၁။မိမိသောက်မယ့်ဆေးဟာဘယ်အချိန်မှာ သောက်ရမယ့်ဆေးလဲဆိုတာကို
သေသေချာချာသိရအောင် ကြိုးစားထားသင့်ပါတယ။်
မနက်ပိုင်းသောက်ရမယ့်ဆေး၊ညနေသောက်ရမယ့်ဆေး၊အစာနဲ့တွဲသင့်လား၊ အစာမပါဘဲ သောက်ရ မလားဆိုတာကို သေသေ
ချာချာ သိထားဖို့လိုပါတယ်။
.
၂။
သောက်ရမယ့်ဆေးဟာ တစ်မျိုးထက်ပိုတယ်ဆိုရင် ဒီဆေးနဲ့ပတ်သက်တဲ့ အချက်တွေကို
ချရေးထားပါ။ တမျိုးနဲ့တမျိုး သတိထားရမယ့် အချက်တွေက ကွာခြားတတ်ပါတယ်။
အဲဒီလိုမှတ်တမ်းလေးနဲ့ခွဲရေးထားရင်သူတို့နဲ့ပတ်သက်တဲ့အကြံပြုချက်တွေဟာ
မရောထွေးတော့ပါဘူး။
.
၃။
ဆေးသောက်ဖို့အကြံပေးထားတဲ့အချိန်နဲ့ မိမိအပြုအမူတို့ကို ချိန်ဆကြည့်ပါ။
တချို့ဆေးတွေဟာ အိပ်ငိုက်ခြင်းတွေကို ဖြစ်စေတတ်ပြီး တချို့ကတော့
ခေါင်းမူးစေတတ်ပါတယ်။ မိမိဆေးသောက်မယ့်အချိန်မှာ တခြားအန္တရာယ်ဖြစ်စေတဲ့
အပြုအမှုမျိုးကို ရှောင်ဖို့လိုပါတယ်။
.
၎။တချို့ဆေးတွေဟာအချိန်အတိအကျသောက်ဖို့လိုပါတယ်။ အချိန်နာရီအတိအကျခြားပြီး
သောက်ရမယ့် ဆေးတွေရှိ နေပါတယ်။
တချို့ဆေးတွေကတော့
သီးခြားညွှန်ကြားချက်တွေလိုအပ်ပါတယ်။
ဆေးတွေ အကောင်းဆုံးအလုပ်လုပ်မယ့်
အချိန်နဲ့ ဆေးသောက် မယ့်အချိန် အံ့ကိုက်ဖြစ်အောင် စဉ်းစားထားရပါမယ်။
.
၅။ဆေးသောက်ပြီး၊မပြီးကိုသိနိုင်တဲ့ အမှတ်အသားကိုထားပါ။
ဒီနေ့အတွက်ဆေးသောက်ပြီးပြီလား၊ မနေ့ကရော သောက်ခဲ့လား ဆိုတာကို
တိတိကျကျသိနိုင်ဖို့ ပြက္ဒဒိန်မှာ အမှတ်ခြစ်ထား၍လည်း ရနိုင်ပါတယ်။
.
၆။
ဆေးသောက်ချိန်မှန်အောင် နိုးစက်ထားပေးပါ။
အထူးသဖြင့် တနေ့ကို
တစ်ကြိမ်ထက်ပိုသောက်ရမယ့်ဆေးတွေအတွက် ဒီနည်းလမ်းဟာ အတော်လေးကို
အထောက်အကူပြုပါတယ်။
.
၇။ဆေးသောက်ပြီးချိန်မှာကြုံတွေ့လာရတဲ့လက္ခဏာတွေကိုမှတ်သားထားပါ။
ဆေးပမာဏအပြောင်းအလဲ၊ ဘေးထွက် ဆိုးကျိုး၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို
တွဲပြီး မှတ်သားပေးပါ။
တကယ်လို့ ဆီး၊ ဝမ်း၊ သွေးသကြား စစ်ရတဲ့
လူနာမျိုးဖြစ်နေရင်လည်း အဖြေတွေကို မှတ်သားထားပါ။
.
၈။
ဆေးတွေကို မြင်သာတဲ့နေရာမျိုးမှာ ထားပါ။
အလွယ်တကူမြင်နိုင်တဲ့မြင်ကွင်းမျိုးမှာ ထားရင် ဆေးသောက်ဖို့
မမေ့နိုင်တော့ပါဘူး။
ဒါပေမယ့် မိမိဆေးထားမယ့် နေရာဟာအပူ၊
အအေးမျှတဖို့လိုပါတယ်။
ရေခဲသေတ္တာထဲထား ရမယ့်ဆေးမျိုးဆိုလျှင်လည်း
ညွှန်ကြားထားတဲ့အတိုင်းသိမ်းဆည်းရပါတယ်။ အဓိက အချက်ကတော့ ဆေးတွေကို
ကလေးတွေနဲ့ လက်လှမ်းမမီတဲ့ နေရာမျိုးမှာသာ ထားပေးဖို့ပါ။
.
.
နှင်းနုလွင် (ဆေးဝါး)
Good Health Journal
Good Health Journal




