8/27/2015

ဂေါက်ရောဂါ အတွက်သဘာဝဆေးနည်း

ဂွေးဒေါက် (ခေါ်)ခွေးတောက် နှင့်  သနပ်ခါး
ကိုယ်တွေ့ ဆေးနည်းလေးပါ ကျွန်တော်၏ဇနီးမှာ
တနေကုန်မိုးမိပြီးနောက် ဒူးအဆစ်မှာရောင်နေပြီးကိုက်ခဲလျှက်ရှိပါသည်။

 ဆေးပေါင်းစုံလိမ်းစမ်းကြည့် ပါသည်သက်သာသလိုလိုနှင့် ပို၍သာဆိုးလာပါသည်။
နောက်ဆုံးရေအိမ်ဝင်ရာတွင်မထိုင်နိုင်မထနိုင်နှင့် ပင်တော်တော်လေးဆိုးနေရာ သူငယ်ချင်းတယောက်မှဂေါက်ရောဂါဖြစ်နေသောသူ၏သမီးးအားထိုဆေးနည်း
နှင့် ကုပေးရာသက်သာပျောက်ကင်းသွားသဖြင့် စမ်းကုကြည့် ပါဟုဆိုသဖြင့် သုံးကြည်ရာပျောက်

ကင်းပါသောကြောင့် အလားတူဝေဒနာရှင်များအားသက်သာ
ပါစေခြင်းငှာတင်ပေးလိုက်ပါသည်။


ဆေးနည်းမှာ  

 ဂွေးဒေါက်ရွက်ကိုရေအနည်းငယ်နှင့် ထောင်း၍ ၎င်းအရည်နှင့် သနပ်ခါးကိုသွေး၍
ဒူးမှစ၍ခြေဖြားထိလိမ်းပေးရန်ဖြစ်ပါသည်။


ရောဂါအနုအရင့် အလိုက် နေ့ စဉ် ရေချိုးပြီးတကြိမ်
ညအိပ်ယာဝင်တကြိမ်လိမ်းပေးပါ။သိသာစွာသက်သာလာပါမည်။


စေတနာဖြင့်  Mg Naing