သဘာဝအတိုင်း ခန္ဓာကိုယ် ကျစ်လစ်လှပလိုသော, ကျန်းမာရေးအတွက်
body weight ထိန်းလိုသော, ဓာတ်မချူပ် (ဝမ်းမချူပ်) လိုသော,အရွယ်တင်နုပျို
လိုသော,ကင်ဆာ ဖြစ်မှာကြောက်သော ဦးဦး, ဒေါ်ဒေါ်,ကိုကို, မမ, မောင်လေး,
ညီမလေးများအတွက် ၀မ်းမြောက်ဖွယ် နည်းလမ်းကောင်းလေး တစ်ခု နဲ့ မိတ်ဆက်
ပေးချင်ပါတယ်။ ပိန်ဆေးတွေရဲ့
side effect တွေကို ကြောက်နေကြတဲ့ အခုလိုခေတ်ကြီးမှာ
သောက်ရေတစ်ခွက်ရှိရုံမျှနှင့် ထည့်သောက် လို့ရတဲ့ သဘာဝအတိုင်း
ပိန်စေဖို့အထောက် အကူပေးမယ့် နည်းလမ်းလေးတစ်ခုပါ…..
''BLACK CHIA SEED'' ဟာ Mexico နဲ့ တောင်အမေရိက ကနေ စတင်အသုံးပြု ကြ ပြီး ''Superfood'' လို့ လူသိများလာကြတဲ့ US Product တစ်ခုပါ…..
ကျန်းမာရေးလိုက်စားပြီး အလှအပ ထိန်းသိမ်းကြတဲ့ Singaporean တွေ ကြားမှာလည်း အခုတလော Popular ဖြစ်လာနေပါတယ်….
CHIA SEED ဆိုတာ.....
(၂).၁၅ မိနစ်လောက်ရေစိမ်လိုက်ရင် ပင်ပွားစေ့လိုပွလာပါတယ် ရေကြာကြာပိုစိမ် ထားရင် ပိုပွပြီး ပိုပွားလာပါတယ် (အနည်းငယ်မျှ ချွဲပါတယ်)
(၃).အရသာကတော့ ပင်ပွားစေ့လို ချိုဖန်ခါး ဘာအရသာမှမရှိပါ . (ဆီးချို၊ သွေးချိုသမားများအတွက်လည်းသင့်တော်ပါတယ်)
CHIA SEED က ဘာတွေ ကောင်းတာလဲ
(၁).Fiber အမျှင်ဓာတ်တွေ အများကြီးပါလိုဝမ်းသွားရ လွယ်ကူ စေပါ တယ်(အမျှင်ဓာတ်များတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်း သတိ ထားပြီးစားနေဖို့ဆိုတာ လူတိုင်းအတွက် တော့သိပ်မလွယ်ဘူးလေ)
(၂). CHIA SEED တစ်ခွက်သောက် ထားရုံနဲ့ ဗိုက်ပြည့်စေပြီး အစာစားချင်စိတ်ကို ပုံမှန်ထက် လျော့နည်းနေစေပါတယ် ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ် (ပိုများများသောက်ရင် အစာ မစားပဲ အချိန်ကြာကြာ ပိုနေနိုင်ပါတယ်)
(၃). Carbohydrate, Protein, Potassium, Magnesium, Iron, Calcium နဲ့တခြား Vitamins & Minerals တွေ ပုံမှန်ဟင်းသီးဟင်းရွက်,နို့, အစားအစာတွေထက် ပိုမိုပါဝင်လို့ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အာဟာရကိုလည်း ပြည့်စုံစေပါတယ် (အာဟာရပါဝင်မှု အသေးစိတ်ကိုတော့ ပုံမှာ ဖော်ပြ ထားပါတယ်)
(၄).OMEGA 3 , OMEGA 6 (ငါးကြီးဆီ)တွေဟာခန္ဓာကိုယ်ထဲမှာပုံမှန်ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်းအတွက်အရေးပါလှပါတယ်
ကင်ဆာရောဂါ,နှလုံးသွေးကြောဆိုင်ရာရောဂါများမဖြစ်အောင် တားဆီး ပေးပါတယ်, သွေးတွင်းအဆီလည်းကျစေပြီး လေဖြတ်ခြင်းမှကာကွယ်ပေးပါတယ်,
အိုမင်းရင့်ရော်ခြင်းမှလည်းတားဆီးပေးပါတယ် (၅).ဓာတ်တိုးဟန့်တားပစ္စည်းAntioxidants ဟာ ခန္တာကိုယ်ရဲ့ရောဂါပြီးစနစ်ကို တိုးတက်စေပြီး ကင်ဆာ,နှလုံးရောဂါနှင့် အခြားရောဂါများအလွယ်တကူမဖြစ် နိုင်အောင်ဟန့်တားပေးပါတယ်
(၆).Antioxidantsဟာအရွယ်မတိုင်ခင်အိုမင်း ရင့်ရော်ခြင်းကိုလည်းတားဆီး ပေးပါတယ်
(၇). သကြားဓာတ်လုံးဝမပါဝင်လို့ ဆီးချို၊ သွေးချို သမားများအတွက်လည်း သောက်သုံးရန် သင့်တော်ပါတယ်
(၇).Cholesterol လုံးဝ မပါပါ.
