အားကစားဒဏ်ရာကြောင့်ဖြစ်တဲ့ အရိုးကျိုးတာပါ။ ရင်ညွန့်ရိုးထိပ်နဲ့ ပခုံးရိုးကို ဆက်သွယ်ထားတဲ့ ညှပ်ရိုးနှစ်ချောင်းမှ တစ်ချောင်း တစ်ဝက်တစ်ပျက် ဒါမှမဟုတ် လုံးဝကျိုးသွားတာပါ။
လက်ပေါ်လိမ့်ကျတာ ဒါမှမဟုတ် ပခုံးပေါ်လိမ့်ကျတာမျိုးကြောင့် ညှပ်ရိုးပေါ် တိုက်ရိုက်မဟုတ်တဲ့ အကျိုးသက်ရောက်မှု ရှိသွားတာကြောင့်ပါ။
ညှပ်ရိုးပေါ်မှာ ဆိုးဆိုးရွားရွားနာကျင်ခြင်း ။
ညှပ်ရိုးခလယ်နေရာမှာ ရောင်ရမ်းနေခြင်း ။
ကျိုးတဲ့ဘက်က လက်မောင်း မလို့ မရခြင်း ။
ရောဂါကြာချိန် ကုသမှုခံယူရင် လေးပတ်အတွင်း အရိုးပြန်ဆက်နိုင်ပါတယ်။
ကျိုးတဲ့ဘက်ရဲ့ ပခုံးကို သိုင်းကြိုးထဲ ထည့်ထားပေးပါ။ နာကျင်တာ သက်သာသွားနိုင်ပါတယ်။
အရိုးကျိုးတယ်လို့ သံသယဝင်ရင် ဆေးရုံး ဆေးခန်း တွင် ဓာတ်မှန်ရိုက်ရပါမယ် ။
ပတ်တီးအသုံးပြုပြီး ပခုံးနေရာပြန်ကျအောင် ပြုပြင်ပေးပါမယ်။ ဒီလိုလုပ်တာကြောင့် ကျိုးနေတဲ့ အစိတ်အပိုင်းတွေ အနေအထားမှန်ကန်သွားပြီး အရိုးပြန်ဆက်နိုင်ပါတယ်။
အလွန်အမင်း နာကျင်နေရင် ပခုံးသိုင်းကြိုးစည်းပြီး လက်မောင်းကို သိုင်းကြိုးထဲ ထည့်ထားပေးပါမယ်။
အရိုးပြန်ဆက်ပြီးနောက် အသက်ကြီးသူတွေကို ပခုံးဆစ်တောင့်တင်းမှု မဖြစ်ရအောင် လေ့ကျင့်ခန်းလုပ်ခိုင်းပါမယ်။
များသောအားဖြင့် အရိုးလုံးဝ ပြန်ဆက်သွားပါသည် ။
http://www.facebook.com/mg.mandalay?ref=ts&fref=ts