ချော်လဲခြင်း သို့မဟုတ် လမ်းပေါ်၌ ရုတ်တရက် ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင်
(က) ခေါင်း၊ ကျောရိုးနှင့် လည်ပင်းတို့၌ ဒဏ်ရာရရှိခြင်းသည် အလွန်ပင်
အန္တရာယ်ရှိပါသည်။ ထိုနေရာတို့သည် အာရုံကြောများ ဆက်သွယ်မှုအတွက် အရေးပါသော
နေရာများဖြစ်သောကြောင့် တစ်သက်တာကာလပတ်လုံး လေဖြတ်လေငန်းရောဂါ ရစေခြင်း၊
ရုတ်တရတ် အန္တရာယ်ကို ခြိမ်းခြောက်ခြင်း တို့ကိုဖြစ်ပေါ် စေပါသည်။
ထိုအခြေအနေမျိုးတွင် ကလေး၏ဦးခေါင်းလှုပ်ရှားမှုကို အကန့်အသန့်လေး တစ်ခုထား၍
လှုပ်ရှားစေပြီး ခါးကိုလိမ်၍ နောက်သို့ ကြည့်ခြင်း၊ လည်ပြန်
လှည့်ကြည့်ခြင်းတို့ကို ရှောင်ရှားစေရမည်။
(ခ) ကလေး၏အရိုးများ အက်သွားခြင်း၊ ကျိုးသွားခြင်းတို့ဖြစ်ပါက ကောင်းစွာ
မလှုပ်ရှားနိုင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။
ထိုအခါမျိုးတွင် ကလေးကိုဖြစ်သောနေရာမှ ရွှေ့ပြောင်းခြင်းမပြုဘဲ
ငြိမ်ငြိမ်လေးနေစေ၍ လိုအပ်သော ဆေးဝါးအကူအညီကို ချက်ချင်းရယူသင့်သည်။
(ဂ) အကယ်၍ ကလေးငယ်သည် သတိလစ်မေ့မြောနေပါက ကလေးကို သက်သောင့်သက်သာ အနေအထားတွင် ရှိနေစေပြီး လိုအပ်သော အကူအညီကို ချက်ချင်းရယူမည်။
(ဃ) ဒဏ်ရာမှ ဆိုရွားစွာနာကျင်ခြင်း၊ အဆစ်လွဲခြင်းသည်
ပိုမိုနာကျင်ခြင်းတို့ဖြစ်ပေါ်ပါက ရေအေး သို့မဟုတ် ရေခဲနှင့် ထိုနေရာကို ၁၅
မိနစ်ခန့် စောင့်လိုက်နှင့် ကြိမ်ဖန်များစွာပြုလုပ်ပေးရမည်။
အဘယ်ကြောင့်ဆိုသော် ရေအေး၊ ရေခဲတို့သည် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်
အနာပြဲခြင်းတို့ကို လျင်မြန်စွာ လျော့ကျစေသောကြောင့် ဖြစ်သည်။
(င) တတ်ကျွမ်းသူတို့၏ အကူအညီကို ရယူ၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ ပို့ဆောင်ရမည်။
.
ထိခိုက်ရှနာ ရခဲ့ပါလျှင်
(က) သေးငယ်သော ထိခိုက်ရှနာအတွက်
- အနာကို သန့်ရှင်းသောရနှင့်ဆပ်ပြာတို့ကို အသုံးပြု၍ ဆေးကြောရမည်။
- အနာပတ်လည်ရှိ အရေပြားကို ခြောက်သွေ့ အောင်ထားရမည်။
- အရမ်းပြင်းထန်သော ပိုးမွှားသတ်ဆေးများမဟုတ်သည့် ဆေးများ ဥပမာ Septidine တို့ကို ဂွမ်းနှင့်တို့၍ သုတ်လိမ်းပေးရမည်။
- အနာပေါ်တွင် သန့်ရှင်းသော အ၀တ်စ၊ ဂွမ်းစတို့ကို အရင်ထားရှိပြီးအပေါ်မှ ပတ်တီးတစ်ထပ်စည်းရပါမည်။
.
