ကလေးများကလေးများနှင့် အစာအဆိပ်သင့်ခြင်း
ရေခဲသေတ္တာထဲမှာ အရင်နေ့ကအစားအစာတွေရှိနေပါတယ်။ ကလေးက
မီးဖိုချောင်ထဲဝင်လာပြီး ဆာဆာနဲ့ တွေ့ကရာအစားအစာကို အကုန်စားပစ်လိုက်တယ်။
မိခင်ဖြစ်သူပြန်နွှေးထားလား၊ မနွှေးထားလားလည်း မသိပါဘူး။ စားပြီး ၂
နာရီလောက်ကြာတော့ လက္ခဏာတွေပြလာပါတယ်။ အစာအိမ်ထဲမှာ နာကျင်မှုက
လှိုင်းထနေပါတယ်။ သက်သာသွားသလို ရှိလိုက်၊ ပြန်နာလိုက်နဲ့
လုံးဝပျောက်သွားတယ်မရှိ။ ဒါဟာ အစာအဆိပ်သင့်တာပါပဲ။ အစာထဲကို
တမင်သက်သက်အဆိပ်လာထည့်ထားလို့ ဒီ ပြဿနာဖြစ်ရတာ မဟုတ်ပါဘူး။ ရေခဲသေတ္တာ၊
ကြောင်အိမ်ထဲမှာ သိမ်းထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားကာ
သူတို့ကြောင့် ကလေးတွေဟာ နေမကောင်းဖြစ်လာပါတယ်။ ကလေးတွေမျာ အစာ
အဆိပ်သင့်ခြင်းဟာ အရမ်းမပြင်းထန်တဲ့ ခဏတဖြုတ်သာ ခံစားရတာမျိုးရှိသလို
အရမ်းဆိုးရွားတဲ့ အခြေအနေတွေလည်း ဖြစ်စေပါတယ်။
.
(က) အစာအဆိပ်သင့်တယ်ဆိုတာ ဘာကိုခေါ်တာလဲ။
စားသောက်လိုက်တဲ့ အစားအစာထဲမှာ လူကို
အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယား ဒါမှမဟုတ် အဲဒီဘက်တီးရီယားရဲ့
အဆိပ်အတောက်တွေ ပါလာတဲ့အခါမှာ အစာအဆိပ်သင့်တတ်ပါတယ်။ ဘက်တီးရီးယားတွေဟာ
လူတွေရဲ့ အနားပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် သိပ်မပြင်းထန်တဲ့
အစာအဆိပ်သင့်ခြင်းမျိုးဟာ ခဏခဏကြုံတွေ့ရတတ်ပါတယ်။ မိဘတွေ အတွက်
သိပ်မသိသာတဲ့ အခြေအနေမျိုးဟာ ကလေးတွေအတွက်တော့ ဝမ်းလျှောတာ၊ ဗိုက်အောင့်၊
ဗိုက်နာတာတွေဖြစ်တတ်ပါတယ်။ ကလေးဆန်ဆန်စဉ်းစားမယ်ဆိုရင်တော့
အဆိပ်သင့်နိုင်တဲ့ ပိုးကောင်တွေကို ဖယ်ထုတ်ပစ်လို့ရရင် သိပ်ကောင်းမှာပဲလို့
ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ တကယ်လို့
လုပ်လို့ရမယ်ဆိုရင်တောင် ဒီလိုလုပ်လို့ မဖြစ်တဲ့ အကြောင်းအရင်းတွေ
အများကြီးရှိနေပါတယ်။ ပိုးကောင်တွေဟာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ပျံနှံနေပြီး
တချို့ပိုးကောင် တွေဟာ လူတွေကို အကျိုးပြုနိုင်ပါတယ်။ ဒီအချက်ကိုလည်း
ပုံသေမှတ်ထားလို့ မရပြန်ဘူး။ အရင်နေ့တွေက ကျန်နေတဲ့အစားအစာတွေဟာ လူတွေအတွက်
ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ အန္တရာယ်ဖြစ်စေတဲ့
ပိုးကောင်ရှိနေတဲ့ အစားအစာတွေကို ဘယ်လိုရှောင်နိုင်သလဲဆိုကို မိဘတွေအနေနဲ့
အမြဲထည့်သွင်းစဉ်းစားရပါမယ်။
.
