9/27/2014

ခြေဖနောင့်ကွဲအက်ခြင်းအတွက် ရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများ

 ခန္ဓာကိုယ်တွင်း အပူဓာတ်များသူေ တွ နဲ့ ၊ နေ့ လည်ဘက်နေပူပူထဲ လမ်း လျှောက်အထွက်များသူတွေအဖို့ ဆောင်းရာသီရောက်တဲ့အခါ
အပူကန်ထွက်လေ့ရှိကြပြီး ခြေဖနောင့်အရေပြားများ ကွဲအက်လာ ပါတော့တယ်။ အချို့ သူတွေ မှာ သိပ်ဆိုးဆိုးရွားရွားကြီးမဟုတ် အမြင်ဆိုးရုံလောက်သာကွဲအက်ကြသော်လည်း၊ အချို့ ကေ တာ့ ကွဲထွက်နေသော အရေပြားအစအနတွေကတဆင့် အ၀တ်အထည်နဲ့ ပွတ်တိုက်၍ အသား စလန်သွေးထွက်ကာ မေးခိုင်ပိုးအန္တ ရာယ်ဖြစ်စေလာနိုင်ပါတယ်။ အပယိက ခြေဖနောင့်ကွဲအက်ခြင်းအတွက် ရေချိုးတဲ့အခါ ဖနောင့်ချင်းချင်းခပ်ကြမ်းကြမ်းပွတ် တိုက် ၍သော်လည်းကောင်း၊ ရေချိုး ခန်းတမံသတင်း(သို့ မဟုတ်)ရေချိုးခန်းသုံး ကျောက်ခဲ တုံးေ လးဖြင့်ပွတ်တိုက်၍သော်လည်းကောင်း ဤသို့ ပြုပေးခြင်းဖြင့် အရေ ပြားချောမွေ့ သွားေ စပါ တယ်။ အကယ်၍ ကြီးကြီးမားမားကွဲအက်သူများအဖို့ အရေပြားစလေးတွေကို လက်သည်းညှ ပ်ေ လးနဲ့  ညှပ်ထုတ်ပေးပြီး အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး (၈)မျိုးထဲမှ မိမိအတွက်
အဆင်ပြေရာကိုသုံး၍ ကုစားနိုင်ပါတယ်။
(၁) သံပုရာရည်-ဆား-အလှဆီ-နှင်းဆီရည်တို ဖြင့် ခြေဖနောင့် ပေါင်းတင်နည်း။
(Glycerine(ခေါ်)သကြားဆီ/အလှဆီ နဲ့ rose water(ခေါ်)နှင်းဆီရည် တို့ ကို အလှကုန်ပစ္စည်း ဆိုင်တွေမှာ အလွယ်တကူဝယ် ယူနိုင်ပါတယ်) ညအိပ်ယာမ၀င်ခင် ဇလုံကြီးကြီးတစ်ခုထဲ မှာ ခြေမျက်စေ့မြုပ်တဲ့အထိ ရေခပ်နွေးနွေးလောင်းထဲ့ပြီး ဆားကြမ်း၊ သံ ပုရာရည်၊ glycerine နဲ့ rose water တို့ သင့်ရုံရောထဲ့၍၊ မိနစ် ၂၀-လောက် ခြေထောက်၂-ချောင်းစလုံး နှစ်စိမ်ထား ပါ။ ပြီးရင် ခြေထောက်တိုက်တဲ့ ကျောက်တုံးလေးနဲ့  ခြေဖနောင့်တွေကို ခပ်ကြမ်းကြမ်းပွတ်တို က်ေ ပး ပါ။ ထို့ နောက် glycerine စားပွဲတင် ဇွန်း (၁)ဇွန်း၊ rose water စားပွဲတင်ဇွန်း (၁)ဇွန်း၊
သံပုရာရည် စားပွဲတင်ဇွန်း (၁)ဇွန်း တို့ ရောပြီး ဖနောင့်ကိုလိမ်းအိပ်ပေးပါ။ (ကပ်စေးစေးဖြစ်ေ စတာကြောင့် ခြေဖနောင့်ကို အ၀တ်စသန့် သန့် ဖြင့်ထုပ်၍သော်လည်းေ ကာင်း၊ ခြေအိတ် စွပ် ၍သော်လည်း ကောင်းအိပ်ယာဝင်ပါ) နံက်မိုးလင်းတဲ့အခါ ရေနွေးနွေးလေးနဲ့ ပြန်ဆေးပေး လိုက် ပါ။ ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့်အရေပြား ချောမွေ့ လာတဲ့အထိ ဆက်လုပ်ပေးပါ။
