
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ ကတည်း က အရေပြား ပြဿနာများ ကုသရာမှာ ရှားစောင်းလက်ပပ်အပင် (Aloe Vera) ကိုအသုံးပြုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု အထွေထွေ သွားဘက်ဆိုင်ရာ အကယ်ဒမီဂျာနယ် ထဲမှာ ဖော်ပြထားတဲ့ သုံးသပ်မှုတစ်ခု မှာ ရှားစောင်းလက်ပပ်ကို ခံတွင်း ကျန်းမာရေးပြဿနာများဖြစ်တဲ့ Ulcer များ၊ အနာစက်များ၊ ရေယုန်၊ သစ်ကပ်မှော်နာ (Lichen Planus) နှင့် သွားဖုံးရောင်ရောဂါ (Gingivitis) ကုသရာမှာလည်း အသုံးပြုနိုင်တယ်လို့ ဖော်ပြထားတယ်။ ရှားစောင်းလက်ပပ်ကို အိမ်တွင်း မှာ ပန်းအိုးတစ်ခုတွင် စိုက်ပျိုးနိုင်ပါ တယ်။ ယင်းပန်းအိုးကို ပြတင်းပေါက် အနီးမှာထားပြီး မြေကြီးခြောက်တဲ့ အခါမှ ရေလောင်းပါ။
ရေများများ မလောင်းပါနှင့်။ အပင်ရဲ့ အရွက်ကို အနည်းငယ်လောက်လှီးဖြတ်ပြီး အထဲ ရှိ ဂျယ်လ်ကို ညှစ်ထုတ်ကာ ခံတွင်း နာပေါ် တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။ ပထမဆုံး သေချာအောင် လုပ်ရမှာက အဲဒီ ရှားစောင်းလက်ပပ် အတွင်းသား အဖြူကြည်ကြည်အနှစ်ကို လိမ်းရမယ် ဆိုတာပါပဲ။ ခါးပြီး အဝါရောင်ရှိတဲ့ အစေးက ဝမ်းနုတ်ဆေး ဂုဏ်သတ္တိရှိ ပါတယ်။
By Health Digest
2/26/2012
ခံတွင်း ဝေဒနာ များ သက်သာ စေတဲ့ ရှားစောင်း လက်ပပ်
2/26/2012
Dim