11/27/2013

အောင်မြင်သူတို့ရဲ့အတွေးအခေါ်အယူအဆ

အောင်မြင်သူတို့ရဲ့အတွေးအခေါ်အယူအဆ
( ကြိုးစားမူ့မပါပဲ စွန့်စားရတဲ့ အလုပ်တွေကို ရှောင်ပါ )
ကမ္ဘာ့အချမ်းသာဆုံးသူတွေ စာရင်းမှာ ပါရှိတဲ့..  
Tim Westergren ဆိုသူနဲ့မိတ်ဆက်ပေးလိုပါတယ်။ 
သူက အခုဆို အသက် ၄၈ နှစ်ရှိပါပြီ၊ အွန်လိုင်းပေါ်မှာ အောင်မြင်ကျော်ကြားတဲ့
Pandora Media ကိုစတင်ထူထောင်ခဲ့သူတွေ အနက်က တစ်ဦးဖြစ်ပါတယ်။
 Pandora Media ရဲ့ အဓိကအောင်မြင်မူ့ကတော့ အင်တာနက် ရေဒီယို ကိုတည်ထောင်ပြီး ထုတ်လွှင့်ခြင်း
အစီအစဉ်ပဲဖြစ်ပါတယ်။
 တကယ်တော့သူဟာ Stanford တက္ကသိုလ်က နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့တာပါ။ 
သူရခဲ့တဲ့ ဘွဲ့နဲ့ သူအောင်မြင်တဲ့အလုပ်က သိပ်တော့ ဟပ်စပ်မူ့မရှိလှဘူးပေါ့။
သို့သော် သူက ကျောင်းပြီးသွားတဲ့အချိန်မှာ တေးသီချင်းခွေများကို ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ အနှစ် ၂၀ လောက်ကျင်လည်ခဲ့ဘူးပါတယ်။
သူဟာ Pandora Media ကို သူ့မိတ်ဆွေတွေဖြစ်တဲ့ Will Glaser နဲ့ Jon Kraft တို့နဲ့အတူ ၁၉၉၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။ 
၂၀၁၁ ခုနှစ်မှာတော့ သူတို့ ကုမဏ္ဍီကို အများပိုင် ကုမဏ္ဍီအဖြစ်ပြောင်းလည်းခဲ့ပါတယ်… 
အဲဒီ့အချိန်မှာ ကုမဏ္ဍီရဲ့တန်ဘိုးက ဒေါ်လာ ၁၃၃ သန်းလောက်ရှိနေပြီဖြစ်ပါတယ်။ အွန်လိုင်းအင်တာနက်ပေါ်မှာ တေးဂီတထုတ်လုပ်ခြင်းလုပ်ငန်းကို
စွန့်ဦးတီထွင်သူတွေအနေနဲ့ စတင်ခဲ့နိုင်သူတွေဖြစ်ပါတယ်။
 Tim ဟာ အသက် ၂၀ အရွယ်လောက်မှာကထဲက သူ့လက်ကိုင်ထားတဲ့အယူအဆတစ်ခုရှိပါတယ်…
ဒါကတော့ (Avoid the risk of not trying ) ကြိုးစားမူ့မပါပဲ စွန့်စားရတဲ့အ
လုပ်တွေကို ရှောင်ပါတဲ့
 
ဆက်လက်ဖတ်ရှု့ရန်......http://www.thebestenglish4you.com/tim-westergren.html