ရာသီဥတုတစ်ခုနဲ့တစ်ခုကူးပြောင်းလာတာနဲ့နှာချောတာ၊ချောင်းဆိုးတာ၊
ကိုယ်လက်နာပြီးဖျားချင်သလိုလိုဖြစ်နေတတ်ပါတယ်။ဒါပေမယ့်အာဟာရ
ပြည့်ဝတဲ့အစားအစာတွေကိုစားပြီးကိုယ်ခံအားကောင်းနေရင်တော့ဖျားနာ
မှာစိတ်မပူရတော့ပါဘူး။ဒါ့ကြောင့်ဖျားခြင်းကင်းဝေးပြီးကိုယ်ခံအားကောင်း
စေတဲ့အစားအစာတွေကိုဖော်ပြလိုက်ပါတယ်။
၁)ကြက်စွပ်ပြုတ်
ကိုယ်ခံအားမြှင့်တင်တဲ့နေရာမှာကြက်စွပ်ပြုတ်ဟာအကောင်းဆုံးဖြစ်တယ်
လို့အာဟာရဗေဒပညာရှင်မက်ဒင်နီရယ်ကဆိုပါတယ်။ကြက်သားဟာ
ကိုယ်ခံစွမ်းအားအတွက်အဓိကလိုအပ်တဲ့ဇင့်ဓာတ်၊သံဓာတ်နဲ့ပရိုတင်း
ဓာတ်တို့အပြင်ရေဓာတ်၊အနာကျက်စေတဲ့အာနိသင်နဲ့ရောင်ရမ်းမှုကို
ဟန့်တားပေးနိုင်တဲ့အစွမ်းတွေရှိတယ်လို့သိရပါတယ်။နှာခေါင်းပေါက်
မှာရှိတဲ့အမွေးအမျှင်တွေကိုလည်းရှည်သန်အောင်အားပေးပြီးနှာခေါင်း
ပေါက်ကနေတစ်ဆင့်ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေမ၀င်အောင်တား
ဆီးပေးပါတယ်။စွပ်ပြုတ်ကိုဗီတာမင်စီကြွယ်ဝတဲ့မုန်လာဥနဲ့ပြုပ်စားတာ
မျိုးလည်းပြုလုပ်နိုင်ပါတယ်။တကယ်လို့ကြက်သားမကြိုက်လို့ငါးနဲ့ဟင်း
သီးဟင်းရွက်တွေရောပြုတ်ထားတဲ့စွပ်ပြုတ်သောက်တာကလည်းခန္တာ
ကိုယ်အတွက်လိုအပ်တဲ့အချွဲတွေထွက်စေပြီးပြင်ပမှဝင်ရောက်တိုက်ခိုက်
လာတဲ့ရောဂါပိုးတွေကနေကာကွယ်ပေးပါတယ်။
၂)လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းမှာပါဝင်တဲ့ကက်တီချင်ဟာကိုယ်ခံစွမ်းအားမြှင့်တင်ပေး
တဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍမှပါဝင်တယ်လို့မက်ဒင်နီရယ်က
ရှင်းပြပါတယ်။ကက်တီချင်ဟာအစွမ်းထက်တဲ့အင်တီအောက်စီးဒင့်ဖြစ်
ပြီးဗိုင်းရပ်စ်ပိုးတွေကိုတားဆီးတဲ့နေရာမှာလည်းအရေးပါတယ်လို့ဆိုပါ
တယ်။လည်ချောင်းတွေနာပြီးအသက်ရှူရခက်ခဲတဲ့အချိန်မှာလက်ဖက်
စိမ်းရည်ထဲကိုသံပုရာရည်အနည်းငယ်နဲ့ပျားရည်တစ်ဇွန်းလောက်ထည့်
ပြီးသောက်တာဟာဝေဒနာကိုအမြန်သက်သာစေတယ်လို့သိရပါတယ်။
၃)ပျားရည်
ပျားရည်ဟာလည်ချောင်းကိုရှင်းစေပြီးအစာမကြေဖြစ်တာနဲ့စားချဥ့်ပြန်
လို့မအီမသာဖြစ်တာကိုပျောက်ကင်းစေနိုင်ပါတယ်။ဒါ့ကြောင့်ကော်ဖီထဲ
ကိုသကြားထည့်မယ့်အစားပျားရည်တစ်ဇွန်းလောက်ထည့်ပြီးသောက်တာ
ဟာပိုအကျိုးရှိတဲ့အပြင်အရသာရှိတဲ့အဆာပြေအဖြစ်ပန်းသီးတစ်လုံးကို
ပျားရည်နဲ့စိမ်ပြီးပေါင်းစားတာကလည်းကျန်းမာရေးအတွက်တစ်ဖက်
တစ်လမ်းကအထောက်အကူပြုတယ်လို့သိရပါတယ်။
၎)ဒိန်ချဉ်
ဒိန်ချဉ်မှာခန္တာကိုယ်အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့အတွက်ရော
ဂါဖြစ်စေတဲ့ပိုးမွှားတွေကိုလျှော့နည်းအောင်ပြုလုပ်ပြီးအစာလည်းကြေ
စေတာကြောင့်စားသုံးသင့်ပါတယ်။
