တစ်ခါက ဘုန်းကြီးနှစ်ပါးဟာ
တောထဲတရားအားထုတ်ဖို့သွားပါသတဲ့။ လမ်းခရီးမှာ ချောင်းတစ်ချောင်းတွေ့ပြီး
ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်လည်း
တွေ့သတဲ့။
ရေက မတိမ်တဲ့အတွက် ချောင်းကူးရင် သူ့အဝတ်အစားတွေ စိုကုန်မှာစိုးလို့
မိန်းကလေးက စိတ်ညစ်နေသတဲ့။ ဘုန်းကြီးတစ်ပါးဟာ မပြောမဆို မိန်းကလေးကို
ထမ်းပြီးချောင်းကိုကူးခဲ့တယ်။ တစ်ဖက်ကမ်းရောက်တော့ မိန်းကလေးကို
ချောင်းစပ်မှာချပြီး ခရီးဆက်ပြန်သတဲ့။
ခရီးဆက်ပြီး တစ်နာရီအကြာမှာ
နောက်ဘုန်းကြီးတစ်ပါးက မအောင့်နိုင်ဘဲမေးသတဲ့။ “ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့
နီးနီးကပ်ကပ် မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့အပြုအမူဟာ
အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုပဲ”။
အမေးခံရတဲ့ဘုန်းကြီးက
“လွန်ခဲ့တဲ့ တစ်နာရီကတည်းက သူ့ကို ကမ်းစပ်မှာချပေးခဲ့ပြီးပြီ။
ကိုယ်တော်က
ဘာဖြစ်လို့သူ့ကိုအခုထက်ထိ ထမ်းထားရသေးလဲ” လို့ ပြန်ပြောလိုက်သတဲ့။
*** စာရေးစက ဘာသာပြန်ခဲ့တဲ့ပုံပြင်လေးတစ်ပုဒ်ပေါ့။
တခြားသူကပေးတဲ့ စိတ်ဆင်းရဲစရာ၊ ဝမ်းနည်း ဒေါသတွေကို ထမ်းထားတုန်းလား..
ဒါမှမဟုတ် စိုးရိမ်ကြောင့်ကျမှုတွေကို လွယ်ပိုးထားတုန်းလား..
လွှတ်ချခဲ့လိုက်ပါ။
ဒါမှ ရှေ့ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ခရီးဆက်နိုင်ပါလိမ့်မယ်။
နိုင်းနိုင်းစနေ (Thursday, March 22, 2007)
9/27/2014
စိတ်ဆင်းရဲစရာတွေ လွှတ်ချခဲ့လိုက်ပါ။
9/27/2014
Dim