(၂) ဌက်ပျောသီး-ထောပတ်သီးတို့ ဖြင့်ပေါင်းတင်နည်း။
ဌက်ပျောသီးမှည့်တစ်လုံးကို အခွံနွှာပြီးနောက်၊ ထောပတ်သီးမှည့်တ၀က်တို့ ကိုယူ၍ ကြိတ်စက် ထဲရောထဲ့ကြိတ်မွှေပါ။ ပြီးနောက် ရလာတဲ့အနှစ်ပျစ်ပျစ်တွေဖြင့် ခြေဖနောင့်ကိုပွတ်လိမ်းပေးပါ။ (ထောပတ်သီး အစား အုန်းသီးစိမ်း(တ၀က်)ကို သုံးနိုင်ပါတယ်။ ထောပတ်သီးနဲ့ အုန်းသီးစိမ်း တို့ ထဲမှာ အရေပြားကွဲအက်ခြောက်သွေ့ ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ အဆီဓာ တ် တွေအမြောက်အများပါရှိလို့ အရေပြားအစိုဓာတ်ထိန်းပေးကာ၊ နူးညံ့ချောမွေ့ လာစေပါတယ်) အကယ်၍ ထောပတ်သီးဝယ်ဖို့  အဆင်မပြေပါက ဌက်ပျောသီးတစ်မျိုးတည်းဖြင့် ပေါင်းတင်လို
့ရပါတယ်။ ဌက်ပျောသီမှည့်မှည့်ကိုအခွံနွှာ၍၊ အထဲက အနှစ်တွေ ဖြင့် ခြေဖနောင့်ကို ပွတ်လိမ်းေ ပြး ပီးနောက် ၁၀-မိနစ်အကြာမှာ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။
(၃) ဆန်မှုန့် -ပျားရည်-ရှာလကာရည် တို့ ဖြင့်ပေါင်းတင်းနည်း။
(ဤနည်းက အရေပြားဆဲလ်အသေများကိုဖယ်ရှားပေးပါတယ်) ဆန်မှုန့် စားပွဲတင်ဇွန်း (၂)ဇွန်းေ မာက်မောက်ကို ပျားရည် စားပွဲ တင်ဇွန်း (၃)ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၃)ဇွန်း တို့ နဲ ့ေ ရာေ မႊပါ(သံလြင္ဆီရနိုင္ပါက စားပွဲတင်ဇွန်း ၁-ဇွန်းရောထဲ့ပေးပါ) ရေနွေးနွေးလေးထဲမှာ ၁၀-မိန စ်လောက် ခြေထောက်စိမ်ထားပြီးနောက် စောစောကရောနှောထားတဲ့ ဆန်မှုန့် အနှစ်များနဲ့ 
ခြေဖ နောင့်ကိုပွတ်လိမ်းပေးပါ။
(၄) ဟင်းရွက်ဆီ
(အရေပြားခြောက်သွေ့ ခြင်းကြောင့် ကွဲအက်လာတဲ့ခြေဖနောင့်တွေကို ဟင်းရွက်ဆီ က ကောင်း စွာ ကုသပေးနိုင်ပါတယ်) ညအိပ် ယာမ၀င်ခင် ဦးစွာခြေဖနောင့်ကို ဆပ်ပြာနဲ့ သန့် စင်ေ အာင်ေ ဆး၊ ရေခြောက်အောင်သုတ်ပြီးတော့ ဟင်းရွက်ဆီဖြင့်အထဲ ထိစိမ့် ၀င်အောင် စိတ်ရှည်ရှည်ြ ဖင့်ဖိလိမ်းပေးပါ။ (ခြေဖနောင့်ကို အ၀တ်စသန့် သန့် ဖြင့်ထုပ်၍သော်လည်းေ ကာင်း၊ ခြေ အိတ် စွပ် ၍ သော်လည်းကောင်း အိပ်ယာဝင်ပါ) မနက်မိုးလင်းတဲ့အခါ ပုံမှန်ရေချိုးပေးလိုက်ရုံပါဘဲ။ ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့်အရေပြားချောမွေ့ လာတဲ့အထိ ဆက် လုပ်ပေးပါ။
