8/30/2012

သင့်စိတ်၊သူ့စိတ်၊မိမိစိတ် (၂)

၁။အကယ်၍သင့်အနေဖြင့် စိတ်၏စင်ကြယ်မှုနှင့်ခန္ဓာကိုယ်၏စင်ကြယ်သန့်ရှင်းမှုနှစ်ခုအနက် တစ်ခုကို ရွေးချယ်ရမည်ဆိုပါက မည်သည့်အရာကို ယှဉ်ပြိုင်ရွေးချယ်ရမည်ဟူ၍စဉ်းစားနေရန်မလိုချေ။

၂။မိမိကိုယ်တိုင်ကြံစည်အပ်သော စိတ်မှုရေးရာအကြံအစည်အားလုံးသည် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မပျက်ပြားစေသော ကောင်းသောအကြံအစည်မျိုးသာ ဖြစ်ရမည်။

၃။အောင်မြင်ခြင်းရဲ့ အပြစ်ဒဏ်ကတော့သင့်ကိုအရင်က နိမ့်ချခဲ့သူတွေ၏အာရုံစိုက်မှုတွေကြောင့် ပျင်းနေရမှာဖြစ်သည်။

၎။ပျော်ရွှင်မှုသည်အရာဝတ္ထုများ၌မရှိ။ ကျွန်ုပ်တို့ကိုယ်တွင်းတွင်သာရှိသည်။

၅။အကောင်း၊အဆိုးရယ်ဟု မရှိ။ တွေးခေါ်ခြင်းကသာ သတ်မှတ်ခြင်းဖြစ်သည်။

၆။မိမိစိတ်ကို နားလည်သည်ဟုဆိုသူတိုင်း သူတို့၏စိတ်နှလုံးအကြောင်းကို မသိကြချေ။

၇။ဝမ်းနည်းမှုမှစိတ်ပျက်အားနည်းမှု ဖြစ်မသွားစေရန်မျက်ရည်များက တားဆီးထား၏။

၈။လူမရောက်သော်လည်း စိတ်က ရောက်နေသည်။

၉။ပူဆွေးသောက စိတ်ဒုက္ခရောက်ခြင်းဆိုသည်မှာ ပညာအမြော်အမြင်ရှိသူများ၏ ဆရာတစ်ဆူဖြစ်သင့်သည်။

၁၀။လူများသည်ကြောင်းကျိုးဆင်ခြင်ဥာဏ်မရှိကြသည့်အပြင်အတ္တမာနစိတ်သည်လည်း ကြီးမားလွန်းကြပါသည်။ သို့သော်မေတ္တာထားပါ။

၁၁။ မကောင်းမှုဒုစရိုက်အတော်များများသည် ကာယကံထက် မနောကံဖိစီးမှုမှပေါ်ပေါက်လာလေ့ရှိ၏။

၁၂။စိတ်သည် တော်မျောက်ကဲ့သို့ လော်လီ၏။ အလိုမလိုက်ရာ။

၁၃။သင်၏စိတ်ကိုသင့်ဘက်သို့သာအာရုံပြုထားပါ။ သင့်အတွင်းမှာပင် ပျော်ရွှင်မှုကိုရှာကြံပါ။ သင့်ထဲမှာပင် သင်ခံစားနိုင်သော်ပျော်ရွှင်မှုအရင်းအမြစ်များ အတိုင်းအဆမရှိ တည်ရှိနေသည်ကိုတွေ့လာပါလိမ့်မည်။

၁၄။ကိုယ့်အတွက်မဟုတ်သောအခါမှ ကိုယ့်အတွက်ဖြစ်ရမှာမှန်းသိလိုက်ရသောအခါ ထိုအကြောင်းထက် စိတ်ဝင်စားရန်ကောင်းသည် ဘာမျှမရှိချေ။
၁၅။ဒွိဟသံသယနှင့်ထွေးငြိနေသော စိတ်သည်အောင်မြင်မှုလမ်းကြောင်းဖြောင့်တန်းအောင် ချိန်ဆနိုင်မှာမဟုတ်ချေ။

၁၆။လိုလားမှုရှိသောအရာတိုင်းကို စိတ်ကူးဖြင့် ဖန်တီးရသည်မှာ လွယ်ကူလှသည်။

၁၇။အလုပ်တစ်ခု၌ ဂုဏ်သိက္ခာရှိသည်ဆိုသည်မှာ ထိုအလုပ်ကိုစိတ်တိုင်းကျလက်ခံပြီး လုပ်ရမှာဖြစ်၏။

၁၈။လူ့အရေပြားပေါ်မှာအသားအရောင်နှင့်ပတ်သက်၍ဘယ်သူ့မှာမှ တာဝန်မရှိဘူး။အရေပြားအောက်မှာရှိသောလူတစ်ယောက်၏ အကျင့်စရိုက်နှင့်အရည်အသွေးကို သဘာဝအတိုင်းဖြစ်ပေါ်လာသောထိုအသွေးအရောင်က သဲလွန်စရှာမပြနိုင်။

၁၉။အသုံးအကျဆုံးအရာဆိုပေမယ့် စိတ်ပျက်ဖွယ် ဖြစ်တတ်သည်။

၂၀။လူတိုင်းကို ကျေနပ်အောင်ပြုလျှင် သင်သည် တစ်ဦးတစ်ယောက်ကိုမျှ ကျေနပ်စေလိမ့်မည်မဟုတ်။

ကျေးဇူးတင်ပါတယ်

ဒီစာစုတွေကတော့ (သင့်စိတ်၊သူ့စိတ်၊မိမိစိတ်) သုတေသီ ဘုန်းမြင့်သွေး ရေးတဲ့စာအုပ်ထဲကပါရှင် ဖက်စေချင်လို့ တင်ပေးလိုက်ပါတယ်နော် အမှားပါသွားတယ်ဆိုရင် နားလည်ပေးပါလို့ ....

နန်းတွင်းမှ