(ခ) ကြီးမားသော ထိခိုက်ရှနာအတွက်
- အနာပေါ်၌မှန်စများ၊ အခြားသောပစ္စည်းများ စိုက်ဝင်နေပါက ထိုအရတို့ကို
မဖယ်ရှားသင့်ပေ။ ယင်းတို့သည် သွေးထပ်မံ၍ မထွက်အောင် ကာကွယ်ပေးသောကြောင့်
ဖယ်ပစ်လိုက်ပါက အနာကို ပိုမို၍ ဆိုးရွားသွားစေသည်။
- သွေးအရမ်းထွက်နေပါက ဒဏ်ရာရသောနေရာကို အထက်သို့ အနည်းငယ်မြင့်စေပြီး
သန့်ရှင်းသော အ၀တ်ခေါက်လေးနှင့် အပေါ်မှ အသာအယာဖိထားပေးရမည်။
သွေးတိတ်ချိန်အထိ ဖိအားကို ထိန်းထားပေးရန် လိုအပ်သည်။
- အပင်နှင့် တိရစ္ဆာန်တို့ ရရှိသောပစ္စည်းတို့ကို အနာပေါ်သို့
တိုက်ရိုက်အသုံးပြုခြင်းသည် ကူးစက်ရောဂါတို့ကို ဖြစ်စေနိုင်သောကြောင့်
ရှောင်ရှားရမည်။ – အနာပေါ်သို့ ပတ်တီးစည်ပေးနိုင်ပြီး အရမ်းတင်းကျပ်မနေစေရန်
သတိထားရမည်။
- ကျန်းမာရေးဌာနသို့ အလျင်အမြန် သွားရောက်သင့်ပြီး လိုအပ်သော ဆေးဝါးကုသမှုကို ချက်ချင်းခံယူရမည်။
.
မီးလောင်ဒဏ်ရာရခဲ့ပါလျှင်
(က) အကယ်၍ ကလေး၏အ၀တ်များကို မီးစွဲလောင်ခဲ့ပါက ကလေးကို စောင် သို့မဟုတ်
အခြားသော အ၀တ်ထူများနှင့် လျင်မြန်စွာရစ်ပတ်ပြီး မီးကိုငြိမ်းလိုက်ပါ။
ထိုသို့မဟုတ်လျှင်လည်းမြေပြင်တွင် လူးလိမ့်စေခြင်းဖြင့်
မီးကိုငြှိမ်းသတ်လိုက်ပါ။
(ခ) မီးလောင်ထားသော နေရာကို ချက်ချင်းအေးအောင်ပြုလုပ်ပေးရမည်။
သန့်ရှင်းသောရေအေးကို များများသုံးရမည်။ အကယ်၍ မီးလောင်ဒဏ်ရာ
အရမ်းပြင်းထန်များပြားပါက ကလေးကို ရေချိုးကန်၊ ရေဇလုံထဲရှိ ရေအေးအေးထဲတွင်
စိမ်ထားရမည်။ မီးလောင်ဒဏ်ရာများ အေးသွားရန်အတွက် အချိန်နာရီဝက်ခန့်
ကြာပေမည်။
(ဂ) မီးလောင်သောနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပြီးအနာပေါ်မှ
ပတ်တီးဖွဖွလေးစည်းပေးနိုင်သည်။ ဒဏ်ရာသည် အရမ်းပြဲလာလျှင် သို့မဟုတ်
မီးလောင်ရည်ကြည်ဖုများပေါ်လာလျှင် နီးစပ်ရာ ကျန်းမာရေး ဆေးခန်းသို့
ပို့ဆောင်ပေးရမည်။
(ဃ) မီးလောင်ဖုများသည်အနာကိုဖုံးအုပ်ကာကွယ်ပေးထားသောကြောင့် ထိုအဖုလေးများကို ဆွခြင်းအားရှောင်ကြဉ်ရမည်။
(င) အနာပေါ်၌ လာရောက်တွယ်ကပ်နေသော အစအနလေးများကို မဖယ်မိပါစေနှင့်။
အနာပေါ်တွင်လည်း ရေအေးမှလွဲ၍ အခြားဘာနှင့်မျှ (ဥပမာ – ဖယောင်းပါသောဆေး)
မထိတွေ့စေနှင့်။
(စ) ကလေးကို ဗီတာမင်စီပါဝင်သော အစားအစာနှင့်ဆေးများ၊ သစ်သီးဖျော်ရည်၊
သကြားနှင့် ဆားအနည်းငယ်ပါဝင်သောအရည်တို့ကို တိုက်ကျွေးနိုင်ပါသည်။
.
