စိတ်အရမ်းတိုလွယ်တဲ့ သူငယ်ချင်းတွေအတွက် မိတ်ဆွေသူငယ်ချင်းကောင်းတွေ မဆုံးရှုံးရလေအောင်
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အ
ဖေက ကောင်လေးကိုအိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီ ပြောပါတော့တယ်။မင်းတစ်ခါစိတ်တိုတိုင်းသံ တစ်ချောင်း
ကို နောက်ဖေးက၀င်းထရံတိုင်မှာသွားရိုက်ချေကွတဲ့။အဖေကအဲ့ဒီလိုပြောပြီးသံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ
ကောင်လေးဟာ ၀င်းထရံတိုင်မှာသံပေါင်း၃၇ချောင်း ရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တို တိုင်းသံလေး
တွေကို ၀င်းထရံမှာရိုက်ရင်းရိုက်ရင်း ကောင်လေးဟာသူစိတ်သူထိန်းနိုင်လာသတဲ့။
သံရိုက်ချက်တွေဟာလည်းတစ်နေ့ထက်တစ်နေ့ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာဝင်းထရံမှာသံပြေးရိုက်
တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။ အဆုံးမှာ
ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွား
ပို့တယ်.. အဖေရေ..သားတော့စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေကတစ်မျိုးခိုင်းပြန်ရော..မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီ ဆို
တာနဲ့ အဲ့ဒီသံတွေကိုပြန်နှုတ်ဦးကွာ။ တစ်နေ့ထိန်း နိုင်ရင်ညအိပ်ခါနီးတစ်ချောင်းနှုန်းနဲ့နှုတ်နော်လို့ မှာလိုက်သ
တဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကိုပြောနိုင်သွားတယ်။ အဖေရေ..သားရိုက်ခဲ့တဲ့ သံတွေ
အားလုံးကို နှုတ်ပြီးသွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။အဲ့သည် အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး
သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကိုခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။
ဒါပေမယ့်သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှအပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေကအရင်
တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူးဆိုတာ သားမြင်တယ်မဟုတ်လား။ အေး...သားကစိတ်တိုတိုနဲ့
ပါးစပ်ကပြောချလိုက်တဲ့ အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာအခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့ တတ်
တယ်သားရယ်။ အဲ့ဒီလိုပဲ လူတစ်ယောက်ကိုသားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်
တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာငါတို့တွေကို ပျော်ရွှင်
ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်းမျှဝေခံစားကြတယ်။
ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆိုစိတ်လိုက်မာန်ပါ မလုပ်နဲ့
သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။
2/26/2012
စိတ်အရမ်းတိုလွယ်တဲ့ ......
2/26/2012
Dim