12/11/2014

ခရစ္စမတ်ဆိုသည်မှာ....

"ခရစ္စမတ်" ဟူသောဝေါဟာရကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ခရစ်ယာန်သာမက အခြားသော
ဘာသာ ပတွေကလည်းကြာဖူးကြပါလိမ့်မည်။ ခရစ္စမတ်ဟူသောဝေါဟာရစကားလုံးလေး ကိုကြားဖူး၊ သိကြပေမယ့်လည်း ခရစ္စမတ်ဟူသောဝေါဟာရစကားလုံး၏ အနက်အဓိပ္ပါယ်ကို တစ်ချို့သောလူများသိချင်မှသိကြပေမည်။ Christmas (ခရစ္စမတ်)ဟူသောစကားလုံးသည် “Christ=ခရစ်တော်”နှင့် “Mas”တို့ကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး “Christ=ခရစ်တော်” နှင့်
“Mas”၏ မူရင်းစကားလုံးမှာ “Mass”ဖြစ်ပြီး Latinလာတင်း ဘာသာစကားအားဖြင့် “Massa” “မစ္ဆား”ဟုခေါ်ပါသည်။ ရှေးဟောင်း အင်္ဂလိပ်ဝေါဟာရ အသုံးအနှုန်းအရ “Christmas” ဟူ
သော စကားလုံးသည် “Christes Maesse (or) Christes-messe”ဖြစ်ပြီး အဓိပ္ပါယ်မှာ “ခရစ်
တော်အတွက် ပူဇော်သော မစ္ဆားတရား” ဖြစ်ပါသည်။ Christmas ဟူသောစကားလုံးကို
အချို့က “ခရစ်တော်အားဝတ်ပြုခြင်း (သို့) ခရစ်တော်၏ အစုအဝေး”ဟူ၍ အဓိပ္ပါယ်လွဲမှားစွာ
ကောက်ယူတတ်ကြသည်။ အမှန်ဆိုသော် သ္ခင်ခရစ်တော်၏ အသွေးတော်နှင့်အသားတော်
ကို ပူဇော်သောအခမ်းအနားဖြစ်သည့်“Mass(or) Missa” မဟုတ်သောရိုးရိုးဝတ်ပြုကိုးကွယ်
ခြင်းကို “Mass”ဟူ၍အစားသုံးရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် Christmas ဟူသောစကားလုံး၏ အဓိပ္ပါယ်ကို ခရစ်တော်၏ကို “ခရစ်တော်၏အစုအဝေး” ဟု အင်္ဂလိပ်အဘိဓာန်ကို တိုက်ရိုက် ဘာသာပြန်ဆိုခြင်းသာဖြစ်ပြီး မူရင်းစကားလုံး “Mass”၏ဆိုလိုရင်း အဓိပ္ပါယ်နှင့် လုံးဝကွဲပြား
ခြားနားခြင်းကြောင့် ဤအသုံးအနှုန်းမှာ မှန်ကန်မှုမရှိပေ။

(ခရစ္စမတ်၏ နောက်ခံသမိုင်း)
ယခုခေတ်တွင် ကမ္ဘာပေါ်ရှိခရစ်ယာန်တို့သည် ခရစ်တော်၏မွေးနေ့ အထိမ်းအမှတ်ဖြစ်သော ခရစ္စမတ်ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (25)ရက်နေ့တွင် တခမ်းတနားဖြင့်ကျင်းပကြ
ပါသည်။ ဤကဲ့သို့ခရစ္စမတ်ပွဲတော်ကို ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီးဖြစ်
သော်လည်း ခရစ်တော်၏မွေးနေ့ ရက်၊ လ၊ ကိုကား ယနေ့ထိတိုင်အောင်မသိရှိကြပေသည်။ ထို့အတူ သမ္မာကျမ်းစာတွင်လည်း မည့်သည့် နေ့၊ ရက်၊ လ ၌ ယေဇူးသ္ခင်မွေးဖွားခဲ့သည်ကို ရက်စွဲအတိအကျ ဖြင့်ဖော်ပြထားခြင်းလည်းမရှိပေ။သ္ခင်ခရစ်တော်မွေးဖွားချိန်သည် အလွန်
အေးမြသည့် ဆောင်းကာလဖြစ်ကြောင်းကိုသာဖော်ပြပါသည်။ သမိုင်းအထောက်အထားများ
အရ သ္ခင်ခရစ်တော်ကောင်းကင်ဘုံသို့တက်ကြွသွားပြီး (AD 243)ခုနှစ်မတိုင်မီကာလအထိ
ယေဇူးသ္ခင်၏ မွေးနေ့ပွဲတော်ကြီးကိုမကျင်းပသေးချေ။ ထိုအချိန်အခါများတွင် အသင်းတော်၏ ဝတ်ပြုကိုးကွယ်မှုအပိုင်းတွင် ယေဇူးသ္ခင်၏ ဒုက္ခစရိယာနှင့် ရှင်ပြန်ထ မြောက်ခြင်းပွဲကိုသာ အဓိကထားပြီးကျင်းပခဲ့ကြပါသည်။ အသင်းတော်တည်ထောင်ပြီးသည့်နောက် (AD 300) အတွင်းတွင် ကျင်းပမည့်နေ့ရက်ကို ခရစ်ယာန်တို့အချင်းချင်း သဘောထားကွဲလွဲခဲ့ကြသည်။

ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလ(29)ရက်တွင်ကျင်းပကြပါသည်။ ထို့နောက် ဧပြီလ(13) ရက်နေ့တွင်လည်းကောင်း၊ ထိုမှတဖန် ဇနဝါရီလ(6)ရက်နေ့သို့ပြောင်းရွှေ့ကျင်းပပြန်ပါသည်။
ဤကဲ့သို့ အတည်တကျမရှိဘဲကျင်းပလာခဲ့ကြသော ခရစ္စမတ်ပွဲတော်ကြီးသည် (AD 353) ခုနှစ်ရောက်မှသာ ပုပ်ရဟန်းမင်းကြီး (Liberius AD 352-366. လီဘဲရီအူးစ်) က ဒီဇင်ဘာ (25)ရက်နေ့ကို ခရစ်တော်မွေးဖွားသော “ခရစ္စမတ်”နေ့အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးသို့ တရား ဝင်ကြေငြာခဲ့လေသည်။ ထိုချိန်မှစ၍ ခရစ္စမတ်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ (25)ရက်
နေ့တွင်ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။
အမိအသင်းတော်ကြီးအနေဖြင့် ဒီဇင်ဘာ(25)ရက်နေ့ကိုအဘယ်ကြောင့် ယေဇူးသ္ခင်ဖွား
သောရက် (သို့) ခရစ္စမတ်ပွဲတော်ကြီးအဖြစ်သတ်မှတ်ပြီးကျင်းပရသနည်း။
ခရစ်တော်မပေါ်မှီ ရှေးနှစ်ပေါင်းများစွာကပင် နတ်ကြီးများအားကိုးကွယ်ပူဇော်ရာပွဲတော်များ
ကိုရာသီဥတုကောင်းမွန်သော ဒီဇင်ဘာလတွင်ကျင်းပခဲ့ကြသည်။ ထိုနတ်ကြီးများအားကိုး ကွယ်ပူဇော်ရာပွဲတော်များအနက် ဒီဇင်ဘာ(25)ရက်နေ့တွင်ကျင်းပသော “နေခုန်ပွဲ” သည် အထူးထင်ရှားပေသည်။ ထိုပွဲတော်ကြီးသည် ခရစ္စမတ်ပွဲတော်အဖြစ်မပေါ်ခင်က တည်းက
ပင်ကျင်းပလာခဲ့ကြသောပွဲတော်ကြီးတစ်ခုပင်ဖြစ်ပါသည်။ ဤနေရာ၌ “နေခုန်ပွဲ”နှင့်ပတ်သက် လာ၍ မေးမြန်းစရာရှိနိုင်ပါသည်။

“နေခုန်ပွဲ”ဆိုသည်မှာအဘယ်နည်း။ နေခုန်ပွဲကိုအဘယ်ကြောင့် ဒီဇင်ဘာ(25)ရက်နေ့တွင် ကျင်းပရသနည်း။

