တစ်ခါသော် မြို့တစ်မြို့၌လူတစ်ယောက်သည် ဓာတ်ပုံပညာကို လိုက်စားရာမှ ကျွမ်းကျင်လာ၍ အရင်းအနှီးထုတ်ပေးသူရှိသဖြင့် ဓာတ်ပုံဆိုင်ဖွင့်လေ၏။
သို့ရာတွင် ထိုလူ၏ ဓာတ်ပုံဆိုင်မှာ ဆိုင်သစ်ဖြစ်၍ မိတ်ဆွေဖောက်သည် နည်းသေးသဖြင့် ကောင်းစွာမရိုက်ရချေ။
သို့ဖြစ်၍ ထိုလူသည် ရွာများသို့ဆင်၍ ဓာတ်ပုံရိုက်ရန် ကြံရွယ်ပြီးရိုးသားသော လုပ်သားတစ်ယောက်ကိုဌားလေ၏။
ထို့နောက် ထိုလူနှင့်တပည့်တို့သည် ရွာတစ်ရွာသို့ ဓာတ်ပုံရိုက်ရန် သွားရောက်လေ၏။ထိုရွာ၌လည်း ဓာတ်ပုံကိုတစ်ခါမျှမရိုက်ဖူးသောဘုန်းကြီးတစ်ပါး ရှိ၏။
ဘုန်းတော်ကြီးသည် ရွာသို့ ဓာတ်ပုံဆရာရောက်သည်ဟု သတင်းကြားသိလျှင် ဒီတစ်ကြိမ်ဓာတ်ပုံရိုက်ဖူးအောင် ရိုက်မည်ဟုဆုံးဖြတ်၍ ဓာတ်ပုံဆရာအားကျောင်းသို့လာရောက်ရန် ကျောင်းသားတစ်ယောက်အား အခေါ်ခိုင်းလိုက်လေ၏။
ဘုန်းတော်ကြီးခေါ်ခိုင်းသည့်အချိန်၌ ဓာတ်ပုံဆရာမှာမအားမလပ်သည်နှင့် ကြုံကြိုက် ၍ဘုန်းတော်ကြီးကျောင်းသို့တပည့်ဖြစ်သူအား စေလွှတ်လိုက်လေ၏။
ဓာတ်ပုံဆရာ၏တပည့်လည်း ဘုန်းတော်ကြီးကျောင်းသို့ရောက်လျှင် ဖလင်များထည့်သွင်း၍ “ဓာတ်ပုံရိုက်တော့မည် ငြိမ်ငြိမ်နေပါဘုရား” ဟုဘုန်းတော်ကြီးအား လျှောက်ထားကာ ဓာတ်ပုံရိုက်ရန် ချိန်နေလေ၏။
ဘုန်းတော်ကြီးသည် ငြိမ်ငြိမ်နေသည့်ဆိုသည့်အတိုင်း အသက်ပင်မရှူဘဲ နေလေရာချိန်၍မပြီးသည်နှင့်အချိန်ကြာသွားသဖြင့် ဘုန်းတော်ကြီးမှာ မူးမေ့ပြီးလဲကျသွားလေ၏။
ဓာတ်ပုံဆရာ၏တပည့်လည်း ဘုန်းတော်ကြီးအား နှိပ်နယ်ပေး၍သတိရမှ ဓာတ်ပုံဆရာထံပြန်လာကာ အကျိုးအကြောင်းကို ပြောပြလေ၏။
နောက်တစ်နေ့၌ ဓာတ်ပုံဆရာလည်း အားလပ်သည်နှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဘုန်းတော်ကြီးအား ဓာတ်ပုံရိုက်ရန်လျှောက်ထားလေ၏။
ဘုန်းတော်ကြီးက “ဟေ့………. ဓာတ်ပုံရိုက်ရမယ်၊ နေပါအုံး၊မင်းက ဆရာလား တပည့်လား “ ဟုမေးလေ၏။ ဓာတ်ပုံဆရာက “တပည့်တော်က ဆရာပါဘုရား “ ဟုလျှောက်ထားရာ ဘုန်းတော်ကြီးက “တော်တော်၊မနေ့က တပည့်မို့လို့ မေ့သွားတာ၊ ဒီကနေ့ ဆရာဆိုရင်ငါသေလိမ့်မယ်” ဟု ဆရာအားမိန့်ဆိုလေသတည်း။
ဆောင်ပုဒ်- မတွေ့ဖူးသူ ကြုံတွေ့မူ အလှူခနဲဖြစ်။
ပုံပြင်လေးကတော့ဒါပါဘဲကွယ် ………. :)
4/13/2012
(ဆရာဆို ပိုဆိုးမှာပေါ့)
4/13/2012
Dim




