12/12/2014

စိတ်ဖိစီးမှုရှိနေပြီဖြစ်ကြောင်းကို ဖော်ပြတဲ့ လက္ခဏာ (၅)ရပ်

သူကိုယ်ကိုယ် လူသားအားလုံးတိုင်း အနဲအများဆိုသလို
စိတ်ဖိစီးမှုကိုယ်စီရှိတတ်ကြ ပါတယ်။ လေ့လာစမ်းစစ်ချက်များအရ၊
ကိုယ်ဝန်ဆောင်မိခင်၏ စိတ်ခံစားမှုပေါ်မူတည်၍ အမိဝမ်းတွင်းသန္ဓေတည်စဉ်
သန္ဓေသားဘ၀မှာ ကတည်းကပင် စိတ်ဖိစီးမှုခံစား ဖူးကြာင်း
မှတ်တမ်းများမှာဖော်ပြထားပါတယ်။ နောက်ဆုံး လေ့လာစမ်းမှုများအရ၊
ကမ္ဘာ့နိုင်ငံပေါင်း ၁၄၂ နိုင်ငံရှိ အမျိုးသမီးဦးရေ ၁၅၀၀၀၀ ထက်မနည်း
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေခံစားနေကြရပြီး၊ ၄င်း
အမျိုးသမီးများဟာ ကိုယ်လက်လှုပ်ရှား အားကစား ကျန်းမာရေးအသိလည်း
လွန်စွာညံ့ဖျင်းကြတယ်လို့  Northwestern University Feinberg School of
Medicine မှ ပရော်ဖက်ဆာ Nancy Molitor က ဆိုပါတယ်။
ဒါ့ပြင် တက္ကဆက်ပြည်နယ် အော်စတင်မြို့ မှ တက္ကဆက်စိတ်ပညာတက္ကသိုလ်ရှိ
သုတေသီများ၏လေ့လာတွေ့ ရှိချက်များအရ၊ လုပ်ငန်းခွင်တွင် အလုပ်ခန်
့အပ်ခြင်း၊ ဖြုတ်ခြင်း၊ လစာအတိုးအလျော့ကဲ့သို့ သော
လုပ်ပိုင်ခွင့်အာဏာရှိသော အမျိုးသမီးများဟာ အခွင့်အာဏာမရှိသော
အမျိုးသမီးများထက်စိတ်ဖိစီးမှုများကြောင်း၊ အမျိုးသားများ နှင့်
အမျိုးသမီးတို့ ကိုနှိုင်းယှဉ်ကြည့်ရာတွင် လည်း
လုပ်ငန်းခွင်လုပ်ပိုင်ခွင့်အာဏာရှိသော အမျိုးသားများဟာ
အလားတူလုပ်ပိုင်ခွင့်ရှိသော အမျိုးသမီးများထက် စိတ်ဖိစီးမှု
လျော့နည်းတာကို လေ့လာတွေ့ ရှိရကြောင်း၊ အကြောင်းမှာ အမျိုးသမီးများဟာ
အမျိုးသားများထက်ပို၍ စိုးရိမ်ပူပန်စိတ်ရှိခြင်း၊ သနားငဲ့ညှာတတ်ခြင်း၊
စွဲလမ်းစိတ်ကြောင့် အပြုသဘောမဆောင်နိုင်ခြင်း စတဲ့ စိတ်ခံစားမှုများက
ဘေးထွက်ဆိုးကျိုးများအဖြစ် စိတ်ဖိစီးမှုကဲ့သို့ သော
စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကိုခံစားလာကြရပါတယ်လို့ ဆိုပါတယ်။
မည်သို့ ပင်ဆိုစေကာမူ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊
လူသားအားလုံးတိုင်း အိပ်ရေး၀၀အိပ်စက်ခြင်း၊ ကျန်းမာရေးနှင့် ညီ
ညွတ်မျှတစွာ စားသောက်နေထိုင်ခြင်း၊ ပုံမှန်လေ့ကျင့်ခဏ်းလုပ်ခြင်း၊
အရာရာကို အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုခြင်း၊ မိမိစိတ်ကို
ထိန်းချုပ်နိုင်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်း၊
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း တို့ ဖြင့် စိတ်ဖိစီးမှုကို အထိုက်အ
လျောက် ဖြေလျော့နိုင်ပါတယ်။ အကယ်၍ စိတ်ဖိစီးမှုတွေ
လျော့မချနိုင်ခဲ့ရင်တော့ ရေရှည်မှာ အ၀လွန်ရောဂါ၊ စိတ်ရောဂါ နှင့်
နှလုံးရောဂါတွေ ဖြစ်လာဖို့ ရာခိုင်နှုန်းပြည့် သေချာနေပါပြီ။(တချို့ ဆို
မိမိကိုယ်ကိုအဆုံးစီရင်တဲ့ အထိပြုကြပါတယ်) တခါတရံမှာ မိမိကိုယ်ကိုတောင်
စိတ်ဖိစီးခံစားနေရကြောင်း သတိမထားမိကြပါဘူး။ အောက်ဖော်ပြပါ လက္ခ ဏာများက
စိတ်ဖိစီးခြင်းနှင့် ဆက်စပ်နေတာကြောင့် ရောဂါမပြင်းထန်ခင်
ကြိုတင်ဆင်ခြင်နိုင်ကြပါစေကြောင်း အကြံပြုလိုက်ရ ပါတယ်။

