11/27/2013

Agony ဆီးလမ်းကျောက်က နာခြင်း

CT result အရ Ureteric Colic ဆီးပြွန်ကျောက်တည်ရောဂါလို့ပြောပါတယ်။ Kidney Stone နဲ့ ဘာကွာလဲ ဆရာ။
Kidney ကျောက်ကပ်နဲ့ Bladder ဆီးအိမ်ကြားမှာ အထက်ကနေ အောက်ကို ဆင်းလာပြီး ဆက်နေတဲ့ ပြွန်လိုအင်္ဂါကို Ureter လို့ခေါ်တယ်။ အထက်မှာ ကျယ်ပြီး အောက်ရောက်လေ ကျဉ်းလေဖြစ်တယ်။ ဘယ်-ညာ ရှိတယ်။
အဲဒီမှာ ကျောက်ကတစ်နေလို့နာတာကို Ureteric colic လို့ခေါ်တယ်။ အလွန်နာတတ်တယ်။

အဲလို ဆီးလမ်းကျောက်ကြောင့်နာတာကို Pain, severe pain လို့ပြောတာနဲ့မလုံလောက်လို့ Agony လို့သုံးတယ်။

Colic ဆိုတာက ရစ်ပြီးနာတာမှန်သမျှ ကျောက်ကနေဖြစ်ဖြစ်၊ လေကြောင့်ဖြစ်ဖြစ်၊ ဝမ်းကြောင့်ဖြစ်ဖြစ် ခေါ်ပါတယ်။

နာတာအတွက် ဆေးဆောင်ထားသင့်တယ်။ သွားလေရာယူသွားပါ။ Buscopan/Spasmo Cibalgin စတဲ့ဆေးဖြစ်တယ်။ စားဆေးနဲ့ ထိုးဆေးရှိတယ်။

ဆရာလဲ ဖြစ်ဘူးလို့ Buscopan ကို သွားလေရာကို ယူသွားရဘူးတယ်။ တခါက တခြားနိုင်ငံတခုကို အစည်းအဝေး သွားတော့ ယူသွားတယ်။ မိတ်ဆွေတဦး ညကြီးမင်းကြီး နာလို့ ပါလာတဲ့ဆေးကို ထိုးပေးရတယ်။ ၅ မိနစ်အတွင်း သက်သာသွားတယ်။

သက်သာမှသူပြောတာက “အနားမှာ သေနပ်သာရှိရင် ကိုယ့်ကိုယ်ကို ပြစ်သတ်ချင်လောက်အောင်ဘဲ” တဲ့။ သူက လူကောင်ကြီးလို့ 3 ampoules IV ထိုးပေးရတယ်။ သာမန်လူဆိုရင် ၂ လုံးဆိုရတယ်။ တော်တော်တန်တန်နာရင် စားဆေး ၁-၂ ပြားဆိုရင် ရတယ်။

Buscopan ဆေးကို ရာသီလာလို့ မတရားနာသူကိုလဲ ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၃