၁။ဂုဏ်သိက္ခာဆိုသည် ဂုဏ်ထူးဘွဲ့ထူးများရှိမှုကို ခေါ်သည်မဟုတ်၊ ထိုဂုဏ်သိက္ခာနှင့်ထိုက်တန်အောင် ကာယကံ၊၀စီကံ၊မနောကံကို ထိန်းသိမ်းသော သြတ္တပ္ပစိတ်ရှိသည်ကိုခေါ်၏။
၂။လူးသား၏စစ်မှန်သောဘ၀ဆိုသည် စိတ်ချမ်းသာပျော်ရွှင်မှုဖြစ်သည်။ အဓိကအကြောင်းမှာ မည်မျှပင် စိတ်ဆင်းရဲစေ၊ မကြာမီကာလမှာ စိတ်ချမ်းသာစရာတွေ ဖြစ်ပေါ်လာ လိမ့်မည်ဟု လူသားက အမြဲတမ်းမျှော်လင့်တောင့်တနေလို့ ဖြစ်၏။
၃။ဘ၀မှာကိုယ့်အကြောင်းကိုယ် သိထားဖို့အလုပ်သည် အခက်အခဲဆုံးအလုပ် ဖြစ်တယ်။
၎။ရခဲမှ ရတနာ သိခဲမှ ပညာ
၅။လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ လို၏။
၆။ မေတ္တာစိတ် ခေါင်းပါးလျှင်အကုသိုလ်စိတ် ပွားသည်။
၇။ကိုယ်ချင်းစာနာတတ်ခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းတို့ ပေါင်းစပ်၍နူးညံ့သောစိတ်ကို ဖြစ်ပေါ်စေသည်။
၈။စိတ်ဓာတ်ဆိုတာ လူဘဲ ဖြစ်၏။
၉။ကျွန်ုပ်တို့၏စိတ် အဆင့်အတန်းမြင့်မားစေဖို့အတွက် တစ်ယောက်ယောက်ဆီမှာသင်ယူခြင်းထက် မိမိဘာသာမိမိ၏စိတ်ကို ဆင်ခြင်သုံးသပ်ပြီး အလေးထား စဉ်းစားမှုကိုပိုမိုလုပ်ဆောင်သင့်ပါသည်။
၁၀။ပညာဥာဏ်ရှိသူဆိုသည်မှာ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်တတ်သူ ဖြစ်သည်။
၁၁။စိတ်နှစ်ခွရှိတဲ့သူသည် သူ ဘာဘဲလုပ်လုပ် အခြေမခိုင်ဘူး။ သင့်လက်ထဲရောက်လာသော လုပ်စရာကို လုပ်ပါ။
၁၂။သူတို့သည် စွမ်းဆောင်နိုင်ကြသည်ဟု စဉ်းစားသည့်အတွက် သူတို့သည် စွမ်းဆောင်နိုင်ကြ၏။
၁၃။အောက်ပါအချက်ကို ဂရုစိုက်ပါ။
တဏှာမီးကို ရှောင်ကွင်းပြီး စိတ်အေးချမ်းမှုကိုရှာပါ။
၁၄။မသူတော်အကျင့်သည် အများစိတ်ကို ပျက်စေ၏ သူတော်ကောင်း၏စိတ်ကို မပျက်စေနိုင်။
၁၅။အမြဲတမ်းမှန်သော်အရာကိုလုပ်ရန် ကြိုးစားပါ။ သို့သော်လည်း သင်၏ မှန်/မှား ခွဲခြားတတ်သောစိတ်က ထိုသို့မလုပ်ရန် ပြောသောအခါများလည်း ရှိတတ်ပါသည်။
၁၆။လူတို့သည် မိမိနှင့်သက်ဆိုင်ပတ်သက်မှုမရှိပါဘဲလျက်သူတစ်ပါးအပေါ် မစ္ဆရိယ မနာလိုစိတ် ဖြစ်တတ်သည်။
၁၇။ဆုတောင်းတိုင်းသာပြည့်ခဲ့လျှင် အလိုဆန္ဒတို့သည် မှားယွင်းကြောင်းမကြာခဏ နောင်တရလိမ့်မည်။
၁၈။မုန်းတီးမှုသည် ကိုယ့်ကိုယ်ကို အပြစ်ပေးခြင်းဖြစ်၏။
၁၉။ကျွန်ုပ်သည် တွေးတောကြံဆတတ်၏။ထို့ကြောင့်ပင် ကျွန်ုပ်ဖြစ်တည်လျက်ရှိ၏။
၂၀။စည်းစိမ်ချမ်းသာအားလုံး၊အောင်မြင်မှုအားလုံး၊ရုပ်ပိုင်းဆိုင်မှုအားလုံး၊မဟာရှာဖွေတွေ့ရှိမှုအားလုံး၊မဟာတီထွင်မှုတွေအားလုံးနှင့် ရယူပိုင်ဆိုင်မှုများအားလုံး၏မှုလအရင်းအမြစ်သည် အတွေး ဖြစ်သည်။
ကျေးဇူးတင်ပါတယ်
ဒီစာစုတွေကတော့ (သင့်စိတ်၊သူ့စိတ်၊မိမိစိတ်) သုတေသီ ဘုန်းမြင့်သွေး ရေးတဲ့စာအုပ်ထဲကပါရှင် ဖက်စေချင်လို့ တင်ပေးလိုက်ပါတယ်နော် အမှားပါသွားတယ်ဆိုရင် နားလည်ပေးပါလို့ ....
8/30/2012
သင့်စိတ်၊သူ့စိတ်၊မိမိစိတ်
8/30/2012
Dim




