ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ take stock of, second wind နဲ့ have a ball တို့ ဖြစ်ပါတယ်။
ကုန်လွန်ခဲ့တဲ့ နှစ်ရဲ့  အဆိုးအကောင်းကို ပြန်ပြောင်းသုံးသပ်ပြီး ဒီလာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်မှန်းထားကြသူများ ရှိကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုနိုင်တဲ့ အီဒီယံအသုံးအနှုန်းက take stock of ဖြစ်ပါတယ်။
Take = ယူဆောင်သည်၊ Stock = သိမ်းဆည်းထား၊ လှောင်ထားသည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သိမ်းဆည်းထားတဲ့ လက်ကျန်ကုန်ပစ္စည်းတွေ ဘယ်၍ဘယ်မျှ ကျန်ရှိနေလည်းဆိုတာကို သိရအောင် စာရင်းကောက်ယူလုပ်ဆောင်ခြင်းလို
အခု မိဘတဦးအနေနဲ့ သူတို့မိသားစု ပြီးခဲ့တဲ့အခြေအနေကို ဘယ်လိုပြန်လည် သုံးသပ်ကြည့်တယ်ဆိုတဲ့အကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Taking stock I can say it was a good year. Both of us got promotions in our jobs. We bought a new house at a low interest rate. And, our son, Joe, got into a good college.
ဆက်လက်လေ့လာရန်......http://





