ရှေးအခါက အောက်သားတစ်ယောက်သည် မန္တလေးနေပြည်တော်သို့ ရောက်လာ၍ အမျိုးတော်သူအဒေါ်တစ်ယောက်၏ အိမ်၌တည်းခိုလေ၏။
အောက်သားသည် နေပြည်တော်ကြီးကို အနှံ့အပြားလည်ပတ်ကြည့်ရှု၍ သန်းခေါင်သန်းလွဲမှသာ တည်းခိုအိမ်သို့ပြန်လာလေ၏။ အိမ်ရှင်တို့သည် ထိုအောက်သားအား စောင့်မနေနိုင်၍မီးခွက်ငြိမ်းထား၍အိပ်လိုက်ကြ၏။
အောက်သားသည် တည်းခိုအိမ်သို့ပြန်လာတိုင်း မီးခွက်ငြိမ်းထားသည်ကို တွေ့ရှိ၍အိမ်ရှင်ဖြစ်သူ အဒေါ်အား “အဒေါ်မီးသတ်ထားပြီလား၊ ကျွန်တော်ပြန်လာလျှင်သတ်ပါ့မယ်။
တိုက်မိ ခိုက်မိမှာစိုးလို့ မီးခွက်ထွန်းထားပါ” ဟုဆိုလေ၏။ အိမ်ရှင်အဒေါ်က “မီးခွက်မထွန်းထားတာ မီးဘေးကြောက်ရလို့ပါ။ ရေနံဆီကုန်မှာစိုးလို့ မဟုတ်ပါဘူး” ဆိုသဖြင့်အောက်သားက “ဒီလိုဆိုလဲ ဟုတ်တာဘဲ။မီးခွက်သတ်ထားပေါ့” ဟုပြောလေ၏။
အိမ်ရှင်အဒေါ်က မီးခွက်ကိုငြိမ်းတယ်လို့ ပြောရတယ်တူမောင်ရဲ့၊ သတ်တယ်လို့မပြောသင့်ဘူး ဟုဆိုသဖြင့် အောက်သားက ကောင်းပါပြီနောင်ကိုငြိမ်းတယ်ဘဲပြောပါ့မယ် ဟုကတိပြုလေ၏။
တစ်နေ့၌အောက်သားသည် လက်ဝှေ့ပွဲတစ်ခုကို ၀င်ကြည့်ပြီးတည်းခိုအိမ်သို့ပြန်လာရာ အဒေါ်ဖြစ်သူက ဒီကနေ့ဘယ်ရောက်ခဲ့သလဲ ဟုမေးလေ၏။
အောက်သားက ဒီကနေ့တော့ လက်ဝှေ့ငြိမ်းပွဲဝင်ကြည့်ခဲ့တယ်အဒေါ်ရဲ့၊ စုံမတူဆိုတဲ့သူက ဗလပျံဆိုတဲ့သူကို လက်ဝှေ့ငြိမ်းလိုက်တာ အတော်အထိနာတာဘဲ ဟုဆိုရာအိမ်ရှင်အဒေါ်က ရယ်မောပြီး အော် တူတော်မောင်ရယ် လက်ဝှေ့သတ်တယ်လို့ပြောပါ လက်ဝှေ့ငြိမ်းတယ်လို့မပြောရဘူး တူမောင်ရဲ့ ဟုဆိုလေ၏။
ထိုအခါ အောက်သားက ငြိမ်းဆိုလဲအဒေါ်တို့စကား၊ သတ်ဆိုလဲအဒေါ်တို့စကား၊ ဘယ်စကားကိုမှတ်မိတော့မှာလဲ၊တစ်နေ့က မီးခွက်သတ်တော့မီးခွက်ငြိမ်းတယ် ပြောပါတဲ့။ ဒီနေ့လက်ဝှေ့ငြိမ်းတော့လက်ဝှေ့သတ်တယ်ပြောပါတဲ့။ အဒေါ်တို့ “မန္တလေးစကား တယ်ခက်တာကိုး” ဟုညည်းတွားလေသတည်း။
ဆောင်ပုဒ်- ကာလဒေသ ဝေါဟာရ ဌာနသိရာသည်။
ပုံပြင်လေးကတော့ဒါပါဘဲကွယ် ………….. :)
4/13/2012
(မန္တလေးစကား တယ်ခက်)
4/13/2012
Dim