(AD 247)ခုနှစ်တွင် ရောမအင်ပါရာကိုအုပ်ချုပ်သော “အော်ရဲလီယား”သည် ဒီဇင်ဘာ(25)ရက် ကို နေခုန်ပွဲအဖြစ်သတ်မှတ်ကာ စတင်ကျင်းပလာခဲ့ကြပါသည်။ ရည်ရွယ်ချက်မှာ...... ကြီးမား ကျယ်ပြန့်သော ရောမအင်ပါယာကြီး စည်းလုံးမှုရှိရန်နှင့် ဘုန်းတန်ခိုးအာဏာကြီးထွားရန်
အတွက်ပင်ဖြစ်သည်။ ဆောင်ဦးပေါက်အချိန်ကာလဖြစ်သော စက်တင်ဘာလ (23)ရက်နေ့က စ၍ နေမင်းကြီးသည် ကမ္ဘာတောင်ယာဉ်စွန်းတန်းဘက်သို့ ရွေ့လျားသွားသဖြင့် ကမ္ဘာမြောက် ဘက်ပိုင်းရှိ ကုန်းပိုင်တွင်မူ နေရောင်ခြည်ရရှိမှု တဖြည်းဖြည်းနည်းပါးလာသည်။ အအေးဓာတ်ပို ကဲလာဖြင့် လူတို့သည် နေမင်းကြီးပျောက်ကွယ်သေဆုံးသွားတော့မည်ဟုမှတ်ယူကြသည်။
သို့သော် ဒီဇင်ဘာ(22)ရက်နေ့တွင် နေမင်းကြီးသည် အောက်ဘက်သို့ရွေ့လျားသွားပြီး ဒီဇင် ဘာ(25)ရက်နေ့တွင် တဖန် အီကွေတာဘက်သို့ တဖြည်းဖြည်းပြန်တက်လာရာ မူလကရရှိ
သောနွေးထွေမှု၊ တောက်ပသောနေရောင်ခြည်ကိုပြန်လည်ပေးစွမ်းနိုင်သဖြင့်နေမင်းကြီးအား
အောင်နိုင်သူအဖြစ်တင်စား၍ အောင်လံမလဲ နေမင်းကြီးပွဲ (သို့) “နေခုန်ပွဲ”ကို ဒီဇင်ဘာ(25) ရက်နေ့၌ ကျင်းပကြလေသည်။ ထိုနည်းတူ ခရစ်ယာန်တို့သည်လည်း နေမင်းကြီးသည်
လောကကိုအလင်းပေးနေသကဲ့သို့ ယေဇူးသ္ခင်သည်လည်း လောက၏အလင်းရှင်ဖြစ်ကြောင်း
ကိုလည်းကောင်း၊ သေဆုံးနေသည်ဟုအများကယူစနေကြသော နေမင်းကြီးသည် နောက်တစ်
ဖန်ပြန်ပေါ်လာသကဲ့သို့ သ္ခင်ခရစ်တော်သည်လည်း သေခြင်းကိုအနိုင်ယူပြီး ရှင်ပြန်ထမြောက် ခဲ့သည့်အကြောင်းကို ပြန်လည်သတိရ အောင်းမေ့သောပွဲနေ့ကြီး (ခရစ္စမတ်) ပွဲတော်ကို ဒီဇင် ဘာ(25)ရက်နေ့တွင် ကျင်းပရခြင်းဖြစ်ပါသည်။ သ္ခင်ခရစ်တော် မွေးဖွားချိန် သည် အေးချမ်း သည့်ဆောင်းကာလဖြစ်ကြောင်းကို သမ္မာကျမ်းစာ၌လည်းဖော်ပြထားသဖြင့် ထိုအချက်ကို စီလျှော်မှုရှိစေရန် လောက၏ အလင်းရှင်ဖြစ်သည့် ယေဇူးသ္ခင်၏မွေးနေ့ပွဲကို ဒီဇင်ဘာ (25)
ရက်နေ့တွင် နေခုန်ပွဲအစားကျင်းပလာခဲ့ကြရာ နောက်ဆုံး၌နေခုန်ပွဲသည်တဖြည်းဖြည်း မှေး
မှိန်ပျောက်ကွယ်သွားကြပြီး “ခရစ္စမတ်ပွဲတော်”အဖြစ်သာ ယနေ့တိုင်အောင်ကျင်းပလာကြခြင်း
ဖြစ်ပါသည်။

ခရစ္စမတ်၏ သရုပ်ဖော်ခြင်း။
ဤသို့ (AD 243)ခုနှစ် နောက်ပိုင်းမှ (AD 1223)ခုနှစ်အထိတိုင်အောင် ကျင်းပလာခဲ့ကြသော ခရစ္စမတ်ပွဲတော်သည်ခရစ်တော်မွေးဖွားခြင်း အထိမ်းအမှတ် သရုပ်ဖော်မှုအလေ့အထကိုပြု
လုပ်ခဲ့ခြင်းမရှိပေ။ (AD 1223)ခုနှစ်ရောက်မှသာ စိန့်ဖရန်စစ်အာစီစီ(ရောမ)ကသက်ရှိလူသား၊ တိရစ္ဆာန်တို့ဖြင့် ခရစ်တော်မွေးဖွားခြင်း သရုပ်ဖော်မှုပုံသဏ္ဍာန်ကိုဖော်ဆောင်ကာ ခရစ္စမတ်ပွဲ
တော်ကိုစတင်ကျင်းပလာခဲ့ကြပါသည်။ ထိုမှတဖန် နောက်ပိုင်းတွင် သက်ရှိလူသား၊ တိရစ္ဆာန် တို့အစား ရုပ်တု၊ ဆင်းတုတို့ဖြင့် အစားထိုးကာ ခရစ်တော်၏မွေးဖွားခြင်းကို အသွင်သဏ္ဍာန် အသစ်ဖြင့်ပြောင်းလဲကာ ပုံဖော်လာခဲ့ကြသည်မှာ ယနေ့မျက်မှောက်အချိန်ကာလအထိပင်
ဖြစ်လေသည်။ Thanks. God Bless you. Amen.

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁) Pg 266, 167.
ဓမ္မစတိုး။ New Catholic Encyclopedia No.3. Pg-655,656,659.