(ခ) ဘယ်လိုအစားအစာတွေမှာ ပိုးရှိနေလဲ
တိရစ္ဆာန်ကရတဲ့အစားအစာ၊ အသားစိမ်း၊
မကျက်တကျက်အစားအစာ၊ သေသေချာချာဆေးမကြောထားတဲ့ အစားအစာတွေမှာ ပိုးကောင်တွေ
ပါတတ်ပါတယ်။ အဖြစ်များတဲ့ အစားအစာတွေကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊
ဥအမျိုးမျိုး၊ နွားနို့၊ ပုစွန်အပါအဝင် ပင်လယ်စာတွေကြောင့်ပါ။
ဒီလိုအစားအသောက်တွေမှာ တို့လို အကောင်တွေများစွာရှိနေတတ်ပြီး သူတို့ကြောင့်
အစာအဆိပ်သင့်နိုင်ပါတယ်။ အစာအဆိပ်သင့်တာကို ကာကွယ်ဖို့အတွက်ဆိုရင်
အသားစိမ်း၊ ငါးစိမ်းထားသိုတဲ့နေရာ၊ အစားအစာတွေ ပြင်ဆင်တဲ့နေရာ၊
ချက်ပြုတ်တဲ့နေရာ၊ သိမ်းဆည်းတဲ့နေရာတွေမှာ စနစ်တကျရှိဖို့လိုပါတယ်။
.
(ဂ) အစာအဆိပ်သင့်တာကို ဘယ်လိုသိနိုင်လဲ။
- ပျို့အန်ခြင်း
- ဝမ်းဗိုက်ြွကက်တက်ခြင်း
- ဝမ်းလျှောခြင်း
- ဖျားခြင်း
တခါတလေမှာတော့ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေဟာ
နာရီအနည်းငယ်အတွင်းမှာပေါ်လာနိုင်ပါတယ်။ တချို့ကတော့
ရက်ပေါင်းအတော်ကြာတဲ့အထိ ဘာ လက္ခဏာမှမပြဘဲ နေတတ်ပါတယ်။ အရမ်းမပြင်းထန်တဲ့
အစာအဆိပ်သင့် ခြင်းတွေဟာ သိပ်မကြာဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ အပေါ်မှာပါတဲ့
လက္ခဏာတွေပြတဲ့အချိန်မှာ အစာအဆိပ်သင့်တာလား တခြားပြဿနာကြောင့်လားဆိုတာကို
ခွဲခြားဖို့ခက်ခဲနေရင် ဖြစ်နေတဲ့ကလေးအပြင်
တခြားလူတွေကိုပါလေ့လာကြည့်ဖို့လိုပါတယ်။ တခြားအိမ်သားတွေလည်း
ဒီလိုဖြစ်မဖြစ် ကလေးစားတဲ့အစားအစာတွေကို သေချာအောင် မေးမြန်းရပါတယ်။
အစာစားတဲ့ သူတွေအကုန်လုံးမှာ ဒီလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့
အစာအဆိပ်သင့်တာကို ပြဿနာတစ်ရပ်လို့သတ်မှတ်ပြီး ဆရာဝန်နဲ့ပြသသင့်ပါတယ်။
.
(ဃ) ဆရာဝန်တွေက ဘာလုပ်ပေးနိုင်သလဲ
ဆရာဝန်ဆီကို သွားပြတဲ့အခါ
မေးခွန်တွေအများကြီးမေးပါလိမ့်မယ်။ ဘယ်လိုခံစားရသလဲ၊ ဘယ်အချိန်က စဖြစ်တာလဲ၊
လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကဘာတွေစားခဲ့သလဲ၊
တခြားအိမ်သားတွေပါဖြစ်သလားဆိုတာမျိုးကိုအ”ကထားပြီးမေးပါလိမ့်မယ်။
ရေ”ာတ်ဆုံးရှူုံးတာ၊ခန်းခြောက်သွားတဲ့ကလေးတချို့ကလွဲရင်ဆေးရုံဆေးခန်းတွေအထိခေါ်သွားရတယ်ဆိုတာအတော်ကိုရှားပါးတယ်။
အန်ခြင်း၊ ဝမ်းသွားခြင်းတွေကြောင့် ရေ”ာတ်ဆုံးရှုံးသွားတဲ့ကလေးကို
ဆေးခန်းမှာအရည်နဲ့ ဆား”ာတ်ကိုအကြောကနေ တစ်ဆင့် ထည့်သွင်းပေးနိုင်ပါတယ်။
ရေဆုံးရှုံးတာကို ကာကွယ်မယ်ဆိုရင်တော့ နေမကောင်းဖြစ်တဲ့ အချိန်မှာ ရေ
ဒါမှမဟုတ် အရည်ပါတဲ့ အစားအစာတွေကို တိုက်ကျွေးရပါမယ်။ အန်တဲ့အခါဖြစ်ဖြစ်၊
ဝမ်းသွားတဲ့အခါဖြစ်ဖြစ် သွေားစသွေးနတွေပါလာရင် ဆေးရုံသွားဖို့ လိုအပ်ပါပြီ။
.