(ဗိုက်အောင့်ခြင်း)
ဦးနှောက်အာရုံခံအင်္ဂါအဖွဲ့ အစည်းတွေက
အူသိမ်အူမတွေနှင့် ဆက်နွယ်နေတာမို့ စိတ်ဖိစီးမှုဖြစ်တဲ့အခါ
အစာချေလမ်းကြောင်း ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
စိတ်ဖိစီးမှုများတဲ့သူတွေမှာ အစာမကျေ၊ ၀မ်းချုပ်၊ ပျို့ အန်၊
ဗိုက်အောင့်ခြင်း တွေဖြစ်တတ်ပါတယ်။ အဲဒီလိုဝေဒနာခံစားရတဲ့အခါမှာ
ရေများများသောက်ရင်း၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။
(အချို့ သူတွေမှာတော့ စိတ်ဖိစီးမှုများတဲ့အခါ ၀မ်းသွားတတ်ပါတယ်)
“ဗိုက်အောင့် တယ်” လို့ လာပြတဲ့ လူနာအ များစုကို စစ်ဆေးကြည့်တဲ့အခါ၊
စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေ အဖြစ်များကြကြောင်း Baylor College of
Medicine ဆေးဝါးတက္ကသိုလ်မှ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပါရဂူဖြစ်သူ
Bincy Abraham က ဆိုပါတယ်။

(ဆံပင်ကျွတ်ခြင်း)
ဥပမာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားသူများ၊ ချစ်သူ(သို
့မဟုတ်)အိမ်ထောင်ဖက်နှင့် လမ်းခွဲသူများမှာ စိတ်ဖိစီးမှုဝေဒနာ
ပြင်းပြစွာခံစားရလေ့ရှိတာကြောင့် ထိုကိစ္စကြုံတွေ့ ပြီး ၃-လ မှ ၆-လ
ထိတိုင်အောင် ဆံပင်တွေ သိသိသာသာ ကျွတ်တတ်ပါ တယ်။ တချို့ ဆို
စိတ်ဖိစီးမှုဒဏ်ကြောင့် တစ်နေ့ လျှင် အပင် ၁၀၀ လောက်ထိ
ဆံပင်ကျွတ်ထွက်ကုန်ပါတယ်။ အကယ်၍ စိတ်ဖိစီးမှုများနေစဉ်
androgens(ခေါ်)အမြင့်မားဆုံး လိင်စိတ်နှိုးကြွဆေးဝါးကို သောက်မိတဲ့အခါမှာ
ဆံပင်တွေ အထွေးလိုက်ကျွတ် ထွက်နိုင်ကြောင်း၊ အဲဒီလို
ဆံပင်တွေကျွတ်ထွက်ခြင်းအတွက် ဖြည့်စွက်စာအဖြစ် ဗီတာမင်ဓာတ်ပြည့်ဝတဲ့
အစားအစာတွေ စားပေးသင့်ကြောင်း ကယ်လီဖိုးနီးယားရှိ Santa Barbara ဆေးရုံမှ
အရေပြားပါရဂူတစ်ဦးဖြစ်သူ Roberta Sengelmann က ဆိုပါတယ်။

