မိန်းမကိုယ်အကြောင်းသင်မသိသေးသောအချက်များ .......
*** ( ကျန်းမာရေး အသိရှိစေရန် ) ***
အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိနိုင်ပေမယ့် မေးမြန်းရမှာကို ရှက်ရွံ့တာ၊ မမေးရဲတာတွေကြောင့် သိချင်တာကို သိခွင့်မရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်အကြောင်း သင်မသိသေးတဲ့ အချက်တွေကို ဗဟုသုတရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ မိန်းမကိုယ်က သူ့အလိုလို သန့်စင်နိုင်တယ်
မိန်းမကိုယ်ကအတွင်းထဲကို ဆပ်ပြာ၊ ကြမ်းတမ်းတဲ့ သန့်စင်ဆေးရည်တွေနဲ့ ဆေးကြောနေစရာမလိုပါဘူး။ မိန်းမကိုယ်မှာ သူ့အလိုလို သန့်စင်အောင် လုပ်နိုင်စွမ်းရှိပြီးသားပါ။ ဓာတုပစ္စည်းပါတဲ့ ဆိုးဆေးတွေနဲ့ အနံ့မွှေးစေတဲ့ပစ္စည်းတွေဟာ မိန်းမကိုယ်ကို မသက်မသာဖြစ်စေပြီး ကောင်းတဲ့ ဘက်တီးရီးယားတွေကို ဆေးကြောပစ်တာကြောင့် အဖြူဆင်းခြင်း၊ အနံ့အသက် မကောင်းခြင်းနဲ့ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပေါ်ယံ အင်္ဂါတစ်ဝိုက်ကိုသာ ဆေးကြောပေးသင့်ပါတယ်။
၂။ သင့်မျက်နှာလိုပဲ မိန်းမကိုယ်ဟာလည်း အသက်ကြီးလာရင် လျော့တွဲလာတတ်ပါတယ်
မျက်နှာဟာ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲအိုမင်းလာသလိုပဲ အီစထရိုဂျင်ဟော်မုန်း လျော့နည်းလာတာကြောင့် မိန်းမကိုယ်ဟာလည်း ပြည့်ဖြိုးခြင်းလျော့နည်းလာပါတယ်။ အသက်ကြီးလာချိန်မှာ မိန်းမကိုယ်အဝ (Vulva) ဟာ အရောင်ရင့်လာတာမျိုး ဒါမှမဟုတ် အရောင်ဖျော့သွားတာမျိုးပြောင်းလဲသွားနိုင်သလို မိန်းမအင်္ဂါစေ့ဟာလည်း ကျုံ့သွားနိုင်ပါတယ်။
၃။ မိန်းမကိုယ်ထဲ ရာသီသွေးထိန်းတောင့် (Tampoo)ထည့်ရင် ပျောက်သွားတာမျိုး မဖြစ်နိုင်ပါ
မိန်းမကိုယ်ထဲထည့်တဲ့ ဘာပစ္စည်းမှ ပျောက်မသွားနိုင်ပါဘူး။
၎။ မိန်းမကိုယ်ဟာ သဘာဝနည်းနဲ့ ကလေးမွေးပြီးသွားတဲ့အခါ ပြောင်းလဲသွားနိုင်တယ်
သဘာဝနည်းနဲ့ ကလေးမွေးတဲ့အခါမှာ မွေးလမ်းကြောင်းဝကိုချဲ့လိုက်ရတဲ့အတွက် အမာရွတ်ရေးရေးလေးတော့ ထင်ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကလေးမွေးပြီးတဲ့အခါ မိန်းမကိုယ်ကြွက်သားတွေအားနည်းသွားနိုင်တာကြောင့် Kegel လေ့ကျင့်ခန်းကိုပြုလုပ်ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ မိန်းမကိုယ်ကြွက်သားတွေကို အားကောင်းစေပါတယ်။ လေ့ကျင့်နည်းကတော့ ဆီးသွားနေစဉ်မှာ ရပ်လိုက်၊ စက္ကန့်အနည်းငယ်ကြာထိန်းထားလိုက်၊ ဆီးပြန်သွားလိုက် ပြုလုပ်ပေးရမှာပါ။
၅။ မိန်းမကိုယ်မှထွက်တဲ့အရည်တွေက အမျိုးသမီးတစ်ဦးနဲ့ တစ်ဦး မတူညီပါ
မျိုးပွားနိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသမီးတစ်ဦးရဲ့ လစဉ်ဓမ္မတာလာချိန်အတွင်း မိန်းမကိုယ်ကနေ ထွက်ရှိတဲ့ အရည်ပမာဏဟာ အချိန်ရှစ်နာရီကြာတိုင်း ၁ ဒသမ ၅၅ ဂရမ်လောက်လေးပါတယ်။ (တစ်ဂရမ်ဟာ လက်ဖက်စားဇွန်း လေးပုံတစ်ပုံနဲ့ ညီမျှပါတယ်)ဒါပေမယ့် တချို့အမျိုးသမီးတွေကတော့ ဒီပမာဏထက်ပိုထွက်ပြီး တချို့အမျိုးသမီးတွေကတော့ ဒီပမာဏအောက် လျော့နည်းနိုင်ပါတယ်။
ပုံမှန်ဆင်းတဲ့ မိန်းမကိုယ်အရည်ဟာ အဖြူရောင်သန်းတတ်ပါတယ်။ ခြောက်သွေ့သွားချိန်မှာတော့ အဝါရောင်အဖြစ်တွေ့ရတတ်ပါတယ်။ မိန်းမကိုယ်ကနေ အစိမ်းရောင်သန်းတဲ့အရည်တွေ ဆင်းနေပြီး ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ငါးညှီနံ့ရခြင်း စတာတွေပါ တွဲဖက်ခံစားနေရရင် ဒါဟာကူးစက်ပိုးဝင်တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။
http://www.facebook.com/mg.mandalay?ref=ts&fref=ts