(င) ဘယ်လိုကာကွယ်ကြမလဲ
အစာအဆိပ်သင့်တာကို ကာကွယ်ပေးနိုင်တဲ့
အရာတွေကတော့အများကြီးပဲရှိပါတယ်။ အစားအစာတွေကိုပြင်ဆင်ချက်ပြုတ်ရာကနေ
စားသုံးတဲ့ အထိ၊ သိမ်းဆည်းတဲ့အထိ အဲဒီသတိပေးချက်တွေကို လိုက်နာမယ်ဆိုရင်
ကလေးတွေအတွက် အတော်ကိုဘေးကင်းသွားပါပြီ။
ဒီလိုသတိပေးချက်တွေကိုလူကြီးတွေကတင်လိုက်နာဆောင်ရွက်ရုံနဲ့ မပြီးသေးပါဘူး။
ကလေးတွေကိုလည်း bacteria တွေကိုကာကွယ်ဖို့ သင်ထားပေးရပါမယ်။
အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ လက်ဆေးဖို့ပါ။ အစားအစာတွေကို
မကိုင်တွယ်ခင် ကိုင်ပြီးချိန်တွေမှာလက်ဆေးပါ။ ဒီနည်းလမ်းဟာ အစားအစာတွေကနေ
မိမိဆီကို မိမိဆီကနေ တခြားလူတွေဆီကို ပြန့်ပွားတာမျိုးကို
ကာကွယ်နိုင်ပါတယ်။
.
နောက်တစ်ချက်ကတော့ အစားအစားတွေမစားခင်
ရေဆေးဖို့ပါ။ အသီးအရွက်တွေကို အစိမ်းလိုက်မစားခင်
ရေသေသေချာချာဆေးဖို့လိုအပ်ပါတယ်။ အသားငါးတွေကိုလည်း
အသီးအရွက်တွေနဲ့ရောသိမ်းတာ၊မကျက်တကျက် ချက်ပြီးစားတာမျိုးကို
ရှောင်ကြဉ်ရပါတယ်။ ကလေးတွေအနေနဲ့လည်း အသားဟင်းကို ဖဲ့စားတဲ့ အချိန်မျိုးမှာ
မကျက်သေးရင် လူကြီးတွေကိုပြန်ပြောဖို့၊ အဲဒီအစားအစာတွေမှာဘာတွေပါသလဲ၊
ဘယ်လိုအနံမျိုးရသလဲဆိုတာကို ပြန်ပြောပြဖို့မှာထားရပါမယ်။ အစားရဲ့အနံ့၊
အရသာ၊ ပုံစံတစ်ခုခုပြောင်းလဲတာမျိုးတွေ့ခဲ့ရင် လူကြီးတွေကို မမေးမြန်ဘဲ
အစားရဘူးလို့ ပြောပြထားပါ။
.
ကလေးတွေသတိထားရတဲ့ အရာဟာ နွားနို့ပါ။
အကြောင်းတစ်စုံတစ်ရာကြောင့် နွားနို့ဟာ ပျက်စီးသွားတတ်ုပါတယ်။
အရသာတို့ကြည့် လို့ချဉ်တဲ့ အရသာပေါ်လာပြီဆိုရင် ကလေးတွေကို
မတိုက်သင့်တော့ပါဘူး။ အရင်နေ့က ချက်ထားတဲ့ အစားအစာကို
ကလေးတွေကိုကျွေးမယ်ဆိုရင် သေသေချာချာပြန်နွှေးပြီးမှသာ ကျွေးပါ။
သိမ်းထားတုန်းကဝင်လာတဲ့ ပိုးတွေ၊ မှိုတွေကို အပူကသတ်ပေးနိုင်ပါတယ်။
နောက်ဆုံးတစ်ချက်က နေ့စွဲတွေကို သေသေချာချာစစ်ဖို့ပါ။ ပါကင်ထုပ်တားတဲ့
အစားအစာအတော်များများမှာသက်တမ်းကုန်မယ့်ရက်ပါတတ်ပါတယ်။
သတ်မှတ်ရက်ထက်ကျော်လွန်သွားတဲ့အစားအသောက်ဆိုရင်တော့
ဘယ်လောက်ပဲတန်ဖိုးကြီးနေပါစေ မစားသင့်တော့ပါဘူး။
.
အားလုံးကိုခြုံငုံပြီးပြောရရင်
ကလေးတွေစားမယ့်အစာနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို အမြဲထည့်သွင်းစဉ်းစားပါ။
ဘယ်လောက်ကြာကြာသိမ်းထားသလဲနဲ့ ဘယ်အပူချိန်လောက်မှာထားသလဲ ဆိုတာကို
အမြဲပြန်စိစစ်ပါ။ ကလေးဟာ လူကြီးတွေလို မကြံ့ခိုင်သေးတဲ့အတွက်
အစာအဆိပ်သင့်တာ ပိုဖြစ်နိုင်တာကို အမြဲသတိချပ်သင့်ပါတယ်။
နှင်းနုလွင် (ဆေးဝါး)
အာရောဂျံ မဂ္ဂဇင်း (ဇွန်၊ ၂၀၁၀)













