ကွာရှင်းတယ် ဆိုတာ များသော အားဖြင့် လူသား တွေသာ ပြုလုပ် ကြတာပါ။ တိရိစ္ဆာန် လောက မှာရော ကွာရှင်းတယ် ဆိုတာ ရှိနိုင်သလား။ တစ်လင် တစ်မယား ဆိုတာရော ရှိသလား။ ဒါပေမယ့် အချို့သော တစ်လင် တစ်မယား စနစ်ကျင့်သုံးတဲ့ မျိုးစိတ် တွေက နှစ်အနည်းငယ် ပေါင်းပြီးရင် ပြတ်သွား တာမျိုး ရှိပါတယ်။
အ ကောင်းဆုံး မေးခွန်း တစ်ခု ကတော့ တိရိစ္ဆာန် တွေကကော လက်ထပ်မှုကို ပြုလုပ် ကြသလား။ များသော အားဖြင့် တိရိစ္ဆာန် တွေကသောင်း ပြောင်း ပေါင်းဖော် တတ်တဲ့ အလေ့အကျင့် ရှိကြ ပါတယ်။ အနည်းငယ်သော မျိုးစိတ် တစ်ချို့သာ တစ်သက်လုံးမှာ အဖော်တစ်ယောက် သာ ပေါင်းဖော် ကြပါတယ်။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် တိရိစ္ဆာန်တို့ရဲ့ 90 ရာခိုင်နှုန်း လောက်က များစွာသော အဖော်များနဲ့ ပေါင်းဖော် ပါ သတဲ့။ သတ္တ၀ါ တော်တော်များများ ကတော့ အချိန် အကြာကြီး တစ်ကောင်ထဲနဲ့ တွဲကာ ပေါင်းဖော်တတ်တဲ့ အလေ့အကျင့် မရှိပါ ဘူးတဲ့။ တစ် ခဏသာ အတူ နေတာ များပါတယ်။ များသော အားဖြင့် နီးစပ်ရာနဲ့ ပေါင်းဖက်တယ်။ နောက်တော့လည်း နောက်တစ်ကောင်နဲ့ ဆက်တွဲတာ ပါပဲ။
အထူးဆန်းဆုံး ဥပမာ တစ်ခုက ပျားတွေပါပဲ။ ပျားဘုရင်မမှာ သူ့အဖော်က တစ်ကောင်မှ အကောင်လေးဆယ် အထိ ရှိပါတယ်။ လုပ်သားပျား တွေက အဖော်များ များနဲ့ ဆက်ဆံ နိုင်တဲ့ ပျားဘုရင်မကို ပိုသဘော ကျပါတယ်။ လုပ်သား များများနဲ့ ပေါင်းဖော် နိုင်လေလေ ပျားဘုရင်မက သားသမီး များများ မွေးလေပါပဲ။ ဒါက သတ္တ၀ါ တွေဟာ ဘာကြောင့် သူတို့ အဖော်ကို များများ ထားရတယ် ဆိုတာရဲ့ အဓိက အချက်ပါပဲ။ အထူးဆန်းဆုံး နောက်တစ်ခုက ပျားထီးက ပျားဘုရင်မနဲ့ ပေါင်းဖော် ပြီးနောက်မှာ သေဆုံး သွားတာပါပဲ။ နောက်ထပ် အဖော် အရမ်းများတဲ့ တိရိစ္ဆာန် တစ်မျိုး ကတော့ Bonobo Chimpanzee ပါ။ အဲဒီ ချင်ပန်ဇီ အမျိုးအစားမှာ အထီးရော အမပါ မည်သည့် နေရာမှာ မဆို များစွာသော အဖော် များနဲ့ ပေါင်းသင်းပါတယ်။ Bonobo Chimpanzee က သူတို့ရဲ့ မိတ်လိုက် ချိန်က များလွန်းတဲ့ အတွက်ကြောင့် ကျော်ကြား ပါတယ်။ သူတို့က ထူးဆန်းတဲ့ နည်းတွေ နဲ့လည်း ပေါင်းဖော် တတ်ပါတယ်။ အနည်း ငယ်သော မျိုးစိတ်တွေ ကတော့ တစ်သက်လုံးမှ တစ်ကောင်သာ ပေါင်းဖော် တတ်တယ်။ ဒါ့အပြင် အကြာကြီး နေမှ တစ်ခါ လောက်သာ ပေါင်းဖော်တယ်။ အဲဒီိလို မျိုးစိတ် တွေထဲက တစ်ခု ကတော့ ၀ံပုလွေ ဖြစ်ပါတယ်။ ၀ံပုလွေ တွေက များသော အားဖြင့် လူသား မိသားစု တွေလို အဖေ၊ အမေနဲ့ သားသမီးတွေ စုပေါင်း နေထိုင် တတ်ကြပါတယ်။ Monogamous (တစ်လင် တစ်မယား စနစ်သုံး) မျိုးစိတ်တွေ ထဲက အချို့ကို ဖော်ပြ ပေးရမယ် ဆိုရင်တော့ ငန်း၊ အနက်ရောင် လဒ၊ မြေ ကြွက်၊ ခြ၊ ပင်လယ်လိပ်၊ ငှက် (Turtle dove) ကပ်ပါး တီကောင်တွေ ဖြစ်ပါတယ်။
