ရှေးအခါက မြို့တစ်မြို့၌ လူပျိုကြီးတစ်ဦးနှင့် အပျိုကြီးတစ်ဦးအား လူချင်းမမြင်ဖူးဘဲ နှစ်ဖက်မိဘက ထိမ်းမြားလက်ထပ်ပေးလိုက်၏။
ထိမ်းမြားမင်္ဂလာအခမ်းအနားပြီးမှ သတို့သား လူပျိုကြီးသည် လက်ထပ်ပြီးစ ဇနီးသည်ကို ကြည့်၍ ရှင်မ အသက်မည်မျှရှိပြီလဲ ဟုမေးလေ၏။ ဇနီးသည်က ကျုပ်အသက် လေးဆယ်ရှိပြီ ဟုဖြေဆိုလေ၏။
သတို့သား လူပျိုကြီးသည် အံ့သြသောအမူအရာဖြင့် ဘယ့်နဲ့လဲရှင်မမိဘက ကျူပ်အမေကိုပြောတော့ ရှင်မအသက်ဟာ သုံးဆယ်ငါးနှစ်ဆို ဟုပြောလေ၏။
ဇနီးသည်က ကျုပ်အသက် လေးဆယ်ဆိုပေမယ့် အမှန်ကတော့ ၃၉နှစ် စွန်းရုံဘဲရှိပါသေးတယ် ဟုဆို၏။ သတို့သားလူပျိုကြီးမှာ အကြံအိုက်သွားပြီး နေ့မကူးမီ ဇနီးသည်အသက်အမှန်ကို သိရန် တစ်နည်းနည်းဖြင့် စုံစမ်းမည်ဟု ဆုံးဖြတ်ထားလေ၏။
ညဘက်သို့ရောက်၍ မှောင်လာသည့်အခါ သတို့သားလူပျိုကြီးသည် ရှင်မရေ၊မီးဖိုချောင်းကို သွားပြီးဆားအိုးကို လုံအောင်ပိတ်လိုက်ပါ ဟုဆို၏။
ဇနီးသည်က ဘာကိစ္စဆားအိုးလုံအောင် ပိတ်ရမှာလဲ ဟုမေးလေရာ သတို့သား လူပျိုကြီးက အို၊ ဆားအိုးပိတ်မထားရင် ညကျကြွက်တွေစားကုန်မှာပေါ့ ဟုဖြေလေ၏။
ထိုအခါ ဇနီးသည်က ဟက်ဟက် ပက်ပက် ရယ်မောပြီးကျုပ်အသက် ငါးဆယ်ကျော်ပါပြီတော်၊ ဆားကြွက်စားတယ်ရယ်လို့ တစ်ခါမှမကြားမိပါဘူး ဟုပြောလေမှ သတို့သားလူပျိုကြီးလည်း သူ့ဇနီး၏ အသက်အမှန်ကို မစစ်ဆေးဘဲသိသွားရလေသတည်း။
ဆောင်ပုဒ်-
ယောက်ျားမာယာ
မ, ထက်သာ
အာဏာအမြဲရှိ။
ပုံပြင်လေးကတော့ဒါပါဘဲကွယ် ............. :)
4/13/2012
အသက်မှန်သိအောင် စူးစမ်းတတ်သော လူပျိုကြီး
4/13/2012
Dim




