မျှင်ထူကြွက်သားတွေ ရောင်ရမ်းပြီး
ခြေထောက်တွေနာကျင်တာကို လူတိုင်းနီးပါးကြုံတွေ့ရ တတ်ပါတယ်။ အဲဒီလို
ခံစားမှုတွေကို လုံးဝကြီးပျောက်ကင်းသွားအောင် ကုသဖို့က အတော်ကိုခက်ခဲပါတယ်။
ဆေးဝါးတွေဟာူကြွက်သား များ နာကျင်ခြင်း၊ မောပန်းခြင်းနဲ့
တခြားအခြေအနေတွေကိုသက်သာဖို့အတွက်သာ စွမ်းဆောင်နိုင်ပါတယ်။
ဒါကြောင့်လူနာ
တော်တော် များများဟာ သူတို့ရဲ့ရောဂါလက္ခဏာတွေ သက်သာဖို့ဆိုရင်
သူတို့စားသောက်တဲ့ပုံစံနဲ့ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပေး ဖို့လိုပါတယ်။
ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်လဲဆိုတာကို သိထားရင် လူနာအနေကို
အတော်ကို အထောက်အကူပြုနိုင်ပါတယ်။
လူနာတချို့ဟာ သူတို့စား
သောက်တဲ့အစားအသောက်တွေကြောင့် သူတို့ခံစားရတဲ့ ကြွက်သား နာကျင်မှုတွေ၊
ကြွက်သားတောင့်တင်းမှုတွေဟာ ပိုပြီးဆိုးဝါးလာတတ်ပါတယ်။
.
ကျွမ်းကျင်ပညာရှင်တွေကတော့ ကျောရိုးမနဲ့
ဦးနှောက်မှာရှိတဲ့ အာရုံကြောများ အလွန်ခံစား လွယ်တာကြောင့် ဒီ လက္ခဏာတွေကို
ခံစားရတာလို့ သတ်မှတ်ကြပါတယ်။ တချို့အစားအစာတွေဟာ Neurotransmitters
ထုတ်လုပ်မှုကို များစေပြီး အဲဒီ Neurotransmitters တွေက နာကျင်မှုတွေ
မြန်မြန်ခံစားရအောင်လှုံ့ဆော်ပေးတာကြောင့်လို့ ဆိုကြပါတယ်။
မျှင်ထူကြွက်သားများရောင်ရမ်းနာကျင်မှုနဲ့ အစားအစာဆက်စပ်မှုကို
သုတေသနပြုလုပ်ထားတာ နည်းပေမယ့်လည်း သုတေသီတွေဟာ နာကျင်မှုကို
သက်သာစေတဲ့အစားစာတဲ့ပုံစံ ၁ဝ မျိုးကို အကြံပေးခဲ့ပြီး ဒီနည်းလမ်းဟာ
တာရှည်နာကျင်မှုခံစားနေရတဲ့သူတွေအတွက်တောင် အထောက်အကူပြုစေတာကို တွေ့ရပါတယ်။
.
၁။ လတ်ဆက်တဲ့ အစားအသောက်တို့ကို စားသုံးပါ။
မျှင်ထူကြွက်သားရောင်ရမ်းမှုကို ခံစားရတဲ့လူနာတွေထဲက တစ်ဝက်လောက်မှာ Irritable Bowel Syndrome – IBS
လိုမျိုး ဝမ်းလျှောတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ခံစားရတတ်ပါတယ်။
အစာတွေကို
ကြာရှည်ခံအောင်ထည့်ကျတဲ့ Preservatives တွေ၊ အရသာရှိအောင် ထပ်ထည့်ကြတဲ့
Additives တွေ မပါတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာ တွေဟာ
ကြွက်သားနာကျင်မှုနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ IBS ကို သက်သာစေပါတယ်။
အူလမ်းကြောင်းရွေ့လျားမှုကို လှုံဆော်ပေးတဲ့ အစားအစာတွေဟာ
မျှင်ထူကြွက်သားတွေ ရောင်ရမ်းစေတဲ့ အာရုံကြောများ ကိုပါ
သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
တိကျတဲ့ ဖြစ်စဉ်တွေကို မသိရသေးပေမယ့်လည်း
လတ်ဆတ်တဲ့အစားအစာတွေကို စားသုံးတာဟာ လူတိုင်းအတွက် သင့်တော်တာကြောင့်
ဒီနည်းလမ်းကို လူတိုင်းလိုက်နာသင့်ပါတယ်။
အသီးအရွက်တွေထဲမှာလည်း
ဓါတုပိုးသတ်ဆေးကို မသုံးထားတဲ့ အသီးအနှံတွေက ပိုပြီး ကောင်းမွန်ပါတယ်။
~
၂။ ကော်ဖီကို မစွဲသောက်ပါနဲ့။
မျှင်ထူကြွက်သားရောင်ရမ်းမှုဟာ
စိတ်ပိုင်းဆိုင်ရာ အနေအထားကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်မှာရှိတဲ့