တစ်လင် တစ်မယား စနစ်နဲ့ သတ္တ၀ါ တွေက သူတို့ရဲ့ ဘ၀ လက်တွဲဖော်ကို တစ်ချိန်လုံး ပြစ်တောက် ပြစ်တောက် ပြောတတ် လေ့ရှိနိုင် ပါ့မ လား။ ကြည့်ရတာ သူတို့ ပြောပုံ ရတယ်။ ပြီးခဲ့တဲ့ နှစ်က Austria မှာရှိတဲ့ Reptilian Zoo မှာ ကမ္ဘာ့ အသက် အကြီးဆုံး လိပ်လင် မယားက စပြီး ရန်ဖြစ် လာပါတယ်။ သူတို့ရဲ့ first date မှနောက် ၁၁၅ နှစ်အကြာမှာ စရန် ဖြစ်ပါတယ်။ ဒါပာာ အချိန် ကြောင့်ပဲ ဖြစ်မှာပါလို့ သင်တွေးမိ ကောင်းတွေး မိမှာပါ။ ဒါပေမယ့် တိရိစ္ဆာန် ရုံဝန်ထမ်း တွေကို သိပ္ပံ ပညာရှင် တစ်ချို့ ကပြောပြ ခဲ့ပါတယ်။ သတ္တ၀ါ တိုင်းမှာ အချိန် အကြာကြီး အမြဲ တည့်နေဖို့ ဆိုတာ အတော် ဖြစ်ခဲပါ တယ်တဲ့။ သူတို့ ဘယ်လိုလုပ်ပြီး လိပ်တွေ ဘာဖြစ်ကြ တယ်ဆိုတာ သိနိုင် မလည်း။ လိပ်အမက လိပ် ထီးကို အကြောင်း မရှိပဲနဲ့ စတင် ရန်လုပ်ပါတယ်။ အဲဒီအထိ ထူးဆန်းတာ မရှိသေး ပါဘူး။ သူတို့ နှစ်ကောင်က အလေ့အကျင့် တွေလည်း စ တင်ပြီး ကွဲပြား လာပါတယ်။ တိရိစ္ဆာန် ရုံဝန်ထမ်း တွေကတော့ လိပ်လင် မယားကို ပြန်လည် သင့်မြတ် စေချင် ပါတယ်။ ၀န်ထမ်း တွေက အစီ အစဉ် တစ်ခု ဆွဲပြီး လိပ်အထီးကို အခြား လိပ်အမ တစ်ကောင်နဲ့ ထားပေး ပါတယ်။ လိပ်အမ သ၀န်တိုပြီး လိပ်ထီးကြီးကို ပြန်ခေါ် မလားလို့ ပါ။ ထင်တဲ့ အတိုင်းဖြစ် မလာပါဘူး။ လိပ်အမက အဲဒါ တွေကို ဂရုကို မစိုက်ပါဘူး။
နောက်ထပ် မျိုးစိတ် တစ်ခုကတော့ မျောက်လွှဲကျော် မျိုးစိတ်ပါပဲ။ သူတို့က ခိုင်မာတဲ့ ကတိများနဲ့ သူတို့ အဖော် အပေါ်မှာဖြင့် စောင့်သိ ကြပါ တယ်။ သူတို့ရဲ့ အဖော်နဲ့သာ အချိန် အများကြီး ကုန်ဆုံး စေပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် အတူတကွ ဆော့ကစားတယ် တစ်ပင် ကနေ တစ်ပင်ကို လွှဲသွား ရာမှာလည်း အတူတကွ သွားကြပါတယ်။ အခု တစ်လောကမှ မျောက်လွှဲကျော် မျိုးစိတ်ကို လေ့လာထားတဲ့ လေ့လာ သူများက ဖော်ပြထား ပါတယ်။ အဲဒီမျောက် များရဲ့ မိသားစု ဘ၀က ကြည့်တော့သာ ပျော်ရွှင် နေပုံရ တာပါ။ တခါတလေ သူတို့ ကလည်း အ ချင်းချင်း လိမ်လည် လှည့်ဖျား တတ်ကြပါ သေးတယ်တဲ့။ ဒါကို ကြည့်ခြင်း အားဖြင့် သတ္တ၀ါ တွေက ကွာရှင်းတတ် ကြပါတယ်။ သို့ပေမယ့် သ တ္တ၀ါ တော်တော်များများ ကတော့ လက်ထပ်မှုကို မပြုလုပ် တတ်ကြ ပါဘူးလို့ ကောက်ချက် ချလို့ ရပါတယ်။ အနည်း ငယ်သော မျိုးစိတ် များ ကသာ (တစ်လင် တစ်မယား စနစ်၊ ဒါမှမဟုတ် ကွာရှင်းခြင်း) ကိုပြုလုပ် ကြပါတယ်။ လူသား တွေကတော့ ဒါမျိုး တွေကို အမြဲ လုပ်နေတာ ပါပဲ မဟုတ်လား။
Images from lumeanimalelor, mnn. Source: mnn.com








