဲ့သူကို မဆုံးရှုံးခင်မှာ ချစ်တဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်းကို ပြောဖြစ်အောင်ပြောပါ။

၁၈.ဘဝဆိုတာ နောက်ပြန်လျှောက်လို့မရပါ
ဘဝဆိုတာ တစ်နေ့ပြီးတစ်နေ့နဲ့ပြီးဆုံးရတာပါ။တစ်ရက်တစ်ရက်ကို တန်ဖိုးရှိရှိ အသုံးချစေချင်ပါတယ်။


Happiness Is To You
Chelmo Page ကိုလည်း Like လုပ်ပေးကြပါဦးနော်။
https://www.facebook.com/chelmo.tips
You Tube
https://www.youtube.com/user/chelmotips
Chelmo Team
Ref. Iine