(၈).သဘာဝ အစေ့ ဖြစ်လို့ ပုံမှန်ကျန်းမာနေသူများအတွက်ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါ
ရောဂါတစ်ခုခုကြောင့် ဆေးများပုံမှန်စွဲ သောက်နေရသူများ ကတော့ မိမိတို့ရဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
မြန်မြန်ပိန်ချင်သူများ, body weightချ ချင်သူများကတော့ အားလုံးသိကြတဲ့ အတိုင်း ဆောင်ရန် ရှောင်ရန် တွေကိုပါ တွဲဖက် လုပ်ဆောင် သင့်ပါတယ် (၁).ကယ်လိုရီများသောအစာများလျှော့စားရပါမယ်(ဆီကြော်စာဖြစ်သော အကြော်မျိုးစုံ, ထောပတ်,အဆီများသော နို့ထွက် အစားအစာများ, အုန်းနို့ပါသော အစားအစာ မျိုးစုံ, ဟင်းအဆီအနှစ်များ, ဆိတ်,အမဲ,ဝက် အဆီများ, ကြက်အဆီ နှင့် အရေခွံများ)
(၂).ကစီဓာတ်များသော အစာများ ဆန်,ဂျုံ,အားလူး,သကြား,အချိုရည် နှင့် ချိုလွန်းသော အစားအစာများ လျှော့စား ရပါမယ်
(၃).အဆီမပါသော အသားများ, ငါးမျိုးစုံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ များများ စားပေးရပါမယ်
(၄).နံနက်စာ နှင့် နေ့လည်စာကို သင့်တင့်ရုံ စားပြီး အထူးသဖြင့်ညစာကို
လျှော့စားမှသာ မြန်မြန်weightကျမှာ ဖြစ်ပါတယ်။
CHIA SEED အသုံးပြုနည်း လေးကတော့ CHIA SEEDကို ပွလာအောင်အရင် ရေစိမ်ပြီးမှ မိမိကြိုက်နှစ်သက်ရာ ဖျော်ရည်မျိုးစုံ, ကွေကာအုပ်, နွားနို့, ဒိန်ချဉ်တို့နှင့်လည်း ရောသောက်နိုင်ပါတယ် Salad နှင့် ဆန်ပြုတ် ထဲလည်း ထည့်စားလို့ရပါတယ်
သကြားလျှော့ထားသော အချိုပွဲ မျိုးစုံ, ပူတင်း, မုန့်မျိုးစုံ, ဟင်းမျိုးစုံ, စားသောက်ဖွယ်မျိုးစုံထဲ လည်းထည့်စား နိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့ ကျမကတော့ လေ့ကျင့်ခန်းမလုပ်ပဲ အထက်ပါနည်းအတိုင်း အစားထိန်းစားရုံ, အစားလျှော့စားရုံ နဲ့ ၅ လအတွင်း ၁၂ ပေါင်ကျသွားလို့ စိတ်ဝင်စားသူများကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။
CHIA SEED ကို စိတ်ဝင်စားလို့ စမ်းပြီးစားကြည့်ချင်သူများ Singapore, Peninsula Plazaက ''ဟင်္သာ'' မှာ ဝယ်လို့ရပါတယ်ရှင်။
ကျမကတော့ ဆရာဝန် တစ်ယောက် မဟုတ်ပဲ သာမန်စားသုံးသူအနေနဲ့ ''CHIA SEED'' ရဲ့ ကောင်းတာလေးတွေ ကျမကိုယ်တွေ့ ကို ပြန်လည်မျှဝေတာမို့ လိုအပ်တာတွေ ရှိရင် နားလည်ခွင့်လွှတ်ပြီး ဖြည့်စွက်မျှဝေ နိုင်ကြပါတယ်လို့ ပြောပါရစေရှင် ….
CHIA SEEDနှင့် ပက်သက်သော လိုအပ်တာတွေကိုလည်း အကြံပြု ဖြည့်စွက် မျှဝေနိုင်ကြပါတယ်.
YouTube နဲ့ Google Serch မှာလည်းရှာကြည့်နိုင်ပါတယ်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်
မေတ္တာဖြင့်
ဟင်္သာ(Singapore)