၅)ဟင်းသီးဟင်းရွက်ဖျော်ရည်
ဟင်းသီးဟင်းရွက်တွေကိုအသုပ်လုပ်စားတာအပြင်ဖျော်ရည်အဖြစ်ဖျော်
သောက်ရင်လည်းရေဓာတ်အပြင်အင်တီအောက်စီးဒင့်ဂုဏ်သတ္တိကိုလည်း
ရရှိစေပါတယ်။အရသာချိုတာကြိုက်လို့သစ်သီးတွေကိုဖျော်သောက်တာ
လည်းကျန်းမာရေးအကျိုးပြုစေတဲ့အလေ့အကျင့်လေးတစ်ခုပါပဲ။
၆)ကြက်သွန်ဖြူ
သုတေသနပြုလုပ်ချက်တွေအရကြက်သွန်ဖြူဖြည့်စွက်စာကို12ပတ်ခန့်
စားပြီးတဲ့သူတွေမှာအအေးမိဝေဒနာခံစားရနှုန်းအလွန်နည်းသွားတာကို
တွေ့ရှိခဲ့ရပါတယ်။ကြက်သွန်ဖြူဟာအစွမ်းထက်ဓာတ်တိုးဆန့်ကျင်ဂုဏ်
သတ္တိရှိပြီးပိုးမွှားတွေကိုဆန့်ကျင်နိုင်တဲ့အစွမ်းလည်းရှိတာကြောင့်ဖျားချင်
သလိုလိုဖြစ်ပြီးလည်ချောင်းတွေနာတာ၊နှာစေးနှာပိတ်တာတွေကိုလည်း
သက်သာစေတယ်လို့သိရပါတယ်။
၇)ချင်း(ဂျင်း)
ချင်း(ဂျင်း)ဟာခေါင်းမူးနောက်နောက်ဖြစ်တာ၊အစာအိမ်နာတာတွေသက်
သာစေတဲ့အိမ်သုံးဆေးဝါးအဖြစ်သိကြပါတယ်။တခြားလေ့လာချက်တွေ
မှာတော့ချင်းကိုရောင်ရမ်းမှုသက်သာစေတဲ့ဆေးဝါးအဖြစ်သိရပြီးရောဂါ
ပိုးမွှားတွေကိုလည်းတိုက်ခိုက်ပေးနိုင်တယ်လို့ဆိုပါတယ်။
၈)လိမ္မော်သီး
ချမ်းစိမ့်စိမ့်နဲ့ဖျားချင်သလိုလိုဖြစ်နေရင်တော့ဗီတာမင်စီကိုအရင်ဆုံးသတိ
ရသင့်ပါတယ်။ချည်ပြီးအရည်ရွမ်းတဲ့အသီးတွေဟာဗီတာမင်စီအပြည့်အဝ
ပါဝင်တာကြောင့်အအေးမိဖျားနာတာကိုသက်သာစေပါတယ်။အနာကျက်
စေတဲ့အပြင်ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တာကြောင့်အများကြီးစားမိရင်
လည်းမလိုအပ်တာတွေကိုဆီးနဲ့အတူစွန့်ထုတ်လိုက်တဲ့အတွက်တစ်ခု
ခုဖြစ်မှာကိုစိုးရိမ်နေစရာမလိုပါဘူး။
၉)ငှက်ပျောသီး
ငှက်ပျောသီးဟာကလေးတွေမှာနေမကောင်းဖြစ်လို့ခေါင်းမူးပြီးအန်တာ
ဝမ်းလျှောတာတွေက်ုသက်သာစေပါတယ်။အစာအိမ်အတွက်လည်း
ကောင်းတာကြောင့်ဖျားနေလို့အမာစာတွေမစားနိုင်တဲ့အခါမျိုးမှာငှက်
ပျောသီးကိုစားပေးနိုင်တယ်လို့မက်ဒင်နီရယ်ကဆိုပါတယ်။
၁၀)ကန်စွန်းဥ
ကန်စွန်းဥဟာဗီတာမင်စီအပြင်၊ဗီတာမင်အေကြွယ်ဝတာကြောင့်ကိုယ်ခံ
အားအတွက်အထောက်အကူပြုအသီးအနှံဖြစ်ပါတယ်။ဗီတာမင်အေဟာ
နှာခေါင်းနဲ့လည်ချောင်းမှာရှိတဲ့အချွဲအမြှေးတွေဖြစ်ပေါ်တဲ့နေရာမှာအရေး
ပါတာကြောင့်ကန်စွန်းဥစားတာဟာခန္တာကိုယ်ရဲ့အရေးကြီးဆုံးခုခံစနစ်
ကိုပြုလုပ်ပေးရာရောက်တယ်လို့မက်ဒင်နီရယ်ကပြောပါတယ်။ကိုယ်ခံ
အားအတွက်အဓိကကျတဲ့ပဋိပစ္စည်းများဖြစ်ပေါ်စေရန်ပရိုတင်းဓာတ်
ကလည်းအရေးပါတာကြောင့်စားတဲ့အစားတိုင်းမှာပရိုတင်းဓာတ်ပါဝင်
အောင်ဂရုပြုသင့်တယ်လို့အကြံပေးထားပါတယ်။
အိဖြူ(ဆေးဝါးတက္ကသိုလ်) By-Good Health
11/04/2013
ကိုယ်ခံအားကောင်းစေတဲ့အစားအစာများ
11/04/2013
Dim