(မျက်ခွံ တဆတ်ဆတ်လှုပ်ခြင်း)
မိနစ်အတော်များများကြာအောင် မျက်ကြောဆွဲပြီး
မျက်ခွံတွေလှုပ်နေခြင်းက စိတ်ဖိစီးတဲ့အခါ အများဆုံးဖြစ်လေ့ရှိကြောင်း၊
တချို့ သူတွေမှာ မျက်ခမ်းပတ်ပတ်လည်လှုပ်တတ်ကြောင်း၊ မျက်စိခြောက်သွေ
့ရောဂါရှိ သူတွေ မှာလည်း မျက်ကြောဆွဲတတ်တာကြောင့်
မျက်ရည်တုမျက်စဉ်းခပ်ပေးခြင်းဖြင့် သက်သာသွားကြောင်း၊ the American
Academy of Ophthalmology(ခေါ်) အမေရိကန်မျက်စိဆေးရုံမှ ပါရဂူဖြစ်သူ Anne
Sumers က ဆိုပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ မျက်လုံးလေးမှိတ်ပြီး ခေတ္တအနား
ယူရင်း ၄-စက္ကန့် လောက် လေပြင်းပြင်းရှုသွင်းပါ။ ထိုရှုသွင်းလာတဲ့လေကို
၇-စက္ကန့်  လောက်ထိန်းထားပါ။ ပြီးတော့မှ ၈-စ က္ကန့် လောက်
အသက်ပြင်းပြင်းရှုထုတ်ပစ်လိုက်ပါ။ အဲဒီလို လေရှုသွင်း-အောင့်ထား-လေရှု
ထုတ်ခြင်းကို ၄-ကြိမ်လောက်ပြု လုပ်ရင်း လှုပ်နေတဲ့မျက်ခွံပေါ်မှာ
လက်ညှိုးလေးကို ခပ်သာသာဖိတင်ထားပါ။

(၀က်ခြံဖုများထွက်လာခြင်း)
ဆံပင်တွေလိုဘဲ၊ အရေပြားတွေကလည်း
စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူးတဲ့။ အအိပ်အစား နှင့်
ရာသီဥတုရုတ်တရက် ပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊
သန္ဓေတားဆေးမှီဝဲစားသုံး ရခြင်းကြောင့်လည်းကောင်း တခါတလေ ၀က်ခြံပေါက်ခြင်း
က ဖြစ်လေ့ဖြစ်ထ သဘာဝမို့  ပြဿနာမဟုတ်သော်လည်း၊ ခဏခဏဆိုသလို အဖုအပိမ့်
နှင့် ၀က်ခြံတွေထွက်လာရင်တော့ အရေပြားမှာ
နာတာရှည်ပြဿနာဖြစ်လာနိုင်ကြောင်း အရေပြားရောဂါအထူးကု Sengelmann
ကဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစီး မှုတွေ အတတ်နိုင်ဆုံးလျော့ချပြီး၊ နေ
့စဉ်သုံးနေကျ မိတ်ကပ်-လိုးရှင်း-moisturizers(ခေါ်)
အသားအရေစိုပြည်ဆေးများ၊ နေလောင်ခံလိမ်းဆေးများ နှင့်
noncomedogenic(ခေါ်)ချွေးပေါက်ဖွင့်လိမ်းဆေးတွေက မိမိနှင ဓာတ်တဲ့မှု
ရှိ-မရှိ(သို့ မဟုတ်)ရက်စွဲ လွန်မဖြစ်ဖို့  ပြန်လည်စမ်းစစ်ကြည့် ဖို
့လိုပါတယ်။ (တချို့ ဆိုရင် စိတ်ဖိစီးမှုရဲ့  အကျိုး ဆက်ကြောင့်
သွေးလွန်တုပ်ကွေးဆန်ဆန် မိတ်၊ အင်ပြင်တို့ လို အရေပြားပေါ်အဖုအပိန်
့အနီကွက်ထလာတတ်ပါတယ်)