ရုတ်တရတ် အသက်ရှူကျပ်ခဲ့ပါလျှင်
(က) ကလေး၏ ဦးခေါင်း၊ လည်ပင်းတို့၌ ဒဏ်ရာရခြင်းကြောင့်ဖြစ်ပါက
ဦးခေါင်းကို မရွှေ့ (မလှုပ်ရှာ) မိပါစေနှင့်။ ခေါင်းကို ဆက်ခနဲ
လှည့်ခြင်းမျိုးကို မလုပ်မိစေဘဲ အလိုရှိရာဘက်သို့ ကိုယ်လုံးကိုပါ လိုက်၍
ရွှေ့ပေးရမည်။
(ခ) ကလေးသည် အသက်ရှူနေသော်လည်း သတိလစ်နေပါက သူ၏လျှာသည် အသက်ရှူလမ်းကြောင်းကို မပိတ်ဆို့ရလေအောင် ဘေးသို့အနည်းငယ်လှုပ်ရှားပေးရမည်။
(ဂ) ကလေးသည် အသက်ရှူရခက်ခဲခြင်း သို့မဟုတ်
လုံးဝအသက်မရှူနိုင်ခြင်းတို့ဖြစ်ပေါ်ပါက ကလေးကို
ပက်လက်အနေအထားအတိုင်းရှိနေစေရပြီးခေါင်းကို အနည်းငယ် စောင်းပေးရမည်။
(ဃ) ကလေး၏ နှာခေါင်းကို ပိတ်ပြီး ပါးစပ်မှ လေမှုတ်သွင်းခြင်းကို ကလေး၏
ရင်အုံမို့မောက်လာသည်အထိ ပြုလုပ်ရမည်။ ထို့နောက် တစ်မှသုံးအထိရေတွက်ပြီး
နောက်ထပ်တစ်ကြိမ်ပြုလုပ်ရမည်။ ဤသည်ကို ကလေးအသက်ပြန်ရှူသည် အထိ
ဆက်ကာလုပ်ပေးရမည်။
(င) အ၀တ်အစားထူထူ၊ ကျပ်ကျပ်နှင့် အရောင်တောက်တောက် ၀တ်ဆင်ခြင်းသည် အသက်ရှူကျပ်ခြင်းကို ပိုမိုဆိုးရွားစေသောကြောင့် အထူးသတိထားရမည်။
(စ) ကလေးကို လူအုပ်စုကြီး၏ ၀ိုင်းအုံကြည့်ရှူမှုအောက်မှ တတ်နိုင်သမျှ တားဆီးရမည်။
.
အဆိပ်အတောက်သင့်ခဲ့မည်ဆိုလျှင်
(က) အဆိပ်ရှိသောပစ္စည်းကိုမျိုချခဲ့ပါက ကလေးကိုအန်အောင် မလုပ်ပေးသင့်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်း လည်ချောင်းနှင့် အစာရေမျိုပြွန်တစ်လျှောက်ရှိ
အလွှာများကိုတိုက်စားခြင်း၊ ကလေးကိုပို၍ ပင်ပန်းစေပြီး ဖျားနာခြင်းတို့ကို
ဖြစ်စေပါသည်။
(ခ) အကယ်၍ အဆိပ်အတောက်သည် ကလေး၏အရေပြား၊ အ၀တ်အစားတို့အပေါ်၌ ကျသွားပါက
အ၀တ်အစားကို အလျင်အမြန်ဖယ်ရှားခြင်း၊ အရေပြားကို ရေများများနှင့်လောင်း၍
ဆေးခြင်းတို့ကို ပြုလုပ်ပေးရမည်။
(ဂ) မျက်လုံးထဲသို့ ၀င်ရောက်သွးသည်ဆိုပါက မျက်လုံးကိုရေသန့်သန့်ဖြင့် ၁၀ မိနစ် ကြာအောင် ဆေးကြောပေးရမည်။
(ဃ) ကလေးကို သက်သောင့်သက်သာ အနေအထားတွင်ရှိစေပြီး ချက်ချင်းဆေးရုံ၊ ဆေးခန်းသို့ခေါ်ဆောင်သွားရမည်။
(င) ဖြစ်နိုင်မည်ဆိုပါက ကလေးနှင့်အတူ အဆိပ်၏နမူနာ သို့မဟုတ်
ပုလင်းအခွံတို့ကို ယူဆောင်သွားခြင်းသည် ကုသမှုကို ပိုမိုလျင်မြန်ထိ
ရောက်မှုရှိစေသည်။
(စ) ကလေးကို စိတ်လှုပ်ရှားမှုမရှိစေရန်တတ်နိုင်သမျှ ထိန်းထားပေးရန်လိုအပ်သည့် အပြင်ငြိမ်သက်စွာ နေစေရန်လည်း တတ်နိုင်သမျှ ကြိုးစားရမည်။
Arogym Magazine
December, 2007
အလှမ်းကွာနေတဲ့အမျိုးကို ပြန်တွေ့လိုက်ရသလိုပဲ။
သက်ဆုံးနှင်း