Chemicalsတွေကို ပြောင်းလဲမှုဖြစ် စေပါတယ်။ အဲဒီအခြေအနေဟာ အနားမယူရခြင်း၊
ကောင်းစွာမအိပ်စက်ရခြင်း၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။
ကြွက်သားရောင် နေတဲ့ သူတွေဟာ သူတို့ရဲ့နာကျင်မှုတွေသက်သာစေဖို့
လူကိုတက်တက်ကြွကြွဖြစ်စေတဲ့ ကော်ဖီတွေကိုသောက်တတ်ကြပါတယ်။
တကယ်တော့
ကဖင်းပါတာတွေဟာ ကောင်းတဲ့ အကျိုးထက် ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ကဖင်းဟာ
နာကျင်မှုဝေဒနာတွေကိုတောင် ပိုပြီး ဆိုးဝါးသွားတတ်ပါတယ်။
~
၃။ အသီးအရွက်တချို့ကို ရှောင်ဖို့လိုပါတယ်။
အဆစ်များနာကျင်မှုအတွက်
ဟင်းသီးဟင်းရွက်တွေကိုရှောင်ရမယ်လို့ ဆိုကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်
အသီးအရွက်တွေဟာ ကယ်လိုရီနည်းတယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။
ဒါပေမယ့်
ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီးတွေကတော့ အဆစ်များရောင်ရမ်းတာကို
ပိုဆိုးစေပြီး တချို့လူနာတွေမှာ နာကျင်မှုကိုတောင်ဖြစ်နိုင်ပါတယ်။
အဲဒီလိုအစားအစာတွေမှာ အာရုံကြောတွေကို အဆိပ်အတောက်ဖြစ်စေတဲ့
အစိတ်အပိုင်းတွေ ပါဝင်ကြပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး ခံစားရတဲ့လူနာအရေအတွက်ဟာ
နည်းပေမယ့် ဒီလိုအစားအစာတွေကို ဖြတ်လိုက်ရင် သိသိသာသာ
ကောင်းသွားတယ်လို့လည်း ပညာရှင်တွေက ဆိုလာကြပါပြီ။
~
၎။ Omega 3 Fatty Acid အဆီ ရအောင် စားပါ။
ဆယ်လ်မွန်ငါးအပါအဝင်
ငါးတော်တော်များများမှာတွေ့ရတဲ့ Omega 3 Fatty acid အဆီတွေဟာ
နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသလို နာကျင်မှုတွေကိုလည်း
ကောင်းစွာထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။
သူတို့ဟာ ရောင်ရမ်းမှုကို
လျော့ကျစေပြီး ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ကူညီပေးတာကြောင့် လူတွေအတွက်
အတော်ကို အထောက်အကူရပါတယ်။
စမ်းသပ်မှုတွေအရတော့
ငါးရဲ့အဆီကိုဖြည့်စွက်စားပေးတဲ့သူတွေထဲက ၆ဝ ရာခိုင်နှုန်းမှာ နာကျင်မှု
လက္ခဏာတွေ သက်သာတာကို တွေ့ရပါတယ်။
~
၅။ တစေးပါတာတွေကို ရှောင်ပါ။
တစေး Yeast ဟာ ပေါင်မုန်လိုမျိုး
ဖုတ်ထားတဲ့ အစားအသောက်အမျိုးမျိုးတွေမှာ တွေ့နိုင်ပြီး သူနဲ့အတူ Gluten
လို့ခေါ်တဲ့ ပစ္စည်းပါ တွဲဖက်ပါတတ်ပါတယ်။ သူတို့ပါတာတွေကို စားသုံးပေးရင်
ခန္ဓာကိုယ်ထဲမှာ မှိုစွဲကပ်နိုင်ပြီး နာကျင်မှုတွေကို ပိုပြီး ခံစားရစေပါတယ်။
ကြွက်သားနာကျင်ရောင်ရမ်းနေတဲ့သူတွေဟာ ဂလူတင်ကို ကောင်းကောင်း
မယဉ်ပါးနိုင်တာကြောင့် အူနဲ့ ပတ်သတ်တဲ့ရောဂါ Celiac disease ကို
ခံစားရစေပါတယ်။ ဒါကြောင့် တစေးနဲ့ ဂလူတင်ပါဝင်တဲ့ အစားအသောက်တွေကို
ရှောင်ကြဉ်တာဟာ လူနာတချို့ကို ကောင်းကျိုးဖြစ်စေပါတယ်။
~
၆။ နို့နဲ့နို့ထွက်အစားအစာများ အလွန်အကျွံစားတာမျိုးကို ရှောင်ပါ။
နို့သကြားကို မချေဖျက်နိုင်မှုကို
လူတော်တော်များများမှာ ကြုံတွေရရတတ်ပါတယ်။ ဒါကြောင့် မျှင်ထကြွက်သား