(၅) ပျားရည်
(ပျားရည်က အစိုဓာတ်ထိန်းပေးတဲ့အပြင်၊ ပိုးသေစေတဲ့အစွမ်းသတ္တိရှိလို့ ခြေဖနောင့်ကွဲအက်ခြင်း အတွက်အသုံးတည့်လှပါတယ်) ရေပုံးထဲ ရေခပ်နွေးနွေး ထက်ဝက်ခန့် ထဲ့ပြီး၊ ပျားရည်ကို လ္ဘက် ရည်ခွက် ၁-ခွက်စာ ပမာဏခန့် ထဲ့ရောပေးပါ။ ထိုအရောအနှော ထဲကို ခြေထောက်နှစ်၍ မိနစ် ၂၀ လောက်စိမ်ထားပါ။ ပြီးရင် ရေချိုးခန်းသုံးကျောက်တုံးလေးနဲ့ ခြေဖနောင့်ချောသွားေ အာင် ပွတ် တိုက်ပေးပါ။
(၆) သံလွင်ဆီ
(သံလွင်ဆီက အရေပြားကျန်းမာချောမွေ့ စေတဲ့ အကောင်းဆုံး အိမ်တွင်းသမားတော်လေး ပါဘဲ) ဒီနည်းက နေ့ ဘက်မှာလည်း လိမ်းပေးလို့ ရပါတယ်။ ၀ါဂွမ်းလုံးလေးပေါ် သံလွင်ဆ်ီဆွတ်လိမ်းေ ပြး ပီးနောက်၊ အသားထဲစိမ့်ဝင်အောင် ခြေဖနောင့်ပေါ်ကို ထို ၀ါဂွမ်းလေးနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ၁၅-မိနစ်ခန့် လိမ်းပေးပါ။ နောက် ၁-နာရီခန့် အကြာမှာတော့ သုံးနေကျဆပ်ပြာဖြင့်ရေဆေး လို က် ရံပါဘဲ။ (နောက်တနည်း) ပုလင်းသန့် သန့် ၁-လုံးထဲမှာ သံလွင်ဆီ လ္ဘက်ရည်ဇွန်း (၁)ဇွန်းကို သံပုရာရည် အနည်းငယ် ညှစ်ထဲ့ပြီး၊ ရေအေးအေး လ္ဘက်ရည်ဇွန်း(၂) ဇွန်းထဲ့၍ ပုလင်းပြန်ဖုံးကာ နာနာခလောက်ပါ။ ရလာတဲ့ ထိုကရင်မ်ကို ခြေဖနောင့်ပေါ် နေ့ ရော/ညပါ လိမ်းပေးနိုင်ပါတယ်။
(၇) နှမ်းဆီ
(နှမ်းဆီဟာ ခြေဖနောင့်ကွဲအက်ခြင်းအတွက် အကောင်းဆုံးဆေးရည်ဖြစ်တယ်လို့ ရှေးမြန်မာ လူကြီးများက ဆိုထားကြပါတယ်) နှမ်းဆီနဲ့ ကွဲအက်နေတဲ့ခြေဖနောင့်ကို ညအိပ်ယာမ၀င်ခင် လူးနယ်နှိပ်ပေးရုံပါဘဲ။
(၈) ကွမ်းရွက်စိမ်း နှင့် ဆားကြမ်း
(ဒီနည်းကလည်း ခြေဖနောင့်ကွဲအက်ခြင်းအတွက် မိရိုးဖလာကုသနည်းလေးပါဘဲ) နေ့ စဉ်ရေ မချိုးမီ(သို့ မဟုတ်)ညအိပ်ယာ မ ၀င်မီ ဒူးခေါင်းမှခြေဖ၀ါးအထိ စင်ကြယ်စွာရေဆေးပြီး ကွမ်းရွက် စိမ်းရင့်ရင့်ကို လက်ဖြင့်ချေ၍ ဆားကြမ်းတို့ ကာ ခြေဖ၀ါးကို ပွတ် တိုက်ပေးခြင်းဖြင့် သက်သာေ ပျာက်ကင်းသွားပါလိမ့်မယ်။


(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်…ရေးသားမျှဝေသည်)