(အကြောတက်ခြင်း)
စိတ်ဖိစီးလာတဲ့အခါမျိုးမှာ ဟိုမုန်းတွေ
ထွက်ရှိမှုပမာဏများပြားလာပြီး၊ နှလုံး နှင့် သွေးခုန်နှုန်းတွေမြန်ဆန်
လာတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကြွက်သားတွေမှာ တုပ်နှောင်ထားသလို
တင်းမာလာပါတော့တယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိ သူများ နှင့် ထိုင်ခုံပေါ်မှာ
အချိန်တော်တော်ကြာ ကုန်းကွေးထိုင်၍ အလုပ်လုပ်ရသူတွေမှာ နောက်ကျောတက်၊
ခါးနာ၊ ကြွက် တက်ခြင်းတွေဖြစ် တတ်တာကြောင့် ထိုင်ခုံပေါ်မတ်မတ်ထိုင်၍ လက်
၂-ဘက်ကို ခေါင်းပေါ်တင်ခြင်း၊ ခြေဆန့် ထိုင်၍ ခြေမ တွေကို လက်ဖျားဖြင့်
ထိကိုင်ခြင်း၊ လည်ပင်းကို ဘယ်-ညာ-အပေါ်-အောက် လှည့်ပေးခြင်း၊
လက်မောင်းတွေကို ရှေ့ တည့်တည့် သို့  ဆန့် တန်းပြီး ပခုံး ၂-ဘက်ကို
ဟန်ချက်ညီညီ စက်ဝိုင်းသဏ္ဍာန်လှည့်ခြင်း စသဖြင့် တစ်နေ့  ၂-ကြိမ်လောက်
လုပ်ပေးရင်း စိတ်ဖိစီးမှုကြောင့်ဖြစ် လာတဲ့ အကြောတက်ခြင်းကို
ပြေပျောက်စေနိုင်တယ်လို့  Harvard's Spaulding Rehabilitation Hospital
မှ ဒေါက်တာ Joanne Borg-Stein က အကြံပြုထားပါတယ်။

<< စိတ်ဖိစီးမှုတွေ ပြေပျောက်စေဖို့ အတွက် >>
(၁) မိမိနှစ်သက်တဲ့ သီချင်းဖွင့်ပြီး အဆိုတော်တစ်ယောက်လို ဟန်ပါပါ
ဆိုပစ်လိုက်ပါ။ (မြူးတူးတက်ကြွသော တီးလုံး တေးသွား များကိုရွေးချယ်တတ်ပါစေ)

 (၂) ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ပါ (သို့ မဟုတ်)
လမ်းလျှောက်ရင်း ဘုရားစာဆိုပါ။ (မျက်စိအေး နားအေးစေသော သစ်ပင်
ပန်းပင်စုံလင်တဲ့ နေရာဆိုပိုအဆင်ပြေပါလိမ့်မယ်)

 (၃) မိမိခင်မင်ရဆုံးသူကိုယခုခံစားနေရတဲ့ စိတ်ဖိ စီးမှုအကြောင်း ရင်ဖွင့်ပြောပြပါ။
 (၄)မျက်စိမှိတ်ခေါင်းမော့ပြီးတော့ သဘာဝလေကို တ၀ကြီးရှုရှိုက်ပေးပါ။ (ယခု
အားရပါးရ ရှုသွင်းလိုက်တဲ့ လေတွေ ဦးနှောက်ထဲ ရောက်သွားပြီလို့ 
သဘောထားလိုက်ပါ)

 (၅) စောစော အိပ်ယာဝင်ပါ။ (အိပ်မပျော်သေး သော်လည်းဘာမှမတွေးဘဲ လဲလျောင်းအနားယူပါ) 
(၆) မိမိစိတ်ကို ထိန်းချုပ်ပြီးလုပ်စရာရှိတဲ့ အလုပ်ကိစ္စတွေပေါ်မှာ အလေး အနက်ထား အာရုံစူးစိုက်ပါ။ 
(၇)အတိတ်က သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြန်လည်တွေးတော
ပီတိဖြစ်ပေးပါ။

 (၈) ချစ်ခင်ရသူ(သို့ မဟုတ်)ကလေးငယ်(သို့ မဟုတ်)ကြောင်လေး
ခွေးလေးတွေကို ယုယစွာဖက်ထွေးပါ။ 

(၉) ယခုခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကလည်းဘ၀ရဲ့  တိုက်ပွဲလေးတွေပါဘဲ။ (အဆိုးထဲက အကောင်းဆိုသလိုတွေး ပြီး ၊ ယခုစိတ်ဖိစီးမှုအတွေ့ အကြုံမျိုးကို နမူနာအဖြစ်မှတ်ယူ၍ရင်ဆိုင်ကျော်ဖြတ်ပါ)
(၁၀) မှန်ကြည့်ပြီး မိမိကိုယ်ကို လှလှလေးပြုံးပြပါ။

 (၁၁) တရားမှတ်ပါ (သို့မဟုတ်) ယောဂကျင့်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)