ရောင်ရမ်းနေတဲ့သူတွေဟာ နို့ပါတဲ့ အစားအသောက်တွေကို ချေဖျက်တဲ့နေရာမှာ
အခက်အခဲတွေရှိ လာပါတယ်။ စမ်းသပ်မှုတွေအရူကြွက်သားရောင်ရမ်းနေတဲ့သူတွေထဲက ၄ဝ
ရာခိုင်နှုန်းဟာ အစားအစာတွေမှာပါတဲ့ အရာဝတ္ထုတွေနဲ့ ဓါတ်ပြုနိုင်တာကို
တွေ့ရ့ပါတယ်။ အထူးသဖြင့်နို့၊ နို့ပါတဲ့ အစားအသောက်တွေနဲ့ အလွယ်တကူ
ဓါတ်ပြုနိုင်တာကြောင့် အထူးသတိထားဖို့လိုပါတယ်။
~
၈။ အချိုခဲများစားသုံးမှုကို လျော့ချပါ
ကြွက်သားတွေရောင်ပြီးနာနေတဲ့သူတွေဟာ
အချိုခဲအတုတွေကို ရှောင်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးသက်တောင့်
သက်သာနေနိုင်လာတာကို တွေ့ရပါတယ်။
အစားအတွေထဲမှာ ထပ်ထည့်တဲ့သကြားခဲအတုတွေ
Artificial sweetener ဟာ Excitotoxins လို့ခေါ်တဲ့ ဓါတုပစ္စည်း
တစ်မျိုးဖြစ်ပြီး သူတို့ဟာ အာရုံကြောတွေကို လှုံဆော်ပေးနိုင်ပါတယ်။
တနည်းအားဖြင့် နာကျင်မှုတွေကို ပိုပြီး ခံစားရလွယ်လာပါတယ်။
အဲဒီလိုမျိုး
ပစ္စည်းတွေဟာ လူတွေရဲ့ ကျန်းမာရေးကို
ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေတာမျိုးမရှိပေမယ့်လည်း နာကျင်မှုတွေကိုတော့
မြန်မြန်ခံစားရစေသလို တချို့အချိုခဲတွေ ကြောင့် အူနဲ့ပတ်သက်တဲ့ရောဂါတွေ
IBS ဖြစ်စေတယ်လို့ ဆိုကြပါတယ်။
~
၉။ Additives တွေကို တတ်နိုင်သမျှရှောင်ပါ။
အချိုမှုန့် Monosodium glutamate (MSG)
လိုမျိုး အစားအစာတွေပြုလုပ်တဲ့နေရာမှာ အရသာပိုရှိအောင် ထည့်ကျတဲ့
ပစ္စည်းတွေဟာ ကြွက်သားရောင်နေတဲ့သူတွေကို ကောင်းကောင်း
အန္တရာယ်ပေးနိုင်ပါတယ်။ အမြန်စာ၊ တရုတ်အစားအစာ၊ အသင့်ထုတ်ပိုး ထားတဲ့
အစားအစာတွေမှာ ပါဝင်တဲ့ အဲဒီအချိုမှုန့်ဟာ နာကျင်မှုခံစားရအောင်
လှုံဆော်ပေးနိုင်ပါတယ်။
ကျောရိုးဆစ်ထဲက အရည်ထဲမှာရှိတဲ့ Glutamate ပမာဏနဲ့
ကြွက်သားတွေနာကျင်မှုဟာ ဆက်စပ်နေပါတယ်။ Glutamate ဟာ
ခေါင်းကိုက်တာမျိုးကိုသာ ဖြစ်စေသလို ကြွက်သားရောင်ရမ်းမှုတွေကနေ နာကျင်မှု
အထိဆက်ဖြစ်နိုင်တာကြောင့် အတော်လေးကို သတိထားစားသုံးသင့်ပါတယ်။
~
၁ဝ။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလွယ်စာတွေကို ရှောင်လိုက်ပါ။
ဖွေးနေအောင်အရောင်ချွတ်ထားတဲ့ သကြားတွေ၊
ကဖင်း၊ ကြော်ထားတဲ့ မုန့်တွေ၊ ပြုပြင်ပြောင်းလဲထားတဲ့ အစားအစာတွေ၊
(အမြန်စာ၊ သကြားလုံး၊ အထပ်ထပ်အခါခါ ပြုလုပ်ထားတဲ့မုန့်) တွေကို
အတိုင်းအတာလေးတစ်ခု သတ်မှတ်ပြီးစားသင့်သလို လုံးဝရှောင်လို့ရရင်လည်း
ရှောင်ဖို့ ညွှန်ကြားထားပါတယ်။
ကိုယ်အလေးချိန်တက်လာတာကို
ထိန်းချုပ်တဲ့အချိန်မှာ အစားအစာတွေဟာ ကြွက်သားတွေကို
မသက်မသာခံစားရစေသလို အိပ်စက်မှုကိုနှောင့်ယှက်ခြင်း၊
ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကိုတောင်မှ အဟန့်အတားဖြစ်စေပါတယ်။
ဒီလိုအစားအစာတွေကို ရှောင်လိုက်မယ်ဆိုရင် ကြွက်သားများရောင်ရမ်းနာကျင်မှုတွေကို ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။
~
နှင်းနုလွင် (ဆေးဝါး)
AROGYM Magazine
December, 2010




